Zawgyi ျဖင့္ဖတ္ရန္

အခု ျဖစ္ပ်က္ ေနသမွ်ကို ျပန္ၾကည့္လိုက္ရင္ တရားဥပေဒ စိုးမိုးေရး အားနည္းမႈ၊ အဖြဲ႕အစည္းေတြ စြမ္းေဆာင္ရည္ မျပည့္ ဝမႈ၊ ေခတ္ေဟာင္းက လုပ္ပုံကိုင္ပုံေတြကို ဖက္တြယ္ ထားမႈေတြကို ျမင္ေနရပါတယ္။

သက္ငယ္မုဒိမ္းမႈ ျဖစ္ပြားခဲ့တယ္လို႔ ယုံၾကည္ရတဲ့ မူႀကိဳေက်ာင္းဟာ တရားဝင္ ဖြင့္ခြင့္ လိုင္စင္ မက်ပဲ ဖြင့္ေနခဲ့တယ္။ အခင္းျဖစ္ပြားတယ္လို႔ ယူဆႏိုင္တဲ့ ေနရာ က်ဥ္းေျမာင္းလြန္းတာေတာင္မွ အဆင့္ဆင့္ စစ္ေဆးၿပီး ႏိုင္ငံေတာ္ သမၼတက အထိ မေပၚေပၚေအာင္ ေဖၚဖို႔ ၫႊန္ၾကားခ်က္ေပး ဝင္ပါေနရတယ္။

ဒါေတြ ဘာလို႔ ျဖစ္ေနရသလဲ ျပန္ၾကည့္ေတာ့ အုပ္ခ်ဳပ္ေရး ယႏၲရားဟာ အမ်ားေဝဖန္ေနၾကသလို အစိုးရ ႏွစ္ရပ္မ်ား ျဖစ္ေနမလား။ ကာကြယ္ေရး ဦးစီးခ်ဳပ္က အမည္စာရင္းေပး ခန႔္အပ္တဲ့ ျပည္ထဲေရး ဝန္ႀကီးဌာနသည္ သာမန္႐ိုး႐ိုး သက္ငယ္မုဒိမ္းမႈေလာက္ကို သမၼတေလာက္က ေစာင့္ၾကည့္ အကဲခတ္ေနမွ အလုပ္ျဖစ္တာလား၊ ဒါေတြက ေမးခြန္း ေတြပါ။ စြပ္စြဲခ်က္ မဟုတ္ပါ။ (ေၾကာက္လို႔ပါ၊ ဟဲ)

ဒီေတာ့ အဆင့္ဆင့္ ျပန္ၿပီး ေနာက္ေၾကာင္း လိုက္ၾကည့္ရင္ ဒီလို ျဖစ္ေစဖို႔ ဦးတည္ထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒက အခ်ဳပ္ ျဖစ္ေနတာပါ။ ဒါဟာ ျငင္းစရာ မရွိပါဘူး။ ဟိုေန႔က ကြၽန္ေတာ္ တင္လိုက္တဲ့ ေခါင္မိုး ျပင္ေနလို႔ ထမင္း မခ်က္ရဘူးလားဆိုတာကို နာသူက နာၾကတယ္။ ကြၽန္ေတာ္သည္ ေခါင္မိုးျပင္ေရးကို တသက္လုံး ေထာက္ခံခဲ့သူပါ။ ကြၽန္ေတာ့္ Timeline ထဲကို ဝင္ၾကည့္ရင္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ သည္ ျပင္ကို ျပင္ရမယ့္ အေရးႀကီး ကိစၥ တခု ျဖစ္ ေၾကာင္း အၿမဲေထာက္ခံခဲ့တာ ေတြ႕မွာပါ။ (႐ိုက္ရွာလို႔ ရပါတယ္)

တဖက္က ကြၽန္ေတာ္ ထမင္းခ်က္ေနတာသည္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္တဲ့သူကိုေတြ ကန႔္လန႔္ တိုက္ေနတာ မဟုတ္ပါ။ ျပည္သူေတြကလည္း ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ျပင္ကို ျပင္ရမယ္ ဆိုတဲ့ အသိ ရွိကို ရွိေနရမွာပါ။ တလုံးေသာ မ်က္စိက တျခားအလုပ္လုပ္ေနရင္ေတာင္ က်န္မ်က္စိ တလုံးက ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးကို မမွိတ္မသုန္ ၾကည့္ေနရမွာပါ

ဗစ္တိုးရီးယားေလးကို ဝန္းရံတာနဲ႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးကို ဖယ္ထားစရာ မလိုပါဘူး။ ႏွစ္ခုစလုံးသည္ ခရီးတခုထဲပါ။ ေရရွည္နဲ႔ ေရတိုကြာတာပဲ ရွိပါတယ္။ ေရတို တရားဥပေဒ စိုးမိုးေရးကို တိုက္ပြဲဝင္ရမွာ ျဖစ္သလို ေရရွည္ (ျပႆနာအားလုံးရဲ႕ အရင္းအျမစ္) ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးကိုလည္း အားထုတ္ရမွာပါ။

ကြၽန္ေတာ္လည္း ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးအတြက္ ကိုယ္ပါဝင္လို႔ရတဲ့ တေထာင့္တေနရာက အၿမဲ ပါဝင္ အားေပးေနမွာပါ။

ကြၽန္ေတာ္ တသက္လုံး မလုပ္ဘူးလို႔ အာမခံႏိုင္တာ တခု ရွိပါတယ္။ ဒါကေတာ့ အေမ့ကို သစၥာေဖာက္ဖို႔ဆိုတာပါပဲ။ ဘယ္ေတာ့မွ မလုပ္ပါ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်ကို တသက်လုံး သစ္စာမဖောက်ဘူးလို့ ပြောလိုက်တဲ့ ဆရာသက္ကမိုးညို

အခု ဖြစ်ပျက် နေသမျှကို ပြန်ကြည့်လိုက်ရင် တရားဥပဒေ စိုးမိုးရေး အားနည်းမှု၊ အဖွဲ့အစည်းတွေ စွမ်းဆောင်ရည် မပြည့် ဝမှု၊ ခေတ်ဟောင်းက လုပ်ပုံကိုင်ပုံတွေကို ဖက်တွယ် ထားမှုတွေကို မြင်နေရပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရတဲ့ မူကြိုကျောင်းဟာ တရားဝင် ဖွင့်ခွင့် လိုင်စင် မကျပဲ ဖွင့်နေခဲ့တယ်။ အခင်းဖြစ်ပွားတယ်လို့ ယူဆနိုင်တဲ့ နေရာ ကျဉ်းမြောင်းလွန်းတာတောင်မှ အဆင့်ဆင့် စစ်ဆေးပြီး နိုင်ငံတော် သမ္မတက အထိ မပေါ်ပေါ်အောင် ဖေါ်ဖို့ ညွှန်ကြားချက်ပေး ဝင်ပါနေရတယ်။

ဒါတွေ ဘာလို့ ဖြစ်နေရသလဲ ပြန်ကြည့်တော့ အုပ်ချုပ်ရေး ယန္တရားဟာ အများဝေဖန်နေကြသလို အစိုးရ နှစ်ရပ်များ ဖြစ်နေမလား။ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းပေး ခန့်အပ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနသည် သာမန်ရိုးရိုး သက်ငယ်မုဒိမ်းမှုလောက်ကို သမ္မတလောက်က စောင့်ကြည့် အကဲခတ်နေမှ အလုပ်ဖြစ်တာလား၊ ဒါတွေက မေးခွန်း တွေပါ။ စွပ်စွဲချက် မဟုတ်ပါ။ (ကြောက်လို့ပါ၊ ဟဲ)

ဒီတော့ အဆင့်ဆင့် ပြန်ပြီး နောက်ကြောင်း လိုက်ကြည့်ရင် ဒီလို ဖြစ်စေဖို့ ဦးတည်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အချုပ် ဖြစ်နေတာပါ။ ဒါဟာ ငြင်းစရာ မရှိပါဘူး။ ဟိုနေ့က ကျွန်တော် တင်လိုက်တဲ့ ခေါင်မိုး ပြင်နေလို့ ထမင်း မချက်ရဘူးလားဆိုတာကို နာသူက နာကြတယ်။ ကျွန်တော်သည် ခေါင်မိုးပြင်ရေးကို တသက်လုံး ထောက်ခံခဲ့သူပါ။ ကျွန်တော့် Timeline ထဲကို ဝင်ကြည့်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် ပြင်ကို ပြင်ရမယ့် အရေးကြီး ကိစ္စ တခု ဖြစ် ကြောင်း အမြဲထောက်ခံခဲ့တာ တွေ့မှာပါ။ (ရိုက်ရှာလို့ ရပါတယ်)

တဖက်က ကျွန်တော် ထမင်းချက်နေတာသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တဲ့သူကိုတွေ ကန့်လန့် တိုက်နေတာ မဟုတ်ပါ။ ပြည်သူတွေကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်ရမယ် ဆိုတဲ့ အသိ ရှိကို ရှိနေရမှာပါ။ တလုံးသော မျက်စိက တခြားအလုပ်လုပ်နေရင်တောင် ကျန်မျက်စိ တလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မမှိတ်မသုန် ကြည့်နေရမှာပါ

ဗစ်တိုးရီးယားလေးကို ဝန်းရံတာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဖယ်ထားစရာ မလိုပါဘူး။ နှစ်ခုစလုံးသည် ခရီးတခုထဲပါ။ ရေရှည်နဲ့ ရေတိုကွာတာပဲ ရှိပါတယ်။ ရေတို တရားဥပဒေ စိုးမိုးရေးကို တိုက်ပွဲဝင်ရမှာ ဖြစ်သလို ရေရှည် (ပြဿနာအားလုံးရဲ့ အရင်းအမြစ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း အားထုတ်ရမှာပါ။

ကျွန်တော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကိုယ်ပါဝင်လို့ရတဲ့ တထောင့်တနေရာက အမြဲ ပါဝင် အားပေးနေမှာပါ။

ကျွန်တော် တသက်လုံး မလုပ်ဘူးလို့ အာမခံနိုင်တာ တခု ရှိပါတယ်။ ဒါကတော့ အမေ့ကို သစ္စာဖောက်ဖို့ဆိုတာပါပဲ။ ဘယ်တော့မှ မလုပ်ပါ။

share from : burmese.asia

LEAVE A REPLY