Zawgyi ဖြင့်ဖတ်ရန်
Victor – Trend Myanmar
Unicode ဖြင့်ဖတ်ရန်
ကောင်မလေးတွေ ကိုယ့်ချစ်သူ ကောင်လေးဆီက မကြားချင်တဲ့ အရာများ
အေးချမ်းတဲ့ ချစ်သူစုံဘဝ ပိုင်ဆိုင်လိုသူတွေအတွက် မိမိချစ်သူကောင်မလေးအား လုံးဝ ထည့်မပြောသင့်တဲ့ စကားတွေရှိနေပါတယ်။ ကိုယ်ကဒါတွေ ပြောလိုက်လို့ တစ်ဖက်လူ စိတ်ကသိကအောင့် ဖြစ်သွားပြီ ဆိုရင် နှစ်ဦးသား ပျော်ရွှင်နေရာကနေ ပြသနာဖြစ်သွားနိုင်တဲ့အထိ ကြီးမားသွားနိုင်တာမို့ ဒီလိုစကားလေးတွေ မပြောဖြစ်အောင် သတိထားလိုက်ပါ။
Ø နင်အဲဒီအင်္ကျီနဲ့ဆို ကြည့်ရတာ ဝနေသလိုပဲ။
Ø နင့်အမေက နင့်ညီမထက်တောင် ပိုနုနေသလိုပဲ။
Ø သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်က ဘဝမှာ အပျော်ရွှင်ဆုံးအချိန်တွေပဲ။
Ø ဘောလုံးပွဲရှိလို့ ဒီနေ့ အပြင်မထွက်ချင်ဘူး။
Ø နင်က ငါ့အရင်ထားခဲ့တဲ့ ချစ်သူဟောင်းကို တစ်ခါတစ်ခါ သတိရစေတယ်။
Ø ငါ့အမေဟင်းချက်တာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။
Ø နင့်သူငယ်ချင်းတွေကို ငါသိပ်သဘောမကျဘူး။
Ø အိုး… ဟိုကောင်မလေး သိပ်မိုက်တာပဲ။
Ø အလှပြင်ဖို့ ဘာလို့ အဲ့ဒီလောက်အချိန်ပေးရတာလဲ။
ကဲ ဒီလိုစကားမျိုးတွေ ပြောမယ့်အစား သင့်စိတ်ထဲ သူ့ကို ဘယ်လောက်ကြွေရတယ်ဆိုတာလေး အစားထိုးပြီးတော့သာ သင့်ကောင်မလေးကို ပြောလိုက်ပေတော့။
Victor – Trend Myanmar