Zawgyi ျဖင့္ဖတ္ရန္

လင္မယားစုံတြဲေတြအတြက္ေတာ့ အိမ္ေထာင္ေရး ေဖာက္ျပန္တာဟာ အႀကီးမားဆုံး ျပစ္မႈကို က်ဴးလြန္လိုက္တာပါပဲ။ ဒီလိုအမွားမ်ိဳးကို တစ္ေယာက္ေယာက္က က်ဴးလြန္လိုက္မိၿပီဆိုရင္ က်န္တစ္ေယာက္က ခြင့္လႊတ္ေပးဖို႔ အလြန္ခက္ခဲသလို ေျဖရွင္းဖို႔လည္း မလြယ္ကူပါဘူး။

အင္ဒိုနီးရွားႏိုင္ငံ ေတာင္ပိုင္းဆူလာေဝစီက အသက္ ၃၀ အ႐ြယ္ ‘အမီနာ’ ဆိုသူ အမ်ိဳးသမီးက သူ႔ရဲ႕ခင္ပြန္းဟာ တိတ္တိတ္ပုန္း ေနာက္မိန္းမယူထားတယ္ဆိုတာကို အေတာ္ၾကာၾကာမသိခဲ့ပဲ ဇူလိုင္လ ၁၃ ရက္ေန႔ကမွ မထင္မွတ္ပဲ သိလိုက္ရတာေၾကာင့္ ေဒါသကို မထိန္းႏိုင္ပဲ အခန္းထဲမွာ အိပ္ေပ်ာ္ေနတဲ့ ခင္ပြန္းရဲ႕ မ်က္ႏွာတည့္တည့္ေပၚကေန ေရေႏြးပူနဲ႔ ေလာင္းခ်ခဲ့ပါတယ္။

သူမရဲ႕ခင္ပြန္း ‘ဘာတီးရား’ဟာ ဘာအလုပ္မွ မယ္မယ္ရရလုပ္တဲ့သူမဟုတ္ပဲ တစ္ေန႔တစ္ေန႔ အိပ္ထဲကေနထြက္သြားလိုက္ ျပန္လာလိုက္နဲ႔ အခ်ိန္ကုန္ေနသူပါ။ အိမ္ရဲ႕စားဝတ္ေနေရးၾကပ္တည္းလို႔ ကေလးေတြအတြက္ သူမဟာ အိမ္နီးနားခ်င္းျဖစ္တဲ့ အမ်ိဳးသမီးဆီကေန မ်က္ႏွာငယ္နဲ႔ ပိုက္ဆံေခ်းငွားရဖူးပါတယ္။
သူမ ေဒါသအျဖစ္ဆုံးကေတာ့ အဲဒီပိုက္ဆံေခ်းငွားတဲ့ အမ်ိဳးသမီးဟာ ခင္ပြန္းသည္ရဲ႕ တိတ္တိတ္ပုန္း မယားျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကိစၥကို သိသြားတဲ့အခါ ရွက္လဲရွက္ ေဒါသထြက္တဲ့စိတ္နဲ႔ ေနာက္ေဖးမီးဖိုထဲဝင္သြားၿပီး ဒယ္အိုးထဲ ေရထည့္ကာ ေရေႏြးကို ဆူပြက္ေနေအာင္ က်ိဳပါတယ္။ အဲဒီေနာက္ ဒယ္အိုးထဲကေန ေရဖလားထဲေျပာင္းထည့္ၿပီး အိပ္ခန္းထဲကို ယူလာကာ အိပ္ေနတဲ့ ခင္ပြန္းသည္ရဲ႕ မ်က္ႏွာေပၚတည့္တည့္ကို တုံ႔ဆိုင္းျခင္းမရွိပဲ ေလာင္းခ်ခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက အရမ္းေဒါသထြက္ေနတာကလြဲရင္ ဘာမွမစဥ္းစားမိခဲ့ဖူးလို႔ဆိုပါတယ္။ ေရေႏြးပူနဲ႔ ေလာင္းခံလိုက္ရတဲ့ ခင္ပြန္းသည္ဟာ ေဒသခံေဆးဆရာနဲ႔ပဲ ဒဏ္ရာေတြကို ကုသရင္း ၆ ရက္ေျမာက္ေန႔မွာ ေသဆုံးသြားခဲ့ပါတယ္။

ခင္ပြန္းသည္ကို ေသေစဖို႔ မရည္႐ြယ္ခဲ့ေပမယ့္ သူမရဲ႕လုပ္ရပ္ေၾကာင္း ေသဆုံးရတဲ့အတြက္ ရဲေတြက လူသတ္မႈနဲ႔ ဖမ္းဆီးထားပါတယ္။ ဒါ့အျပင္ ‘အမီနာ’ ကို အိမ္တြင္းအၾကမ္းဖက္မႈဥပေဒနဲ႔လဲ တရားစြဲဆိုသြားမွာျဖစ္ပါတယ္။

ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၁၅ ႏွစ္ သို႔မဟုတ္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ႏိုင္ေၾကာင္း ေတာင္ပိုင္း ဆူလာေဝစီ ရဲတပ္ဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ‘ဒစ္ကီဆြန္ဒါနီ’ က ေျပာၾကားခဲ့ပါတယ္။

အိမ္နီးနားခ်င္းအမ်ိဳးသမီးနဲ႔ သူမရဲ႕ခင္ပြန္းတို႔ လက္ထပ္ထားတယ္ဆိုတာ တရားဝင္လား၊ တရားမဝင္လားဆိုတာကိုေတာ့ မသိရွိရပါ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

တိတ်တိတ်ပုန်းနောက်မိန်းမယူထားတဲ့ ခင်ပွန်းကို အိပ်ပျော်နေစဉ် ရေနွေးပူနဲ့လောင်းချ

လင်မယားစုံတွဲတွေအတွက်တော့ အိမ်ထောင်ရေး ဖောက်ပြန်တာဟာ အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်လိုက်တာပါပဲ။ ဒီလိုအမှားမျိုးကို တစ်ယောက်ယောက်က ကျူးလွန်လိုက်မိပြီဆိုရင် ကျန်တစ်ယောက်က ခွင့်လွှတ်ပေးဖို့ အလွန်ခက်ခဲသလို ဖြေရှင်းဖို့လည်း မလွယ်ကူပါဘူး။

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေစီက အသက် ၃၀ အရွယ် ‘အမီနာ’ ဆိုသူ အမျိုးသမီးက သူ့ရဲ့ခင်ပွန်းဟာ တိတ်တိတ်ပုန်း နောက်မိန်းမယူထားတယ်ဆိုတာကို အတော်ကြာကြာမသိခဲ့ပဲ ဇူလိုင်လ ၁၃ ရက်နေ့ကမှ မထင်မှတ်ပဲ သိလိုက်ရတာကြောင့် ဒေါသကို မထိန်းနိုင်ပဲ အခန်းထဲမှာ အိပ်ပျော်နေတဲ့ ခင်ပွန်းရဲ့ မျက်နှာတည့်တည့်ပေါ်ကနေ ရေနွေးပူနဲ့ လောင်းချခဲ့ပါတယ်။

သူမရဲ့ခင်ပွန်း ‘ဘာတီးရား’ဟာ ဘာအလုပ်မှ မယ်မယ်ရရလုပ်တဲ့သူမဟုတ်ပဲ တစ်နေ့တစ်နေ့ အိပ်ထဲကနေထွက်သွားလိုက် ပြန်လာလိုက်နဲ့ အချိန်ကုန်နေသူပါ။ အိမ်ရဲ့စားဝတ်နေရေးကြပ်တည်းလို့ ကလေးတွေအတွက် သူမဟာ အိမ်နီးနားချင်းဖြစ်တဲ့ အမျိုးသမီးဆီကနေ မျက်နှာငယ်နဲ့ ပိုက်ဆံချေးငှားရဖူးပါတယ်။
သူမ ဒေါသအဖြစ်ဆုံးကတော့ အဲဒီပိုက်ဆံချေးငှားတဲ့ အမျိုးသမီးဟာ ခင်ပွန်းသည်ရဲ့ တိတ်တိတ်ပုန်း မယားဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို သိသွားတဲ့အခါ ရှက်လဲရှက် ဒေါသထွက်တဲ့စိတ်နဲ့ နောက်ဖေးမီးဖိုထဲဝင်သွားပြီး ဒယ်အိုးထဲ ရေထည့်ကာ ရေနွေးကို ဆူပွက်နေအောင် ကျိုပါတယ်။ အဲဒီနောက် ဒယ်အိုးထဲကနေ ရေဖလားထဲပြောင်းထည့်ပြီး အိပ်ခန်းထဲကို ယူလာကာ အိပ်နေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာပေါ်တည့်တည့်ကို တုံ့ဆိုင်းခြင်းမရှိပဲ လောင်းချခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အရမ်းဒေါသထွက်နေတာကလွဲရင် ဘာမှမစဉ်းစားမိခဲ့ဖူးလို့ဆိုပါတယ်။ ရေနွေးပူနဲ့ လောင်းခံလိုက်ရတဲ့ ခင်ပွန်းသည်ဟာ ဒေသခံဆေးဆရာနဲ့ပဲ ဒဏ်ရာတွေကို ကုသရင်း ၆ ရက်မြောက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ခင်ပွန်းသည်ကို သေစေဖို့ မရည်ရွယ်ခဲ့ပေမယ့် သူမရဲ့လုပ်ရပ်ကြောင်း သေဆုံးရတဲ့အတွက် ရဲတွေက လူသတ်မှုနဲ့ ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် ‘အမီနာ’ ကို အိမ်တွင်းအကြမ်းဖက်မှုဥပဒေနဲ့လဲ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် သို့မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ကြောင်း တောင်ပိုင်း ဆူလာဝေစီ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ‘ဒစ်ကီဆွန်ဒါနီ’ က ပြောကြားခဲ့ပါတယ်။

အိမ်နီးနားချင်းအမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းတို့ လက်ထပ်ထားတယ်ဆိုတာ တရားဝင်လား၊ တရားမဝင်လားဆိုတာကိုတော့ မသိရှိရပါ။

Credit : popolay

LEAVE A REPLY