Zawgyi ဖြင့်ဖတ်ရန်








Unicode ဖြင့်ဖတ်ရန်

စီးပွားရေး မှာ ကျင့်ဝတ်မထားတဲ့ တရုတ်တို့ရဲ့ ကမ္ဘာကျော် ယုတ်မာမှုများ

တီလားဗီးယားငါးတွေကို အများဆုံးမွေးတာဟာ တရုတ်ပြည်ဖြစ်ပါတယ်။ငါးကန်တွေကလည်း တရုတ်လုပ်သားတော်တော်များများကို အလုပ်အကိုင် ရှာဖွေပေးထားတာဖြစ်ပြီးတော့ တီလားဗီးယားတွေ က မွေးမြူရေးအတွက် ကောင်းသလို စားရတာလည်း ဈေးတန်ပါတယ်။ ဒါပေမယ့် တီလားဗီးယား ငါးမွေးမြူရေး ကန်တွေမှာတော့ တကယ့်ကို စက်ဆုပ် ရွံဖွယ် ရာအတိပါပဲ။ ငါးအကောင်ရေ ထောင်သောင်းကို ငါးလှောင်ကန် သေးသေးလေးထဲ ထည့်ပြီးတော့ ငါး အစာကိုဖြစ်သလို ကျွေးလေ့ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ ငါးတွေကို တရုတ်လယ်သမားတွေလည်း မစားပါဘူး။ 80% ကို အမေရိကန်ကို တင်ပို့ရောင်းချပြီးတော့ ငွေရှာတာဖြစ်ပါတယ်။

တရုတ်က တင်ပို့တဲ့ ပို့ကုန်များ
တရုတ်ပြည်မှာ တင်ထားတဲ့ ပန်းသီးဖျော်ရည်ဗူး တွေက အမေရိကန်က ထုတ်တာဖြစ်ပြီး ဒီပန်းသီးတွေက တရုတ်စိုက်ခင်းက ဖြစ်ပါတယ်။ဒီတော့ သူတို့က ပတ်ပြီး သံသရာလည်နေတာဖြစ်ပြီးတော့ ဒီပန်းသီးနဲ့ အခြားသော သစ်သီးဖျော်ရည်တွေကို တရုတ်က အနည်းငယ် ဟန်ပြသာ ပြန်ယူပါတယ်။ ဒါပေမယ့် မကြာသေးမီတုန်းကမှ စမ်းသပ်တွေ့ရှိချက်မှာတော့ ဒီအချိုရည်တွေ ထဲမှာဆိုရင် ပိုးသတ်ဆေးဓာတ်တွေအများအပြား ပါဝင်နေ တာကိုတွေ့ရပြီးတော့ အခြားစားသုံးရန်မ သင့်တော်တဲ့ ဓာတုဆေးဝါးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။အကြောင်းအရင်းကတော့ သူတို့ရဲ့ မသမာတဲ့ စိုက်ပျိုးနည်းနဲ့ ထွက်တဲ့ သီးနှံအပေါ် သူတို့ပြန်မစားသုံးကြပါဘူး။

တရုတ်က တင်ပို့တဲ့ ပို့ကုန်များ
တရုတ်ပြည်မှာ ငရုတ်ကောင်း အစစ်က ဇိမ်ခံ အစားအစာဖြစ်ပါတယ်။အကြောင်းအရင်း ကတော့ တရုတ်ပြည်မှာ ရှိတဲ့ ငရုပ်ကောင်း အမဲ နဲ့ အဖြူတွေက အတုတွေဖြစ်ပြီး အနံ့ ရောထားတာဖြစ်ပါတယ်။အစစ်တွေကို ငရုတ်ကောင်းများများစားတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်ကို တင်ပို့ပါတယ်။ငရုပ်ကောင်း ဈေးကွက်ကလည်း ရွှေလိုဖြစ်တာဖြစ်ပါတယ်။

တရုတ်က တင်ပို့တဲ့ ပို့ကုန်များ
မှိုတွေကို တရုတ်အစားအစာ တော်တော်များများမှာ တွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် သဘာဝမှိုတွေကို အမေရိကန်ကို တင်သွင်းပါတယ်။နောက်ပိုင်း တရုတ်တွေစားတာက မှိုအစားထိုး အတုတွေဖြစ်ပြီး ဈေးကြီးတဲ့ မှိုတွေနဲ့ သန့်ရှင်းလတ်ဆတ်ကြောင်း အာမခံနိုင်တဲ့ မှိုတွေအကုန် အနောက်နိုင်ငံ ရွှေ့ပြောင်းကုန်ကြတာဖြစ်ပါတယ်။

တရုတ်က တင်ပို့တဲ့ ပို့ကုန်များ
တရုတ်က ဆန်ကို ချွေတာခဲ့ကြပါတယ်။သူတို့ဟာ ငတ်ဖူးတဲ့အတွက် စပါးစိုက်ပျိုးရေး ကိုလည်း အလေးပေးလုပ်ဆောင်လာပါတယ်။ဒါပေမယ့် နောက်ပိုင်းတော့ ဉာဉ်မကောင်းတဲ့ စရိုက်အရ သူတို့ဟာ ပလတ်စတစ်နဲ့ ကော်တွေကို အစားထိုးလာပါတယ်။ဒါကို သူတို့ ပြည်တွင်းဈေးကွက်ထဲလဲ ဖြန့်သလို အိမ်နီးချင်းနိုင်ငံတွေကို ရောက်လာပါတယ်။ဘယ်လောက်တောင်မှ စိတ်ပျက်စရာကောင်းလိုက်တဲ့ ဈေးကွက်အတု တွေလဲနော်။ အဲ့ဒီ ဆန်တွေ ဟာ တော်တော်နဲ့ ချက်ပြုတ်လို့မရတဲ့အပြင် မီးလောင်ကျွမ်းနိုင်တဲ့အထိ တောင်ဖြစ်ရတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံသာ ဆန်စပါးမစိုက်ပျိုး တရုတ်က တင်သွင်းရရင် တရုတ်လက်ချက်ကြောင့် လူမျိုးပြုတ်သွားလောက်ပါတယ်။

တရုတ်က တင်ပို့တဲ့ ပို့ကုန်များ
ပဲတီစိမ်းတွေဟာ ပဲငံပြာရည်နဲ့ အခြားသော အကြော်အလှော်တွေထဲ ထည့်တဲ့အခါ သုံးပါတယ်။ဒီဈေးကို တ ရုတ်က ပိုင်နိုင်စွာ ကိုင်ထားပါတယ်။ဒါကို အိန္ဒိယနဲ့ ထိုင်းကိုလည်း အမြဲတင်သွင်းရသလို အမေရိကန်ကိုလည်း တင်သွင်းရတာဖြစ်ပါတယ်။ဒီတော့ တရုတ်က sodium metabisulfite ကို များများ ထည့်ပြီး အမြန်ကြီးထွားဖို့ စိုက်ပျိုးရင်း တဖြေးဖြေး အဆိပ်ပမာဏမြင့်တက်ကာ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းကို တွေ့လာလို့ ပိတ်ခံရပါတယ်။တရုတ်ဟာ စီးပွားရေးမှာ ကျင့်ဝတ်မထားခြင်းကတော့ ကမ္ဘာကျော် ယုတ်မာမှုတွေပါပဲ။

Credit – မူရင်းရေးသားသူ

LEAVE A REPLY