Zawgyi ျဖင့္ဖတ္ရန္
သူတို႔ စံုတြဲကေတာ့၂၅ ႏွစ္အရြယ္ အီတလီသား ဒယ္နီယယ္ (Daniele) နဲ႔ ၂၃ ႏွစ္အရြယ္ ျဗိတိန္သူ ခလိုအီ (Chloe) တို႔ျဖစ္ပါတယ္။ နဖူးစာရြာလည္ခ်င္ေတာ့လည္း စပိန္၊ Ibiza ကြၽန္းေပၚက ႏိုက္ကလပ္တစ္ခုမွာ သြားဆံုမိခဲ့ၾကတယ္။ ျမင္ျမင္ခ်င္းခ်စ္မိသြားခ်ိန္မွာ ဘာသာစကား မတူညီတဲ့ ႏွစ္ဦးသားအတြက္ အရာရာ အတားအဆီးမဲ့သြားခဲ့ပါတယ္။
ကလပ္ထဲက တကၠႏုိေတးသံေတြျကားမွာ ျမင္ျမင္ခ်င္းေႂကြသြားတဲ့ ခလိုအီက ဒယ္နီယယ္ဆီ ပထမဆံုးေျခလွမ္း စလွမ္းၿပီး မိိတ္ဆက္ခဲ့တယ္။ ဒယ္နီယယ္ရဲ႕ ဖုန္းနံပါတ္ကိုေတာင္းတယ္။ ဂီတသံေတြျမဴးႂကြဆူညံေနခ်ိန္မွာ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္နဲ႔ စကားစေျပာျဖစ္ၾကရင္း ‘Google Translate’ ကို သံုးၿပီး တစ္ေယာက္ေျပာစကား တစ္ေယာက္ ဘာသာျပန္လို႔ နားလည္ခဲ့ၾကတယ္။
ဒါဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ျဖစ္ပ်က္ခဲ့တာပါ။ အဲဒီညက ျဖစ္ပ်က္ခဲ့သမ်ွဟာ လက္႐ွိအခ်ိန္ထိ သူတို႔ႏွစ္ေယာက္ရဲ႕ ေရႊလက္တြဲ ျမဲေစခဲ့တာပဲ ျဖစ္ပါတယ္။ ကလပ္မွာေတြ႕အၿပီး တစ္ပတ္အၾကာမွာပဲ ခလိုအီ နဲ႔ ဒယ္နီယယ္တို႔ ဘာစီလိုနာၿမိဳ႕ကို အလည္အပတ္ခရီးထြက္ခဲ့ၾကတယ္။ သူတို႔ႏွစ္ဦးအၾကား စိတ္ဝိဥာဥ္ေတြနီးစပ္ခဲ့ၾကပါတယ္။ သူတို႔စံုတြဲက ခရီးသြားရတာလဲ အႀကိဳက္တူၾကၿပီး တကၠႏိုေတးဂီတအေပၚမွာလည္း အႀကိဳက္တူပရိသတ္ေတြ ျဖစ္ေနျပန္ပါတယ္။
ခ်စ္သူျဖစ္အၿပီး ၆ လ အတြင္းနဲ႔ကို ဥေရာပအႏွံ႔ ခရီးေျခဆန္႔ႏုိင္ခဲ့ၾကေအာင္ စိတ္တူကိုယ္တူေတြအျဖစ္ စြဲၿငိခဲ့ၾကပါတယ္။ လူေတြရဲ႕အျမင္နဲ႔ အခက္အခဲမ်ိဳးစံုကို ၂ ႏွစ္တာအၾကာ ေက်ာ္ျဖတ္အၿပီးမွာေတာ့ ဒယ္နီယယ္က ခလိုအီကို အီတလီစာခ်က္ျပဳတ္နည္းတတ္ေအာင္ သင္ေပးႏိုင္ခဲ့သလို ခလိုအီက ဒယ္နီယယ္နဲ႔ အျပန္အလွန္ စကားေျပာက်င့္ရင္း ဒယ္နီယယ္အတြက္ အလိုလိုတတ္ေျမာက္ၿပီးသား ျဖစ္ေစခဲ့တယ္။
လက္႐ွိမွာေတာ့ သူတို႔ႏွစ္ဦးဟာ အဂၤလန္နို္င္ငံ၊ လန္ဒန္က စထေရးသန္ (Streatham) စီရင္စုမွာ အတူေနခ်စ္သူေတြအျဖစ္ ေနထိုင္ရင္း အျပန္အလွန္ ယံုၾကည္မႈ နဲ့ ဘဝကိုတည္ေဆာက္ေနၾကပါတယ္။ ခလိုဝီက မိတ္ကပ္ပညာ႐ွင္အျဖစ္ ရပ္တည္ၿပီး ဒယ္နီယယ္က ဘားမွာ အေဖ်ာ္ယမကာစပ္သူအျဖစ္ လုပ္ကိုင္ေနသလို အခုခ်ိန္မွာ သူတို႔ႏွစ္ဦးအၾကား Google Translate ကို မလိုေတာ့တဲ့အထိ အရာရာဟာ လံုးဝၿပီးျပည့္စံုသြားခဲ့ပါၿပီ။
” စေတြ႕တုန္းက ခလိုအီ က စကားေတြအမ်ားႀကီး ေျပာေနခဲ့တယ္။ အၾကာႀကီးလည္း ရယ္ေမာေနခဲ့တယ္။ သူ႔စကားေတြကိုေတာ့ ကြၽန္ေတာ္ နားမလည္ခဲ့ပါဘူး။ ကြၽန္ေတာ္နားလည္ခဲ့တာက ခလိုအီက သိပ္ၿပီးထူးျခားတဲ့သူ တစ္ေယာက္ ဆိုတာပါ။ အဲဒီအခ်ိန္ကတည္းက သူဟာ ကြၽန္ေတာ္နဲ႔ စိတ္တူကိုယ္မ်ွတဲ့ ဘဝလက္တြဲေဖာ္ျဖစ္လာေတာ့မယ့္သူ လို႔ ခံစားမိေနခဲ့ပါတယ္။ ” လို႔ ဒယ္နီယယ္က သူတို႔ရဲ႕ပထမဆံုးေန႔အေၾကာင္း ျပန္ေျပာခဲ့သလို ခလိုအီကလည္း ဒယ္နီယယ္က သဘာဝက်က်ကို ႐ိုးသားၿပီး စစ္မွန္တဲ့သူျဖစ္ေၾကာင္းသိခဲ့ရတဲ့ေနာက္ ဘဝရဲ႕အေကာင္းဆံုး ဆံုးျဖတ္ခ်က္ကို သူခ်ႏိုင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္။
Credit: Yoyarlay
Unicode ဖြင့်ဖတ်ရန်
သူတို့ စုံတွဲကတော့၂၅ နှစ်အရွယ် အီတလီသား ဒယ်နီယယ် (Daniele) နဲ့ ၂၃ နှစ်အရွယ် ဗြိတိန်သူ ခလိုအီ (Chloe) တို့ဖြစ်ပါတယ်။ နဖူးစာရွာလည်ချင်တော့လည်း စပိန်၊ Ibiza ကျွန်းပေါ်က နိုက်ကလပ်တစ်ခုမှာ သွားဆုံမိခဲ့ကြတယ်။ မြင်မြင်ချင်းချစ်မိသွားချိန်မှာ ဘာသာစကား မတူညီတဲ့ နှစ်ဦးသားအတွက် အရာရာ အတားအဆီးမဲ့သွားခဲ့ပါတယ်။
ကလပ်ထဲက တက္ကနိုတေးသံတွေကြားမှာ မြင်မြင်ချင်းကြွေသွားတဲ့ ခလိုအီက ဒယ်နီယယ်ဆီ ပထမဆုံးခြေလှမ်း စလှမ်းပြီး မိတ်ဆက်ခဲ့တယ်။ ဒယ်နီယယ်ရဲ့ ဖုန်းနံပါတ်ကိုတောင်းတယ်။ ဂီတသံတွေမြူးကြွဆူညံနေချိန်မှာ ကြားတစ်ချက် မကြားတစ်ချက်နဲ့ စကားစပြောဖြစ်ကြရင်း ‘Google Translate’ ကို သုံးပြီး တစ်ယောက်ပြောစကား တစ်ယောက် ဘာသာပြန်လို့ နားလည်ခဲ့ကြတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်ပျက်ခဲ့တာပါ။ အဲဒီညက ဖြစ်ပျက်ခဲ့သမျှဟာ လက်ရှိအချိန်ထိ သူတို့နှစ်ယောက်ရဲ့ ရွှေလက်တွဲ မြဲစေခဲ့တာပဲ ဖြစ်ပါတယ်။ ကလပ်မှာတွေ့အပြီး တစ်ပတ်အကြာမှာပဲ ခလိုအီ နဲ့ ဒယ်နီယယ်တို့ ဘာစီလိုနာမြို့ကို အလည်အပတ်ခရီးထွက်ခဲ့ကြတယ်။ သူတို့နှစ်ဦးအကြား စိတ်ဝိဉာဉ်တွေနီးစပ်ခဲ့ကြပါတယ်။ သူတို့စုံတွဲက ခရီးသွားရတာလဲ အကြိုက်တူကြပြီး တက္ကနိုတေးဂီတအပေါ်မှာလည်း အကြိုက်တူပရိသတ်တွေ ဖြစ်နေပြန်ပါတယ်။ ချစ်သူဖြစ်အပြီး ၆ လ အတွင်းနဲ့ကို ဥရောပအနှံ့ ခရီးခြေဆန့်နိုင်ခဲ့ကြအောင် စိတ်တူကိုယ်တူတွေအဖြစ် စွဲငြိခဲ့ကြပါတယ်။ လူတွေရဲ့အမြင်နဲ့ အခက်အခဲမျိုးစုံကို ၂ နှစ်တာအကြာ ကျော်ဖြတ်အပြီးမှာတော့ ဒယ်နီယယ်က ခလိုအီကို အီတလီစာချက်ပြုတ်နည်းတတ်အောင် သင်ပေးနိုင်ခဲ့သလို ခလိုအီက ဒယ်နီယယ်နဲ့ အပြန်အလှန် စကားပြောကျင့်ရင်း ဒယ်နီယယ်အတွက် အလိုလိုတတ်မြောက်ပြီးသား ဖြစ်စေခဲ့တယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်က စထရေးသန် (Streatham) စီရင်စုမှာ အတူနေချစ်သူတွေအဖြစ် နေထိုင်ရင်း အပြန်အလှန် ယုံကြည်မှု နဲ့ ဘဝကိုတည်ဆောက်နေကြပါတယ်။ ခလိုဝီက မိတ်ကပ်ပညာရှင်အဖြစ် ရပ်တည်ပြီး ဒယ်နီယယ်က ဘားမှာ အဖျော်ယမကာစပ်သူအဖြစ် လုပ်ကိုင်နေသလို အခုချိန်မှာ သူတို့နှစ်ဦးအကြား Google Translate ကို မလိုတော့တဲ့အထိ အရာရာဟာ လုံးဝပြီးပြည့်စုံသွားခဲ့ပါပြီ။
” စတွေ့တုန်းက ခလိုအီ က စကားတွေအများကြီး ပြောနေခဲ့တယ်။ အကြာကြီးလည်း ရယ်မောနေခဲ့တယ်။ သူ့စကားတွေကိုတော့ ကျွန်တော် နားမလည်ခဲ့ပါဘူး။ ကျွန်တော်နားလည်ခဲ့တာက ခလိုအီက သိပ်ပြီးထူးခြားတဲ့သူ တစ်ယောက် ဆိုတာပါ။ အဲဒီအချိန်ကတည်းက သူဟာ ကျွန်တော်နဲ့ စိတ်တူကိုယ်မျှတဲ့ ဘဝလက်တွဲဖော်ဖြစ်လာတော့မယ့်သူ လို့ ခံစားမိနေခဲ့ပါတယ်။ ” လို့ ဒယ်နီယယ်က သူတို့ရဲ့ပထမဆုံးနေ့အကြောင်း ပြန်ပြောခဲ့သလို ခလိုအီကလည်း ဒယ်နီယယ်က သဘာဝကျကျကို ရိုးသားပြီး စစ်မှန်တဲ့သူဖြစ်ကြောင်းသိခဲ့ရတဲ့နောက် ဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်ကို သူချနိုင်ခဲ့တာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။
Credit: Yoyarlay