Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္ Entertainment တစ္ခုျဖစ္တဲ့ YG လက္ေအာက္ခံ The Black Label ကုမၸဏီမွ ကေလးေမာ္ဒယ္ Ella Gross ဟာ ငယ္စဥ္ကတည္းက ႐ုပ္ရည္ေခ်ာေမာလြန္းတာေၾကာင့္ ပရိတ္သတ္အမ်ားရဲ႕ ခ်စ္ခင္အားေပးမႈကိုခံေနရသူေလးပါ။ Ellla Gross ေလးဟာ လတ္တေလာ Baskin Robbins CF ေၾကာ္ျငာ ဗြီဒီယိုမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ပရိတ္သတ္မ်ားအေနနဲ႔ အသက္ ၁၀ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ဟာ လူႀကီးတစ္ေယာက္လို ျပဳမူေနတာမသင့္ေတာ္ေၾကာင္း ေဝဖန္မႈေတြရွိလာပါတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး Ella ရဲ႕ အေမက ဘယ္လိုတုန႔္ျပန္လာတယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

 

Ella Gross ကိုပရိတ္သတ္မ်ားက Blackpink Jennie နဲ႔တူလို႔ သတိထားမိလာၾကတာျဖစ္ပါတယ္။ Jennie နဲ႔ လဲ ျပင္ပမွာ ခင္မင္ရင္းႏွီးသူေတြျဖစ္ၿပီး သူမကို Jennie အေသးစားေလးလို႔ ပရိတ္သတ္ေတြက တင္စားေခၚေဝၚၾကပါတယ္။

ကေလးေမာ္ဒယ္ Ella Gross ဟာ Baskin Robbins ေရခဲမုန႔္ေၾကာ္ျငာမွာ ဆြဲေဆာင္မႈရွိစြာ သ႐ုပ္ေဆာင္ထားၿပီး အပ်ိဳအ႐ြယ္လူႀကီးတစ္ေယာက္လို ေခ်ာေမာလို႔ေနပါတယ္။

 

 

ဒီေၾကာ္ျငာဗြီဒီယိုကို လူထုပရိတ္သတ္ကို ခ်ျပၿပီးေနာက္မွာေတာ့ Ella Gross ကို ကေလးက လူႀကီးလိုျပဳမူေနတယ္၊ ကေလးက ကေလးလို မေနဘူးဆိုၿပီး ေဝဖန္ေျပာဆိုမႈေတြ အင္တာနက္ေပၚမွာ ျပန႔္လာပါတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး Ella ရဲ႕ မိခင္က ေအာက္ပါအတိုင္း ေျဖရွင္းထားပါတယ္။

 

“Ella ဟာ လတ္တေလာမွာ Baskin Robbins korea ကျပဳလုပ္တဲ့ ပေရာဂ်က္မွာပါဝင္ေနခဲ့တာပါ ။ ကြၽန္မရဲ႕ သမီးေလးဟာ ဘုရားေပးတဲ့လက္ေဆာင္ျဖစ္သလို ကြၽန္မအတြက္ အဖိုးတန္လွပါတယ္။ ေၾကာ္ျငာတစ္ခုကို ေၾကာ္ျငာလို႔ ႐ိုး႐ိုးတန္းတန္းမျမင္ႏိုင္တဲ့ ကိုးရီယား ျပည္သူေတြကို အနည္းငယ္စိတ္ပ်က္မိပါတယ္။ Ella ေလးဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္ၿပီး ျဖဴစင္တဲ့ကေလးေလးပါ။ သူမႀကီးလာရင္လဲ ႐ြယ္တူမိန္းကေလးေတြၾကားမွာ role model တစ္ေယာက္အျဖစ္ ဆက္လက္တည္ရွိေစဖို႔ ေမွ်ာ္လင့္မိပါတယ္။ လိမၼာေရးျခားရွိၿပီး အလုပ္ႀကိဳးစားတဲ့ကေလးမို႔လို႔ ႀကီးလာရင္လဲ ဒီလိုလူေကာင္းေလးတစ္ေယာက္ျဖစ္ေအာင္ ကြၽန္မႀကိဳးစားသြားမွာပါ။ Ella ကို အားေပးၾကတဲ့ ပရိတ္သတ္ေတြ ၊ သူငယ္ခ်င္းေတြကို ရင္ထဲက လႈိက္လႈိက္လွဲလွဲေက်းဇူးတင္ပါတယ္ ။ Ella ဟာ သူ႔ကို အမုန္းစကားေျပာတဲ့သူေတြအတြက္ ရွင္သန္ေနတာမဟုတ္ပါဘူး။ သူ႔ကိုခ်စ္တဲ့သူေတြအတြက္သာရွင္သန္ေနတာပါ” ဆိုၿပီး ေရးသားေျပာၾကားသြားပါတယ္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

ရေခဲမုန့်ကြော်ငြာမှာ လူကြီးလေးတစ်ယောက်လို သရုပ်ဆောင်ပြသွားလို့ ဝေဖန်ခံနေရတဲ့ ကလေးမော်ဒယ် Ella Gross

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Entertainment တစ်ခုဖြစ်တဲ့ YG လက်အောက်ခံ The Black Label ကုမ္ပဏီမှ ကလေးမော်ဒယ် Ella Gross ဟာ ငယ်စဉ်ကတည်းက ရုပ်ရည်ချောမောလွန်းတာကြောင့် ပရိတ်သတ်အများရဲ့ ချစ်ခင်အားပေးမှုကိုခံနေရသူလေးပါ။ Ellla Gross လေးဟာ လတ်တလော Baskin Robbins CF ကြော်ငြာ ဗွီဒီယိုမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိတ်သတ်များအနေနဲ့ အသက် ၁၀ နှစ်အရွယ်ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက်လို ပြုမူနေတာမသင့်တော်ကြောင်း ဝေဖန်မှုတွေရှိလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Ella ရဲ့ အမေက ဘယ်လိုတုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

 

Ella Gross ကိုပရိတ်သတ်များက Blackpink Jennie နဲ့တူလို့ သတိထားမိလာကြတာဖြစ်ပါတယ်။ Jennie နဲ့ လဲ ပြင်ပမှာ ခင်မင်ရင်းနှီးသူတွေဖြစ်ပြီး သူမကို Jennie အသေးစားလေးလို့ ပရိတ်သတ်တွေက တင်စားခေါ်ဝေါ်ကြပါတယ်။

ကလေးမော်ဒယ် Ella Gross ဟာ Baskin Robbins ရေခဲမုန့်ကြော်ငြာမှာ ဆွဲဆောင်မှုရှိစွာ သရုပ်ဆောင်ထားပြီး အပျိုအရွယ်လူကြီးတစ်ယောက်လို ချောမောလို့နေပါတယ်။

ဒီကြော်ငြာဗွီဒီယိုကို လူထုပရိတ်သတ်ကို ချပြပြီးနောက်မှာတော့ Ella Gross ကို ကလေးက လူကြီးလိုပြုမူနေတယ်၊ ကလေးက ကလေးလို မနေဘူးဆိုပြီး ဝေဖန်ပြောဆိုမှုတွေ အင်တာနက်ပေါ်မှာ ပြန့်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Ella ရဲ့ မိခင်က အောက်ပါအတိုင်း ဖြေရှင်းထားပါတယ်။

“Ella ဟာ လတ်တလောမှာ Baskin Robbins korea ကပြုလုပ်တဲ့ ပရောဂျက်မှာပါဝင်နေခဲ့တာပါ ။ ကျွန်မရဲ့ သမီးလေးဟာ ဘုရားပေးတဲ့လက်ဆောင်ဖြစ်သလို ကျွန်မအတွက် အဖိုးတန်လှပါတယ်။ ကြော်ငြာတစ်ခုကို ကြော်ငြာလို့ ရိုးရိုးတန်းတန်းမမြင်နိုင်တဲ့ ကိုးရီယား ပြည်သူတွေကို အနည်းငယ်စိတ်ပျက်မိပါတယ်။ Ella လေးဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ဖြူစင်တဲ့ကလေးလေးပါ။ သူမကြီးလာရင်လဲ ရွယ်တူမိန်းကလေးတွေကြားမှာ role model တစ်ယောက်အဖြစ် ဆက်လက်တည်ရှိစေဖို့ မျှော်လင့်မိပါတယ်။ လိမ္မာရေးခြားရှိပြီး အလုပ်ကြိုးစားတဲ့ကလေးမို့လို့ ကြီးလာရင်လဲ ဒီလိုလူကောင်းလေးတစ်ယောက်ဖြစ်အောင် ကျွန်မကြိုးစားသွားမှာပါ။ Ella ကို အားပေးကြတဲ့ ပရိတ်သတ်တွေ ၊ သူငယ်ချင်းတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် ။ Ella ဟာ သူ့ကို အမုန်းစကားပြောတဲ့သူတွေအတွက် ရှင်သန်နေတာမဟုတ်ပါဘူး။ သူ့ကိုချစ်တဲ့သူတွေအတွက်သာရှင်သန်နေတာပါ” ဆိုပြီး ရေးသားပြောကြားသွားပါတယ်။

Credit :popolay

LEAVE A REPLY