Zawgyiျဖင့္ဖတ္ရန္

 

သင္ဟာ ေခါင္းကိုက္ တတ္တဲ့သူ တစ္ေယာက္လား၊ ဒါမွမဟုတ္ ေခါင္း ထဲမွာ မၾကည္မလင္နဲ႔ တစ္ခုခုကို ထမ္းထားရသလိုႀကီးျဖစ္ေနလား။ ဒါဟာျဖစ္ေလ့ျဖစ္ထ ရွိတဲ့အရာတစ္ခုပါ။ တစ္ခါတေလ ေခါင္းကိုက္ေပ်ာက္ေဆးေလးေသာက္လိုက္၊ ဒါမွမဟုတ္လည္း ခဏေလွာက္ေမွးလိုက္ရင္ပဲျဖစ္ျဖစ္ ျပန္ေကာင္းသြားတာမ်ိဳးလည္း ရွိပါတယ္။ ဒီလိုေဆးေသာက္လိုက္ျပန္ေကာင္းလိုက္နဲ႔ လြယ္လြယ္ေပ်ာက္ကင္းႏိုင္တဲ့ ေရာဂါမ်ိဳးျဖစ္လို႔ ေခါင္းကိုက္တယ္ဆိုတာေလာက္ကို လူေတာ္ေတာ္မ်ားမ်ားက သိပ္ၿပီး မစိုးရိမ္ၾကသလို၊ အထူးတလည္လုပ္ၿပီးေတာ့လည္း ေဆးကုသမႈမခံယူၾကပါဘူး။

ဒါေၾကာင့္ပဲ အၾကာေသးခင္က ဆယ္ေက်ာ္သက္ ေကာင္ေလး တစ္ေယာက္ဟာ သူ႔အသက္ကို ဆုံးရႈံးသြားခဲ့ရပါၿပီ။ ေပါ့ေပါ့တန္တန္သေဘာထားမိလိုက္တဲ့ အရာေလးတစ္ခုက အသက္ကိုပါႏႈတ္ယူသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားေလး Christopher Bunch ဟာဆိုရင္ အထက္တန္း ပထမႏွစ္ကို စတင္တက္ေရာက္ခဲ့ၿပီး ေဘာလုံးေလ့က်င့္ေနစဥ္မွာ ေခါင္းကိုက္လာတာျဖစ္ပါတယ္။ ေက်ာင္းသားေလးရဲ႕ မိခင္ျဖစ္သူကေတာ့ သားေလးကို ေရေသာက္နည္းလို႔ ျဖစ္တာပဲထင္ၿပီး အမႈမဲ့အမွတ္မဲ့ပဲ ေနမိလိုက္တယ္ လို႔ဆိုပါတယ္။

ဒါေပမယ့္လည္း Christopher ဟာ ၄၈ နာရီေလာက္အိပ္ေပ်ာ္သြားတဲ့အခါမွာေတာ့ ပုံမွန္မဟုတ္ေတာ့ဘူးဆိုတာ မိဘေတြက ရိပ္မိသိရွိသြားပါေတာ့တယ္။ ေဆး႐ုံကို ခ်က္ခ်င္းပို႔လိုက္တဲ့အခါမွာေတာ့ ဆရာဝန္က Christopher ဟာ ဦးေႏွာက္အေျမႇးပါးေရာင္တဲ့ ေရာဂါကို ခံစားေနရတယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔သတိျပန္မလည္လာေတာတဲ့ Christopher ဟာ ေဆး႐ုံမွာကြယ္လြန္သြားခဲ့ပါေတာ့တယ္။ ဝမ္းနည္းေၾကကြဲမဆုံးတဲ့ ေက်ာင္းသားေလးရဲ႕ မိဘေတြကေတာ့ ယူႀကဳံးမရ ရင္ကြဲပက္လက္ျဖစ္ေနရပါေတာ့တယ္။

စာဖတ္သူေတြအေနနဲ႔လည္း ေဝဒနာတစ္ခုခုခံစားရတဲ့အခါ ေသေသခ်ာခ်ာ အေလးအနက္ထားၿပီး ဆရာဝန္ထံျပသကာ အခ်ိန္မီကုသဖို႔ တိုက္တြန္းလိုက္ရပါတယ္…။

Credit:Em Em

Unicodeဖြင့်ဖတ်ရန်

ခေါင်းကိုက်တာလေးပဲဆိုပြီး ပေါ့ဆမိလိုက်လို့ အသက်ဆုံးရှုံးသွားတဲ့ ကောင်လေး…..

သင်ဟာ ခေါင်းကိုက်တတ်တဲ့သူ တစ်ယောက်လား၊ ဒါမှမဟုတ် ခေါင်းထဲမှာ မကြည်မလင်နဲ့ တစ်ခုခုကို ထမ်းထားရသလိုကြီးဖြစ်နေလား။ ဒါဟာဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတစ်ခုပါ။ တစ်ခါတလေ ခေါင်းကိုက်ပျောက်ဆေးလေးသောက်လိုက်၊ ဒါမှမဟုတ်လည်း ခဏလှောက်မှေးလိုက်ရင်ပဲဖြစ်ဖြစ် ပြန်ကောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုဆေးသောက်လိုက်ပြန်ကောင်းလိုက်နဲ့ လွယ်လွယ်ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်လို့ ခေါင်းကိုက်တယ်ဆိုတာလောက်ကို လူတော်တော်များများက သိပ်ပြီး မစိုးရိမ်ကြသလို၊ အထူးတလည်လုပ်ပြီးတော့လည်း ဆေးကုသမှုမခံယူကြပါဘူး။

ဒါကြောင့်ပဲ အကြာသေးခင်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့အသက်ကို ဆုံးရှုံးသွားခဲ့ရပါပြီ။ ပေါ့ပေါ့တန်တန်သဘောထားမိလိုက်တဲ့ အရာလေးတစ်ခုက အသက်ကိုပါနှုတ်ယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေး Christopher Bunch ဟာဆိုရင် အထက်တန်းပထမနှစ်ကို စတင်တက်ရောက်ခဲ့ပြီး ဘောလုံးလေ့ကျင့်နေစဉ်မှာ ခေါင်းကိုက်လာတာဖြစ်ပါတယ်။ ကျောင်းသားလေးရဲ့ မိခင်ဖြစ်သူကတော့ သားလေးကို ရေသောက်နည်းလို့ ဖြစ်တာပဲထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲ နေမိလိုက်တယ် လို့ဆိုပါတယ်။

ဒါပေမယ့်လည်း Christopher ဟာ ၄၈ နာရီလောက်အိပ်ပျော်သွားတဲ့အခါမှာတော့ ပုံမှန်မဟုတ်တော့ဘူးဆိုတာ မိဘတွေက ရိပ်မိသိရှိသွားပါတော့တယ်။ ဆေးရုံကို ချက်ချင်းပို့လိုက်တဲ့အခါမှာတော့ ဆရာဝန်က Christopher ဟာ ဦးနှောက်အမြှေးပါးရောင်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့သတိပြန်မလည်လာတောတဲ့ Christopher ဟာ ဆေးရုံမှာကွယ်လွန်သွားခဲ့ပါတော့တယ်။ ဝမ်းနည်းကြေကွဲမဆုံးတဲ့ ကျောင်းသားလေးရဲ့ မိဘတွေကတော့ ယူကြုံးမရ ရင်ကွဲပက်လက်ဖြစ်နေရပါတော့တယ်။

စာဖတ်သူတွေအနေနဲ့လည်း ဝေဒနာတစ်ခုခုခံစားရတဲ့အခါ သေသေချာချာ အလေးအနက်ထားပြီး ဆရာဝန်ထံပြသကာ အချိန်မီကုသဖို့ တိုက်တွန်းလိုက်ရပါတယ်…။

Credit:Em Em

LEAVE A REPLY