Zawgyi ျဖင့္ဖတ္ရန္

ျမန္မာျပည္က အဂၤလိပ္စကားေျပာသင္တန္းေတြမွာ အေမရိကန္ေတြကို အလုပ္ေခၚမယ္ဆို အႀကံျပဳခ်င္ပါတယ္။

တစ္ေန႔က ထိုင္းက တပည့္ေလးတစ္ေယာက္နဲ႔အြန္လိုင္း ကေနစကားေျပာျဖစ္ပါတယ္။ သူနဲ႔သိေနတဲ့ အေမရိကန္ ဂ်ေလဘီ ( ထိုင္းကေနမျပန္တာၾကာၿပီေျပာတယ္)ကျမန္ မာႏိုင္ငံမွာ အဂၤလိပ္စကားေျပာသင္တန္းသြားမလို႔ေျပာ ေတာ့…ေတာ္ေတာ္ေလးထိတ္လန႔္သြားၿပီး..စိတ္ထဲ ခံစားရေၾကာင္းေျပာျပတယ္။

ရန္ကုန္မွာလည္း ဇာတ္လမ္း ရႈတ္မ်ားအေၾကာင္း မိတ္ေဆြမ်ား၊ တပည့္မ်ားကေျပာ ျပလို႔ သိရပါတယ္။ ေနာက္ဆုံး ကိုယ္ဝန္ေတြရ၊ကေလး ေတြေမြးတဲ့အထိ သတင္းေတြရပါတယ္။ ျမန္မာျပည္က အဂၤလိပ္စာသင္တန္းေတြမွာအေမ ရိကန္ေတြနဲ႔စကားေျပာေလ့က်င့္ဖို႔ေခၚခ်င္တယ္ဆိုရင္ အရင္ဆုံး သူတို႔ SSN နံပါတ္ ( Social Security Number ) ကို အရင္ေတာင္းပါ။ ဂဏန္း ၉ လုံးရွိပါတယ္။ လွ်ိဳ႕ဝွက္ထား ရတဲ့အရာျဖစ္ေပမဲ့ ၊ အလုပ္ကိစၥ၊ အေရးႀကီးတဲ့ ကိစၥေတြ မွာ မျဖစ္မေနေပးကိုေပးရပါတယ္။ ၿပီးရင္ Passport ကို မွတ္တမ္းတင္ထားပါ။ SSN နံပါတ္မေပးႏိုင္ဘူးေျပာရင္ အဲဒီလူကို ( လုံးဝ ) လုံးဝ အလုပ္မေခၚပါနဲ႔ – အႏၲယာယ္ ရွိတယ္။

SSN နံပါတ္ရတယ္..နာမည္ရတယ္ဆိုရင္ အေမရိကားမွာရွိတဲ့ မိတ္ေဆြ တစ္ဦးဦး ( သို႔ ) အြန္လိုင္း ေပၚမွာ ပိုက္ဆံအနည္းငယ္ေပးၿပီး – ခရက္တစ္ စစ္ေဆး လို႔ရတဲ့ ကုမ႑ီေတြရွိပါတယ္။ ခရက္တစ္ ဆိုတာေႂကြးဝယ္ ခြင့္ကဒ္ကိုေျပာတာမဟုတ္ဘူးေနာ္။ လြယ္လြယ္ေျပာရရင္ ( လူတစ္ေယာက္သမိုင္းေပါ့ ) – အေမရိကားမွာလူတိုင္းကို အမွတ္ေပးစနစ္ရွိပါတယ္။ ဒါကို Credit Score လို႔ေခၚပါ တယ္။ 0 – 850 မွတ္ထိရွိပါတယ္။

တကယ္လို႔စစ္ေဆးခြင့္ ရလို႔ ခရက္တစ္အမွတ္ – 600 ေအာက္ရွိေနရင္ အဲဒီလူကို အလုပ္အတြက္မသုံးတာ အေကာင္းဆုံးပါပဲ။ အၾကမ္းေျပာ ျပတာ ( လိုအပ္တာရွိရင္ – သိနားလည္သူမ်ားကလည္းထပ္ မံျဖည့္စြက္ေပးပါလို႔ ေမတၱာရပ္ခံပါတယ္ )။ က်ေနာ္ေျပာျပမယ္…အဂၤလိပ္စာသင္တန္းေတြမွာ အေမရိကန္ေတြကို ျမန္မာေငြ သိန္း ၂၀ ေလာက္ေပးရ တယ္ေျပာတယ္။ ေဒၚလာနဲ႔ ၁၃၀၀ ဝန္းက်င္ပဲရွိတယ္။စဥ္း စားၾကေနာ္….အေမရိကားမွာ စစ္ေဘးဒဏ္ေၾကာင့္ေတာ ထဲကေန ဒုကၡသည္အျဖစ္လာၾကတဲ့ ျမန္မာေတြ တိုင္းရင္း သားေတြအမ်ားႀကီးရွိတယ္။

အဂၤလိပ္စကားေျပာမတတ္သူ ေတြေတာင္ အၾကမ္းဖ်င္းဝင္ေငြ ( တစ္လ ေဒၚလာ၂၀၀၀)ဝန္း က်င္ေလာက္မွာရွိတယ္။ Native တစ္ေယာက္က ဘာ့ေၾကာင့္ ၁၃၀၀ ေလာက္နဲ႔လာလုပ္ေနတာလဲ။ အပင္ပမ္းမခံႏိုင္လို႔ စကားေလးေျပာရင္းဝင္ေငြရခ်င္လို႔ အေၾကာင္းျပရင္..အရမ္း ပင္ပမ္းစရာမလိုပဲ..လုပ္ရတဲ့ အလုပ္ေတြေတာင္ ၁၃၀၀ မက ဘူးရတယ္။

Food Stamp ( အစားေသာက္ဝယ္ခြင့္ကဒ္ ) Medicaid ( ေဆးဝါးအခမဲ့ကုသခြင့္ ) အလကားရမယ္။ေပါင္း လိုက္ရင္ ၁၃၀၀ ထက္မက ရပါတယ္။ အေမရိကားက တကၠသိုလ္ေက်ာင္းသူ/ သားေတြ အေတြ႕ အႀကဳံဗဟုသုတလိုခ်င္သူလို႔ စာလည္းလာသင္ေပးသူမ်ားဆို ကိုယ့္ေငြကိုယ္စိုက္ အလကားေတာင္လာသင္ေပးပါတယ္။ တကၠသိုလ္ေတြမွာ ေက်ာင္းသူ/သားမ်ားဟာ ေနရာတစ္ခုခုမွာ လူမႈ႕ အက်ိဳးျပဳလုပ္ငန္းေတြလုပ္ကိုင္ဘူးရင္…မွတ္တမ္းေကာင္း ရတဲ့အတြက္သူတို႔ဘဝမွာ သမိုင္းေကာင္းပါ။ အလုပ္ဝင္တဲ့အခါ တစ္ခုခုလုပ္ခ်င္တဲ့အခါ…မွတ္တမ္းေကာင္းေတြပါ။သူတို႔အတြက္ အမ်ားႀကီးအသုံးဝင္ပါတယ္။

အဲဒီလို သူေတြနဲ႔ ဆို က်ေနာ္သိပ္ မစိုးရိမ္ပါဘူး။ တစ္ခု ရဲရဲေျပာလိုက္မယ္….အေမရိကားက ပညာ ရွင္အဆင့္ ၊ မွတ္တမ္းေကာင္းရွိသူ – ခရက္တစ္ေကာင္းသူကို ေဒၚလာ ၁၃၀၀ နဲ႔ေခၚရတာရွိရင္ေျပာျပစမ္းပါ။ တစ္ႏွစ္စာခ်ဳပ္ ( ေဒၚလာ ငါးေသာင္း ) နဲ႔ရရင္ကံေကာင္းေပါ့ဗ်ာ။ တကယ္အဆင့္ ရွိသူဟာ ( လခစားမလာပါဘူး ) – ႏွစ္ခ်ဳပ္နဲ႔ပဲယူပါတယ္။ အဂၤလိပ္စကားေျပာတတ္ၿပီးေရာဆိုေခၚၾကေတာ့ျပသနာ ေတြျဖစ္ၿပီေပါ့။

က်ေနာ့္က အဂၤလိပ္စာPage ဖြင့္ထား အဖြဲ႕ဝင္ ကလည္း – သန္းခ်ီရွိေတာ့..ျမန္မာကထင္ၿပီး..မၾကာခဏမက္ ေဆ့ေတြလက္ခံရရွိတယ္။ စာသင္ခ်င္တယ္ေပါ့။ က်ေနာ္ကလည္း ရပါတယ္ – လူႀကီးမင္း – SSN နံပါတ္နဲ႔ ပတ္စပို႔ကို Scan ဖတ္ပို႔ ေပးပါဆို….အေကာင့္ပါ Block ေျပးတာပဲ။ ေနာက္ အေရးႀကီးတာတစ္ခု…Native တစ္ဦးကိုလက္ထပ္ ၿပီး အေမရိကားကို လာဖို႔ ႀကိဳးစားမယ္ဆိုရင္ ဒါေလးမွတ္ထား ေပးပါ။

( ၁ ) သူ႔မွာ ၂ႏွစ္စာ အခြန္ထမ္းေဆာင္ထားတာရွိမရွိ
( ၂ ) လက္ရွိအလုပ္အကိုင္ဝင္ေငြရွိ မရွိ ( အေမရိကန္အစိုးရကို အလုပ္ဝင္ေငြျပရမွာေနာ္…အဲဒါမရွိရင္လည္း ေဆာရီးပါ ) ေနာက္ ဆုံး
( ၃ ) ဘဏ္အေကာင့္ထဲမွာ မိမိလက္ထပ္ထားတဲ့သူကိုေခၚဖို႔ ဒါမွမဟုတ္ ေစာင့္ေရွာက္ဖို႔ လုံေလာက္တဲ့ေငြ ရွိမရွိ….ပ်မ္းမွ်အား ျဖင့္ ေဒၚလာ ၅၀၀၀ သတ္မွတ္ထားပါတယ္။ အဲဒါေတြမွ ျပည့္စုံျခင္း မရွိပဲ ရင္ခုန္မယ္ဆိုရင္ေတာ့….မိမိဘဝထိခိုက္ႏိုင္ပါတယ္

Credit – Maung Maung One

Unicode ဖြင့်ဖတ်ရန်

အမေရိကန် အင်္ဂလိပ်စာဆရာတွေနဲ့ ပတ်သတ်လို့ ဆရာမောင်မောင်ဝမ်းရဲ့ သတိပေးစာ
မြန်မာပြည်က အင်္ဂလိပ်စကားပြောသင်တန်းတွေမှာ အမေရိကန်တွေကို အလုပ်ခေါ်မယ်ဆို အကြံပြုချင်ပါတယ်။

တစ်နေ့က ထိုင်းက တပည့်လေးတစ်ယောက်နဲ့အွန်လိုင်း ကနေစကားပြောဖြစ်ပါတယ်။ သူနဲ့သိနေတဲ့ အမေရိကန် ဂျလေဘီ ( ထိုင်းကနေမပြန်တာကြာပြီပြောတယ်)ကမြန် မာနိုင်ငံမှာ အင်္ဂလိပ်စကားပြောသင်တန်းသွားမလို့ပြော တော့…တော်တော်လေးထိတ်လန့်သွားပြီး..စိတ်ထဲ ခံစားရကြောင်းပြောပြတယ်။

ရန်ကုန်မှာလည်း ဇာတ်လမ်း ရှုတ်များအကြောင်း မိတ်ဆွေများ၊ တပည့်များကပြော ပြလို့ သိရပါတယ်။ နောက်ဆုံး ကိုယ်ဝန်တွေရ၊ကလေး တွေမွေးတဲ့အထိ သတင်းတွေရပါတယ်။ မြန်မာပြည်က အင်္ဂလိပ်စာသင်တန်းတွေမှာအမေ ရိကန်တွေနဲ့စကားပြောလေ့ကျင့်ဖို့ခေါ်ချင်တယ်ဆိုရင် အရင်ဆုံး သူတို့ SSN နံပါတ် ( Social Security Number ) ကို အရင်တောင်းပါ။ ဂဏန်း ၉ လုံးရှိပါတယ်။ လျှို့ဝှက်ထား ရတဲ့အရာဖြစ်ပေမဲ့ ၊ အလုပ်ကိစ္စ၊ အရေးကြီးတဲ့ ကိစ္စတွေ မှာ မဖြစ်မနေပေးကိုပေးရပါတယ်။ ပြီးရင် Passport ကို မှတ်တမ်းတင်ထားပါ။ SSN နံပါတ်မပေးနိုင်ဘူးပြောရင် အဲဒီလူကို ( လုံးဝ ) လုံးဝ အလုပ်မခေါ်ပါနဲ့ – အန္တယာယ် ရှိတယ်။

SSN နံပါတ်ရတယ်..နာမည်ရတယ်ဆိုရင် အမေရိကားမှာရှိတဲ့ မိတ်ဆွေ တစ်ဦးဦး ( သို့ ) အွန်လိုင်း ပေါ်မှာ ပိုက်ဆံအနည်းငယ်ပေးပြီး – ခရက်တစ် စစ်ဆေး လို့ရတဲ့ ကုမဏ္ဍီတွေရှိပါတယ်။ ခရက်တစ် ဆိုတာကြွေးဝယ် ခွင့်ကဒ်ကိုပြောတာမဟုတ်ဘူးနော်။ လွယ်လွယ်ပြောရရင် ( လူတစ်ယောက်သမိုင်းပေါ့ ) – အမေရိကားမှာလူတိုင်းကို အမှတ်ပေးစနစ်ရှိပါတယ်။ ဒါကို Credit Score လို့ခေါ်ပါ တယ်။ 0 – 850 မှတ်ထိရှိပါတယ်။

တကယ်လို့စစ်ဆေးခွင့် ရလို့ ခရက်တစ်အမှတ် – 600 အောက်ရှိနေရင် အဲဒီလူကို အလုပ်အတွက်မသုံးတာ အကောင်းဆုံးပါပဲ။ အကြမ်းပြော ပြတာ ( လိုအပ်တာရှိရင် – သိနားလည်သူများကလည်းထပ် မံဖြည့်စွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ် )။ ကျနော်ပြောပြမယ်…အင်္ဂလိပ်စာသင်တန်းတွေမှာ အမေရိကန်တွေကို မြန်မာငွေ သိန်း ၂၀ လောက်ပေးရ တယ်ပြောတယ်။ ဒေါ်လာနဲ့ ၁၃၀၀ ဝန်းကျင်ပဲရှိတယ်။စဉ်း စားကြနော်….အမေရိကားမှာ စစ်ဘေးဒဏ်ကြောင့်တော ထဲကနေ ဒုက္ခသည်အဖြစ်လာကြတဲ့ မြန်မာတွေ တိုင်းရင်း သားတွေအများကြီးရှိတယ်။

အင်္ဂလိပ်စကားပြောမတတ်သူ တွေတောင် အကြမ်းဖျင်းဝင်ငွေ ( တစ်လ ဒေါ်လာ၂၀၀၀)ဝန်း ကျင်လောက်မှာရှိတယ်။ Native တစ်ယောက်က ဘာ့ကြောင့် ၁၃၀၀ လောက်နဲ့လာလုပ်နေတာလဲ။ အပင်ပမ်းမခံနိုင်လို့ စကားလေးပြောရင်းဝင်ငွေရချင်လို့ အကြောင်းပြရင်..အရမ်း ပင်ပမ်းစရာမလိုပဲ..လုပ်ရတဲ့ အလုပ်တွေတောင် ၁၃၀၀ မက ဘူးရတယ်။

Food Stamp ( အစားသောက်ဝယ်ခွင့်ကဒ် ) Medicaid ( ဆေးဝါးအခမဲ့ကုသခွင့် ) အလကားရမယ်။ပေါင်း လိုက်ရင် ၁၃၀၀ ထက်မက ရပါတယ်။ အမေရိကားက တက္ကသိုလ်ကျောင်းသူ/ သားတွေ အတွေ့ အကြုံဗဟုသုတလိုချင်သူလို့ စာလည်းလာသင်ပေးသူများဆို ကိုယ့်ငွေကိုယ်စိုက် အလကားတောင်လာသင်ပေးပါတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသူ/သားများဟာ နေရာတစ်ခုခုမှာ လူမှု့ အကျိုးပြုလုပ်ငန်းတွေလုပ်ကိုင်ဘူးရင်…မှတ်တမ်းကောင်း ရတဲ့အတွက်သူတို့ဘဝမှာ သမိုင်းကောင်းပါ။ အလုပ်ဝင်တဲ့အခါ တစ်ခုခုလုပ်ချင်တဲ့အခါ…မှတ်တမ်းကောင်းတွေပါ။သူတို့အတွက် အများကြီးအသုံးဝင်ပါတယ်။

အဲဒီလို သူတွေနဲ့ ဆို ကျနော်သိပ် မစိုးရိမ်ပါဘူး။ တစ်ခု ရဲရဲပြောလိုက်မယ်….အမေရိကားက ပညာ ရှင်အဆင့် ၊ မှတ်တမ်းကောင်းရှိသူ – ခရက်တစ်ကောင်းသူကို ဒေါ်လာ ၁၃၀၀ နဲ့ခေါ်ရတာရှိရင်ပြောပြစမ်းပါ။ တစ်နှစ်စာချုပ် ( ဒေါ်လာ ငါးသောင်း ) နဲ့ရရင်ကံကောင်းပေါ့ဗျာ။ တကယ်အဆင့် ရှိသူဟာ ( လခစားမလာပါဘူး ) – နှစ်ချုပ်နဲ့ပဲယူပါတယ်။ အင်္ဂလိပ်စကားပြောတတ်ပြီးရောဆိုခေါ်ကြတော့ပြသနာ တွေဖြစ်ပြီပေါ့။

ကျနော့်က အင်္ဂလိပ်စာPage ဖွင့်ထား အဖွဲ့ဝင် ကလည်း – သန်းချီရှိတော့..မြန်မာကထင်ပြီး..မကြာခဏမက် ဆေ့တွေလက်ခံရရှိတယ်။ စာသင်ချင်တယ်ပေါ့။ ကျနော်ကလည်း ရပါတယ် – လူကြီးမင်း – SSN နံပါတ်နဲ့ ပတ်စပို့ကို Scan ဖတ်ပို့ ပေးပါဆို….အကောင့်ပါ Block ပြေးတာပဲ။ နောက် အရေးကြီးတာတစ်ခု…Native တစ်ဦးကိုလက်ထပ် ပြီး အမေရိကားကို လာဖို့ ကြိုးစားမယ်ဆိုရင် ဒါလေးမှတ်ထား ပေးပါ။

( ၁ ) သူ့မှာ ၂နှစ်စာ အခွန်ထမ်းဆောင်ထားတာရှိမရှိ
( ၂ ) လက်ရှိအလုပ်အကိုင်ဝင်ငွေရှိ မရှိ ( အမေရိကန်အစိုးရကို အလုပ်ဝင်ငွေပြရမှာနော်…အဲဒါမရှိရင်လည်း ဆောရီးပါ ) နောက် ဆုံး
( ၃ ) ဘဏ်အကောင့်ထဲမှာ မိမိလက်ထပ်ထားတဲ့သူကိုခေါ်ဖို့ ဒါမှမဟုတ် စောင့်ရှောက်ဖို့ လုံလောက်တဲ့ငွေ ရှိမရှိ….ပျမ်းမျှအား ဖြင့် ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားပါတယ်။ အဲဒါတွေမှ ပြည့်စုံခြင်း မရှိပဲ ရင်ခုန်မယ်ဆိုရင်တော့….မိမိဘဝထိခိုက်နိုင်ပါတယ်

Credit – Maung Maung One

LEAVE A REPLY