Zawgyi ျဖင့္ဖတ္ရန္

 

မ်က္ေမွာက္ေခတ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ Date တာဟာ သိပ္ၿပီး လြယ္ကူလြန္းေနပါၿပီ။ ယခင္တုန္းကေတာ့ ေကာင္မေလးတစ္ေယာက္နဲ႔ Date ရဖို႔ဟာ အခက္အခဲေတြ အမ်ားႀကီးရွိၿပီး၊ အဆက္အသြယ္လုပ္ဖို႔ေတာင္ စာပို႔စာယူ ေစတနာ့ဝန္ထမ္းမ်ိဳးရွိမွ အဆင္ေျပတာမ်ိဳးပါ။

အခုေခတ္မွာေတာ့ ဆက္သြယ္ေရးနည္းပညာေတြ တစ္ရွိန္ထိုးျမင့္လာသည္ႏွင့္အမွ် Date ဖို႔က သိပ္မခဲယဥ္းေတာ့ေပ။ ဒါ့အျပင္ ယဥ္ေက်းမႈျခင္းလည္း ေျပာင္းလဲသြားၿပီျဖစ္ၿပီး Date တာနဲ႔ ခ်ိန္းေတြ႕တာ မတူဟု ခံယူသူေတြက မ်ားလာေလၿပီ။ Date က အျခားအေၾကာင္းေတြအရ ျဖစ္ႏိုင္ၿပီး ခ်ိန္းေတြ႕တာက ဘာလိုလို ညာလိုလိုေၾကာင့္ဟု အေၾကာင္းျပၾကေလသည္။

ထားပါေတာ့။ အခု ေျပာခ်င္တာက အမ်ိဳးသမီး (၃)ေယာက္မွာ တစ္ေယာက္က တစ္စုံတစ္ေယာက္နဲ႔ Date တယ္ဆိုတာ အစားအစာ Free ဂုံးဆင္ခ်င္လို႔ ဂြင္ဆင္တာျဖစ္ေၾကာင္း အြန္လိုင္းေလ့လာမႈႏွစ္ခုက အခိုင္အမာဆိုထားပါတယ္။ ဒါေလးကို မွ်ေဝခ်င္တာပါ။

စိတ္ပညာရွင္ေတြ စတင္ခဲ့တဲ့ ေလ့လာမႈႏွစ္ခုမွာ အမ်ိဳးသမီး (၂၃)%ကေန (၃၃)%ႏႈန္းေသာ အမ်ိဳးသမီးေတြဟာ ေကာင္ေလးေတြနဲ႔ သူတို႔ Date ရျခင္းရဲ႕အဓိက အေၾကာင္းအရင္းက အစားအေသာက္ကို Free ဂုံးဆင္းခ်င္လို႔ ျဖစ္ေၾကာင္း အတည္ျပဳထားပါတယ္။ ဒီအခ်က္ဟာ မိန္းကေလးေတြအတြက္ေတာ့ မေက်နပ္စရာပါ။

ဒီေလ့လာမႈကို ဦးေဆာင္ျပဳလုပ္ခဲ့သူေတြကေတာ့ Society for Personality and Social Psychology(SPSP) နဲ႔ Department of psychology at Azula Pacific University မွ ပါေမာကၡေတြျဖစ္ၿပီး၊

အဲဒီအမ်ိဳးသမီးေတြမွာ စိတ္ပညာအားျဖင့္ Psychopathy, Machiavellianism နဲ႔ narcissism အစရွိတဲ့ စိတ္ပိုင္းဆိုင္ရာေတြကို ခံစားေနရသူေတြျဖစ္ေၾကာင္း၊ သူတို႔က အစားအေသာက္ကို အေတာ္ေလး ဦးစားေပးတယ္လို႔ ဆိုပါတယ္။

အဆိုပါ တကၠသိုလ္ကေန ပထမဆုံး အမ်ိဳးသမီး (၈၂၀)ကို ေလ့လာခဲ့ရာ သူတို႔ကို Date ျခင္းနဲ႔ပတ္သက္တာေတြ၊ ယုံၾကည္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ ခံယူခ်က္ေတြ၊ သူတို႔ အစားအေသာက္ ေနထိုင္မႈပုံစံေတြကို ေမးခြန္းေတြ ေမးျမန္းခဲ့ရာကေန အထက္ပါ ေကာက္ခ်က္ေတြ ထြက္ေပၚလာခဲ့တာပါ။

သူတို႔တစ္ေတြကို တစ္ျခားအေၾကာင္းျပခ်က္နဲ႔ Date ဖို႔ေခၚတာထက္ Foodie call လို႔ ေခၚတဲ့ အစားအေသာက္ဗန္းျပၿပီး ဖိတ္တာမ်ိဳးကို အမ်ိဳးသမီး (၂၃)%က ျငင္းေလ့မရွိၾကဘူးလို႔ ေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။ ေနာက္ထပ္ ဒုတိယ ေလ့လာမႈမွာေတာ့ အမ်ိဳးသမီး (၃၅၇)ေယာက္ကို ေမးခဲ့တာပါ။

သူတို႔တစ္ေတြကေတာ့ Heterosexual ေတြကို သီးျခားေ႐ြးထုတ္လိုက္တာ ျဖစ္ၿပီး Heterosexual ဆိုတာ ကိုယ္နဲ႔လိင္ကြဲေနတဲ့သူမ်ိဳးပဲ စိတ္ဝင္စားတဲ့ အဓိပၸါယ္ ျဖစ္ပါတယ္။ ဒီလို အမ်ိဳးသမီးေတြကေတာ့ (၃၃)%အထိ အစားအစာဗန္းျပၿပီး ဖိတ္ရင္ကို ေခါင္းညိတ္တတ္ၾကပါတယ္တဲ့။

ဒါေပမယ့္ ပိုဆိုးတာက အခုေခတ္ လူငယ္ငယ္ေတြၾကားမွာ Foodie call ကို booty call လို႔ ဘန္းစကားအျဖစ္ အသုံးျပဳေနၾကၿပီး၊ ဒီအသုံးကိုေတာ့ မဟာမဝါဒီေတြက နည္းနည္းေလးမွ သေဘာမက်ၾကပါဘူး။ အဓိပၸါယ္ကေတာ့ အစားအစာေကြၽးၿပီးရင္ ‘ႀကိဳက္ရာ’ဆိုတဲ့ သေဘာျဖစ္ေနလို႔၊ အဲဒီအသုံးကို ကြၽဲၿမီးတိုေနၾကပါေၾကာင္း။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အမျိုးသမီး သုံးဦးလျှင် တစ်ဦးမှာ အစားအသောက်ကို ဖရီးဂုံး ဆင်းပြီး အလကားစားချင်လို့ ချစ်သူရည်းစားထားကာ Date လုပ်ခြင်းဖြစ်ဟု ဝန်ခံချက်ပေး

မျက်မှောက်ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် Date တာဟာ သိပ်ပြီး လွယ်ကူလွန်းနေပါပြီ။ ယခင်တုန်းကတော့ ကောင်မလေးတစ်ယောက်နဲ့ Date ရဖို့ဟာ အခက်အခဲတွေ အများကြီးရှိပြီး၊ အဆက်အသွယ်လုပ်ဖို့တောင် စာပို့စာယူ စေတနာ့ဝန်ထမ်းမျိုးရှိမှ အဆင်ပြေတာမျိုးပါ။

အခုခေတ်မှာတော့ ဆက်သွယ်ရေးနည်းပညာတွေ တစ်ရှိန်ထိုးမြင့်လာသည်နှင့်အမျှ Date ဖို့က သိပ်မခဲယဉ်းတော့ပေ။ ဒါ့အပြင် ယဉ်ကျေးမှုခြင်းလည်း ပြောင်းလဲသွားပြီဖြစ်ပြီး Date တာနဲ့ ချိန်းတွေ့တာ မတူဟု ခံယူသူတွေက များလာလေပြီ။ Date က အခြားအကြောင်းတွေအရ ဖြစ်နိုင်ပြီး ချိန်းတွေ့တာက ဘာလိုလို ညာလိုလိုကြောင့်ဟု အကြောင်းပြကြလေသည်။

ထားပါတော့။ အခု ပြောချင်တာက အမျိုးသမီး (၃)ယောက်မှာ တစ်ယောက်က တစ်စုံတစ်ယောက်နဲ့ Date တယ်ဆိုတာ အစားအစာ Free ဂုံးဆင်ချင်လို့ ဂွင်ဆင်တာဖြစ်ကြောင်း အွန်လိုင်းလေ့လာမှုနှစ်ခုက အခိုင်အမာဆိုထားပါတယ်။ ဒါလေးကို မျှဝေချင်တာပါ။

စိတ်ပညာရှင်တွေ စတင်ခဲ့တဲ့ လေ့လာမှုနှစ်ခုမှာ အမျိုးသမီး (၂၃)%ကနေ (၃၃)%နှုန်းသော အမျိုးသမီးတွေဟာ ကောင်လေးတွေနဲ့ သူတို့ Date ရခြင်းရဲ့အဓိက အကြောင်းအရင်းက အစားအသောက်ကို Free ဂုံးဆင်းချင်လို့ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒီအချက်ဟာ မိန်းကလေးတွေအတွက်တော့ မကျေနပ်စရာပါ။

ဒီလေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သူတွေကတော့ Society for Personality and Social Psychology(SPSP) နဲ့ Department of psychology at Azula Pacific University မှ ပါမောက္ခတွေဖြစ်ပြီး၊

အဲဒီအမျိုးသမီးတွေမှာ စိတ်ပညာအားဖြင့် Psychopathy, Machiavellianism နဲ့ narcissism အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ခံစားနေရသူတွေဖြစ်ကြောင်း၊ သူတို့က အစားအသောက်ကို အတော်လေး ဦးစားပေးတယ်လို့ ဆိုပါတယ်။

အဆိုပါ တက္ကသိုလ်ကနေ ပထမဆုံး အမျိုးသမီး (၈၂၀)ကို လေ့လာခဲ့ရာ သူတို့ကို Date ခြင်းနဲ့ပတ်သက်တာတွေ၊ ယုံကြည်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ခံယူချက်တွေ၊ သူတို့ အစားအသောက် နေထိုင်မှုပုံစံတွေကို မေးခွန်းတွေ မေးမြန်းခဲ့ရာကနေ အထက်ပါ ကောက်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

သူတို့တစ်တွေကို တစ်ခြားအကြောင်းပြချက်နဲ့ Date ဖို့ခေါ်တာထက် Foodie call လို့ ခေါ်တဲ့ အစားအသောက်ဗန်းပြပြီး ဖိတ်တာမျိုးကို အမျိုးသမီး (၂၃)%က ငြင်းလေ့မရှိကြဘူးလို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ နောက်ထပ် ဒုတိယ လေ့လာမှုမှာတော့ အမျိုးသမီး (၃၅၇)ယောက်ကို မေးခဲ့တာပါ။

သူတို့တစ်တွေကတော့ Heterosexual တွေကို သီးခြားရွေးထုတ်လိုက်တာ ဖြစ်ပြီး Heterosexual ဆိုတာ ကိုယ်နဲ့လိင်ကွဲနေတဲ့သူမျိုးပဲ စိတ်ဝင်စားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီလို အမျိုးသမီးတွေကတော့ (၃၃)%အထိ အစားအစာဗန်းပြပြီး ဖိတ်ရင်ကို ခေါင်းညိတ်တတ်ကြပါတယ်တဲ့။

ဒါပေမယ့် ပိုဆိုးတာက အခုခေတ် လူငယ်ငယ်တွေကြားမှာ Foodie call ကို booty call လို့ ဘန်းစကားအဖြစ် အသုံးပြုနေကြပြီး၊ ဒီအသုံးကိုတော့ မဟာမဝါဒီတွေက နည်းနည်းလေးမှ သဘောမကျကြပါဘူး။ အဓိပ္ပါယ်ကတော့ အစားအစာကျွေးပြီးရင် ‘ကြိုက်ရာ’ဆိုတဲ့ သဘောဖြစ်နေလို့၊ အဲဒီအသုံးကို ကျွဲမြီးတိုနေကြပါကြောင်း။

share from : burmese.asia

LEAVE A REPLY