Zawgyi ဖြင့်ဖတ်ရန်

 










Credit : auntymay

Unicode ဖြင့်ဖတ်ရန်

ခင်ပွန်းတွေက သားသမီးတွေထက် ဇနီးတွေကို ပိုတွယ်တာချစ်ခင်ကြတဲ့ အကြောင်းရင်းများ

ဖခင်တိုင်းကတော့ သားသမီးတွေကို ချစ်ကြပါတယ်။ ဒါပေမယ့် သားသမီးထက် ဇနီးကို ပိုတွယ်တာပြီးချစ်တဲ့ သူတွေက ဇနီးကို ပိုချစ်မြတ်နိုးကြတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ သားသမီးမမရခင်က နှစ်ယောက်တည်းဘဝကို တည်ဆောက်ခဲ့သလို သားသမီးတွေ အိမ်ထောင်ကျသွားကြရင်လည်း နှစ်ယောက်တည်းပဲကျန်နေခဲ့ရအုံးမှာပါ။ ဒါကြောင့် သင်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အဆင်ပြေနေဖို့လိုပါတယ်။

(၁) အိမ်ထောင်ရေးအဆင်ပြေကြလို့

မိသားစုဖြစ်ဖို့ သားသမီးဆိုတာက အရေးကြီးပေမယ့် အိမ်ထောင်ရေးအဆင်ပြေနေဖို့ကလည်း အရေးကြီးပါတယ်။ အိမ်ထောင်ရေးအဆင်ပြေကြမှလည်း မိသားစုဆိုတာကြီးကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်မှာပါ။ ဒါကြောင့် မိသားစုရဲ့အရေးကြီးဆုံးကတော့ ခင်ပွန်းနဲ့ ဇနီး ဖြစ်ပါတယ်။

(၂) သူတို့မတိုင်ခင် နှစ်ယောက်တစ်ဘဝ

ကလေးတွေမရှိခင်ကတည်း နှစ်ယောက်တစ်ဘဝဖြစ်နေခဲ့တာပါ။ သူတို့တွေမရှိခင်ကတည်းက ချစ်သူဘဝမှာရော အိမ်ထောင်ကျပြီးတော့ရော အတူတူ နှစ်ယောက်တစ်ဘဝဖြတ်သန်းခဲ့တာပါ။ ဒါကြောင့်လည်း ခင်ပွန်းတွေက သားသမီးတွေထက် ဇနီးတွေကို ပိုခင်ပြီး တွယ်တာကြတာများပါတယ်။

(၃) သူတို့တွေထွက်သွားကြရင်လည်း နှစ်ယောက်တစ်ဘဝ

ဘယ်အရာမှ မခိုင်မြဲကြပါဘူး။ ကလေးတွေကြီးလာတဲ့အချိန်ကျရင် ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာပါ။ ဒီလိုအချိန်တွေမှာ ခင်ပွန်းနဲ့ ဇနီး နှစ်ယောက်ပဲကျန်ခဲ့ရတော့မှာပါ။ သားသမီးတွေ အိမ်ထောင်ကျသွားတဲ့အခါ သူတို့မိသားစုနဲ့ သူတို့ဖြစ်သွားကြလို့ ခင်ပွန်းတွေက ဇနီးတွေကို ပိုတွယ်တာကြတာပါ။ အနာဂတ်မှာ ကျန်ခဲ့မှာကလည်း နှစ်ယောက်ပဲရှိတာမို့ အိမ်ထောင်ရေးကို အဆင်ပြေပြေဖြစ်နေဖို့က အရေးကြီးပါတယ်။

(၄) သက်ဆုံးတိုင်ရှိနေစေချင်လို့

ကလေးတွေရဲ့ စံပြက မိဘတွေပဲဖြစ်ပါတယ်။ မိဘတွေရဲ့ခြေလှမ်းတိုင်းကို ကလေးတွေက အတုယူတတ်ကြပါတယ်။ မိဘတိုင်းရဲ့ဆန္ဒက ကလေးတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာစေချင်ကြပါတယ်။ ခင်ပွန်းသည်က သားသမီးထက် ဇနီးကို ပိုတွယ်တာတာက ကလေးတွေအတွက်လည်း စံပြဖြစ်သလို နှစ်ယောက်ပဲရှိတော့တဲ့အချိန်ကြရင်လည်း သက်ဆုံးတိုင်ရှိနေစေချင်လို့ဖြစ်ပါတယ်။

Credit : auntymay

LEAVE A REPLY