Zawgyi ျဖင့္ဖတ္ရန္

ျမန္မာအမ်ိဳးသမီးေတြကို ေငြေၾကး သိန္းေလးဆယ္၊ ငါးဆယ္အထိ ေပးၿပီး လက္ထပ္ဖို႔ တင္ေတာင္းကာ တ႐ုတ္ျပည္ဘက္ လူကုန္ကူးတာေတြ ပိုမ်ားလာတယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနရဲ႕ ျပန္လည္ထူေထာင္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္း က ေျပာပါတယ္။

အရင္က မသိနားမလည္တဲ့ အမ်ိဳးသမီးေတြကို ပြဲစားေတြကတဆင့္ တ႐ုတ္ႏိုင္ငံကို ေခၚေဆာင္တာေတြရွိခဲ့ၿပီး ခုေနာက္ပိုင္းမွာ အတင္းအဓမၼလက္ထပ္တာေတြ အပါအဝင္ ပုံစံအမ်ိဳးမ်ိဳး ေျပာင္းလဲလာတယ္လို႔ ဆိုၾကပါတယ္။

လူကုန္ကူးခံရသူေတြကို ကူညီေပးသူေတြအေနနဲ႔ ဥပေဒေရးရာကိစၥေတြကို နားလည္ဖို႔လိုသလို ႏိုင္ငံျခားသားနဲ႔ ထိမ္းျမားလက္ထပ္တဲ့ ဥပေဒေတြကို သိရွိထားရမယ္လို႔လည္း ေျပာပါတယ္။

နယ္ေျမမတည္ၿငိမ္တဲ့ေဒသေတြနဲ႔ အလုပ္အကိုင္အခြင့္အလမ္း ရွားပါးတဲ့ေဒသေတြက အမ်ိဳးသမီးအမ်ားစုဟာ လူကုန္ကူးသူေတြရဲ႕ ပစ္မွတ္ထားသူေတြျဖစ္ေနတာလို႔ အကူအညီေပးေနသူေတြက သုံးသပ္ၾကပါတယ္။

လူကုန္ကူးမႈက်ဴးလြန္သူေတြကို တရားဥပေဒအရ အေရးယူဖို႔အတြက္ လူကုန္ကူးခံရသူေတြရဲ႕ ပူးေပါင္းပါ၀င္မႈဟာ အရင္ကထက္စာရင္ လက္ရွိကာလမွာ မ်ားျပားတိုးတက္လာတယ္လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္း က ေျပာပါတယ္။

တစ္ဆက္တည္းမွာပဲ ကခ်င္ျပည္နယ္က စစ္ေဘးဒုကၡသည္စခန္းေတြကေန တ႐ုတ္ႏိုင္ငံကို တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္တဲ့သူေတြ လုပ္အားခ ေခါင္းပုံျဖတ္ခံေနရတာေတြကိုလည္း ေျဖရွင္းႏိုင္ဖို႔ မူဝါဒေတြ ခ်မွတ္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

Source_RFA

Unicode ဖြင့်ဖတ်ရန်

မြန်မာအမျိုးသမီးတွေကို ငွေကြေးနဲ့ တင်တောင်းလက်ထပ်ပြီး တရုတ်ပြည်ဘက် လူကုန်ကူးတဲ့ နည်းလမ်းအသုံးပြုလာ

မြန်မာအမျိုးသမီးတွေကို ငွေကြေး သိန်းလေးဆယ်၊ ငါးဆယ်အထိ ပေးပြီး လက်ထပ်ဖို့ တင်တောင်းကာ တရုတ်ပြည်ဘက် လူကုန်ကူးတာတွေ ပိုများလာတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။

အရင်က မသိနားမလည်တဲ့ အမျိုးသမီးတွေကို ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို ခေါ်ဆောင်တာတွေရှိခဲ့ပြီး ခုနောက်ပိုင်းမှာ အတင်းအဓမ္မလက်ထပ်တာတွေ အပါအဝင် ပုံစံအမျိုးမျိုး ပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီပေးသူတွေအနေနဲ့ ဥပဒေရေးရာကိစ္စတွေကို နားလည်ဖို့လိုသလို နိုင်ငံခြားသားနဲ့ ထိမ်းမြားလက်ထပ်တဲ့ ဥပဒေတွေကို သိရှိထားရမယ်လို့လည်း ပြောပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ဒေသတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ဒေသတွေက အမျိုးသမီးအများစုဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ထားသူတွေဖြစ်နေတာလို့ အကူအညီပေးနေသူတွေက သုံးသပ်ကြပါတယ်။

လူကုန်ကူးမှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့အတွက် လူကုန်ကူးခံရသူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အရင်ကထက်စာရင် လက်ရှိကာလမှာ များပြားတိုးတက်လာတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကနေ တရုတ်နိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်တဲ့သူတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတာတွေကိုလည်း ဖြေရှင်းနိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source_RFA

LEAVE A REPLY