Zawgyi ဖြင့်ဖတ်ရန်





Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

အခက်ခဲဖြစ်နေတဲ့ ကလေးတွေအတွက် ဂေဟာဆောက်ဖို့ ကြိုးစားနေတဲ့ ခိုင်နှင်းဝေ

အနုပညာ အလုပ်တွေသိပ်မလုပ်တော့ပေမယ့် ပရဟိတဘက်မှာ အားသွန်ခွင်စိုက်လုပ်နေတာကြောင့် ပရဟိတ မင်းသမီးရယ်လို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ရတဲ့ ခိုင်နှင်းဝေကို ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ ။ အခု Trend Myanmar နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ခိုင်နှင်းဝေက “မိဘမဲ့ကလေးတွေလည်းပါတယ် ၊ စွန့်ပစ်ခံလိုက်ရတဲ့ခလေးတစ်ယောက်ရဲ့ ခံစားချက်နောက်တခါ ကျူးလွန်တဲ့အခါမှာ အရက်သမားမှကျူးလွန်တာမဟုတ်ဘူး လူဆိုးဆိုတာဂျိုမပါဘူး။ ဒါမျိုးတွေသိစေချင်တယ်ဘယ်လိုလူမျိုးဘုရားတရားတွေဘယ်လောက်လုပ်လုပ်လူရှေ့သူရှေ့ဘယ်လောက်ကောင်းအောင်နေနေဒုစရိုက်ဆိုတာကျူးလွန်ကြမှာပဲအဲ့ဒါကြောင့်ဒီကားလေးကိုရိုက်ဖြစ်ခဲ့တာပါအဲ့လိုမက်ဆေ့တွေလည်းရမယ်လို့ထင်ပါတယ်။အစ်မကဒီအမှု့တခုပဲဝန်းရံတာမဟုတ်ဘူးမိခင်တစ်ယောက်အနေနဲ့ငါ့သမီးသာဆိုရင်ဘယ်လိုများဖြစ်မလဲဆိုတဲ့မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ဝန်းရံပေးတာပါ ။ ဒီ victoria အပြင် နောက်ထပ ်victoria ပေါင်းမြောက်မြားစွာဖြစ်ခဲ့တဲ့ ကလေးတွေ အားလုံးအတွက် အစ်မက ဝန်းရံတာပါ အစ်မလိုက်ပြီး ကြိုးစားခဲ့တဲ့ ကလေးတွေအတွက်လည်း အဲ့ဒီ အတွက်လည်းလိုက်ပြီး ဝန်းရံပေးတာပါ။

ကလေးအတွက် အစ်မအိမ်ရှာနေတယ် ဂေဟာဆောက်ဖို့ မြေကွက်ပေါ့ အဲ့အချိန်ပေါ့နောက်နှစ်နှစ် သုံးနှစ် ကလေးတွေက ခုပုခက်ထဲထည့်တဲ့ အချိန်မို့ကလေးတွေနေလို့ရသေးတာ အမှန်တော့ကျဉ်းတယ် ။ ကလေးတွေ ကျန်းမာရေးအတွက် ရောနည်းနည်းကြီးလာရင် ခုကလေး၅ယောက်က ရှစ်လရှိနေပြီ နည်းနည်းကြီးလာရင်အဆင်မပြေတော့ဘူး ။ အဲ့ဒါကြောင့်အစ်မအိမ်ရှာနေတာပေါ့ အိမ်လိုက်ငှား နေတယ် ။ မနေ့ကရောဒီနေ့ရောပေါ့အိမ်လိုက်ရှာနေတယ် ။ အိမ်ငှားမယ် ထားမယ် ပြီးရင်ဂေဟာဆောက်မယ် သူတို့ရဲ့ရှေ့ရေးတွေအတွက် အများကြီးလုပ်သွားမယ် ။ ဂေဟာဆောက်ပြီးသွားရင်လည်း နိုင်သလောက်ကလေးတွေလည်း ထပ်ကယ်အုံးမယ် ။ကယ်နိုင်သလောက်ကယ်မယ်။လူတွေအားကိုးတာအစ်မသူတို့အားကိုးတဲ့ အတိုင်းအားကိုးနိုင်တဲ့သူဖြစ်အောင် ကူညီပေးချင်တယ်။ ဒါပေမယ့်ညီမရဲ့အစ်မကတစ်ယောက်ထဲရှာရတာနေရာကအစ စားဝတ်နေရေးရုန်းကန်ရတာ ။ ဝန်ထမ်းကအစအစ်မတစ်လကုန်ကျစရိတ်ကသိန်းနှစ်ဆယ်လောက်ရှိတယ်။ ဝန်ထမ်းတွေအတွက်လည်း အစ်မမခြိုးခြံဘူး သူတို့စားဖို့သောက်ဖို့အတွက်ရောဆိုတော့။

လှလှပပဖြစ်နေရမယ် ကျန်းကျန်းမာမာနဲ့ သူတို့ရဲ့ဘဝအနာဂတ် သေချာတဲ့ခလေး တွေဖြစ်နေရမယ် ။ အမှန်တကယ်တော့ အစ်မမခေါ်လိုက်ဘူးဆိုတာ နေရာကြောင့်ပါ နေရာရှိပြီ ဆိုရင်တော့အစ်မကလေးတိုင်းကိုခေါ်မှာပါ ကျေးဇူးတင်ပါတယ် အစ်မသားတွေသမီးတွေမွေးတယ်။ ဆိုတာကအစ်မရဲ့ခွန်အားပေါ့နော် ။ အစ်မရဲ့ခွန်အားဉာဏ အပင်ပန်းခံပြီးမွေးပေမယ့် သားသမီးတွေဒီနေ့အချိန်ထိကျန်းကျန်းမာမာရပ်တည်နေတာ ။ ကျွေးမိဘတွေဖြစ်တဲ့အလှူရှင်တွေကြောင့်ပါ ။ ဒီနေ့ဆိုရင်လည်း အစ်မသန်လျင်ခရမ်းသုံးခွဘက်ကရွာလေးတစ်ရွာမှာ ကျောင်းသားအယောက်၅၀ပေါ့ အဲ့ဒီဦးဇင်း ကလည်းအစ်မ ကိုတကြည်ကြည် ဖုန်းဆက်ပြီးခေါ်တယ်။ ခလေးတွေကိုလာကြည့်ပေးပါ မလှူပါနဲ့အားပေးစကားလေးပဲလာပြောပေးပါတဲ့ ဒီနဲ့၃၅မိုင်ဝေးတယ်။ အစ်မသွားလိုက်တယ် ကလေးတွေကို ထီးတို့ဖိနပ်တို့ကျောင်းဝတ်စုံလေးတွေ ကစားစရာလေးတွေမဲဖောက်ပေးတာတို့ သွားလုပ်ပေးတယ်။
ကလေးတိုင်းကိုချစ်တယ် ။ အစ်မကလေးတွေမှ မဟုတ်ဘူး ကလေးတွေရဲ့ အနာဂတ်လှပ ဖို့လုပ်ပေးချင်တယ် ဘာလို့လဲဆိုတော့ ကလေးတွေကသွားကြည့်လိုက် အညွန့်တလူလူတက်နေတယ်။ အစ်မတို့ကအသက်ကြီးတော့မှာလေ ဒီလိုလူမျိုးတွေဒီလို ကလေးတွေကလူတော်လူကောင်းတွေ ပေါ်ထွက်လာမယ်ဆိုရင် အစ်မတို့နိုင်ငံကြီးပိုပြီးလှပသွားမယ်ထင်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Credit : Nanmalgyi

LEAVE A REPLY