Zawgyi ျဖင့္ဖတ္ရန္

အခုလက္ရွိအခ်ိန္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ေရပန္းစားေနကာ တခ်ိဳ႕ကေတာ့ သူဘက္က ရပ္တည္တယ္ တခ်ိဳ႕ကေတာ့ ေဝဖန္ ဆဲေရတိုင္းထြာျခင္းေတြကို ခံေနရတဲ့ မီးသတ္နဲ႔ေနာက္ဆုံး ျပႆနာတတ္ထားတဲ့ ခြဲစိတ္ဆရာဝန္ ေဒါက္တာျမဝတ္ရည္ကေတာ့ လက္ရွိမွေဘာ္ဒီဂတ္ႏွစ္ေယာက္ကို ခန႔္ထားၿပီး အခုလိုမ်ိဳး ေဘာ္ဒီဂတ္ ထားျဖစ္ပုံအေၾကာင္းကိုေတာ့ Cele Gaber ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေဒါက္တာျမဝတ္ရည္က “Security ငွါးတယ္ဆိုတာက အစ္မတို႔ကေလ ရွင္းရွင္းေျပာရရင္ တစ္ခုေပါ့ေနာ္ တစ္ခုေျပာျပမယ္ ကိုယ့္ကိုယ္ကိုယ္ ႀကီးႀကီးက်ယ္က်ယ္ႀကီးေတြ Security ေတြငွါးၿပီးေတာ့ နာမည္ႀကီးေအာင္ လုပ္တာ မဟုတ္ဘူး။ ရွင္းရွင္းေျပာရရင္ အစ္က ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ယွဥ္ရင္ ဘာမွမဟုတ္ဘူး။ ဥပမာေလးတစ္ခုပဲ ေျပာလိုက္မယ္ေနာ္ အစ္မစိတ္ထဲမွာ ေလးစားခဲ့ရတဲ့ တေရးႏိုးအိပ္ေနရင္ေတာင္ သူ႔နာမည္ၾကားလိုက္တာနဲ႔ အစ္မ ထၿပီးေတာ့ ထိုင္ၿပီး ဦးၫြတ္ခ်င္ရေလာက္ေအာင္ ေလးစားရတဲ့ ပုဂၢိဳလ္ တစ္ေယာက္ရွိတယ္ အဲ့တာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပဲ။ အစ္မတို႔ သူ႔ကြၽန္ဘဝ ေရာက္ခဲ့တဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက လြတ္လပ္ေရးရေအာင္ တိုက္ေပးခဲ့လို႔ သူခ်ေပးခဲ့တဲ့ လမ္းစဥ္ေတြအတိုင္းလုပ္ခဲ့လို႔ အစ္မတို႔ သူ႔ကြၽန္ဘဝက လြတ္ခဲ့ရတာ ျဖစ္တယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွာ လိုအပ္ခ်က္တစ္ခုရွိသြားတယ္ ဘာလဲသိလား Security ေနာ္ သူက လူေတြကို သိပ္ယုံတယ္။ လူေတြအကုန္လုံးက ကိုယ့္ကို ခ်စ္မွာပဲ ကိုယ္ေကာင္းတာလုပ္တဲ့အတြက္ ငါ့ကို လူေတြ ဝိုင္းခ်စ္တဲ့အတြက္ ငါ့ကိုလူေတြက မယုတ္မာေလာက္ပါဘူးလို႔ ထင္ၾကတယ္။ဆိုေတာ့ အဲ့အခ်ိန္မွာ သူခံလိုက္ရတယ္ ေသနတ္နဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္သတ္ခံလိုက္ရတယ္။

တကယ္တမ္းက်ေတာ့ ႏိုင္ငံအတြက္ တန္ဖိုးရွိတဲ့ ဘယ္ေတာ့မွ ျပန္မရႏိုင္တဲ့ ႏိုင္ငံ့ေခါင္းေဆာင္ လက္လႊတ္ဆုံးရႈံးခဲ့ရတယ္။ ရွင္းရွင္းေျပာရရင္ အစ္မရဲ႕ အေသြးအသားထဲအထိ ႏိုင္ငံေတာ္သီခ်င္းဖြင့္ရင္ ငါတို႔ ၾကက္သည္း ေတြထသလိုပဲ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းေျပာရင္ အစ္မရဲ႕ ရင္ထဲအေသြးထဲအသားထဲကအထိ ျမတ္ႏိုးတယ္။ ေလးစားတယ္ ခ်စ္တယ္ ဆိုေတာ့ အဲ့လိုလူမ်ိဳးတစ္ေယာက္ ဆုံးရႈံးသြားတာ ဘာေၾကာင့္လဲ ယုံၾကည္တာ သူမ်ားကို ယုံၾကည္တာ ကိုယ့္ကိုယ့္ကိုယ္ လုံၿခံမႈ အားနည္းခဲ့လို႔။ သူ႔လိုမ်ိဳး ႏိုင္ငံတစ္ခုကို တည္ေထာင္ထားတဲ့ လူတစ္ေယာက္က လုံၿခဳံေရးအားမနည္းသင့္ဘူး။ ဆိုေတာ့ အစ္မတို႔မွာ ပညာရွိတာ ရွိလို႔ရတယ္ အမွန္တရားေျပာတာ ေျပာလို႔ရတယ္။

ဒါေပမဲ့ အစ္မတို႔မွာ ကိုယ့္ကိုယ္ကိုယ္ စဥ္းစား ဆင္ျခင္ႏိုင္စြမ္းရွိရမယ္။ အစ္မကို ခ်စ္တဲ့သူရွိသလို မုန္းတဲ့သူရွိတယ္။ Fan ထဲမွာလည္း Fan အေယာင္ေဆာင္ၿပီး အစ္မကို တိုက္ခိုက္ႏိုင္တဲ့သူေတြရွိတယ္။ ဆိုေတာ့ အသက္ကို ဉာဏ္ေစာင့္တယ္သိလား အစ္မအသက္မွ အရမ္းႀကီးက်ယ္ ျမင့္ျမတ္တယ္လို႔ ေျပာခ်င္တာ မဟုတ္ဘူး။ဒါေပမဲ့ အစ္မ ဒီဘဝမွာ လုပ္စရာေတြ အမ်ားႀကီး က်န္ေသးတယ္ အစ္မဒီအတိုင္းႀကီး လက္လႊတ္ဆုံးရႈံးၿပီး မေသခံႏိုင္ဘူး။အစ္မက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေလာက္ ျမင့္ျမတ္ေနတာမဟုတ္ဘူး။

ဒါေပမဲ့ ကိုယ့္အတြက္ေတာ့ ကိုယ္က တန္ဖိုးအရွိဆုံးပဲ ကိုယ့္မိသားစုအတြက္ တန္ဖိုးအရွိဆုံးပဲ အစ္မရဲ႕ We Love ေတြအတြက္ တန္ဖိုးရွိေနေသးတယ္။ အမွန္တရားကို ျမတ္ႏိုးတဲ့ သူေတြအတြက္ အစ္မဆက္ၿပီး ရွင္သန္ရဦးမယ္။ ဘာမဟုတ္ညာမဟုတ္လူေတြရဲ႕ ေခ်ာင္းေျမႇာင္းတိုက္ခိုက္တာမ်ိဳးကို ဒီႏိုင္ငံရဲ႕ ဥပေဒထဲမွာ အရင္ဆုံး အသက္ေပးၿပီး ေသသြားလို႔မရဘူး ဆိုေတာ့အသက္ကို ဉာဏ္ေစာင့္ ဒါေၾကာင့္မို႔လို႔ Security ငွါးထားတာပါ အဲ့တာပါပဲ။”လို႔ ေျပာသြားခဲ့ပါတယ္။

Credit :nanmalgyi

Unicode ဖြင့်ဖတ်ရန်

 

ဘော်ဒီဂတ်နှစ်ယောက်ငှါးထားရတယ်ဆိုတဲ့ ဒေါက်တာမြဝတ်ရည်

အခုလက်ရှိအချိန် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေပန်းစားနေကာ တချို့ကတော့ သူဘက်က ရပ်တည်တယ် တချို့ကတော့ ဝေဖန် ဆဲရေတိုင်းထွာခြင်းတွေကို ခံနေရတဲ့ မီးသတ်နဲ့နောက်ဆုံး ပြဿနာတတ်ထားတဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာမြဝတ်ရည်ကတော့ လက်ရှိမှဘော်ဒီဂတ်နှစ်ယောက်ကို ခန့်ထားပြီး အခုလိုမျိုး ဘော်ဒီဂတ် ထားဖြစ်ပုံအကြောင်းကိုတော့ Cele Gaber ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒေါက်တာမြဝတ်ရည်က “Security ငှါးတယ်ဆိုတာက အစ်မတို့ကလေ ရှင်းရှင်းပြောရရင် တစ်ခုပေါ့နော် တစ်ခုပြောပြမယ် ကိုယ့်ကိုယ်ကိုယ် ကြီးကြီးကျယ်ကျယ်ကြီးတွေ Security တွေငှါးပြီးတော့ နာမည်ကြီးအောင် လုပ်တာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အစ်က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။ ဥပမာလေးတစ်ခုပဲ ပြောလိုက်မယ်နော် အစ်မစိတ်ထဲမှာ လေးစားခဲ့ရတဲ့ တရေးနိုးအိပ်နေရင်တောင် သူ့နာမည်ကြားလိုက်တာနဲ့ အစ်မ ထပြီးတော့ ထိုင်ပြီး ဦးညွတ်ချင်ရလောက်အောင် လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရှိတယ် အဲ့တာ ဗိုလ်ချုပ်အောင်ဆန်းပဲ။ အစ်မတို့ သူ့ကျွန်ဘဝ ရောက်ခဲ့တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရအောင် တိုက်ပေးခဲ့လို့ သူချပေးခဲ့တဲ့ လမ်းစဉ်တွေအတိုင်းလုပ်ခဲ့လို့ အစ်မတို့ သူ့ကျွန်ဘဝက လွတ်ခဲ့ရတာ ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းမှာ လိုအပ်ချက်တစ်ခုရှိသွားတယ် ဘာလဲသိလား Security နော် သူက လူတွေကို သိပ်ယုံတယ်။ လူတွေအကုန်လုံးက ကိုယ့်ကို ချစ်မှာပဲ ကိုယ်ကောင်းတာလုပ်တဲ့အတွက် ငါ့ကို လူတွေ ဝိုင်းချစ်တဲ့အတွက် ငါ့ကိုလူတွေက မယုတ်မာလောက်ပါဘူးလို့ ထင်ကြတယ်။ဆိုတော့ အဲ့အချိန်မှာ သူခံလိုက်ရတယ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခံလိုက်ရတယ်။

တကယ်တမ်းကျတော့ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ဘယ်တော့မှ ပြန်မရနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ရှင်းရှင်းပြောရရင် အစ်မရဲ့ အသွေးအသားထဲအထိ နိုင်ငံတော်သီချင်းဖွင့်ရင် ငါတို့ ကြက်သည်း တွေထသလိုပဲ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောရင် အစ်မရဲ့ ရင်ထဲအသွေးထဲအသားထဲကအထိ မြတ်နိုးတယ်။ လေးစားတယ် ချစ်တယ် ဆိုတော့ အဲ့လိုလူမျိုးတစ်ယောက် ဆုံးရှုံးသွားတာ ဘာကြောင့်လဲ ယုံကြည်တာ သူများကို ယုံကြည်တာ ကိုယ့်ကိုယ့်ကိုယ် လုံခြံမှု အားနည်းခဲ့လို့။ သူ့လိုမျိုး နိုင်ငံတစ်ခုကို တည်ထောင်ထားတဲ့ လူတစ်ယောက်က လုံခြုံရေးအားမနည်းသင့်ဘူး။ ဆိုတော့ အစ်မတို့မှာ ပညာရှိတာ ရှိလို့ရတယ် အမှန်တရားပြောတာ ပြောလို့ရတယ်။

ဒါပေမဲ့ အစ်မတို့မှာ ကိုယ့်ကိုယ်ကိုယ် စဉ်းစား ဆင်ခြင်နိုင်စွမ်းရှိရမယ်။ အစ်မကို ချစ်တဲ့သူရှိသလို မုန်းတဲ့သူရှိတယ်။ Fan ထဲမှာလည်း Fan အယောင်ဆောင်ပြီး အစ်မကို တိုက်ခိုက်နိုင်တဲ့သူတွေရှိတယ်။ ဆိုတော့ အသက်ကို ဉာဏ်စောင့်တယ်သိလား အစ်မအသက်မှ အရမ်းကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာ မဟုတ်ဘူး။ဒါပေမဲ့ အစ်မ ဒီဘဝမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ် အစ်မဒီအတိုင်းကြီး လက်လွှတ်ဆုံးရှုံးပြီး မသေခံနိုင်ဘူး။အစ်မက ဗိုလ်ချုပ်အောင်ဆန်းလောက် မြင့်မြတ်နေတာမဟုတ်ဘူး။

ဒါပေမဲ့ ကိုယ့်အတွက်တော့ ကိုယ်က တန်ဖိုးအရှိဆုံးပဲ ကိုယ့်မိသားစုအတွက် တန်ဖိုးအရှိဆုံးပဲ အစ်မရဲ့ We Love တွေအတွက် တန်ဖိုးရှိနေသေးတယ်။ အမှန်တရားကို မြတ်နိုးတဲ့ သူတွေအတွက် အစ်မဆက်ပြီး ရှင်သန်ရဦးမယ်။ ဘာမဟုတ်ညာမဟုတ်လူတွေရဲ့ ချောင်းမြှောင်းတိုက်ခိုက်တာမျိုးကို ဒီနိုင်ငံရဲ့ ဥပဒေထဲမှာ အရင်ဆုံး အသက်ပေးပြီး သေသွားလို့မရဘူး ဆိုတော့အသက်ကို ဉာဏ်စောင့် ဒါကြောင့်မို့လို့ Security ငှါးထားတာပါ အဲ့တာပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

Credit :nanmalgyi

LEAVE A REPLY