Zawgyi ျဖင့္ဖတ္ရန္

ပရေလာကဆိုတာ လူေတြနဲ႔ အနီးကပ္ဆုံးမွာတည္ရွိေနတယ္ ဆိုတာကိုကြၽန္မ အဲ့ဒီေန႔ညက ျဖစ္ရပ္ေၾကာင့္ ယုံယုံၾကည္ၾကည္ နဲ႔ လက္ခံသြားခဲ့ပါၿပီ ။

ျဖစ္ပုံက ……….

ေခတ္ပ်က္ႀကီး တစ္ခု ၊ေသြးေသာက္ေသာ ခုႏွစ္ ၁၉၈၈ ။ေသလိုက္တဲ့ လူေတြ ၊ ေနရာတိုင္းမွာ ဆာေလာင္ေနတဲ့ ၀ိညဥ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့အခ်ိန္ အခါ ။ကြၽန္မတို႔ေနထိုင္ရာ ေတာင္ဥကၠလာပၿမိဳ႕နယ္ ( …. ) ရပ္ကြက္ မွာ တပ္မေတာ္သားေတြနဲ႔အရပ္သားအခ်ိဳ႕ ပရိပကၡ ျဖစ္ပြားေနခ်ိန္ ၊ ၾကားေနျပည္သူေတြ ေသာကအေရာက္ရဆုံးကာလတစ္ခု ။

ေက်ာင္းေတြ ၊႐ုံးေတြ ၊ အလုပ္ေတြ အကုန္ပိတ္ထားၾကသည္ ။ လူတိုင္းကိုယ္စီ အိမ္ထဲမွာပဲ
ၿငိမ္သက္စြာေနၾကရသည္ ။ ရပ္ကြက္တိုင္း ၀ါးကပ္ေတြနဲ႔ ၿခံစည္း႐ိုးကာထားၾကသည္ ။
လူငယ္ လူ႐ြယ္မ်ား ကိုယ့္ရပ္ကြက္ကိုယ္ တုတ္ ၊ ဓား ၊ လက္နက္ကိုယ္စီ ျဖင့္အလွည့္က်ကင္းေစာင့္ၾကရသည္ ။

ဆူပူမႈေတြက အဆက္မျပတ္ကိုျဖစ္ေပၚေနပါတယ္ ၊ ၾကားရတဲ့သတင္းေတြကေဟာ့ ဟိုေနရာမွာ အပစ္ခံရလို႔ ဘယ္ေက်ာင္းက အသက္ဘယ္ေလာက္ ေက်ာင္းသူေလးေသသြားၿပီ ။
ဘယ္ရဲစခန္းက ဘယ္သူေတြကေတာ့ ေခါင္းျဖတ္ခံရျပန္ၿပီ ၊ဘယ္သူေတြကျဖင့္ အရွင္လက္လက္ မီးရႈိ႕ခံေနၿပီ ။စသျဖင့္ အႏၷိဌာ႐ုံ သတင္းေတြခ်ည္းသာ ဆက္တိုက္ၾကားေနရသည္ ။

ေတာမီးေလာင္ေတာေၾကာင္လက္ခေမာင္းခတ္ ဆိုသလို လူဆိုးလူေပေတြ ၊ အခြင့္အေရးသမားေတြက အဖြဲ႕လိုက္ အိမ္ေပၚတက္ လူသတ္ လုယက္မႈေတြက ဆက္တိုက္ဆိုသလိုျဖစ္ေနသျဖင့္ ရပ္ကြက္ကင္းသမားေတြက သူစိမ္းဆိုပါကရပ္ကြက္အတြင္း လုံးဝေပးမဝင္ ။

ေန႔စဥ္လိုလိုပင္ နံနက္ခင္း ကိုေခါင္းပ်က္ႀကီးမ်ားကို ၀ါးလုံးျဖင့္ထိုးကာ ရပ္ကြက္အတြင္း လွည့္လည္ျပသျခင္းမ်ား ၊
စစ္တပ္က ပစ္သတ္လိုက္သျဖင့္ ေသသူမ်ားအေလာင္းကို ၀ါးကပ္ျဖင့္တင္ကာ လွည့္လည္ျပသျခင္း ၊စေသာ ေသြးပ်က္ဖြယ္ ျမင္ကြင္းမ်ား ျဖင့္စတင္ေနခ်ိန္ ျဖစ္သည္ ။

တစ္ေန႔မွာ တပ္မေတာ္ ကတပ္စုတစ္စုက တပ္သားေတြ နယ္ေျမထိန္းသိမ္းဖို႔ခ်ီတက္လာခ်ိန္
တစ္ဖက္ကလည္း တပ္မေတာ္ႏွင့္ စိတ္သေဘာထားမတိုက္ဆိုင္ေသာ လူတစ္စုထိပ္တိုက္ေတြ႕ေနခ်ိန္တပ္မေတာ္က ထိုလူအုပ္ကို ေရွ႕မတိုးဖို႔ေျပာၿပီး ေသနတ္မ်ားျဖင့္ခ်ိန္႐ြယ္ထားတုန္းမွာကြၽန္မတို႔ေနထိုင္ရာ ( …. )ေစ်း မွ ငါး ေရာင္းသူတစ္ေယာက္က အက္ရွင္ကားေတြထဲက
Rambo လိုမ်ိဳး ဓါးေျမႇာင္ကို ပါးစပ္ျဖင့္ကိုက္ သံစည္ပိုင္းျဖင့္ကိုယ္လုံးကိုကာကြယ္
စည္ပိုင္းကို တြန္းၿပီး ေရွ႕က စစ္သားေတြကို ေခါင္းေထာင္ၿပီး ၾကည့္လိုက္ စည္ပိုင္းကိုတြန္းလိုက္ေရွ႕ဆက္သြားလိုက္ ၾကည့္လိုက္နဲ႔ လုပ္ေနတုန္း စစ္တပ္က “ သူ႔ကို မပစ္ခ်င္လို႔ ” Warning ႏွစ္ခါေပးတယ္ဆရာသမားက မရဘူး သူ႔ကို မပစ္ရဲဘူးထင္ၿပီး ဆက္တက္တယ္ ဟိုဘက္ကလည္း ေနာကဆုံး Warningေပးၿပီး ေစာင့္ၾကည့္ေနတာေပါ့ ။

အဲ့အခ်ိန္မွာ ဆရာသမားက စည္ပိုင္းကိုတြန္းၿပီးဆက္တက္တာေပါ့ ၿပီးေတာ့စည္ပိုင္းအေပၚကေန စစ္သားေတြဘက္ကို ေခ်ာင္းၿပီးအၾကည့္ “ ဖုန္း ” ဆိုၿပီးလွမ္းပစ္လိုကတာႏွဖူးတည့္တည့္ပဲ ေနာက္စိပါပြင့္ထြက္သြားတယ္ လမ္းေပၚမွာ ေသြးေတြ ဦးေႏွာက္ေတြဆိုတာ
ျမင္မေကာင္းရႈမေကာင္းဘူး ။

ခုနက လူအုပ္ႀကီးလည္းေျပးလိုက္တာဆိုတာ တစ္ေယာက္မွကိုရွာမရေတာ့ဘူး ။ခဏအၾကာ စစ္သားေတြျပန္သြားေတာ့ လူတစ္စုေရာက္လာတယ္ဘယ္သူကေျမႇာက္ေပးလိုက္လဲမသိဘူး အဲ့ဒီအေလာင္းႀကီးကိုစင္ႀကီးနဲ႔တင္ၿပီး လမ္းေတြမွာ လွည့္ပတ္ၿပီးျပေနတာ အဆိုးဝါးဆုံးျမင္ကြင္းပဲ ။

ၿပီးေတာ့ ေတာင္ဥကၠလာ ႏွင့္ ေျမာက္ဒဂုံ ၾကားက ေနရာ ( ယခု ေဘလီတံတား )( အဲ့ဒီအခ်ိန္တုန္းက ေဘလီတံတားမရွိပါ ေခ်ာင္းစပ္ႀကီးေပါ့ )မွာ စင္ႀကီးနဲ႔ အဲ့ဒီအေလာင္းႀကီးကို ဒီတိုင္းပစ္ထားၾကတယ္ ၊ သၿဂိဳလ္မယ့္သူတစ္ေယာက္မွမရွိဘူး ၊အေလာင္းႀကီးက ဒီအတိုင္းႀကီး ။

( ေသသူကို ေစာ္ကားလိုစိတ္လုံးဝမရွိပါ စာအျဖစ္သာျမင္ေပးပါရန္ ။ )ခုနက လူအုပ္ႀကီးလည္းေျပးလိုက္တာဆိုတာ တစ္ေယာက္မွကိုရွာမရေတာ့ဘူး ။ကြၽန္မတို႔အိမ္ေရွ႕မွာျဖစ္သြားတာဆိုေတာ့ အဲ့ျမင္ကြင္းကို အခုထိမေမ့ေသးဘူး ။ဒါေၾကာင့္လည္း ေသခ်ာျပန္ေျပာႏိုင္တာေပါ့ ။

ဒီလိုအေၾကာင္းအရာေတြျဖစ္ၿပီး ႏွစ္ရက္ေလာက္ၾကာေတာ့ မွတ္မွတ္ရရညဘက္ႀကီး ။ကြၽန္မတို႔အိမ္မွာ မိုးကုတ္ကလာၿပီးငွားေနၾကတဲ့ မိသားစုက အေမျဖစ္သူ အေဒၚႀကီးကကြၽန္မတို႔လမ္းထိပ္ကဆိုင္က “ ေခါက္မုန႔္ ” ေတြဝယ္လာၿပီး ကြၽန္မကို လာေကြၽးတယ္္အဲ့တုန္းက အိမ္မွာ အေမရယ္ ကြၽန္မရယ္ညီမေလးရယ္ပဲရွိတာ အေဖနဲ႔ ေမာင္ေလးက
လမ္းထိပ္မွာ ကင္းေစာင့္ေပးေနရတယ္ ။

အခ်ိန္က အပုပ္ခ်ိန္ ည ၁၁ နာရီေက်ာ္ေလာက္ ။ကြၽန္မလည္း အေဒၚႀကီးလာေပးတဲ့ မုန႔္ကိုစားရင္း အိမ္ငွားမိသားစုကကြၽန္မနဲ႔ အသက္တူတဲ့ အမနဲ႔ စကားထိုင္ေျပာေနတာေပါ့ စကားေျပာၿပီး သူလည္းျပန္သြားတယ္အဲ့ဒီအခ်ိန္မွာ ေခြးေတြကလည္း အူလိုက္တာ ၊ ေခြးေတြက ညတိုင္းလိုလိုအူေနတက္ေတာ့ကြၽန္မတို႔အတြက္ အထူးအဆန္းမဟုတ္ေတာ့ဘူးေလ ၊ ကြၽန္မလဲသိပ္အေရးမစိုက္မိဘူး ။

အခ်ိန္ကိုၾကည့္ေတာ့ ၁၂ နာရီဝန္းက်င္ျဖစ္ေနၿပီ က်န္တာကို ညီမေလးကို ေကြၽးမယ္ဆိုၿပီးေတာ့အိမ္ေပၚထပ္က သူ႔အခန္းဆီသြားေကြၽးတာေပါ့ ။သူက “ အမ သမီးမစားေတာ့ဘူး အိပ္ေတာ့မယ္ ” လို႔ေျပာေတာ့ ကြၽန္မလည္းအဲ့ဒီမုန႔္ကို စားလိုတာေပါ့ ။ ၿပီးေတာ့ အိပ္မယ္ဆိုၿပီး ကုတင္ေပၚလွဲလိုက္တယ္ ။( အဲ့ဒီေန႔ညက ကြၽန္မ ဘုရားကန္ေတာ့အိပ္ဖို႔ ေမ့ခဲ့တယ္ ။ )

စၿပီးအိပ္တာနဲ႔ အခ်ိန္ကိုက္ထားသလို ပုတ္ေစာ္ႀကီးကေထာင္းကနည္းနံလာတယ္ ။
ကြၽန္မအိပ္တာက ႏွစ္ေယာက္အိပ္ကုတင္ တစ္ေယာက္တည္းအိပ္တာဆိုေတာ့
တစ္ဖက္က လြတ္ေနတာေပါ့ ။

ညႇီေစာ္ႀကီးကလဲနံ ၊ ပုပ္ေစာ္ကလဲေထာင္းခနဲ ေထာင္းခနဲနံတာ ဆိုတာေခါင္းေတြပါမူးၿပီး ေအာ့အန္ခ်င္လာတယ္ တစ္ခါမွ အဲ့ဒီလိုအပုပ္နံ႔ မရဖူးဘူး ။

တစ္ခုခုဆိုတာသိလိုက္တယ္ လူကလည္း ေသေအာင္ေၾကာက္လာတယ္ ။အသားေတြပါတုန္တယ္ ေခြၽးစီးေတြဆို ျမင္မေကာင္းဘူး ၊ လႈပ္လည္းမလႈပ္ရဲဘူး ၊ကြၽန္မက ေထာင့္ဘက္ကပ္အိပ္တာဆိုေတာ့ ကုတင္တစ္ဖက္က ေက်ာေပးထားသလိုျဖစ္ေနတယ္ ။

ကြၽန္မေဘးက ကုတင္ေပၚမွာ တစ္ေယာက္ေယာက္လာအိပ္ေနတယ္ဆိုတာ
ကြၽန္မစိတ္ကခံစားလို႔ရတယ္ ။ ၿပီးေတာ့ ကုတင္ေပၚကေန ျပန္ဆင္းသြားတာကိုလည္း ကြၽန္မသိေနတယ္ ေၾကာက္လိုက္တာ ဆိုတာ ေျပာမေနနဲ႔ ။ကြၽန္မလည္းရသမွ်ဘုရားစာေတြကို စိတ္ထဲကေနအကုန္႐ြတ္တာ ၊သမၺဳေဒၶ ဂါထာေတာ္ ကို ႐ြတ္ဖို႔သတိမရဘူး ။

ေတာ္ေတာ္ကို ေၾကာက္စရာေကာင္းတာ ၊ ကြၽန္မလည္းသူကုတင္ေပၚျပန္တက္လာမွဆိုးလို႔ ေၾကာက္ေၾကာက္နဲ႔ မ်က္စိမဖြင့္ပဲ ကုတင္ကို ကန႔္လန႔္ျဖတ္ အိပ္လိုက္တယ္ ။ၿပီးေတာ့ မသိမသာ မ်က္လုံးဖြင့္ၾကည့္တဲ့အခါ မ်က္လုံးက လုံးဝဖြင့္မရဘူး ၊ ဖြင့္ႏိုင္သေလာက္ႀကိဳးစားၿပီးဖြင့္ၾကည့္ေတာ့

ကုတင္ေျခရင္းမွာ “ မဲမဲေကာင္ႀကီး ”ကြၽန္မကို သူ႔မ်က္လုံးနီနီႀကီးေတြနဲ႔ လွမ္းၾကည့္ေနတာ
အမေလး အခုေတာင္ မ်က္လုံးထဲျပန္ျမင္တယ္ ေျပာရင္းေျပာရင္းၾကက္သီးထလိုက္တာ ။

ၿပီးေတာ့ ကြၽန္မအိပ္ေနတဲ့ကုတင္က ကြၽန္မမလႈပ္ပဲနဲ႔လူတစ္ေယာက္လာထိုင္သလို အိက်သြားတယ္ ။အဲ့ဒီအခ်ိန္မွာ ကြၽန္မေက်ာ႐ိုးတစ္ေလွ်ာက္ ေအးစက္သြားၿပီးေၾကာက္လြန္းလို႔ ေခြၽးေတြျပန္လာၿပီး ၾကက္သီေတြထလာတယ္ ။စိတ္ထဲက ဘုရားပဲတေနမိတယ္ အနံႀကီးကလည္းဆိုးဝါးလိုက္တာ လူေသေကာင္ေတြၾကားထဲေရာက္ေနသလိုခံစားရတယ္ ။

အဲ့ဒီအနံႀကီးက ဘယ္အခ်ိန္မွေပ်ာက္သြားလည္းဆိုေတာ့မနက္ ( ၄ နာရီ ) ထိုးလမ္းထိပ္ကင္းတဲက သံေခ်ာင္းေခါက္သံၾကားမွ လုံးဝ ေပ်ာက္သြားတာ ။ေနာက္ညေတြကြၽန္မ တစ္ေယာက္တည္းမအိပ္ရဲေတာ့ဘူး ။ညဆို ပရိတ္ပ႒ာန္းေတြ႐ြတ္ အမွ်အတန္းေတြေဝၿပီးမွ အိပ္ရဲတဲ့အက်င့္ျဖစ္သြားတယ္ ။ညီမေလးကို အခန္းထဲေခၚသိပ္ရတယ္ ။ ကြၽန္မထင္တာ ညက ကြၽန္မ အစားအေသာက္ကို ညဘက္စားၿပီးေတာ့ အခန္းထဲယူလာမိတာ စားခ်င္လို႔ အျပင္ကလိုက္လာတာထင္တယ္ ။

ဒါေတာင္ အသားမဟုတ္ဘူးေနာ္ “ ႐ိုး႐ိုး ေခါက္မုန႔္ေလး ” ။

အဲ့ဒီေန႔ညမွာပဲ ကြၽန္မကို မုန႔္ဝယ္ေကြၽးတဲ့ အန္တီႀကီးက မနက္ၾကေတာ့ ေျပာျပတယ္ ။
သူလည္းသရဲေျခာက္ခံရတယ္တဲ့ ။သူကကြၽန္မထက္ဆိုးတယ္ သူကၾကမ္းခင္းမွာအိပ္တာေလ သူအိပ္တဲ့ေျခရင္းမွာေျပာရရင္ သူ႔ေျခေထာက္နားမွာေပါ့ “ ေဒါက္ …. ေဒါက္ …. ေဒါက္ ” နဲ႔ အသံေတြၾကားလို႔
မ်က္လုံးဖြင့္ၾကည့္လိုက္တာ ……….

“ သူ႔ေျခေထာက္နားမွာ ေဘာလုံးလို အလုံးေလး ေသးေသးေလးတဲ့ေသခ်ာမ်က္လုံးပြတ္ၿပီးၾကည့္ေတာ့ လူေခါင္းႀကီးတဲ့ ဆံပင္ေကာ မ်က္ႏွာေကာပါတဲ့ေခါင္းေသးေသးေလး လွိမ့္ေနတာ တဲ့ ”

သူ႔မွာ တစ္ညလုံး မအိပ္ရဲဘူးတဲ့မ်က္လုံးႀကီးမွိတ္ၿပီး ဘုရားစာေတြ႐ြတ္ ၊ ေအာ္လည္းမေအာ္ရဲ ၊အိပ္ယာထဲ (ကန္ေတာ့ပါ) ရွဴ ရွဴးပါ ထြက္က်ကုန္တယ္တဲ့ ၊ကြၽန္မလိုပဲ နံနက္ ( ၄ နာရီ ) ေလာက္မွာ အသံတိတ္သြားလို႔ၾကည့္လိုက္ေတာ့မရွိေတာ့ဘူးတဲ့ ။

လူကို ဘာမွ် အႏၲရယ္မျပဳသြားတာ ဘုရားစာရဲ႕ တန္ခိုေတာ္ေၾကာင့္ျဖစ္ပါလိမ့္မယ္ ၊
ဒါကကြၽန္မ ယုံၾကည္ခ်က္ပါ ။အဲ့ေန႔ကစၿပီး ညဆို ဘယ္သူေကြၽးေကြၽးဘာအစားအေသာက္မွ မစားေတာ့ဘူး ၊ အိမ္လည္း မသယ္လာရဲေတာ့ဘူး ။

ဒီစာကိုဖတ္ေနတဲ့သူအခုအိပ္ၿပီးဖတ္ေနတာဆိုရင္ ေျခရင္းကိုမၾကည့္ပါနဲ႔ေဘးကိုမၾကည့္ပါနဲ႔ ေစာင္ကိုေသခ်ာၿခဳံအိပ္ အေအးမိမွာစိုးလို႔ပါ 😛

ေၾကာက္တက္တယ္ဆို ညစဥ္ ေမတၱာပို႔ ၊ ဘုရားဝတ္ျပဳ ၊ အမွ်အတန္းေပးေဝၿပီးမွအိပ္ၾကပါ ။
အခ်ိန္ဘယ္ေလာက္မွမေပးရပါဘူး ကုသိုလ္လည္းရ အႏၲာရယ္လည္းကင္းပါတယ္ ။
အားလုံး က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ာ ။

Credit xyznews

Unicode ဖြင့်ဖတ်ရန်

ပရလောကတတကယ်ရှိြကောင်း လက်ခံခဲ့ရတဲ့ ခြောက်ခြားဖွယ် ညတစ်ည

ပရလောကဆိုတာ လူတွေနဲ့ အနီးကပ်ဆုံးမှာတည်ရှိနေတယ် ဆိုတာကိုကျွန်မ အဲ့ဒီနေ့ညက ဖြစ်ရပ်ကြောင့် ယုံယုံကြည်ကြည် နဲ့ လက်ခံသွားခဲ့ပါပြီ ။

ဖြစ်ပုံက ……….

ခေတ်ပျက်ကြီး တစ်ခု ၊သွေးသောက်သော ခုနှစ် ၁၉၈၈ ။သေလိုက်တဲ့ လူတွေ ၊ နေရာတိုင်းမှာ ဆာလောင်နေတဲ့ ဝိညဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန် အခါ ။ကျွန်မတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် ( …. ) ရပ်ကွက် မှာ တပ်မတော်သားတွေနဲ့အရပ်သားအချို့ ပရိပက္ခ ဖြစ်ပွားနေချိန် ၊ ကြားနေပြည်သူတွေ သောကအရောက်ရဆုံးကာလတစ်ခု ။

ကျောင်းတွေ ၊ရုံးတွေ ၊ အလုပ်တွေ အကုန်ပိတ်ထားကြသည် ။ လူတိုင်းကိုယ်စီ အိမ်ထဲမှာပဲ
ငြိမ်သက်စွာနေကြရသည် ။ ရပ်ကွက်တိုင်း ဝါးကပ်တွေနဲ့ ခြံစည်းရိုးကာထားကြသည် ။
လူငယ် လူရွယ်များ ကိုယ့်ရပ်ကွက်ကိုယ် တုတ် ၊ ဓား ၊ လက်နက်ကိုယ်စီ ဖြင့်အလှည့်ကျကင်းစောင့်ကြရသည် ။

ဆူပူမှုတွေက အဆက်မပြတ်ကိုဖြစ်ပေါ်နေပါတယ် ၊ ကြားရတဲ့သတင်းတွေကဟော့ ဟိုနေရာမှာ အပစ်ခံရလို့ ဘယ်ကျောင်းက အသက်ဘယ်လောက် ကျောင်းသူလေးသေသွားပြီ ။
ဘယ်ရဲစခန်းက ဘယ်သူတွေကတော့ ခေါင်းဖြတ်ခံရပြန်ပြီ ၊ဘယ်သူတွေကဖြင့် အရှင်လက်လက် မီးရှို့ခံနေပြီ ။စသဖြင့် အန္နိဌာရုံ သတင်းတွေချည်းသာ ဆက်တိုက်ကြားနေရသည် ။

တောမီးလောင်တောကြောင်လက်ခမောင်းခတ် ဆိုသလို လူဆိုးလူပေတွေ ၊ အခွင့်အရေးသမားတွေက အဖွဲ့လိုက် အိမ်ပေါ်တက် လူသတ် လုယက်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေသဖြင့် ရပ်ကွက်ကင်းသမားတွေက သူစိမ်းဆိုပါကရပ်ကွက်အတွင်း လုံးဝပေးမဝင် ။

နေ့စဉ်လိုလိုပင် နံနက်ခင်း ကိုခေါင်းပျက်ကြီးများကို ဝါးလုံးဖြင့်ထိုးကာ ရပ်ကွက်အတွင်း လှည့်လည်ပြသခြင်းများ ၊
စစ်တပ်က ပစ်သတ်လိုက်သဖြင့် သေသူများအလောင်းကို ဝါးကပ်ဖြင့်တင်ကာ လှည့်လည်ပြသခြင်း ၊စသော သွေးပျက်ဖွယ် မြင်ကွင်းများ ဖြင့်စတင်နေချိန် ဖြစ်သည် ။

တစ်နေ့မှာ တပ်မတော် ကတပ်စုတစ်စုက တပ်သားတွေ နယ်မြေထိန်းသိမ်းဖို့ချီတက်လာချိန်
တစ်ဖက်ကလည်း တပ်မတော်နှင့် စိတ်သဘောထားမတိုက်ဆိုင်သော လူတစ်စုထိပ်တိုက်တွေ့နေချိန်တပ်မတော်က ထိုလူအုပ်ကို ရှေ့မတိုးဖို့ပြောပြီး သေနတ်များဖြင့်ချိန်ရွယ်ထားတုန်းမှာကျွန်မတို့နေထိုင်ရာ ( …. )ဈေး မှ ငါး ရောင်းသူတစ်ယောက်က အက်ရှင်ကားတွေထဲက
Rambo လိုမျိုး ဓါးမြှောင်ကို ပါးစပ်ဖြင့်ကိုက် သံစည်ပိုင်းဖြင့်ကိုယ်လုံးကိုကာကွယ်
စည်ပိုင်းကို တွန်းပြီး ရှေ့က စစ်သားတွေကို ခေါင်းထောင်ပြီး ကြည့်လိုက် စည်ပိုင်းကိုတွန်းလိုက်ရှေ့ဆက်သွားလိုက် ကြည့်လိုက်နဲ့ လုပ်နေတုန်း စစ်တပ်က “ သူ့ကို မပစ်ချင်လို့ ” Warning နှစ်ခါပေးတယ်ဆရာသမားက မရဘူး သူ့ကို မပစ်ရဲဘူးထင်ပြီး ဆက်တက်တယ် ဟိုဘက်ကလည်း နောကဆုံး Warningပေးပြီး စောင့်ကြည့်နေတာပေါ့ ။

အဲ့အချိန်မှာ ဆရာသမားက စည်ပိုင်းကိုတွန်းပြီးဆက်တက်တာပေါ့ ပြီးတော့စည်ပိုင်းအပေါ်ကနေ စစ်သားတွေဘက်ကို ချောင်းပြီးအကြည့် “ ဖုန်း ” ဆိုပြီးလှမ်းပစ်လိုကတာနှဖူးတည့်တည့်ပဲ နောက်စိပါပွင့်ထွက်သွားတယ် လမ်းပေါ်မှာ သွေးတွေ ဦးနှောက်တွေဆိုတာ
မြင်မကောင်းရှုမကောင်းဘူး ။

ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။ခဏအကြာ စစ်သားတွေပြန်သွားတော့ လူတစ်စုရောက်လာတယ်ဘယ်သူကမြှောက်ပေးလိုက်လဲမသိဘူး အဲ့ဒီအလောင်းကြီးကိုစင်ကြီးနဲ့တင်ပြီး လမ်းတွေမှာ လှည့်ပတ်ပြီးပြနေတာ အဆိုးဝါးဆုံးမြင်ကွင်းပဲ ။

ပြီးတော့ တောင်ဥက္ကလာ နှင့် မြောက်ဒဂုံ ကြားက နေရာ ( ယခု ဘေလီတံတား )( အဲ့ဒီအချိန်တုန်းက ဘေလီတံတားမရှိပါ ချောင်းစပ်ကြီးပေါ့ )မှာ စင်ကြီးနဲ့ အဲ့ဒီအလောင်းကြီးကို ဒီတိုင်းပစ်ထားကြတယ် ၊ သဂြိုလ်မယ့်သူတစ်ယောက်မှမရှိဘူး ၊အလောင်းကြီးက ဒီအတိုင်းကြီး ။

( သေသူကို စော်ကားလိုစိတ်လုံးဝမရှိပါ စာအဖြစ်သာမြင်ပေးပါရန် ။ )ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။ကျွန်မတို့အိမ်ရှေ့မှာဖြစ်သွားတာဆိုတော့ အဲ့မြင်ကွင်းကို အခုထိမမေ့သေးဘူး ။ဒါကြောင့်လည်း သေချာပြန်ပြောနိုင်တာပေါ့ ။

ဒီလိုအကြောင်းအရာတွေဖြစ်ပြီး နှစ်ရက်လောက်ကြာတော့ မှတ်မှတ်ရရညဘက်ကြီး ။ကျွန်မတို့အိမ်မှာ မိုးကုတ်ကလာပြီးငှားနေကြတဲ့ မိသားစုက အမေဖြစ်သူ အဒေါ်ကြီးကကျွန်မတို့လမ်းထိပ်ကဆိုင်က “ ခေါက်မုန့် ” တွေဝယ်လာပြီး ကျွန်မကို လာကျွေးတယ်အဲ့တုန်းက အိမ်မှာ အမေရယ် ကျွန်မရယ်ညီမလေးရယ်ပဲရှိတာ အဖေနဲ့ မောင်လေးက
လမ်းထိပ်မှာ ကင်းစောင့်ပေးနေရတယ် ။

အချိန်က အပုပ်ချိန် ည ၁၁ နာရီကျော်လောက် ။ကျွန်မလည်း အဒေါ်ကြီးလာပေးတဲ့ မုန့်ကိုစားရင်း အိမ်ငှားမိသားစုကကျွန်မနဲ့ အသက်တူတဲ့ အမနဲ့ စကားထိုင်ပြောနေတာပေါ့ စကားပြောပြီး သူလည်းပြန်သွားတယ်အဲ့ဒီအချိန်မှာ ခွေးတွေကလည်း အူလိုက်တာ ၊ ခွေးတွေက ညတိုင်းလိုလိုအူနေတက်တော့ကျွန်မတို့အတွက် အထူးအဆန်းမဟုတ်တော့ဘူးလေ ၊ ကျွန်မလဲသိပ်အရေးမစိုက်မိဘူး ။

အချိန်ကိုကြည့်တော့ ၁၂ နာရီဝန်းကျင်ဖြစ်နေပြီ ကျန်တာကို ညီမလေးကို ကျွေးမယ်ဆိုပြီးတော့အိမ်ပေါ်ထပ်က သူ့အခန်းဆီသွားကျွေးတာပေါ့ ။သူက “ အမ သမီးမစားတော့ဘူး အိပ်တော့မယ် ” လို့ပြောတော့ ကျွန်မလည်းအဲ့ဒီမုန့်ကို စားလိုတာပေါ့ ။ ပြီးတော့ အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲလိုက်တယ် ။( အဲ့ဒီနေ့ညက ကျွန်မ ဘုရားကန်တော့အိပ်ဖို့ မေ့ခဲ့တယ် ။ )

စပြီးအိပ်တာနဲ့ အချိန်ကိုက်ထားသလို ပုတ်စော်ကြီးကထောင်းကနည်းနံလာတယ် ။
ကျွန်မအိပ်တာက နှစ်ယောက်အိပ်ကုတင် တစ်ယောက်တည်းအိပ်တာဆိုတော့
တစ်ဖက်က လွတ်နေတာပေါ့ ။

ညှီစော်ကြီးကလဲနံ ၊ ပုပ်စော်ကလဲထောင်းခနဲ ထောင်းခနဲနံတာ ဆိုတာခေါင်းတွေပါမူးပြီး အော့အန်ချင်လာတယ် တစ်ခါမှ အဲ့ဒီလိုအပုပ်နံ့ မရဖူးဘူး ။

တစ်ခုခုဆိုတာသိလိုက်တယ် လူကလည်း သေအောင်ကြောက်လာတယ် ။အသားတွေပါတုန်တယ် ချွေးစီးတွေဆို မြင်မကောင်းဘူး ၊ လှုပ်လည်းမလှုပ်ရဲဘူး ၊ကျွန်မက ထောင့်ဘက်ကပ်အိပ်တာဆိုတော့ ကုတင်တစ်ဖက်က ကျောပေးထားသလိုဖြစ်နေတယ် ။

ကျွန်မဘေးက ကုတင်ပေါ်မှာ တစ်ယောက်ယောက်လာအိပ်နေတယ်ဆိုတာ
ကျွန်မစိတ်ကခံစားလို့ရတယ် ။ ပြီးတော့ ကုတင်ပေါ်ကနေ ပြန်ဆင်းသွားတာကိုလည်း ကျွန်မသိနေတယ် ကြောက်လိုက်တာ ဆိုတာ ပြောမနေနဲ့ ။ကျွန်မလည်းရသမျှဘုရားစာတွေကို စိတ်ထဲကနေအကုန်ရွတ်တာ ၊သမ္ဗုဒ္ဓေ ဂါထာတော် ကို ရွတ်ဖို့သတိမရဘူး ။

တော်တော်ကို ကြောက်စရာကောင်းတာ ၊ ကျွန်မလည်းသူကုတင်ပေါ်ပြန်တက်လာမှဆိုးလို့ ကြောက်ကြောက်နဲ့ မျက်စိမဖွင့်ပဲ ကုတင်ကို ကန့်လန့်ဖြတ် အိပ်လိုက်တယ် ။ပြီးတော့ မသိမသာ မျက်လုံးဖွင့်ကြည့်တဲ့အခါ မျက်လုံးက လုံးဝဖွင့်မရဘူး ၊ ဖွင့်နိုင်သလောက်ကြိုးစားပြီးဖွင့်ကြည့်တော့

ကုတင်ခြေရင်းမှာ “ မဲမဲကောင်ကြီး ”ကျွန်မကို သူ့မျက်လုံးနီနီကြီးတွေနဲ့ လှမ်းကြည့်နေတာ
အမလေး အခုတောင် မျက်လုံးထဲပြန်မြင်တယ် ပြောရင်းပြောရင်းကြက်သီးထလိုက်တာ ။

ပြီးတော့ ကျွန်မအိပ်နေတဲ့ကုတင်က ကျွန်မမလှုပ်ပဲနဲ့လူတစ်ယောက်လာထိုင်သလို အိကျသွားတယ် ။အဲ့ဒီအချိန်မှာ ကျွန်မကျောရိုးတစ်လျှောက် အေးစက်သွားပြီးကြောက်လွန်းလို့ ချွေးတွေပြန်လာပြီး ကြက်သီတွေထလာတယ် ။စိတ်ထဲက ဘုရားပဲတနေမိတယ် အနံကြီးကလည်းဆိုးဝါးလိုက်တာ လူသေကောင်တွေကြားထဲရောက်နေသလိုခံစားရတယ် ။

အဲ့ဒီအနံကြီးက ဘယ်အချိန်မှပျောက်သွားလည်းဆိုတော့မနက် ( ၄ နာရီ ) ထိုးလမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံကြားမှ လုံးဝ ပျောက်သွားတာ ။နောက်ညတွေကျွန်မ တစ်ယောက်တည်းမအိပ်ရဲတော့ဘူး ။ညဆို ပရိတ်ပဋ္ဌာန်းတွေရွတ် အမျှအတန်းတွေဝေပြီးမှ အိပ်ရဲတဲ့အကျင့်ဖြစ်သွားတယ် ။ညီမလေးကို အခန်းထဲခေါ်သိပ်ရတယ် ။ ကျွန်မထင်တာ ညက ကျွန်မ အစားအသောက်ကို ညဘက်စားပြီးတော့ အခန်းထဲယူလာမိတာ စားချင်လို့ အပြင်ကလိုက်လာတာထင်တယ် ။

ဒါတောင် အသားမဟုတ်ဘူးနော် “ ရိုးရိုး ခေါက်မုန့်လေး ” ။

အဲ့ဒီနေ့ညမှာပဲ ကျွန်မကို မုန့်ဝယ်ကျွေးတဲ့ အန်တီကြီးက မနက်ကြတော့ ပြောပြတယ် ။
သူလည်းသရဲခြောက်ခံရတယ်တဲ့ ။သူကကျွန်မထက်ဆိုးတယ် သူကကြမ်းခင်းမှာအိပ်တာလေ သူအိပ်တဲ့ခြေရင်းမှာပြောရရင် သူ့ခြေထောက်နားမှာပေါ့ “ ဒေါက် …. ဒေါက် …. ဒေါက် ” နဲ့ အသံတွေကြားလို့
မျက်လုံးဖွင့်ကြည့်လိုက်တာ ……….

“ သူ့ခြေထောက်နားမှာ ဘောလုံးလို အလုံးလေး သေးသေးလေးတဲ့သေချာမျက်လုံးပွတ်ပြီးကြည့်တော့ လူခေါင်းကြီးတဲ့ ဆံပင်ကော မျက်နှာကောပါတဲ့ခေါင်းသေးသေးလေး လှိမ့်နေတာ တဲ့ ”

သူ့မှာ တစ်ညလုံး မအိပ်ရဲဘူးတဲ့မျက်လုံးကြီးမှိတ်ပြီး ဘုရားစာတွေရွတ် ၊ အော်လည်းမအော်ရဲ ၊အိပ်ယာထဲ (ကန်တော့ပါ) ရှူ ရှူးပါ ထွက်ကျကုန်တယ်တဲ့ ၊ကျွန်မလိုပဲ နံနက် ( ၄ နာရီ ) လောက်မှာ အသံတိတ်သွားလို့ကြည့်လိုက်တော့မရှိတော့ဘူးတဲ့ ။

လူကို ဘာမျှ အန္တရယ်မပြုသွားတာ ဘုရားစာရဲ့ တန်ခိုတော်ကြောင့်ဖြစ်ပါလိမ့်မယ် ၊
ဒါကကျွန်မ ယုံကြည်ချက်ပါ ။အဲ့နေ့ကစပြီး ညဆို ဘယ်သူကျွေးကျွေးဘာအစားအသောက်မှ မစားတော့ဘူး ၊ အိမ်လည်း မသယ်လာရဲတော့ဘူး ။

ဒီစာကိုဖတ်နေတဲ့သူအခုအိပ်ပြီးဖတ်နေတာဆိုရင် ခြေရင်းကိုမကြည့်ပါနဲ့ဘေးကိုမကြည့်ပါနဲ့ စောင်ကိုသေချာခြုံအိပ် အအေးမိမှာစိုးလို့ပါ 😛

ကြောက်တက်တယ်ဆို ညစဉ် မေတ္တာပို့ ၊ ဘုရားဝတ်ပြု ၊ အမျှအတန်းပေးဝေပြီးမှအိပ်ကြပါ ။
အချိန်ဘယ်လောက်မှမပေးရပါဘူး ကုသိုလ်လည်းရ အန္တာရယ်လည်းကင်းပါတယ် ။
အားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ ။

Credit xyznews

LEAVE A REPLY