Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

စာသင်ကျောင်း အတွင်း ပထမဆုံး food box ထားရှိပေး

ဆာလျှင်ယူစား ကုသိုလ်လိုချင် လှူသွား ဆိုသော food box အား စာသင်ကျောင်းအတွင်းမှာ ပထမဆုံးထားရှိခြင်း အနေဖြင့် မြဝတီမြို့နေ ကိုစိုင်းစိန်လင်းထက် + မသန္တာလှိုင် ၊ သမီးလေး မမြတ်သီရိဇော် GRADE-6-A ၊ DIAMOND SOUND SYSTEM E နှင့် ဆန်ရောင်ဝယ်ရေး အလုပ်ရှင် မိသားစုများမှ မြဝတီမြို့ အထက-၂ ကျောင်းအတွင်းမှာ ယနေ့မှ စ၍ မည်သူမဆို ယူ၍ စားသုံးနိုင်သည့် food box ကို စတင် မတည်ကာ ထားရှိပေးခဲ့ကြောင်း သိရပါသည်။

စာသင်ကျောင်းအတွင်းမှာ ကျောင်းတက်နေသော ကျောင်းသူ ကျောင်းသားများ အနေဖြင့် အိမ်မှ စီးပွားရေး အပြေလည်လို့ မုန့်ဖိုး မပါတစ်ရက် ပါတစ်ရက် ဖြစ်နေတဲ့ ကျောင်းသား ကျောင်းသူများလည်း ရှိနိုင်သလို မုန့်ဖိုး မေ့ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူများလည်း ရှိနိုင်တာမို့ အခုလို food box ထားရှိပေးတဲ့ မိသားစု အလှူလေးဟာဖြင့် လိုအပ်နေတဲ့ ကျောင်းသား ကျောင်းသူများအတွက် အင်မတန်ကို အကျိုးရှိလှပါပေတယ်။

အခုဆိုရင်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ food box စနစ်လေး ပျံ့နှံ့လာခြင်းသည် မရှိဆင်းရဲသား ကလေးသူငယ်များ အတွက် အတိုင်းမသိ ဝမ်းသာစရာ စနစ်တစ်ခုအဖြစ် တည်ရှိလာပြီ ဖြစ်ပါတယ်။

food box အတွင်းမှ စားစရာများကို စနစ်တကျ ယူငင်စားသုံးခြင်းဖြင့် အလှူရှင်များရဲ့ ကုသိုလ်အကျိုးကို တန်ဖိုးထားနိုင်ကြပါစေ

အလှူရှင်များကလည်း အခုလို လှူဒါန်းမှုများကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိမိလှူဒါန်းထားသော အလှူ food box အတွင်းမှ စားဖွယ်များနှင့် စနစ်တကျ ယူဆောင်စားသုံးမှုများကို မြင်တွေ့ကာ ဝမ်းသာပီတီအပြည့်ြ့ဖင့် စိတ်ကျေနပ်စွာ ပျော်ရွှင်နိုင်ကြပါစေလို့ ApannPyay အဖွဲ့သားများမှ ဆုတောင်းပေးပါသည်။

share from : burmese.asia

LEAVE A REPLY