Zawgyi ျဖင့္ဖတ္ရန္

အိမ္သူသက္ထား ဇနီးမယားတဲ့။ ဇနီးမယားေတြဟာ အိမ္မႈကိစၥေတြလည္း လုပ္ရမယ္၊ ႐ံုးအလုပ္နဲ႕ အိမ္အလုပ္ ႏွစ္ခုလံုးကို ေန႔စဥ္မ်ွတေအာင္ ညွိျပီးလုပ္ေနရမယ္၊ ကေလးထိန္းရမယ္၊ ကေလးေက်ာင္းပို႕ရမယ့္အျပင္ တျခား ဗာဟီရေတြနဲ႕ တစ္ႏွစ္ပတ္လံုးမွာ တစ္ရက္ကေလးေတာင္ အားလပ္ႏိုင္ၾကတာ မဟုတ္ပါဘူး။ ေတြးၾကည့္႐ံုနဲ႕တင္ ေမာေလာက္တဲ့ ဒီလိုအလုပ္တာ၀န္ေတြအျပင္ ခင္ပြန္းကို ကူညီပံံ့ပိုးေပးရျခင္းတာ၀န္ကိုပါ ယူထားရတဲ့ ဇနီးမယားေတြကို ေက်းဇူးတင္စြာ အသိအမွတ္ျပဳသင့္တယ္ မဟုတ္ပါလား။

အထူးသျဖင့္ ပါရမီျဖည့္ဖက္ ခင္ပြန္းအေနနဲ႕ အထူးအေလးေပး ေက်းဇူးတင္ေပးသင့္တယ္ေလ။ ဒီေတာ့ ခ်စ္ဇနီးေလးကို ေက်းဇူးတင္ေၾကာင္း၊ ခ်စ္ခင္ၾကင္နာေၾကာင္း ရံဖန္ရံခါ ျပသဖို႕အတြက္ ထိေရာက္အသံုး၀င္ တဲ့နည္းလမ္း ၁၀ သြယ္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အၾကင္နာတရားၾကီးမားတဲ့ ခင္ပြန္းအျဖစ္ ခ်စ္ဇနီးေလးက အရမ္းေၾကြသြားေစမယ့္ နည္းလမ္းေလးေတြေပါ့ေနာ္။(၁) အိမ္ျပန္ေနာက္က်မယ္ဆို ၾကိဳေျပာပါ

အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ အိမ္ျပန္ေနာက္က်ဖို႕ျဖစ္လာတဲ့အခါ ဇနီးထံ ဖုန္းေလးတစ္ခ်က္ေလာက္ ဆက္ေပး လိုက္ျခင္းအားျဖင့္ အေလးထားမခံရဘူးလို႕ ဇနီးမယားက ေတြးထင္သြားႏိုင္တဲ့ အေျခအေနကို မၾကံဳေတြ႕ရေအာင္ ေရွာင္ရွားႏိုင္ပါတယ္။ ေယာက်္ားေတာ္ေတာ္မ်ားမ်ားဟာ အလုပ္မွာျဖစ္ေစ၊ မိတ္ေဆြေတြ႕ဆံုပြဲမွာျဖစ္ေစ ေပ်ာ္၀င္ လြယ္ျပီး အိမ္ကုိ ဖုန္းဆက္ဖို႕ လံုး၀ေမ့သြားတတ္တာ သဘာ၀ပါ။ ဒါဟာ သဘာ၀ဆိုေပမဲ့ အိမ္မွာေစာင့္ေနရတဲ့ ဇနီးမယားအေနနဲ႕က လာႏိုး လာႏိုးေစာင့္ေနရတာထက္ ၾကိဳသိထားတာက ပိုေကာင္းတယ္ဆိုတာ အားလံုးနားလည္ ၾကမွာပါ။ ဒါေၾကာင့္ တစ္မိနစ္စာ ဖုန္းေလးတခ်က္နဲ႕ ဇနီးမယားရဲ႕ အခ်ိန္နာရီေတြကို တန္ဖိုးထားေလးစားေပးလိုက္ပါ။(၂) ခ်က္ျပဳတ္တတ္ဖို႕ သင္ယူပါ

လံုး၀ကို မခ်က္တတ္ရင္ေတာင္ ဆင္ေျခေပးဖို႕ထက္ သင္ယူဖို႕ကို အားသန္သင့္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အသစ္အဆန္း တစ္ခုခုကို သင္ယူရတာဟာ ေပ်ာ္စရာေကာင္းတာပဲ မဟုတ္လား။ ႐ိုးရွင္းတဲ့ဟင္းခ်က္နည္း ၃ ၄ ခုကို ေသခ်ာေလ့က်င့္ထားျပီး ရံဖန္ရံခါ ခ်က္ေကၽြးရင္ေတာ့ ဇနီးရဲ႕ ေႏြးေထြးႏွစ္လိုဖြယ္အျပံဳးကို အျမဲရရွိႏိုင္မွာပါ။ ဒီေတာ့ အားလပ္ရက္ေတြမွာ မီးဖိုထဲမွာ ဇနီးကိုကူညီခ်က္ျပဳတ္ေပးရင္း သင္ယူလိုက္ပါ။ ျဖစ္ႏိုင္ရင္ေတာ့ တိတ္တိတ္ကေလး သင္ယူေပါ့။ ဒါဆို ခ်စ္ဇနီးရဲ႕ ေမြးေန႕လိုမ်ိဳးထူးျခားတဲ့ေန႕ေတြမွာ Surprise အေနနဲ႕ခ်က္ေကၽြးလို႕ရတယ္ေလ။ အျမဲ ေစာေစာထျပီး မနက္စာလုပ္ေနက် ဇနီးက သူမအိပ္ရာအႏိုးမွာ မနက္စာအဆင္သင့္ျဖစ္ေနတာမ်ိဳးေတြ႕ရရင္ ဘယ္ေလာက္၀မ္းသာေပ်ာ္ရႊင္မလဲ ေတြးၾကည့္လိုက္ပါ။ ဒီေတာ့ ခ်က္လိုက္ၾကပါစို႕ အမ်ိဳးသားတို႕ေရ။(၃) မၾကာခဏဖုန္းဆက္ေပးပါ

အိမ္မွာ ေတြ႕လို႕ရတာပဲဆိုတဲ့ အေတြးနဲ႕ အလုပ္မွာ တေနကုန္ေနရတဲ့ အခ်ိန္အတြင္း ဖုန္းဆက္စကားေျပာဖို႕ မပ်က္ကြက္သင့္ပါဘူး။ ဇနီးတိုင္းက ခင္ပြန္းရဲ႕ဖုန္းေခၚသံကို ေမွ်ာ္လင့္ေနၾကတာဟာ အမွန္ပါ။ အလုပ္မွာ ထမင္းစားခ်ိန္ေလးဖုန္းတစ္ခ်က္ေလာက္ ဆက္ေပးတာဟာ သူမကို ခ်စ္ေၾကာင္းျပရာေရာက္တဲ့အျပင္ သင္ကိုယ္တိုင္လည္း အလုပ္မွစိတ္ဖိစီးမႈကို ေလ်ာ့ေစပါတယ္။ သင့္ဇနီးကို သင္လည္းခ်စ္တာပဲမဟုတ္လား။ ခ်စ္တဲ့သူနဲ႕ ခဏေလာက္စကားေျပာဖို႕ ဖုန္းတခ်က္ဆက္ကာ အခ်ိန္ေပးလိုက္ပါ။ ဇနီးကို တေန႕ ႏွစ္ၾကိမ္ဖုန္းဆက္ျခင္းဟာ အိမ္ေထာင္ေရးမွာ သိသိသာသာေပ်ာ္ရႊင္မႈတိုးေစတယ္လို႕ ဆိုပါတယ္။(၄) ေစ်း၀ယ္ထြက္ဖို႕ ေခၚပါ

ဇနီးလိုခ်င္တာ၀ယ္ဖို႕ ပိုက္ဆံေပးလိုက္တာထက္ တူတူေစ်း၀ယ္ထြက္ဖို႕ မိမိက စတင္ျပီး ေခၚတဲ့အခါ ဇနီးဟာ အရမ္းကို ေပ်ာ္ရႊင္သြားပါလိမ့္မယ္။ စူပါမားကက္ထဲေရာက္ရင္လည္း ပိုက္ဆံအိတ္ကိုေပးထားခဲ့ျပီး မိမိၾကိဳက္ရာ ဆိုင္တစ္ခုခုမွာထိုင္ေနတာ ၊ တျခားပစၥည္းေတြလိုက္ၾကည့္ေနတာေတြ မလုပ္ပဲ ဇနီးနဲ႕အတူ အ၀တ္အစားေလးေတြ ေရြးပါ၊ မီးဖိုေခ်ာင္သံုးပစၥည္းေတြ၊ ကေလးအသံုးအေဆာင္ေတြ တူတူေရြးခ်ယ္ပါ။ ဇနီးကို မိမိ၀တ္ေစခ်င္တာေတြ ေရြးေပးရတာ သေဘာက်စရာပဲ မဟုတ္ပါလား။ သင္ေတာင္ မသိလိုက္ပဲ သင္ကိုယ္တိုင္လည္းေပ်ာ္ရႊင္သြားျပီး အမ်ားၾကီး သင္ယူမိသြားပါလိမ့္မယ္။(၅) TV ကိုခ်ည္းပဲ ၾကည့္ေနျခင္းကိုေရွာင္ပါ

အျပင္က ျပန္ေရာက္ေရာက္ခ်င္းမွာပဲ ဧည့္ခန္း TV ေရွ႕ထိုင္ကာ တစ္ခ်ိန္လံုး TV ၾကည့္ျခင္းဟာ က်န္းမာေရးအတြက္ မေကာင္းသလို အိမ္ေထာင္ေရးအတြက္လည္း မေကာင္းပါဘူး။ သင္ ဘယ္ေလာက္ပဲပင္ပန္းလာပါေစ ဇနီးမယားရဲ႕ တစ္ေန႕တာအေၾကာင္းကို ေမးျမန္းျပီး မိမိရဲ႕ တစ္ေန႕တာအေၾကာင္းကိုလည္း ေျပာျပသင့္ပါတယ္။ ဒီလို စကားစျမည္သာ မေျပာျဖစ္ၾကရင္ ေျပာဆိုဆက္သြယ္မႈဆိုတာ ဘယ္မွာရွိလာေတာ့မွာလဲ။ ဒီေတာ့ စကားစျမည္ေျပာ ရင္း ညေနစာစားျပီးမွ TV ၾကည့္သင့္ပါတယ္။(၆) လူေရွ႕သူေရွ႕ ခ်ီးက်ဴးစကားဆိုပါ

မိတ္ေဆြေတြၾကားမွာ ဇနီးကို ခ်ီးက်ဴးစကားေျပာလိုက္တာဟာ သူမကို ရွက္ျပံဳးေလးျပံဳးမိေစကာ တစ္ေန႕တာလံုး အားအင္ျပည့္၀ေစတဲ့အျပင္ ခ်ီးက်ဴးဖြယ္ဇနီးကို ပိုင္ဆိုင္ရတဲ့သင့္ကိုလည္း အမ်ားက ေလးစားအားက်ေစမွာပါ။ ဒါေပမဲ့ လြန္လြန္ကၽြံကၽြံေျမွာက္ပင့္တာမ်ိဳးမဟုတ္ပဲ သူမရဲ႕ လုပ္ေဆာင္ခ်က္တစ္ခုခုကို အမွန္တကယ္ သေဘာက်ႏွစ္သက္ ေၾကာင္းေျပာတာမ်ိဳးပဲျဖစ္ဖို႕ အထူးဂ႐ုစိုက္သင့္ပါတယ္။(၇) သားသမီးေတြအတြက္ အခ်ိန္ေပးပါ

“ သားသမီးေတြ ဘယ္သူ ဘယ္ႏွတန္းဆိုတာေတာင္ မမွတ္မိေတာ့ပါဘူး၊ နာမည္ေတြေတာင္မွားေခၚမိလုိ႕ မိန္းမက စိတ္ဆိုးတယ္” လို႕ ရယ္ေမာျပီးေျပာဆိုေနတဲ့ ဖခင္ေတြ (တနည္းအားျဖင့္ ခင္ပြန္းေတြ) ကို ေတြ႕ဖူးပါတယ္။ အဲလိုဖခင္မ်ိဳးမျဖစ္ေစခ်င္ပါဘူး။ ဘယ္ေလာက္ပဲ အခ်ိန္မရွိျဖစ္ေနပါေစ မိမိရဲ႕ အနာဂတ္မ်ိဳးဆက္ ရင္ႏွစ္သည္းခ်ာေတြ ကို ဂ႐ုစိုက္ဖို႕ ၊ ပ်ိဳးေထာင္ေပးဖို႕၊ သင္ၾကားေပးဖို႕ မပ်က္ကြက္သင့္ပါဘူး။ ကေလးေတြကို ေက်ာင္းအၾကိဳအပို႕လုပ္ေပး၊ ေန႕လည္စာထမင္းဘူးထည့္ေပးတာေတြကို လုပ္ေပးသင့္ပါတယ္။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ဇနီးကိုလည္း ကူညီရာေရာက္ျပီး သားသမီးေတြကိုလည္း ခ်စ္ေၾကာင္းျပရာေရာက္ပါတယ္။(၈) ဇနီးနဲ႕ တူတူရွိေနခ်ိန္ေတြ မ်ားမ်ားဖန္တီးပါ

၀ါသနာပါရာ သင္တန္းတစ္ခုခု အတူတက္တာမ်ိဳး ( ဥပမာ- ေရကူးသင္တန္း၊ ေယာဂသင္တန္း) ၊ မနက္ပိုင္းအတူတူ လမ္းေလ်ွာက္ထြက္တာမ်ိဳးဟာ စိတ္ေပါ့ပါးေစသလို ေပ်ာ္ရႊင္မႈတိုးေစပါတယ္။ ဇနီးမယားနဲ႕ ႏွစ္ေယာက္တည္းသီးသန္႕ ရွိေနဖို႕ တစ္ေန႕မွာ အခ်ိန္ တစ္နာရီေလာက္ရေအာင္ ဖန္တီးႏိုင္ရင္ အိမ္ေထာင္ေရး ပိုမိုသာယာလာႏိုင္ပါတယ္။(၉) ဇနီးကို အေမတစ္ေယာက္လို ထင္ျမင္ျပဳမူျခင္းကို ေရွာင္ပါ

အိမ္ေထာင္က်ခါစ သားသမီးမရွိတဲ့အခ်ိန္မွာ ခင္ပြန္းသည္ဟာ ဇနီးမယားကို အလိုလိုက္ဂ႐ုစိုက္တတ္ေပမဲ့ သားသမီးေတြရဲ႕ မိခင္ျဖစ္လာတဲ့အခါ ဇနီးအေပၚမွာ အျမင္ေျပာင္းသြားေလ့ရွိပါတယ္။ ဒါဟာ အခ်စ္ေပါ့သြားျခင္းလည္းမဟုတ္သလို ႐ိုးအီသြားျခင္းလည္း မဟုတ္ပါဘူး။
ခင္ပြန္းအေပၚမွာ ကေလးဆန္စြာ ဆိုးႏြဲ႕တတ္တဲ့ ဇနီးက သားသမီးေတြအေပၚမွာ မိခင္ပီသစြာ အႏြံတာခံျဖည့္ဆည္းေပးတဲ့အခါ ခင္ပြန္းသည္က ဆိုးႏြဲ႕တတ္တဲ့ ခ်စ္စရာဇနီးအျဖစ္ မျမင္ေတာ့ပဲ အႏြံတာခံတတ္တဲ့ မိခင္အျဖစ္ပဲ ျမင္သြားျပီး မိမိကုိလည္း သားသမီးေတြနဲ႕ အတူတူ အလုိလုိက္ဖို႕ မသိစိတ္က ေတာင္းဆိုေနမိပါေတာ့တယ္။ ဒါဟာ ဇနီးအတြက္ တရားမ်ွတပါရဲ႕လား။ မိဘဆိုတာ သားသမီးေတြရဲ႕ မွီခိုရာျဖစ္ျပီး ခင္ပြန္းဆိုတာ ဇနီးရဲ႕မွီခိုရာပဲဆိုတာ အျမဲသတိထားသင့္ပါတယ္။ အိမ္တာ၀န္ေတြ၊ သားသမီးတာ၀န္ေတြနဲ႕ ပင္ပန္းေနရွာတဲ့ ဇနီးအတြက္ နားခိုရာ ခင္ပြန္းအျဖစ္ ၾကင္နာသနားတတ္တဲ့ ႏွလံုးသားရွိသင့္ ပါတယ္။(၁၀) လက္ေဆာင္ေလးေတြ မၾကာခဏ၀ယ္ေပးျခင္း

ေမြးေန႕၊ မဂၤလာႏွစ္ပတ္လည္ေန႕ေတြေရာက္မွ လက္ေဆာင္ေပးတာဟာ မျပည့္စံုပါဘူး။ တစ္ပတ္ တစ္ခါေလာက္ျဖစ္ ျဖစ္ ပန္းကေလးတစ္ပြင့္၀ယ္ေပးဖို႕ဟာ မခက္ခဲတာ အမွန္ပါပဲ။ ကိုယ့္ဘာသာ ဘယ္အခ်ိန္ျဖစ္ျဖစ္ ၀ယ္လို႕ရႏိုင္တဲ့ ပစၥည္းေလးေတြျဖစ္ေပမဲ့ ခင္ပြန္းသည္က အမွတ္တရေပးတဲ့အခါ အရမ္းကို ေပ်ာ္ရႊင္ေက်နပ္ၾကျပီး ခင္ပြန္းအေပၚ ပိုမိုခ်စ္ျမတ္ႏိုးလာေစပါတယ္။ ဒီေတာ့ သြားရင္းလာရင္း ခ်စ္ဇနီးနဲ႕ လိုက္ဖက္တာေလးေတြ႕ရင္ ပန္း၊ လက္ကိုင္အိတ္၊ ကလစ္၊ ႏႈတ္ခမ္းနီ၊ ဖိနပ္၊ အက်ီၤစတာေတြကို အမွတ္တရ၀ယ္ေပးသင့္ပါတယ္။အထက္ပါ အခ်က္ေတြကို ရံဖန္ရံခါ လိုက္နာလုပ္ေဆာင္ျခင္းအားျဖင့္ ဇနီးသည္ဟာ မိမိရဲ႕ဘ၀မွာ ဘယ္ေလာက္အေရး ပါေၾကာင္း ေဖာ္ျပျပီးသားျဖစ္ေစသလို မိမိကုိယ္တိုင္လည္း သာယာတဲ့အိမ္ေထာင္ေရး၊ ၾကင္နာတတ္တဲ့ ဇနီးနဲ႕ ခ်စ္စဖြယ္သားသမီးေလးေတြပါ၀င္တဲ့ စံျပမိသားစုကို ဦးေဆာင္ႏိုင္တဲ့ ခင္ပြန္းေကာင္းျဖစ္ လာႏိုင္ေၾကာင္း ေရးသားေဖာ္ျပလိုက္ ရပါတယ္။

Yangon Life

Unicode ဖြင့်ဖတ်ရန်

 

အိမ်သူသက်ထား စိတ်ချမ်းသာပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်

အိမ်သူသက်ထား ဇနီးမယားတဲ့။ ဇနီးမယားတွေဟာ အိမ်မှုကိစ္စတွေလည်း လုပ်ရမယ်၊ ရုံးအလုပ်နဲ့ အိမ်အလုပ် နှစ်ခုလုံးကို နေ့စဉ်မျှတအောင် ညှိပြီးလုပ်နေရမယ်၊ ကလေးထိန်းရမယ်၊ ကလေးကျောင်းပို့ရမယ့်အပြင် တခြား ဗာဟီရတွေနဲ့ တစ်နှစ်ပတ်လုံးမှာ တစ်ရက်ကလေးတောင် အားလပ်နိုင်ကြတာ မဟုတ်ပါဘူး။ တွေးကြည့်ရုံနဲ့တင် မောလောက်တဲ့ ဒီလိုအလုပ်တာဝန်တွေအပြင် ခင်ပွန်းကို ကူညီပံံ့ပိုးပေးရခြင်းတာဝန်ကိုပါ ယူထားရတဲ့ ဇနီးမယားတွေကို ကျေးဇူးတင်စွာ အသိအမှတ်ပြုသင့်တယ် မဟုတ်ပါလား။

အထူးသဖြင့် ပါရမီဖြည့်ဖက် ခင်ပွန်းအနေနဲ့ အထူးအလေးပေး ကျေးဇူးတင်ပေးသင့်တယ်လေ။ ဒီတော့ ချစ်ဇနီးလေးကို ကျေးဇူးတင်ကြောင်း၊ ချစ်ခင်ကြင်နာကြောင်း ရံဖန်ရံခါ ပြသဖို့အတွက် ထိရောက်အသုံးဝင် တဲ့နည်းလမ်း ၁၀ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ အကြင်နာတရားကြီးမားတဲ့ ခင်ပွန်းအဖြစ် ချစ်ဇနီးလေးက အရမ်းကြွေသွားစေမယ့် နည်းလမ်းလေးတွေပေါ့နော်။

(၁) အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ

အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်ပြန်နောက်ကျဖို့ဖြစ်လာတဲ့အခါ ဇနီးထံ ဖုန်းလေးတစ်ချက်လောက် ဆက်ပေး လိုက်ခြင်းအားဖြင့် အလေးထားမခံရဘူးလို့ ဇနီးမယားက တွေးထင်သွားနိုင်တဲ့ အခြေအနေကို မကြုံတွေ့ရအောင် ရှောင်ရှားနိုင်ပါတယ်။ ယောကျ်ားတော်တော်များများဟာ အလုပ်မှာဖြစ်စေ၊ မိတ်ဆွေတွေ့ဆုံပွဲမှာဖြစ်စေ ပျော်ဝင် လွယ်ပြီး အိမ်ကို ဖုန်းဆက်ဖို့ လုံးဝမေ့သွားတတ်တာ သဘာဝပါ။ ဒါဟာ သဘာဝဆိုပေမဲ့ အိမ်မှာစောင့်နေရတဲ့ ဇနီးမယားအနေနဲ့က လာနိုး လာနိုးစောင့်နေရတာထက် ကြိုသိထားတာက ပိုကောင်းတယ်ဆိုတာ အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့ ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထားလေးစားပေးလိုက်ပါ။

(၂) ချက်ပြုတ်တတ်ဖို့ သင်ယူပါ

လုံးဝကို မချက်တတ်ရင်တောင် ဆင်ခြေပေးဖို့ထက် သင်ယူဖို့ကို အားသန်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်း တစ်ခုခုကို သင်ယူရတာဟာ ပျော်စရာကောင်းတာပဲ မဟုတ်လား။ ရိုးရှင်းတဲ့ဟင်းချက်နည်း ၃ ၄ ခုကို သေချာလေ့ကျင့်ထားပြီး ရံဖန်ရံခါ ချက်ကျွေးရင်တော့ ဇနီးရဲ့ နွေးထွေးနှစ်လိုဖွယ်အပြုံးကို အမြဲရရှိနိုင်မှာပါ။ ဒီတော့ အားလပ်ရက်တွေမှာ မီးဖိုထဲမှာ ဇနီးကိုကူညီချက်ပြုတ်ပေးရင်း သင်ယူလိုက်ပါ။ ဖြစ်နိုင်ရင်တော့ တိတ်တိတ်ကလေး သင်ယူပေါ့။ ဒါဆို ချစ်ဇနီးရဲ့ မွေးနေ့လိုမျိုးထူးခြားတဲ့နေ့တွေမှာ Surprise အနေနဲ့ချက်ကျွေးလို့ရတယ်လေ။ အမြဲ စောစောထပြီး မနက်စာလုပ်နေကျ ဇနီးက သူမအိပ်ရာအနိုးမှာ မနက်စာအဆင်သင့်ဖြစ်နေတာမျိုးတွေ့ရရင် ဘယ်လောက်ဝမ်းသာပျော်ရွှင်မလဲ တွေးကြည့်လိုက်ပါ။ ဒီတော့ ချက်လိုက်ကြပါစို့ အမျိုးသားတို့ရေ။

(၃) မကြာခဏဖုန်းဆက်ပေးပါ

အိမ်မှာ တွေ့လို့ရတာပဲဆိုတဲ့ အတွေးနဲ့ အလုပ်မှာ တနေကုန်နေရတဲ့ အချိန်အတွင်း ဖုန်းဆက်စကားပြောဖို့ မပျက်ကွက်သင့်ပါဘူး။ ဇနီးတိုင်းက ခင်ပွန်းရဲ့ဖုန်းခေါ်သံကို မျှော်လင့်နေကြတာဟာ အမှန်ပါ။ အလုပ်မှာ ထမင်းစားချိန်လေးဖုန်းတစ်ချက်လောက် ဆက်ပေးတာဟာ သူမကို ချစ်ကြောင်းပြရာရောက်တဲ့အပြင် သင်ကိုယ်တိုင်လည်း အလုပ်မှစိတ်ဖိစီးမှုကို လျော့စေပါတယ်။ သင့်ဇနီးကို သင်လည်းချစ်တာပဲမဟုတ်လား။ ချစ်တဲ့သူနဲ့ ခဏလောက်စကားပြောဖို့ ဖုန်းတချက်ဆက်ကာ အချိန်ပေးလိုက်ပါ။ ဇနီးကို တနေ့ နှစ်ကြိမ်ဖုန်းဆက်ခြင်းဟာ အိမ်ထောင်ရေးမှာ သိသိသာသာပျော်ရွှင်မှုတိုးစေတယ်လို့ ဆိုပါတယ်။

(၄) ဈေးဝယ်ထွက်ဖို့ ခေါ်ပါ

ဇနီးလိုချင်တာဝယ်ဖို့ ပိုက်ဆံပေးလိုက်တာထက် တူတူဈေးဝယ်ထွက်ဖို့ မိမိက စတင်ပြီး ခေါ်တဲ့အခါ ဇနီးဟာ အရမ်းကို ပျော်ရွှင်သွားပါလိမ့်မယ်။ စူပါမားကက်ထဲရောက်ရင်လည်း ပိုက်ဆံအိတ်ကိုပေးထားခဲ့ပြီး မိမိကြိုက်ရာ ဆိုင်တစ်ခုခုမှာထိုင်နေတာ ၊ တခြားပစ္စည်းတွေလိုက်ကြည့်နေတာတွေ မလုပ်ပဲ ဇနီးနဲ့အတူ အဝတ်အစားလေးတွေ ရွေးပါ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးအသုံးအဆောင်တွေ တူတူရွေးချယ်ပါ။ ဇနီးကို မိမိဝတ်စေချင်တာတွေ ရွေးပေးရတာ သဘောကျစရာပဲ မဟုတ်ပါလား။ သင်တောင် မသိလိုက်ပဲ သင်ကိုယ်တိုင်လည်းပျော်ရွှင်သွားပြီး အများကြီး သင်ယူမိသွားပါလိမ့်မယ်။

(၅) TV ကိုချည်းပဲ ကြည့်နေခြင်းကိုရှောင်ပါ

အပြင်က ပြန်ရောက်ရောက်ချင်းမှာပဲ ဧည့်ခန်း TV ရှေ့ထိုင်ကာ တစ်ချိန်လုံး TV ကြည့်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို အိမ်ထောင်ရေးအတွက်လည်း မကောင်းပါဘူး။ သင် ဘယ်လောက်ပဲပင်ပန်းလာပါစေ ဇနီးမယားရဲ့ တစ်နေ့တာအကြောင်းကို မေးမြန်းပြီး မိမိရဲ့ တစ်နေ့တာအကြောင်းကိုလည်း ပြောပြသင့်ပါတယ်။ ဒီလို စကားစမြည်သာ မပြောဖြစ်ကြရင် ပြောဆိုဆက်သွယ်မှုဆိုတာ ဘယ်မှာရှိလာတော့မှာလဲ။ ဒီတော့ စကားစမြည်ပြော ရင်း ညနေစာစားပြီးမှ TV ကြည့်သင့်ပါတယ်။

(၆) လူရှေ့သူရှေ့ ချီးကျူးစကားဆိုပါ

မိတ်ဆွေတွေကြားမှာ ဇနီးကို ချီးကျူးစကားပြောလိုက်တာဟာ သူမကို ရှက်ပြုံးလေးပြုံးမိစေကာ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတဲ့အပြင် ချီးကျူးဖွယ်ဇနီးကို ပိုင်ဆိုင်ရတဲ့သင့်ကိုလည်း အများက လေးစားအားကျစေမှာပါ။ ဒါပေမဲ့ လွန်လွန်ကျွံကျွံမြှောက်ပင့်တာမျိုးမဟုတ်ပဲ သူမရဲ့ လုပ်ဆောင်ချက်တစ်ခုခုကို အမှန်တကယ် သဘောကျနှစ်သက် ကြောင်းပြောတာမျိုးပဲဖြစ်ဖို့ အထူးဂရုစိုက်သင့်ပါတယ်။

(၇) သားသမီးတွေအတွက် အချိန်ပေးပါ

“ သားသမီးတွေ ဘယ်သူ ဘယ်နှတန်းဆိုတာတောင် မမှတ်မိတော့ပါဘူး၊ နာမည်တွေတောင်မှားခေါ်မိလို့ မိန်းမက စိတ်ဆိုးတယ်” လို့ ရယ်မောပြီးပြောဆိုနေတဲ့ ဖခင်တွေ (တနည်းအားဖြင့် ခင်ပွန်းတွေ) ကို တွေ့ဖူးပါတယ်။ အဲလိုဖခင်မျိုးမဖြစ်စေချင်ပါဘူး။ ဘယ်လောက်ပဲ အချိန်မရှိဖြစ်နေပါစေ မိမိရဲ့ အနာဂတ်မျိုးဆက် ရင်နှစ်သည်းချာတွေ ကို ဂရုစိုက်ဖို့ ၊ ပျိုးထောင်ပေးဖို့၊ သင်ကြားပေးဖို့ မပျက်ကွက်သင့်ပါဘူး။ ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေး၊ နေ့လည်စာထမင်းဘူးထည့်ပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဇနီးကိုလည်း ကူညီရာရောက်ပြီး သားသမီးတွေကိုလည်း ချစ်ကြောင်းပြရာရောက်ပါတယ်။

(၈) ဇနီးနဲ့ တူတူရှိနေချိန်တွေ များများဖန်တီးပါ

ဝါသနာပါရာ သင်တန်းတစ်ခုခု အတူတက်တာမျိုး ( ဥပမာ- ရေကူးသင်တန်း၊ ယောဂသင်တန်း) ၊ မနက်ပိုင်းအတူတူ လမ်းလျှောက်ထွက်တာမျိုးဟာ စိတ်ပေါ့ပါးစေသလို ပျော်ရွှင်မှုတိုးစေပါတယ်။ ဇနီးမယားနဲ့ နှစ်ယောက်တည်းသီးသန့် ရှိနေဖို့ တစ်နေ့မှာ အချိန် တစ်နာရီလောက်ရအောင် ဖန်တီးနိုင်ရင် အိမ်ထောင်ရေး ပိုမိုသာယာလာနိုင်ပါတယ်။

(၉) ဇနီးကို အမေတစ်ယောက်လို ထင်မြင်ပြုမူခြင်းကို ရှောင်ပါ

အိမ်ထောင်ကျခါစ သားသမီးမရှိတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ဇနီးမယားကို အလိုလိုက်ဂရုစိုက်တတ်ပေမဲ့ သားသမီးတွေရဲ့ မိခင်ဖြစ်လာတဲ့အခါ ဇနီးအပေါ်မှာ အမြင်ပြောင်းသွားလေ့ရှိပါတယ်။ ဒါဟာ အချစ်ပေါ့သွားခြင်းလည်းမဟုတ်သလို ရိုးအီသွားခြင်းလည်း မဟုတ်ပါဘူး။

ခင်ပွန်းအပေါ်မှာ ကလေးဆန်စွာ ဆိုးနွဲ့တတ်တဲ့ ဇနီးက သားသမီးတွေအပေါ်မှာ မိခင်ပီသစွာ အနွံတာခံဖြည့်ဆည်းပေးတဲ့အခါ ခင်ပွန်းသည်က ဆိုးနွဲ့တတ်တဲ့ ချစ်စရာဇနီးအဖြစ် မမြင်တော့ပဲ အနွံတာခံတတ်တဲ့ မိခင်အဖြစ်ပဲ မြင်သွားပြီး မိမိကိုလည်း သားသမီးတွေနဲ့ အတူတူ အလိုလိုက်ဖို့ မသိစိတ်က တောင်းဆိုနေမိပါတော့တယ်။ ဒါဟာ ဇနီးအတွက် တရားမျှတပါရဲ့လား။ မိဘဆိုတာ သားသမီးတွေရဲ့ မှီခိုရာဖြစ်ပြီး ခင်ပွန်းဆိုတာ ဇနီးရဲ့မှီခိုရာပဲဆိုတာ အမြဲသတိထားသင့်ပါတယ်။ အိမ်တာဝန်တွေ၊ သားသမီးတာဝန်တွေနဲ့ ပင်ပန်းနေရှာတဲ့ ဇနီးအတွက် နားခိုရာ ခင်ပွန်းအဖြစ် ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသင့် ပါတယ်။

(၁၀) လက်ဆောင်လေးတွေ မကြာခဏဝယ်ပေးခြင်း

မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေရောက်မှ လက်ဆောင်ပေးတာဟာ မပြည့်စုံပါဘူး။ တစ်ပတ် တစ်ခါလောက်ဖြစ် ဖြစ် ပန်းကလေးတစ်ပွင့်ဝယ်ပေးဖို့ဟာ မခက်ခဲတာ အမှန်ပါပဲ။ ကိုယ့်ဘာသာ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်ပေမဲ့ ခင်ပွန်းသည်က အမှတ်တရပေးတဲ့အခါ အရမ်းကို ပျော်ရွှင်ကျေနပ်ကြပြီး ခင်ပွန်းအပေါ် ပိုမိုချစ်မြတ်နိုးလာစေပါတယ်။ ဒီတော့ သွားရင်းလာရင်း ချစ်ဇနီးနဲ့ လိုက်ဖက်တာလေးတွေ့ရင် ပန်း၊ လက်ကိုင်အိတ်၊ ကလစ်၊ နှုတ်ခမ်းနီ၊ ဖိနပ်၊ အကျီၤစတာတွေကို အမှတ်တရဝယ်ပေးသင့်ပါတယ်။

အထက်ပါ အချက်တွေကို ရံဖန်ရံခါ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် ဇနီးသည်ဟာ မိမိရဲ့ဘဝမှာ ဘယ်လောက်အရေး ပါကြောင်း ဖော်ပြပြီးသားဖြစ်စေသလို မိမိကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်ရေး၊ ကြင်နာတတ်တဲ့ ဇနီးနဲ့ ချစ်စဖွယ်သားသမီးလေးတွေပါဝင်တဲ့ စံပြမိသားစုကို ဦးဆောင်နိုင်တဲ့ ခင်ပွန်းကောင်းဖြစ် လာနိုင်ကြောင်း ရေးသားဖော်ပြလိုက် ရပါတယ်။

Yangon Life