Zawgyi ဖြင့်ဖတ်ရန်
Credit : Nanmalgyi
Unicode ဖြင့်ဖတ်ရန်
ခြံခုန်တဲ့ချစ်သူကို အဆက်မဖြတ်နိုင်သူတွေအတွက် ဂျပန်ပြည်က အချစ်ရေးဝန်ဆောင်မှု
ဂျပန်ပြည် က ဝန်ဆောင်မှုကုမ္ပဏီတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ဆီကနေခြံခုန်ပြီးဖောက်ပြန်နေတဲ့ ချစ်သူကိုအဆက်မဖြတ်နိုင်တဲ့သူတွေအတွက် အချစ်ရေးကူညီမှုပေးနေတဲ့ အမိုက်စားဝန်ဆောင်မှုတစ်ခုပါ။
ဘယ်သူမှမနစ်နာရအောင် အထိရောက်ဆုံး နည်းလမ်းတစ်ခုနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဂျပန်ပြည်မှာနာမည်အကြီးဆုံးက ကိုယ်မလုပ်နိုင်တဲ့ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်အောင်လုပ်ပေးတဲ့ လူစားငါှးရမ်းမှုကို ဆောင်ရွက်ပေးခြင်းပါပဲ။
ဟန်ဆောင်ချစ်သူငှါးချင်မလား၊ တစ်ရက်တာချစ်သူအဖြစ် ငှါးရမ်းလိုသလား…ဂျပန်ပြည်မှာကတော့ ဒီလိုဝန်ဆောင်မှုတွေက နာမည်ကြီးအဆင့်ပါ။
ကိုယ့်သိပ်ချစ်ရပေမယ့် ခြံခုန်နေတဲ့ချစ်သူကို သူ့ရဲ့ဖောက်ပြန်ဇာတ်လမ်းတစ်ခန်းရပ်သွားအောင် ကူညီပေးတာက ဂျပန်ပြည်က PI ကုမ္ပဏီပါ။ အဲ့ဒီ ဝန်ဆောင်မှုအရ ကိုယ့်ချစ်သူနဲ့ တိတ်တိတ်လေး ဖောက်ပြနေတဲ့သူကို အမိအရ ညှိုနှိုင်းပြီး ဒီဖောက်ပြန်မှုကိုအဆုံးသတ်သွားအောင် သရုပ်ဆောင်တွေက ဝန်ဆောင်ကြေးနဲ့အတူ လုပ်ဆောင်ပေးတာပါပဲ။
အဲ့ဒီ သရုပ်ဆောင်တွေဟာ ကိုယ့်ချစ်သူနဲ့ဖောက်ပြန်နေသူကို ခင်မင်အောင် ဝင်လုံးပြီးလှည့်စားပေးမှာပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူနဲ့တစ်ခန်းပြတ်သွားအောင် နည်းလမ်းမျိုးစုံ၊ ဉာဏ်နီဉာဏ်နက်အဖုံဖုံ အသုံးပြုပြီး အညင်သာဆုံးနည်းနဲ့ လမ်းခွဲစေတာပါ။ သူတို့ကဖောက်ပြန်နေသူကို ခင်မင်လာအောင်လုပ်မယ်၊ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ ဇာတ်လမ်းတွေခင်းပြီး ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖြစ်လာအောင် အကွက်ဆင်ပေးကြတာပါ။
သူတို့ကိုယုံလာအောင် သိမ်းသွင်းဖျားယောင်းပြီးတဲ့အခါမှာတော့ ကိုယ့်ချစ်သူရဲ့ဖောက်ပြန်နေတဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားမှာဖြစ်ပြီး ဒီလိုပုံသွင်းလုပ်ဆောင်နိုင်မှုကြောင့်ပဲ ဒီဝန်ဆောင်မှုဟာ ဂျပန်ပြည်မှာအထူးနာမည်ကြီးပြီး နံပါတ်တစ်လူကြိုက်အများဆုံးဖြစ်နေတာပါ။ ဒီလို ပြသနာမျိုးကြုံတွေ့နေသူတိုင်း အားကျချင်စရာကောင်းတဲ့ အမိုက်စားဝန်ဆောင်မှုအဖြစ်တင်ဆက်ပေးလိုက်ပါရစေ။
Credit : Nanmalgyi
LEAVE A REPLY