Zawgyi ျဖင့္ဖတ္ရန္

စုံတြဲေတြကိုၾကည့္လိုက္ရင္ အမ်ားစုက စိတ္ညစ္ေနတာပိုမ်ားၿပီး ၊ ေပ်ာ္ေနတဲ့စုံတြဲဆိုတာ သိပ္မေတြ႕ရပါဘူး။ အခ်စ္ေၾကာင့္စိတ္ညစ္ေနရသူေတြၾကားမွာ အခ်စ္ေၾကာင့္ပဲေပ်ာ္႐ႊင္ေနရတဲ့သူေတြမွာ ဘယ္လိုလွ်ိဳ႕ဝွက္ေတြမ်ားရွိေနလဲဆိုတာ စိတ္ဝင္စားစရာပါ။ ကဲ အခုပဲ အၿမဲေပ်ာ္႐ႊင္ေနၾကတဲ့ စုံတြဲေတြရဲ႕ ေန႔စဥ္အမူအက်င့္ေလးေတြကို ေဖာ္ျပလိုက္ၿပီမို႔ ဖတ္ၾကည့္ၿပီး အဲ့ဒီအခ်က္ေတြဟုတ္ရဲ႕လားဆိုတာ ေျပာခဲ့ပါဦးေနာ္။

(၁) တစ္ေယာက္နဲ႔တစ္ေယာက္မေႏွာက္ယွက္ဘူး

ခ်စ္သူစုံတြဲေတြအဆင္ေျပၾကဖို႔ အေရးႀကီးဆုံးက တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိဖို႔ပါ။ လူတစ္ေယာက္ရဲ႕စိတ္ရင္းအေပၚမူတည္ၿပီး အခ်စ္ေရးအေျခအေနကလည္း ေျပာင္းလဲသြားပါတယ္။ အခ်စ္ေရးမွာေပ်ာ္႐ႊင္ၾကတဲ့သူေတြဟာ သူ႔ဘက္ကိုယ့္ဘက္ခြဲျခားတြက္ကပ္ေနတာမ်ိဳးမရွိဘဲ နားလည္ေပးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အေႏွာက္အယွက္ျဖစ္ေအာင္မလုပ္ၾကပါဘူး။

(၂) အခ်ိန္အၾကာႀကီး စိတ္မဆိုးဘူး

ႏွစ္ေယာက္သားက စကားကိုလက္လြတ္စပယ္ေျပာတာမ်ိဳး၊ တမင္ထိခိုက္ေအာင္ေျပာတာမ်ိဳးေတြကို တတ္ႏိုင္သေလာက္ဆင္ျခင္ေလ့ရွိၿပီး တကယ္လို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဆိုးၾကရင္လည္း အခ်ိန္အၾကာႀကီးစိတ္မဆိုးဘဲ ခဏေနရင္ စိတ္ေျပသြားတတ္ပါတယ္။

(၃) ရယ္စရာေလးေတြမွ်ေဝတယ္

တစ္ေန႔လုံး အဆက္မျပတ္စကားေတြေျပာေနတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ခဏတျဖဳတ္ဖုန္းဆက္တဲ့အခ်ိန္မွာ ရယ္စရာအျဖစ္အပ်က္ေလးေတြ၊ အလြဲေလးေတြကိုေျပာျပတယ္။ ဟာသပုံေလးေတြ ပို႔ေပးတယ္။ သူႀကိဳက္တတ္တဲ့အေၾကာင္းအရာေလးေတြကို ပို႔ေပးတာမ်ိဳးလုပ္တတ္တယ္။

(၄) အဆက္အသြယ္မျပတ္ေစရဘူး

ႏွစ္ေယာက္လုံးက ကိုယ့္အလုပ္နဲ႔ကိုယ္တာဝန္ေက်ေအာင္လုပ္တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အလုပ္ပ်က္၊အကိုင္ပ်က္ျဖစ္ေအာင္ေႏွာက္ယွက္ေနတာမ်ိဳးမရွိသလို ႏွစ္ေယာက္လုံးက ကိုယ္ဘာလုပ္လုပ္သူသိေအာင္ေျပာျပထားတတ္ၾကတယ္။ အဆက္မျပတ္စကားေျပာေနတာမ်ိဳးမဟုတ္ေပမယ့္ ကိုယ္ဘာလုပ္တယ္၊ ဘယ္ေနရာေရာက္ေနတယ္ဆိုတာမ်ိဳးေတာ့ အၿမဲသိေအာင္ေျပာျပတတ္ပါတယ္။

(၅) ခ်စ္တယ္ လို႔ေျပာတယ္

ခ်စ္သူေတြစျဖစ္ကာစမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္တယ္လို႔ေျပာရတာ ေပ်ာ္ေနၾကေပမယ့္ ၾကာလာတဲ့အခါမွာေတာ့ ခ်စ္တယ္လို႔ ေျပာဖို႔ ဝန္ေလးတတ္ၾကပါတယ္။ တကယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္တယ္ လို႔ ေျပာတာဟာ အခ်စ္ေရးအဆင္ေျပေစတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္ပါတယ္။ ခ်စ္တယ္လို႔ေျပာဖို႔ဝန္ေလးမေနနဲ႔ေတာ့ေနာ္၊ ေျပာႏိုင္သေလာက္ မ်ားမ်ားသာေျပာ ။

Credit : Auntymay

Unicode ဖြင့်ဖတ်ရန်

အမြဲလိုလို အဆင်ပြေပျော်ရွှင်နေတဲ့ စုံတွဲတွေမှာသာတွေ့ရတဲ့ ချစ်စရာအမူအကျင့်(၅)မျိုး

စုံတွဲတွေကိုကြည့်လိုက်ရင် အများစုက စိတ်ညစ်နေတာပိုများပြီး ၊ ပျော်နေတဲ့စုံတွဲဆိုတာ သိပ်မတွေ့ရပါဘူး။ အချစ်ကြောင့်စိတ်ညစ်နေရသူတွေကြားမှာ အချစ်ကြောင့်ပဲပျော်ရွှင်နေရတဲ့သူတွေမှာ ဘယ်လိုလျှို့ဝှက်တွေများရှိနေလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကဲ အခုပဲ အမြဲပျော်ရွှင်နေကြတဲ့ စုံတွဲတွေရဲ့ နေ့စဉ်အမူအကျင့်လေးတွေကို ဖော်ပြလိုက်ပြီမို့ ဖတ်ကြည့်ပြီး အဲ့ဒီအချက်တွေဟုတ်ရဲ့လားဆိုတာ ပြောခဲ့ပါဦးနော်။

(၁) တစ်ယောက်နဲ့တစ်ယောက်မနှောက်ယှက်ဘူး

ချစ်သူစုံတွဲတွေအဆင်ပြေကြဖို့ အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိဖို့ပါ။ လူတစ်ယောက်ရဲ့စိတ်ရင်းအပေါ်မူတည်ပြီး အချစ်ရေးအခြေအနေကလည်း ပြောင်းလဲသွားပါတယ်။ အချစ်ရေးမှာပျော်ရွှင်ကြတဲ့သူတွေဟာ သူ့ဘက်ကိုယ့်ဘက်ခွဲခြားတွက်ကပ်နေတာမျိုးမရှိဘဲ နားလည်ပေးပြီး တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက်ဖြစ်အောင်မလုပ်ကြပါဘူး။

(၂) အချိန်အကြာကြီး စိတ်မဆိုးဘူး

နှစ်ယောက်သားက စကားကိုလက်လွတ်စပယ်ပြောတာမျိုး၊ တမင်ထိခိုက်အောင်ပြောတာမျိုးတွေကို တတ်နိုင်သလောက်ဆင်ခြင်လေ့ရှိပြီး တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးကြရင်လည်း အချိန်အကြာကြီးစိတ်မဆိုးဘဲ ခဏနေရင် စိတ်ပြေသွားတတ်ပါတယ်။

(၃) ရယ်စရာလေးတွေမျှဝေတယ်

တစ်နေ့လုံး အဆက်မပြတ်စကားတွေပြောနေတာမျိုးတော့ မဟုတ်ပေမယ့် ခဏတဖြုတ်ဖုန်းဆက်တဲ့အချိန်မှာ ရယ်စရာအဖြစ်အပျက်လေးတွေ၊ အလွဲလေးတွေကိုပြောပြတယ်။ ဟာသပုံလေးတွေ ပို့ပေးတယ်။ သူကြိုက်တတ်တဲ့အကြောင်းအရာလေးတွေကို ပို့ပေးတာမျိုးလုပ်တတ်တယ်။

(၄) အဆက်အသွယ်မပြတ်စေရဘူး

နှစ်ယောက်လုံးက ကိုယ့်အလုပ်နဲ့ကိုယ်တာဝန်ကျေအောင်လုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အလုပ်ပျက်၊အကိုင်ပျက်ဖြစ်အောင်နှောက်ယှက်နေတာမျိုးမရှိသလို နှစ်ယောက်လုံးက ကိုယ်ဘာလုပ်လုပ်သူသိအောင်ပြောပြထားတတ်ကြတယ်။ အဆက်မပြတ်စကားပြောနေတာမျိုးမဟုတ်ပေမယ့် ကိုယ်ဘာလုပ်တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုတာမျိုးတော့ အမြဲသိအောင်ပြောပြတတ်ပါတယ်။

(၅) ချစ်တယ် လို့ပြောတယ်

ချစ်သူတွေစဖြစ်ကာစမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ပြောရတာ ပျော်နေကြပေမယ့် ကြာလာတဲ့အခါမှာတော့ ချစ်တယ်လို့ ပြောဖို့ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ် လို့ ပြောတာဟာ အချစ်ရေးအဆင်ပြေစေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ ချစ်တယ်လို့ပြောဖို့ဝန်လေးမနေနဲ့တော့နော်၊ ပြောနိုင်သလောက် များများသာပြော ။

Credit : Auntymay

LEAVE A REPLY