Zawgyi ျဖင့္ဖတ္ရန္

 

လွ်ပ္စစ္မီတာခမ်ား တိုးျမႇင့္ခဲ့သည့္ ပထမဦးဆုံးရက္ ဇူလိုင္ ၁ ရက္ (တနလၤာေန႔)တြင္ ၿပီးခဲ့သည့္ သီတင္းပတ္ တနလၤာ ေန႔ထက္ လွ်ပ္စစ္ယူနစ္ေပါင္း ၇ ဒသမ ၇၇ သန္းခန႔္ ေလ်ာ့နည္း သုံးစြဲခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္း အင္ဝန္ႀကီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ား၌ ေဖာ္ျပသည္။ တနလၤာေန႔သည္ လွ်ပ္စစ္ ဓာတ္အားသုံးစြဲမႈ ျမင့္မားေလ့ရွိ သည့္ရက္ျဖစ္ကာ ဇြန္လ ၂၄ ရက္ (တနလၤာေန႔) တြင္ တစ္ႏိုင္ငံ လုံး၌ လွ်ပ္စစ္ယူနစ္ေပါင္း ၇၀ ဒသမ ၃၃ သန္းေက်ာ္ရွိခဲ့ၿပီး ဇူလိုင္ ၁ ရက္တြင္ လွ်ပ္စစ္ယူနစ္ ၆၂ ဒသမ ၅၆ သန္းေက်ာ္သုံးစြဲခဲ့သည္ ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။ ‘‘ဒါက မီတာခတက္လို႔ ၿခိဳးၿခံၿပီး သုံးတာလည္းျဖစ္ႏိုင္တယ္။ ရာသီဥတုေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ေသခ်ာတာေတာ့ ကြၽန္ေတာ္တို႔ဘက္က ေလွ်ာ့ခ်ေပးတာ ေတာ့ မဟုတ္ပါဘူး ဟု ရန္ကုန္ ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပး ေရးေကာ္ပိုေရးရွင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ပိတ္ရက္မ်ားႏွင့္ အခါႀကီး ရက္ႀကီးမ်ားတြင္ လွ်ပ္စစ္ဓာတ္ အားသုံးစြဲမႈေလ်ာ့နည္းေလ့ရွိၿပီး တနလၤာေန႔၌ ျပန္လည္ျမင့္တက္ ေလ့ရွိသည္ဟု ၎က ဆိုသည္။ ထို႔ျပင္ ေန႔တစ္ေန႔တြင္ ဓာတ္အားသုံးစြဲမႈ အမ်ားဆုံးအခ်ိန္မ်ားမွာ နံနက္ ၃ နာရီမွ ၁၁ နာရီအထိႏွင့္ ညေနပိုင္းတြင္ ၄ နာရီမွ ည ၈ နာရီအထိျဖစ္ေၾကာင္း ၎က ဆိုသည္။ တစ္ႏိုင္ငံလုံးတြင္ အခ်ိန္ပိုင္းမီးျဖတ္သည့္ စနစ္ရပ္ဆိုင္းခဲ့သည့္ ဇြန္လ ၂၂ ရက္ ေနာက္ပိုင္း လွ်ပ္စစ္သုံးစြဲမႈသည္ တစ္ရက္လွ်င္ ပွ်မ္းမွ် ယူနစ္ ၆၈ သန္းေက်ာ္ရွိေနသည္ဟု ဝန္ႀကီးဌာနစာရင္း မ်ားတြင္ ေဖာ္ျပထားသည္။ ဇြန္လ ၃၀ ရက္တြင္ ဓာတ္အားသုံးစြဲမႈ အနည္းဆုံးျဖစ္ၿပီး ယူနစ္ေပါင္း သန္း ၆၀ ေက်ာ္ရွိခဲ့သည္။

ဝန္ႀကီးဌာနက ထုတ္ျပန္ ေသာ အခ်က္အလက္မ်ားအရ ဇူလိုင္ ၁ ရက္တြင္ အသုံးျပဳသည့္ လွ်ပ္စစ္ဓာတ္အားပမာဏ မဂၢါ ဝပ္ ၃,၀၀၀ ေက်ာ္ရွိေၾကာင္း၊ ရန္ကုန္က ဓာတ္အားသုံးစြဲမႈအမ်ား ဆုံးျဖစ္ၿပီး မဂၢါဝပ္ ၁,၃၈၀ ရွိ ေၾကာင္း သိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မီတာခ စတင်တက်သည့်ရက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်သုံးစွဲမှု ယူနစ်ခုနစ်သန်းကျော် လျော့နည်း

လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့သည့် ပထမဦးဆုံးရက် ဇူလိုင် ၁ ရက် (တနင်္လာနေ့)တွင် ပြီးခဲ့သည့် သီတင်းပတ် တနင်္လာ နေ့ထက် လျှပ်စစ်ယူနစ်ပေါင်း ၇ ဒသမ ၇၇ သန်းခန့် လျော့နည်း သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြသည်။ တနင်္လာနေ့သည် လျှပ်စစ် ဓာတ်အားသုံးစွဲမှု မြင့်မားလေ့ရှိ သည့်ရက်ဖြစ်ကာ ဇွန်လ ၂၄ ရက် (တနင်္လာနေ့) တွင် တစ်နိုင်ငံ လုံး၌ လျှပ်စစ်ယူနစ်ပေါင်း ၇၀ ဒသမ ၃၃ သန်းကျော်ရှိခဲ့ပြီး ဇူလိုင် ၁ ရက်တွင် လျှပ်စစ်ယူနစ် ၆၂ ဒသမ ၅၆ သန်းကျော်သုံးစွဲခဲ့သည် ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ‘‘ဒါက မီတာခတက်လို့ ခြိုးခြံပြီး သုံးတာလည်းဖြစ်နိုင်တယ်။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်တယ်။ သေချာတာတော့ ကျွန်တော်တို့ဘက်က လျှော့ချပေးတာ တော့ မဟုတ်ပါဘူး ဟု ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပိတ်ရက်များနှင့် အခါကြီး ရက်ကြီးများတွင် လျှပ်စစ်ဓာတ် အားသုံးစွဲမှုလျော့နည်းလေ့ရှိပြီး တနင်္လာနေ့၌ ပြန်လည်မြင့်တက် လေ့ရှိသည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် နေ့တစ်နေ့တွင် ဓာတ်အားသုံးစွဲမှု အများဆုံးအချိန်များမှာ နံနက် ၃ နာရီမှ ၁၁ နာရီအထိနှင့် ညနေပိုင်းတွင် ၄ နာရီမှ ည ၈ နာရီအထိဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်နိုင်ငံလုံးတွင် အချိန်ပိုင်းမီးဖြတ်သည့် စနစ်ရပ်ဆိုင်းခဲ့သည့် ဇွန်လ ၂၂ ရက် နောက်ပိုင်း လျှပ်စစ်သုံးစွဲမှုသည် တစ်ရက်လျှင် ပျှမ်းမျှ ယူနစ် ၆၈ သန်းကျော်ရှိနေသည်ဟု ဝန်ကြီးဌာနစာရင်း များတွင် ဖော်ပြထားသည်။ ဇွန်လ ၃၀ ရက်တွင် ဓာတ်အားသုံးစွဲမှု အနည်းဆုံးဖြစ်ပြီး ယူနစ်ပေါင်း သန်း ၆၀ ကျော်ရှိခဲ့သည်။

ဝန်ကြီးဌာနက ထုတ်ပြန် သော အချက်အလက်များအရ ဇူလိုင် ၁ ရက်တွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါ ဝပ် ၃,၀၀၀ ကျော်ရှိကြောင်း၊ ရန်ကုန်က ဓာတ်အားသုံးစွဲမှုအများ ဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၁,၃၈၀ ရှိ ကြောင်း သိရသည်။

share from : burmese.asia

LEAVE A REPLY