Zawgyi ျဖင့္ဖတ္ရန္

 

Feel စားေသာက္ဆိုင္လုပ္ငန္းပိုင္ရွင္ ဦးစိုင္းညီညီဟာ feelစားေသာက္ဆိုင္မွာ အလုပ္လုပ္ခဲ့ၾကတဲ့ ဝန္းထမ္းေပါင္း (၃၇၅) ဦးကို သူ၏ လုပ္ငန္းမွ မိသားစုလုပ္ငန္းရွယ္ယာစာခ်ဳပ္ကို ဇူလိုင္လ (၂၉)ရက္ေန႔ကေန႔ေပးအပ္ခဲ့ပါတယ္။ feel စားေသာက္ဆိုင္လုပ္ငန္းဟာ ဝန္ထမ္းေၾကာင့္ တိုးတက္လာခဲ့တာျဖစ္တာေၾကာင့္ ဝန္ထမ္းေတြကို အက်ိဳးခံစားခြင့္အေနနဲ႔ ရွယ္ယာအေနနဲ႔ ထည့္ဝင္ေပးလို က္ျခင္း ျဖစ္ပါတယ္။

ဝန္ထမ္းေတြကို ရွယ္ယာအေနနဲထည့္ဝင္ေပးလိုက္ျခင္းအေပၚ feel စားေသာက္ဆိုင္လုပ္ငန္းပိုင္ရွင္ ဦးစိုးညီညီက “ ဘာလို႔စာခ်ဳပ္နဲ႔ေပးလိုက္ရလဲဆိုေတာ့ ကိုယ္မွာက အိမ္ေထာင္လဲမရွိဘူး၊ အေဖ အေမလည္းမရွိေတာ့ဘူး ၊ ညီအစ္ကို ေမာင္ႏွမလည္းေပးစရာမလိုေတာ့ဘူးဆိုေတာ့ ကိုယ္ဘာသူပဲျဖဳန္းရေတာ့မွာေလ၊ ကိုယ္ေသသြားရင္ သူပိုင္တယ္ကိုယ္ပိုင္တယ္ အျငင္းပြားမွာဆိုးတာေၾကာင့္ ဝန္ထမ္းေတြလည္း အက်ိဳးရွိေအာင္လို႔ သူတိုကို ရွယ္ယာအေနနဲ႔ ခံစားခြင့္ျပဳလိုက္တာ ” လို႔ ဆိုပါတယ္။

လက္ရွိဖြင့္ေနတဲ့ဆိုင္ေတြမွာ အလုပ္လုပ္ေနတဲ့ လုပ္သက္ အနည္းဆုံး(၅)ႏွစ္ရွိတဲ့ ဝန္ထမ္းတစ္ဦးကို ေငြက်ပ္သိန္း(၂၀)နဲ႔(၁)ႏွစ္တိုးတိုင္း (၅)သိန္းက်ပ္ ၊( ၆)ႏွစ္လုပ္သက္ရွိသူက ရွယ္ယာ(၂၅)သိန္းနဲ႔ လုပ္သက္ (၁၅) ႏွစ္ရွိသူက သိန္း၇၀က်ပ္ရွယ္ယာပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ လုပ္ငန္းတစ္ခုလုံးရဲ႕ မတည္စားရိတ္ကို ေဈးႏႈန္းတစ္ခုသတ္မွတ္ၿပီး လစဥ္ဝင္ေငြေတြထဲက အျမတ္ေတြကို ထည့္ဝင္ထားတဲ့ေငြအခ်ိဳးအလိုက္(၃)လတစ္ခါတြက္ခ်က္ၿပီးေပးဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။“အလုပ္လုပ္ရင္းနဲ႔ ကိုယ္ပါ လုပ္ငန္းရွင္တစ္ဦးအေနနဲ႔ ျဖစ္ခြင့္ရေတာ့မွာဆိုေတာ့ အတိုင္းမသိ ဝမ္းသာမိပါတယ္။ မိသားစုအတြက္လည္း စိတ္ေအးရတာေပါ့ ” လို လုပ္သက္ (၇)ႏွစ္ရွိတဲ့ ဆိုင္ဝန္ထမ္းတစ္ဦးကေျပာပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဝန်ထမ်းပေါင်း ( ၃၇၅ ) ဦးကို သူ၏ လုပ်ငန်းရှယ်ယာတွေ ခွဲဝေပေးခဲ့တဲ့ Feel စားသောက်ဆိုင်ပိုင်ရှင်

Feel စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းညီညီဟာ feelစားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်းထမ်းပေါင်း (၃၇၅) ဦးကို သူ၏ လုပ်ငန်းမှ မိသားစုလုပ်ငန်းရှယ်ယာစာချုပ်ကို ဇူလိုင်လ (၂၉)ရက်နေ့ကနေ့ပေးအပ်ခဲ့ပါတယ်။ feel စားသောက်ဆိုင်လုပ်ငန်းဟာ ဝန်ထမ်းကြောင့် တိုးတက်လာခဲ့တာဖြစ်တာကြောင့် ဝန်ထမ်းတွေကို အကျိုးခံစားခွင့်အနေနဲ့ ရှယ်ယာအနေနဲ့ ထည့်ဝင်ပေးလို က်ခြင်း ဖြစ်ပါတယ်။

ဝန်ထမ်းတွေကို ရှယ်ယာအနေနဲထည့်ဝင်ပေးလိုက်ခြင်းအပေါ် feel စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးစိုးညီညီက “ ဘာလို့စာချုပ်နဲ့ပေးလိုက်ရလဲဆိုတော့ ကိုယ်မှာက အိမ်ထောင်လဲမရှိဘူး၊ အဖေ အမေလည်းမရှိတော့ဘူး ၊ ညီအစ်ကို မောင်နှမလည်းပေးစရာမလိုတော့ဘူးဆိုတော့ ကိုယ်ဘာသူပဲဖြုန်းရတော့မှာလေ၊ ကိုယ်သေသွားရင် သူပိုင်တယ်ကိုယ်ပိုင်တယ် အငြင်းပွားမှာဆိုးတာကြောင့် ဝန်ထမ်းတွေလည်း အကျိုးရှိအောင်လို့ သူတိုကို ရှယ်ယာအနေနဲ့ ခံစားခွင့်ပြုလိုက်တာ ” လို့ ဆိုပါတယ်။

လက်ရှိဖွင့်နေတဲ့ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ လုပ်သက် အနည်းဆုံး(၅)နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးကို ငွေကျပ်သိန်း(၂၀)နဲ့(၁)နှစ်တိုးတိုင်း (၅)သိန်းကျပ် ၊( ၆)နှစ်လုပ်သက်ရှိသူက ရှယ်ယာ(၂၅)သိန်းနဲ့ လုပ်သက် (၁၅) နှစ်ရှိသူက သိန်း၇၀ကျပ်ရှယ်ယာပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ မတည်စားရိတ်ကို ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး လစဉ်ဝင်ငွေတွေထဲက အမြတ်တွေကို ထည့်ဝင်ထားတဲ့ငွေအချိုးအလိုက်(၃)လတစ်ခါတွက်ချက်ပြီးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။“အလုပ်လုပ်ရင်းနဲ့ ကိုယ်ပါ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဖြစ်ခွင့်ရတော့မှာဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ မိသားစုအတွက်လည်း စိတ်အေးရတာပေါ့ ” လို လုပ်သက် (၇)နှစ်ရှိတဲ့ ဆိုင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

share from : burmese.asia

LEAVE A REPLY