Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ Ji Jin Hee ဟာ ဆိုရင္ ခ်န္ဂင္ဇာတ္ကား ကတည္းက ျမန္မာပရိတ္သတ္ရင္ထဲ ထိုးေဖာက္ဝင္ေရာက္ခဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ Ji Jin Hee ဟာ လတ္တေလာ tvN က႐ိုက္ကူးထုတ္လႊင့္တင္ဆက္မယ့္ Designated Survivor:60Days မွာ ပါဝင္သ႐ုပ္ေဆာင္ေနတာျဖစ္ၿပီး ႐ိုက္ကူးေရးမွ ဓာတ္ပုံအခ်ိဳ႕ကို လူမႈကြန္ယက္မွတစ္ဆင့္ေဝမွ်လာပါတယ္။ Ji Jin Hee တစ္ေယာက္ ပရိတ္သတ္ေတြကို ဓာတ္ပုံတစ္ပုံနဲ႔ ဘယ္လိုေၾကာက္လန႔္ေစခဲ့တယ္ဆိုတာသိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

 

သာမန္အားျဖင့္ ကြၽန္ေတာ္တို႔ဟာ mirror selfie ႐ိုက္ကူးရင္မွန္ေရွ႕မွာ ဒီတိုင္းဖုန္းကို ကိုင္ကာ႐ိုက္ကူးေလ့ရွိၾကပါတယ္။ Ji Jin Hee ကေတာ့ ဒီလိုမဟုတ္ပါဘူး၊ အလွျပင္တဲ့မွန္တင္ခုံနားမွာ mirror selfie ႐ိုက္ကူးရင္း အႀကံဉာဏ္အသစ္အဆန္းတစ္ခုကို ရရွိသြားပုံပါပဲ။

Mirror selfie ႐ိုက္ကူးရင္း သူ႔မ်က္ႏွာကို မွန္တင္ခုံမွာရွိတဲ့ မွန္ေတြမွာ အကုန္ထင္ဟပ္ေနေအာင္ ႐ိုက္ကူးထားတာကို ေတြ႕ရမွာပါ။ မွန္ေတြအကုန္လုံးမွာ ထင္ဟပ္ေနတဲ့ Ji Jin Hee ရဲ႕မ်က္ႏွာဟာ တစ္ပုံနဲ႔တစ္ပုံ မတူညီတာေၾကာင့္ ထိတ္လန႔္စရာေကာင္းေနပါတယ္။ မသိတဲ့ လူအေနနဲ႔ ၾကည့္ရင္ေတာ့ စိတၱဇလူသတ္သမားကား(သို႔မဟုတ္)သရဲကားထဲက ဇာတ္ဝင္ခန္းလို႔ေတာင္ ထင္မွတ္ရေစပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဓာတ်ပုံတစ်ပုံထဲနဲ့ ပရိတ်သတ်တွေကိုထိတ်လန့်စေခဲ့တဲ့ သရုပ်ဆောင် Ji Jin Hee

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Ji Jin Hee ဟာ ဆိုရင် ချန်ဂင်ဇာတ်ကား ကတည်းက မြန်မာပရိတ်သတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ Ji Jin Hee ဟာ လတ်တလော tvN ကရိုက်ကူးထုတ်လွှင့်တင်ဆက်မယ့် Designated Survivor:60Days မှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ရိုက်ကူးရေးမှ ဓာတ်ပုံအချို့ကို လူမှုကွန်ယက်မှတစ်ဆင့်ဝေမျှလာပါတယ်။ Ji Jin Hee တစ်ယောက် ပရိတ်သတ်တွေကို ဓာတ်ပုံတစ်ပုံနဲ့ ဘယ်လိုကြောက်လန့်စေခဲ့တယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

 

သာမန်အားဖြင့် ကျွန်တော်တို့ဟာ mirror selfie ရိုက်ကူးရင်မှန်ရှေ့မှာ ဒီတိုင်းဖုန်းကို ကိုင်ကာရိုက်ကူးလေ့ရှိကြပါတယ်။ Ji Jin Hee ကတော့ ဒီလိုမဟုတ်ပါဘူး၊ အလှပြင်တဲ့မှန်တင်ခုံနားမှာ mirror selfie ရိုက်ကူးရင်း အကြံဉာဏ်အသစ်အဆန်းတစ်ခုကို ရရှိသွားပုံပါပဲ။

Mirror selfie ရိုက်ကူးရင်း သူ့မျက်နှာကို မှန်တင်ခုံမှာရှိတဲ့ မှန်တွေမှာ အကုန်ထင်ဟပ်နေအောင် ရိုက်ကူးထားတာကို တွေ့ရမှာပါ။ မှန်တွေအကုန်လုံးမှာ ထင်ဟပ်နေတဲ့ Ji Jin Hee ရဲ့မျက်နှာဟာ တစ်ပုံနဲ့တစ်ပုံ မတူညီတာကြောင့် ထိတ်လန့်စရာကောင်းနေပါတယ်။ မသိတဲ့ လူအနေနဲ့ ကြည့်ရင်တော့ စိတ္တဇလူသတ်သမားကား(သို့မဟုတ်)သရဲကားထဲက ဇာတ်ဝင်ခန်းလို့တောင် ထင်မှတ်ရစေပါတယ်။

Credit : popolay

LEAVE A REPLY