Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံအထက္ပိုင္းေတြမွာ မိုးမ်ားတာေၾကာင့္ ခ်င္းတြင္းျမစ္နဲ႔ ဧရာဝတီျမစ္အပါအဝင္ ျမစ္ေျခာက္စင္းမွာ ေရႀကီးႏိုင္တယ္လို႔ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္နဲ႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထားပါတယ္။

ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္ ရခိုင္ျပည္နယ္ေတြမွာ စတဲ့ ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသေတြမွာ ေနာက္ ႏွစ္ရက္အထိ မိုးမ်ားႏိုင္တာေၾကာင့္ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္အပါအဝင္ ျမစ္ေျခာက္စင္းမွာ စိုးရိမ္ေရမွတ္ေတြကို ေရာက္ရွိႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဧရာဝတီျမစ္ေၾကာင္းမွာရွိတဲ့ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ေ႐ႊကူ၊ ခ်င္းတြင္းျမစ္ေၾကာင္းမွာရွိတဲ့ ခႏၲီး၊ ဟုမၼလင္း၊ စစ္ေတာင္းျမစ္ေၾကာင္းမွာေတာ့ မေဒါက္၊ ကုလားတန္ျဖစ္ကေတာ့ ေက်ာက္ေတာ္ၿမိဳ႕၊ ေလးၿမိဳ႕ျမစ္ေရဟာ ေျမာက္ဦးၿမိဳ႕၊ ဘီးလင္းျမစ္ေရဟာ ဘီးလင္းၿမိဳ႕ေတြမွာ စိုးရိမ္ေရမွတ္ေတြကို ေရာက္ရွိႏိုင္တယ္လို႔ မိုးဇလဌာနက ဒီေန႔မွာ ထုတ္ျပန္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြက ဒီေနရာေတြမွာ ဇြန္လကစၿပီး ေရႀကီးေရလွ်ံမူမ်ားရွိခဲ့ေပမဲ့ ဒီႏွစ္မွာမိုးမေကာင္းတာေၾကာင့္ ဇူလိုင္မွာမွ စၿပီးေရႀကီးတာလို႔ ေဒါက္တာထြန္းလြင္က ေျပာပါတယ္။

ေရႀကီးနစ္ျမဳပ္တာေတြေၾကာင့္ မြန္ျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ေတြမွာ ကယ္ဆယ္ေရးစခန္းေတြ ဖြင့္လွစ္ထားရတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္း က RFA ကို ေျပာပါတယ္။

Source_RFA

Unicode ဖြင့်ဖတ်ရန်

မိုးများတာကြောင့် မြစ်ခြောက်စင်းမှာ ရေကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများတာကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်အပါအဝင် မြစ်ခြောက်စင်းမှာ ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် ရခိုင်ပြည်နယ်တွေမှာ စတဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ နောက် နှစ်ရက်အထိ မိုးများနိုင်တာကြောင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အပါအဝင် မြစ်ခြောက်စင်းမှာ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ကြောင်းမှာရှိတဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ ခန္တီး၊ ဟုမ္မလင်း၊ စစ်တောင်းမြစ်ကြောင်းမှာတော့ မဒေါက်၊ ကုလားတန်ဖြစ်ကတော့ ကျောက်တော်မြို့၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဒီနေရာတွေမှာ ဇွန်လကစပြီး ရေကြီးရေလျှံမူများရှိခဲ့ပေမဲ့ ဒီနှစ်မှာမိုးမကောင်းတာကြောင့် ဇူလိုင်မှာမှ စပြီးရေကြီးတာလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ရေကြီးနစ်မြုပ်တာတွေကြောင့် မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က RFA ကို ပြောပါတယ်။

Source_RFA

LEAVE A REPLY