Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံ မွာ ျဖစ္ပြားခဲ့တဲ့ အမ်ိဳးသားတစ္ဦးဟာ အလယ္တန္းေက်ာင္းသားဘဝတုန္းက စာသင္ခန္းထဲ့မွာ ႐ိုက္ႏွက္အျပစ္ေပးခဲ့တဲ့ ေက်ာင္းဆရာကို အၿငိဳးထားကာ အသက္ႀကီးလာမွ လက္တုံ႔ျပန္ခဲ့တဲ့ အမ်ိဳးသားကို တ႐ုတ္အာဏာပိုင္ေတြက ေထာင္ဒဏ္ (၁၈) လ ခ်မွတ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ အသက္ ၃၃ ႏွစ္ အ႐ြယ္ရွိ Chang Renyao ဆိုတဲ့ အမ်ိဳးသားဟာ အလယ္တန္းတုန္းက စာသင္ေပးခဲ့တဲ့ ေက်ာင္းဆရာကို ငယ္တုန္းက သူကို အျပစ္ေပးခဲ့တဲ့ အၿငိဳးေတြ မေက်တဲ့အတြက္ အသက္အ႐ြယ္ႀကီးလာခ်ိန္မွာ ကလဲ့စား ေခ်ခဲ့ျခင္းျဖစ္ပါတယ္။ ျဖစ္စဥ္မွာ အဆိုပါ အမ်ိဳးသားဟာ ဆိုင္ကယ္စီးလာတဲ့ ဆရာျဖစ္သူ Zhang ကိုလမ္းမွာ ေတြ႕ဆုံစဥ္ Changs က သူကို မွတ္မိလား လို႔ ေမးခဲ့ပါတယ္။

 

 

ဆရာက သူဘယ္သူ ဘယ္ဝါ ျဖစ္ေၾကာင္း ေျပာတဲ့အခါ ပါးေတြကို ႐ိုက္ ၊ ထိုးႀကိတ္ ၊ ႐ိုက္ႏွက္ခဲ့ပါတယ္။ ဆရာျဖစ္သူက ေတာင္းပန္ေသာ္လည္း Chaung က စိတ္ကို မထိန္းခ်ဳပ္ဘဲ တလက္ဆက္ ႐ိုက္ႏွက္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ ဆရာျဖစ္သူက အမႈမဖြင့္ခဲ့ေပမယ့္လည္း ဆရာကို အၿငိဳးႀကီးစြာ ႐ိုက္ႏွက္ေနတဲ့ Chaung ရဲ႕ ဗီဒီယို အင္တာနက္မွာ ပ်ံႏွံသြားခဲ့ပါတယ္။ ထို႔ေနာက္ ရဲ တာဝန္ရွိသူေတြက Chaung ကို အမႈဖြင့္ ဖမ္းဆီးခဲ့ပါတယ္။

အမ်ားက သူကို ကိုယ္ထိလက္ေရာက္မႈ နဲ႔ ေထာင္ဒဏ္ ၅ႏွစ္ခ်မွတ္ဖို႔ ေစခ်င္ခဲ့ေသာ္လည္း သူဟာ အရင္က ျပစ္မႈတစ္စုံတစ္ရာ က်ဴးလြန္ခဲ့ဖူးျခင္းမရွိတာေၾကာင့္ သက္ညႇာတဲ့ အေနနဲ႔ အထက္ ႐ုံးေတာ္က ေထာင္ဒဏ္ (၁၈ )လပဲ ခ်မွတ္ခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆရာကို အသက်ကြီးခါမှ လက်တ့ုံပြန်ခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် (၁၈) လ ချမှတ်

တရုတ်နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အလယ်တန်းကျောင်းသားဘဝတုန်းက စာသင်ခန်းထဲ့မှာ ရိုက်နှက်အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာကို အငြိုးထားကာ အသက်ကြီးလာမှ လက်တုံ့ပြန်ခဲ့တဲ့ အမျိုးသားကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၃၃ နှစ် အရွယ်ရှိ Chang Renyao ဆိုတဲ့ အမျိုးသားဟာ အလယ်တန်းတုန်းက စာသင်ပေးခဲ့တဲ့ ကျောင်းဆရာကို ငယ်တုန်းက သူကို အပြစ်ပေးခဲ့တဲ့ အငြိုးတွေ မကျေတဲ့အတွက် အသက်အရွယ်ကြီးလာချိန်မှာ ကလဲ့စား ချေခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်မှာ အဆိုပါ အမျိုးသားဟာ ဆိုင်ကယ်စီးလာတဲ့ ဆရာဖြစ်သူ Zhang ကိုလမ်းမှာ တွေ့ဆုံစဉ် Changs က သူကို မှတ်မိလား လို့ မေးခဲ့ပါတယ်။

ဆရာက သူဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ပြောတဲ့အခါ ပါးတွေကို ရိုက် ၊ ထိုးကြိတ် ၊ ရိုက်နှက်ခဲ့ပါတယ်။ ဆရာဖြစ်သူက တောင်းပန်သော်လည်း Chaung က စိတ်ကို မထိန်းချုပ်ဘဲ တလက်ဆက် ရိုက်နှက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဆရာဖြစ်သူက အမှုမဖွင့်ခဲ့ပေမယ့်လည်း ဆရာကို အငြိုးကြီးစွာ ရိုက်နှက်နေတဲ့ Chaung ရဲ့ ဗီဒီယို အင်တာနက်မှာ ပျံနှံသွားခဲ့ပါတယ်။ ထို့နောက် ရဲ တာဝန်ရှိသူတွေက Chaung ကို အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။

အများက သူကို ကိုယ်ထိလက်ရောက်မှု နဲ့ ထောင်ဒဏ် ၅နှစ်ချမှတ်ဖို့ စေချင်ခဲ့သော်လည်း သူဟာ အရင်က ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ဖူးခြင်းမရှိတာကြောင့် သက်ညှာတဲ့ အနေနဲ့ အထက် ရုံးတော်က ထောင်ဒဏ် (၁၈ )လပဲ ချမှတ်ခဲ့ပါတယ်။

Credit : popolay

LEAVE A REPLY