Zawgyi ျဖင့္ဖတ္ရန္

ရည္းစားေဟာင္းနဲ႔ တြဲေနေသာ အမ်ိဳးသားကို လုပ္ႀကံသတ္ျဖတ္ရန္ အြန္လိုင္းေပၚမွတစ္ဆင့္ ေၾကးစားငွားကာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံးသည့္ ပုံစံမ်ိဳးဖန္တီးရန္ ႐ုပ္ရွင္ဆန္ဆန္ ပိပိရိရိ ခိုင္းေစခဲ့ေသာ ကုမၸဏီအရာရွိတစ္ဦးကို စင္ကာပူရဲအဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္။

ကုမၸဏီတစ္ခုတြင္ Risk management ရာထူးနဲ႔ အလုပ္လုပ္ကိုင္ေနေသာ အရာရွိတစ္ဦးက မသမာသူမ်ားအသုံးျပဳသည့္ Dark Web ဝဘ္ဆိုက္ကိုအသုံးျပဳကာ လူတစ္ေယာက္ကို လုပ္ႀကံရန္ ေစခိုင္းေနၾကာင္း အေမရိကန္ႏိုင္ငံရွိ ဂ်ာနယ္လစ္တစ္ဦးက စင္ကာပူအစိုးရထံ သတင္းေပးခဲ့ၿပီးေနာက္ ဖမ္းဆီခံခဲ့ရျခင္းျဖစ္သည္။

Dark Web သည္ သာမန္လူမ်ားအသုံးျပဳေနၾကသည့္ ဂူဂဲလ္ကဲ့သို႔ေသာ ဘေရာက္ဇာမ်ားေပၚတြင္ ရွာေဖြႏိုင္မည္မဟုတ္ပဲ Dark Web အသုံးျပဳရန္ သီးသန႔္ ေဆာ့ဝဲလ္ အသုံးျပဳရၿပီး အသုံးျပဳေနသူမ်ားဟာ မည္သူမည္ဝါျဖစ္သည္၊ ကိုယ္ေရးအခ်က္လက္ စတာေတြကို ေထာက္လွမ္းႏိုင္ျခင္းမရွိေသာ နည္းပညာသုံးထားျခင္းျဖစ္သည္။

အသက္ ၄၇ ႏွစ္အ႐ြယ္ Allen Vincent Hui Kim Seng က အျဖစ္ပ်က္အားလုံး ဟုတ္မွန္ေၾကာင္း ဝန္ခံခဲ့သျဖင့္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ တရား႐ုံက အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခဲ့သည္။

‘Hui’ ဟာ အိမ္ေထာင္သည္တစ္ဦးျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီ ၂၂ ရက္ေန႔မွာ ကုမၸဏီတူ လုပ္ကိုင္ေနေသာ အသက္ ၃၀ အ႐ြယ္ လုပ္ေဖာ္ကိုင္ဖက္ အမ်ိဳးသမီးနဲ႔ တိတ္တိတ္ပုန္းၿငိစြန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ လက္ရွိအိမ္ေထာင္ကို ကြာရွင္းၿပီး သူ႔ကိုအတည္ယူမည့္ဟန္မရွိသျဖင့္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အမ်ိဳးသမီးဘက္က စတင္ၿပီး ႏွစ္ဦးသေဘာတူ ျပတ္စဲခဲ့ၾကပါတယ္။

ဒါေပမယ့္ မိတ္ေဆြအျဖစ္ ဟန္မပ်က္ဆက္လက္ ဆက္ဆံေနခဲ့ၿပီး ‘Hui’ က ႀကဳံရင္ႀကဳံသလို လက္ေဆာင္ေတြ ဝယ္ေပးတာ၊ အသက္အာမခံေၾကးေတြ ေပးတာေတြ ေထာက္ပံ့ေပးေနခဲ့ပါတယ္။

အမ်ိဳးသမီးက အျခားအလုပ္တစ္ခုကို ေျပာင္းသြားၿပီး ၿပီးခဲ့တဲ့ႏွစ္ ဧၿပီ ၂၇ ရက္ေန႔မွာ ခ်စ္သူအသစ္ရသြားခဲ့ပါတယ္။ ဒီကိစၥကို ‘Hui’ သိသြားတဲ့အခါ မနာလိုစိတ္ေတြျဖစ္ၿပီး သူ႔ရည္းစားေဟာင္းနဲ႔ တြဲေနတဲ့ အမ်ိဳးသားကို မေကာင္းႀကံစည္ပါေတာ့တယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလ ၆ ရက္ေန႔မွာ Dark Web ေပၚမွာ Camorra Hitman ဆိုတဲ့ ေၾကးစားလူသတ္သမားကို ရည္းစားေဟာင္းရဲ႕ခ်စ္သူ အမ်ိဳးသားရဲ႕ ညာဘက္လက္ကို ျဖတ္ေပးဖို႔ ေျပာဆိုတိုင္ပင္မႈေတြ စခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ လက္ျဖတ္တာတင္ မဟုတ္ေတာ့ပဲ ဇီဝိန္ပါေႁခြေပးဖို႔ ထပ္မံေတာင္းဆိုခဲ့ပါတယ္။

ကိစၥေတြအားလုံးၿပီးပါက ဝန္ေဆာင္ခေပးမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူဟာတစ္ကယ္ပိုက္ဆံ ေပးႏိုင္ရဲ႕လားဆိုတာ သက္ေသျပဖို႔ Camorra Hitman ရဲ႕ အေကာင့္ထဲကို ဒီဂ်စ္တယ္ေငြေၾကး bitcoin စင္ကာပူေဒၚလာ ၆၀၀ ဖိုး ထည့္ေပးခဲ့ရပါတယ္။

ေနာက္ထပ္ သုံးရက္ေလာက္အၾကာမွာေတာ့ ရည္းစားေဟာင္းရဲ႕ ခ်စ္သူေနာက္ကို ေနာက္ေယာင္ခံလိုက္ၿပီး ကားနံပါတ္နဲ႔ သူ႔ရဲ႕လုပ္ပုံကိုင္ပုံေတြကို မွတ္တမ္းယူခဲ့ပါတယ္။
အဲဒီေနာက္ Camorra Hitman ကို အခ်က္လက္ေတြေပးကာ မ်က္ႏွာကို အက္ဆစ္နဲ႔ေလာင္းေပးဖို႔ ေျပာခဲ့ၿပီး စင္ကာပူေဒၚလာ ၃၀၀၀ ဖိုး bitcoin ေတြ ထပ္ထည့္ေပးပါတယ္။

ဒါေပမယ့္ Camorra Hitman က သူ႔တို႔ရဲ႕ စည္းကမ္းအရ အက္ဆစ္သုံးၿပီး တိုက္ခိုက္တာေတြ၊ ဓါးျပတိုက္ လုယက္တာေတြ မလုပ္ဘူးလို႔ေျပာပါတယ္။ ေမလ ၁၀ ရက္ေန႔မွာေတာ့ ေနာက္ထပ္ အေမရိကန္ေဒၚလာ ၅၀၀၀ ထပ္ေပးမယ္ဆိုရင္ အျပတ္ရွင္းေပးမယ္လို႔ ေတာင္းဆိုလာပါတယ္။

‘Hui’ ဒီေၾကးကိုေတာ့ မတတ္ႏိုင္တဲ့အတြက္ အျပတ္မရွင္းေတာ့ပဲ တစ္ဘဝစာလုံး ဒုကၡိတျဖစ္ေအာင္ ကားမေတာ္တဆမႈပုံစံ ဖန္တီးရန္ ေျပာဆိုၿပီး ေနာက္ထပ္ အေမရိကန္ေဒၚလာ ၃၂၀၀ ဖိုး bitcoin ေတြ Camorra Hitman အေကာင့္ထဲ ထပ္ထည့္ေပးခဲ့ျပန္ပါတယ္။

ဒါေပမယ့္လည္း အၿငိဳးႀကီးေနတာေၾကာင့္ သူရဲ႕စိတ္က ေျပာင္းသြားၿပီး အေသသတ္ဖို႔ကိုပဲ ဦးတည္ကာ Camorra Hitman နဲ႔ ညႇိႏႈိင္းေဈးစစ္ၿပီး ေနာက္ထပ္ အေမရိကန္ေဒၚလာ ၁၀၀၀ ဖိုး bitcoin ေတြ ထပ္လႊဲေပးခဲ့ပါတယ္။
ဒီတစ္ခါ ေဈးတည့္သြားၾကၿပီး ေမလ ၂၂ ရက္ေန႔ ည ၇ နာရီနဲ႔ ၈ နာရီၾကားမွာ လုပ္ငန္းစဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ဒီအခ်ိန္ကို ေ႐ြးရတာဟာ သူ႔ေကာင္မေလးကို ထိခိုက္မွာ စိုးရိမ္ၿပီး သူတစ္ေယာက္ထဲ ကားေမာင္းျပန္လာမယ့္အခ်ိန္ ျဖစ္ေနလို႔ ျဖစ္ပါတယ္။

ဒါေပမယ့္ ေမလ ၁၂ ရက္ေန႔မွာပဲ အေမရိကန္ သတင္းေထာက္တစ္ဦးက စင္ကာပူျပည္ထဲေရးကို ဒီအေၾကာင္းေတြ သတင္းေပးလိုက္ပါတယ္။ သတင္းေထာက္အေနနဲ႔ ဒီအေၾကာင္းေတြ ဘယ္လိုသိခဲ့လဲဆိုတာကို တရား႐ုံးက ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိပါဘူး။

ျပည္ထဲေရကတစ္ဆင့္ ရဲနဲ႔ခ်ိပ္ဆက္ၿပီး ေနာက္ထပ္ ၅ ရက္အၾကာမွာ ‘Hui’ ကို ဖမ္းဆီးခဲ့ပါတယ္။ ရဲေတြရဲ႕ ၫႊန္ၾကားခ်က္အရ သူ႔ဘက္ကေန Camorra Hitman ကို အလုပ္မျဖစ္ေတာ့ေၾကာင္း ဆက္သြယ္ခဲ့ၿပီး သူ႔ရဲ႕ bitcoin ေတြကို Camorra Hitman အေကာင့္ကေန ျပန္လည္ထုတ္ယူခဲ့ပါတယ္။

သူ႔ရဲ႕ ေရွ႕ေန Lee Teck Leng ရဲ႕ အဆိုအရ အမႈကို စီရင္ခ်က္ခ်ဖို႔ လာမယ့္ စက္တင္ဘာလ ၄ ရက္ေန႔ကို ေ႐ြ႕ဆိုင္းထားေၾကာင္း သိရပါတယ္။ အခုလို ေၾကားစားလူသတ္သမားငွားရမ္းၿပီး ရာဇဝတ္မႈက်ဴးလြန္တဲ့အတြက္ ေထာင္ဒဏ္ ၇ ႏွစ္အထက္နဲ႔ ေငြဒဏ္တို႔ပါ က်ခံရဖြယ္ရွိေၾကာင္း စင္ကာပူသတင္းစာ The Straits Times တြင္ ေဖာ္ျပပါရွိသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ရည်းစားဟောင်း နဲ့ တွဲနေသူကို ကြေးစားငှားပြီး လုပ်ကြံဖို့စီစဉ်သူ ဖမ်းဆီးခံရ

ရည်းစားဟောင်းနဲ့ တွဲနေသော အမျိုးသားကို လုပ်ကြံသတ်ဖြတ်ရန် အွန်လိုင်းပေါ်မှတစ်ဆင့် ကြေးစားငှားကာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသည့် ပုံစံမျိုးဖန်တီးရန် ရုပ်ရှင်ဆန်ဆန် ပိပိရိရိ ခိုင်းစေခဲ့သော ကုမ္ပဏီအရာရှိတစ်ဦးကို စင်ကာပူရဲအဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ကုမ္ပဏီတစ်ခုတွင် Risk management ရာထူးနဲ့ အလုပ်လုပ်ကိုင်နေသော အရာရှိတစ်ဦးက မသမာသူများအသုံးပြုသည့် Dark Web ဝဘ်ဆိုက်ကိုအသုံးပြုကာ လူတစ်ယောက်ကို လုပ်ကြံရန် စေခိုင်းနေကြာင်း အမေရိကန်နိုင်ငံရှိ ဂျာနယ်လစ်တစ်ဦးက စင်ကာပူအစိုးရထံ သတင်းပေးခဲ့ပြီးနောက် ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။

Dark Web သည် သာမန်လူများအသုံးပြုနေကြသည့် ဂူဂဲလ်ကဲ့သို့သော ဘရောက်ဇာများပေါ်တွင် ရှာဖွေနိုင်မည်မဟုတ်ပဲ Dark Web အသုံးပြုရန် သီးသန့် ဆော့ဝဲလ် အသုံးပြုရပြီး အသုံးပြုနေသူများဟာ မည်သူမည်ဝါဖြစ်သည်၊ ကိုယ်ရေးအချက်လက် စတာတွေကို ထောက်လှမ်းနိုင်ခြင်းမရှိသော နည်းပညာသုံးထားခြင်းဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် Allen Vincent Hui Kim Seng က အဖြစ်ပျက်အားလုံး ဟုတ်မှန်ကြောင်း ဝန်ခံခဲ့သဖြင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် တရားရုံက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

‘Hui’ ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ကုမ္ပဏီတူ လုပ်ကိုင်နေသော အသက် ၃၀ အရွယ် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ တိတ်တိတ်ပုန်းငြိစွန်းခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအိမ်ထောင်ကို ကွာရှင်းပြီး သူ့ကိုအတည်ယူမည့်ဟန်မရှိသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီးဘက်က စတင်ပြီး နှစ်ဦးသဘောတူ ပြတ်စဲခဲ့ကြပါတယ်။

ဒါပေမယ့် မိတ်ဆွေအဖြစ် ဟန်မပျက်ဆက်လက် ဆက်ဆံနေခဲ့ပြီး ‘Hui’ က ကြုံရင်ကြုံသလို လက်ဆောင်တွေ ဝယ်ပေးတာ၊ အသက်အာမခံကြေးတွေ ပေးတာတွေ ထောက်ပံ့ပေးနေခဲ့ပါတယ်။

အမျိုးသမီးက အခြားအလုပ်တစ်ခုကို ပြောင်းသွားပြီး ပြီးခဲ့တဲ့နှစ် ဧပြီ ၂၇ ရက်နေ့မှာ ချစ်သူအသစ်ရသွားခဲ့ပါတယ်။ ဒီကိစ္စကို ‘Hui’ သိသွားတဲ့အခါ မနာလိုစိတ်တွေဖြစ်ပြီး သူ့ရည်းစားဟောင်းနဲ့ တွဲနေတဲ့ အမျိုးသားကို မကောင်းကြံစည်ပါတော့တယ်။

ပြီးခဲ့တဲ့နှစ် မေလ ၆ ရက်နေ့မှာ Dark Web ပေါ်မှာ Camorra Hitman ဆိုတဲ့ ကြေးစားလူသတ်သမားကို ရည်းစားဟောင်းရဲ့ချစ်သူ အမျိုးသားရဲ့ ညာဘက်လက်ကို ဖြတ်ပေးဖို့ ပြောဆိုတိုင်ပင်မှုတွေ စခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်ဖြတ်တာတင် မဟုတ်တော့ပဲ ဇီဝိန်ပါခြွေပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ကိစ္စတွေအားလုံးပြီးပါက ဝန်ဆောင်ခပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာတစ်ကယ်ပိုက်ဆံ ပေးနိုင်ရဲ့လားဆိုတာ သက်သေပြဖို့ Camorra Hitman ရဲ့ အကောင့်ထဲကို ဒီဂျစ်တယ်ငွေကြေး bitcoin စင်ကာပူဒေါ်လာ ၆၀၀ ဖိုး ထည့်ပေးခဲ့ရပါတယ်။

နောက်ထပ် သုံးရက်လောက်အကြာမှာတော့ ရည်းစားဟောင်းရဲ့ ချစ်သူနောက်ကို နောက်ယောင်ခံလိုက်ပြီး ကားနံပါတ်နဲ့ သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကို မှတ်တမ်းယူခဲ့ပါတယ်။
အဲဒီနောက် Camorra Hitman ကို အချက်လက်တွေပေးကာ မျက်နှာကို အက်ဆစ်နဲ့လောင်းပေးဖို့ ပြောခဲ့ပြီး စင်ကာပူဒေါ်လာ ၃၀၀၀ ဖိုး bitcoin တွေ ထပ်ထည့်ပေးပါတယ်။

ဒါပေမယ့် Camorra Hitman က သူ့တို့ရဲ့ စည်းကမ်းအရ အက်ဆစ်သုံးပြီး တိုက်ခိုက်တာတွေ၊ ဓါးပြတိုက် လုယက်တာတွေ မလုပ်ဘူးလို့ပြောပါတယ်။ မေလ ၁၀ ရက်နေ့မှာတော့ နောက်ထပ် အမေရိကန်ဒေါ်လာ ၅၀၀၀ ထပ်ပေးမယ်ဆိုရင် အပြတ်ရှင်းပေးမယ်လို့ တောင်းဆိုလာပါတယ်။

‘Hui’ ဒီကြေးကိုတော့ မတတ်နိုင်တဲ့အတွက် အပြတ်မရှင်းတော့ပဲ တစ်ဘဝစာလုံး ဒုက္ခိတဖြစ်အောင် ကားမတော်တဆမှုပုံစံ ဖန်တီးရန် ပြောဆိုပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ၃၂၀၀ ဖိုး bitcoin တွေ Camorra Hitman အကောင့်ထဲ ထပ်ထည့်ပေးခဲ့ပြန်ပါတယ်။

ဒါပေမယ့်လည်း အငြိုးကြီးနေတာကြောင့် သူရဲ့စိတ်က ပြောင်းသွားပြီး အသေသတ်ဖို့ကိုပဲ ဦးတည်ကာ Camorra Hitman နဲ့ ညှိနှိုင်းဈေးစစ်ပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ၁၀၀၀ ဖိုး bitcoin တွေ ထပ်လွှဲပေးခဲ့ပါတယ်။
ဒီတစ်ခါ ဈေးတည့်သွားကြပြီး မေလ ၂၂ ရက်နေ့ ည ၇ နာရီနဲ့ ၈ နာရီကြားမှာ လုပ်ငန်းစဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီအချိန်ကို ရွေးရတာဟာ သူ့ကောင်မလေးကို ထိခိုက်မှာ စိုးရိမ်ပြီး သူတစ်ယောက်ထဲ ကားမောင်းပြန်လာမယ့်အချိန် ဖြစ်နေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် မေလ ၁၂ ရက်နေ့မှာပဲ အမေရိကန် သတင်းထောက်တစ်ဦးက စင်ကာပူပြည်ထဲရေးကို ဒီအကြောင်းတွေ သတင်းပေးလိုက်ပါတယ်။ သတင်းထောက်အနေနဲ့ ဒီအကြောင်းတွေ ဘယ်လိုသိခဲ့လဲဆိုတာကို တရားရုံးက ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

ပြည်ထဲရေကတစ်ဆင့် ရဲနဲ့ချိပ်ဆက်ပြီး နောက်ထပ် ၅ ရက်အကြာမှာ ‘Hui’ ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေရဲ့ ညွှန်ကြားချက်အရ သူ့ဘက်ကနေ Camorra Hitman ကို အလုပ်မဖြစ်တော့ကြောင်း ဆက်သွယ်ခဲ့ပြီး သူ့ရဲ့ bitcoin တွေကို Camorra Hitman အကောင့်ကနေ ပြန်လည်ထုတ်ယူခဲ့ပါတယ်။

သူ့ရဲ့ ရှေ့နေ Lee Teck Leng ရဲ့ အဆိုအရ အမှုကို စီရင်ချက်ချဖို့ လာမယ့် စက်တင်ဘာလ ၄ ရက်နေ့ကို ရွေ့ဆိုင်းထားကြောင်း သိရပါတယ်။ အခုလို ကြေားစားလူသတ်သမားငှားရမ်းပြီး ရာဇဝတ်မှုကျူးလွန်တဲ့အတွက် ထောင်ဒဏ် ၇ နှစ်အထက်နဲ့ ငွေဒဏ်တို့ပါ ကျခံရဖွယ်ရှိကြောင်း စင်ကာပူသတင်းစာ The Straits Times တွင် ဖော်ပြပါရှိသည်။

Credit : popolay

LEAVE A REPLY