Zawgyi ဖြင့်ဖတ်ရန်

 




aung minn tun facebook

Source: Aung Minn Tun

Unicode ဖြင့်ဖတ်ရန်

ယာဉ်မောင်းDNAကိုဘန်ကောက်မှာစစ်နိုင်ဖို့အတွက်ထွန်းအိန္ဒြာဗိုလ်ခင်ပွန်းဒေါ်လာ၁၀၀မတည်

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ကလေးငယ်လေး Victoria ရဲ့အမှုကိစ္စကတော့ သတင်းမီဒီယာတွေမှာ နေ့စဉ်တွေ့နေရတဲ့ ထိပ်တန်းအမှုတစ်ခုဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း လူပြောများနေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ Victoria အမှုအတွက် တရားခံကို ဖမ်းနိုင်ဖို့အတွက် ပြည်သူလူထုက အားတက်သရော် ပါဝင်ကူညီနေကြလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Victoria အမှုအတွက် တရားခံဟာ ကျောင်းရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးဖြစ်တယ်ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာဌာနတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်မှုကတော့ Victoria ထွက်ဆိုခဲ့တာနဲ့ ကိုက်ညီမှုမရှိတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ တရာခံအစစ်ကို ဖမ်းနိုင်ဖို့အတွက် တောင်းဆိုပြီး အငြင်းပွားနေကြတာဖြစ်ပါတယ်။

ဒါကြောင့် ဒီအမှုရဲ့ တရားခံအစစ်ကို ပေါ်ပေါက်စေရေးအတွက် ထွန်းအိန္ဒြာဗိုလ်ရဲ့ ခင်ပွန်းဖြစ်သူ အခုလိုပဲ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ကြောငြာလိုက်တာဖြစ်ပါတယ်။ သူကတော့ ” ပြည်သူတွေ ညီရင် ကလေး မလေးဆီက DNA စစ်ချက်ကိုတောင်းပါ ပြီးရင် Driver ရဲ့ DNA ကို ယိုးဒယားမှာ ပြည်သူ့ စရိတ်နဲ့ စစ်ဆေး လို့ရအောင် တောင်းဆိုကြပါစို့
ခုမှ $1 campaign က စရမှာ ကျွန်တော် $ 100 စထဲ့ ပါပြီ” လို့ ဖေစ်ဘုတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

aung minn tun facebook
ဒီ campaignမှာ ပါဝင်ချင်တဲ့သူတွေလည်း အမြန်ဆုံး ဆက်သွယ်လိုက်ကြတော့နော်။

Source: Aung Minn Tun

LEAVE A REPLY