Zawgyiျဖင့္ဖတ္ရန္

 

နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် ကေလးယူဖို႔ အစီအစဥ္ မရွိေသးတဲ့ မိန္းမေတြနဲ႔၊ ေယာက်္ားေတြအတြက္ သေႏၶတားနည္းေတြလည္း အမ်ားအျပား ရွိလာခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဓိကအားျဖင့္ မိန္းမမ်ားသာ အသံုးျပဳေနတဲ့ ယခင္ သေႏၶတားေဆးေတြနဲ႔ မတူတာက ဒီလို သေႏၶတားနည္း အသစ္ေတြဟာ အမ်ိဳးသားမ်ား အတြက္ပါ ထုတ္လုပ္ထားျခင္း ျဖစ္လို႔ပါ။

၁။ မိန္းမမ်ား အသံုးျပဳႏိုင္ေသာ ကြန္ဒံုး
မိန္းမသံုး ကြန္ဒံုး ဆိုတာ ေပၚေပါက္ခဲ့တာ အခ်ိန္အနည္းငယ္ ၾကာခဲ့ၿပီးျဖစ္ေပမယ့္ ေယာက်္ားသံုး ကြန္ဒံုးေတြထက္စာရင္ အသံုးျပဳမႈ နည္းေနတာ ေတြ႔ရပါတယ္။

မိန္းမသံုး ကြန္ဒံုးေတြဟာ ပလတ္စတစ္နဲ႔ ျပဳလုပ္ထားပါတယ္။ အလြန္ပါးလႊာၿပီး က်ံဳ႕ႏိုင္ ဆန္႔ႏိုင္စြမ္းလည္း ရွိပါတယ္။ ေယာက်္ား တစ္ေယာက္နဲ႔ လိင္မဆက္ဆံခင္မွာ ကြန္ဒံုးရဲ႕ အစိတ္အပိုင္း တစ္ခုကို သုတ္ေကာင္ေတြ သားအိမ္ထဲ မဝင္ေအာင္ အတားအဆီးျဖစ္ဖို႔ မိန္းမကိုယ္ လမ္းေၾကာင္းထဲ ထည့္ရပါတယ္။ ကေလး မရေအာင္တားတဲ့ နည္းအေနနဲ႔ အသံုးျပဳႏိုင္ျခင္း အျပင္ ေယာက်္ားသံုး ကြန္ဒံုးလိုပဲ မိန္းမသံုး ကြန္ဒံုးမ်ားဟာ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္တတ္တဲ့ ေရာဂါမ်ား နဲ႔ HIV ကူးစက္ႏိုင္တာကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

မိန္းမသံုး ကြန္ဒံုးဟာ အသံုးျပဳၿပီးရင္ ဖယ္ရွားလို႔ရပါတယ္။ တစ္ခါသံုးျဖစ္တဲ့အတြက္ တစ္ႀကိမ္အသံုးျပဳၿပီးပါက ေသေသခ်ာခ်ာ စြန္႔ပစ္ဖို႔ လိုအပ္ပါတယ္။

၂။ Vasalgel
Vasalgel ဆိုတာ ေဟာ္မုန္းနဲ႔ မဆိုင္တဲ့ Parsemus ဆိုတဲ့ ေဖာင္ေဒးရွင္း အဖြဲ႔တစ္ဖြဲ႔က လတ္တေလာ ရွာေဖြေတြ႔ရွိ တီထြင္ထားတဲ့ ေယာက်္ားသံုး သေႏၶတားနည္း တစ္ခု ျဖစ္ပါတယ္။ Parsemus ေဖာင္ေဒးရွင္းဟာ ကြန္ဒံုးတီထြင္ ၿပီးကတည္းက ပထမဦးဆံုး အမ်ိဳးသားေတြ အသံုးျပဳႏိုင္တဲ့ သေႏၶတားနည္းကို လက္ခံ အတည္ျပဳခဲ့တဲ့ FDA (အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး) ျဖစ္ပါတယ္။

Vasalgel ဆိုတာ polymer (ေပၚလီမာ) တစ္ခုျဖစ္ၿပီး vasalgel ေဆးကို ေယာက်္ားေလးမွာ ရွိတဲ့ ကပ္ပယ္အိတ္ မွတဆင့္ သုတ္ေကာင္သယ္တဲ့ ျပြန္ထဲကို ထိုးထည့္ရပါတယ္။ လူေတြ ေျပာေနၾကသလို လိင္တံ၊ ေဝွးေစ့ေတြထဲကို ထိုးရတာ မဟုတ္ပါဘူး။ ထိုးၿပီးတာနဲ႔ vasalgel ဟာ သုတ္ေကာင္ေတြကို ပိတ္ဆို႔ေစျခင္းျဖင့္ သုတ္ေကာင္ေတြ ထြက္မလာေအာင္ တားျမစ္ေပးပါတယ္။ ဒါေပမယ့္ တျခား အရည္ေတြကေတာ့ ျဖတ္လို႔ရပါတယ္။

ခႏၶာကုိယ္ထဲ ဝင္ၿပီးခ်ိန္မွာ vasalgel ဟာ သုတ္ေကာင္ေတြ ထြက္မလာေအာင္ စတင္တားၿပီး vasalgel ထိုးၿပီးမွ ကေလးလိုခ်င္ရင္ေတာ့ ေနာက္တစ္ႀကိမ္ (ဒုတိယအႀကိမ္) ေဆးထိုးႏိုင္ပါတယ္။ ဒုတိယအႀကိမ္ ထိုးျခင္းက ပထမ ေဆးအာနိသင္ကို ပ်က္ျပယ္ေစႏိုင္လို႔ပါ။

၃။ Gendarussa
Gendarussa ဆိုတာကေတာ့ vassalgel မသံုးခ်င္ရင္ သံုးႏိုင္တဲ့ တျခားနည္းလမ္းတစ္ခု ျဖစ္ပါတယ္။ gendarussa ဆိုတာ ေဟာ္မုန္းနဲ႔ မဆိုင္တဲ့ သေႏၶတားနည္း တစ္မ်ိဳးျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံမွာ လူသားမ်ားျဖင့္ စမ္းသပ္ျခင္း အဆင့္ ၂ ကို ျဖတ္ေက်ာ္ခဲ့ၿပီး ျဖစ္ပါတယ္။

Gendarussa ဟာ သီးသန္႔ ေသေသခ်ာခ်ာ ဓာတုနည္းပညာေတြနဲ႔ ေဆးေတာင့္ပံုစံ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ gendarussa ေဆးဟာ သုတ္ေကာင္ရဲ႕ ေခါင္းပိုင္းမွာရွိတဲ့ enzyme (အင္ဇိုင္း) ေတြကို ဖ်က္ဆီးႏိုင္ပါတယ္။ အဲဒီလို ဖ်က္ဆီးလိုက္ျခင္းက သုတ္ေကာင္ေတြကို မိန္းမမ်ိဳးဥထဲ မေဖာက္ႏိုင္ေတာ့ေအာင္ လုပ္ေပးပါတယ္။ တျခားနည္းနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ သုတ္ေကာင္နဲ႔ မမ်ိဳးဥေလးေတြေပါင္းၿပီး သေႏၶေအာင္တာကို တားလိုက္တဲ့သေဘာ ျဖစ္ပါတယ္။

၄။ Clean Sheets Pill (သေႏၶတားရန္ အတြက္ ေယာက်္ားေလးမ်ား အသံုးျပဳႏိုင္ေသာ ေဆးလံုး)
အေပၚမွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြကေတာ့ ေဆးပညာ ေထာက္ခံခ်က္ ရထားၿပီးျဖစ္လို႔ ပထမဆံုး ေရြးခ်ယ္သင့္တာေတြ ျဖစ္ေပမယ့္ တျခား clean sheets pill လိုမ်ိဳး ေရြးခ်ယ္စရာေတြလည္း ရွိပါတယ္။ clean Sheets pill ဟာ သုတ္ရည္ထြက္ျခင္းကို တားဆီးေပးၿပီး လိင္ခံစားမႈ အထြတ္အထိပ္ ေရာက္ေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

Clean sheets pill ဟာ အခု လက္ရွိ အဂၤလန္ႏိုင္ငံ၊ လန္ဒန္မွာ ထုတ္လုပ္ တီထြင္ေနဆဲ ျဖစ္ပါတယ္။ ဇီဝ နည္းပညာေတြနဲ႔ ျပဳလုပ္တဲ့အတြက္ သုေတသနပညာရွင္မ်ား တီထြင္ဆဲျဖစ္ပါတယ္။

ဒီလို သေႏၶတားနည္း အသစ္ေတြသာ အၿပီးသတ္ လုပ္ေဆာင္ၿပီး လူေတြအတြက္ ဆိုးက်ိဳးမရွိနိုင္ဘဲ လံုၿခံဳစိတ္ခ်စြာ အသံုးျပဳနိုင္တယ္ဆိုရင္ မိန္းမေတြေရာ ေယာက်္ားေတြ အတြက္ပါ မလိုခ်င္ဘဲ ကိုယ္ဝန္ရျခင္း၊ ကေလးရျခင္း ဆိုတဲ့ ေၾကာက္လန္႔မႈေတြကေန လြတ္ေျမာက္နိုင္ေစမွာ ျဖစ္ပါတယ္။

Credit:Hello Sayar

 

Unicodeဖြင့်ဖတ်ရန်

 

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

 

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောကျ်ားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။

၁။ မိန်းမများ အသုံးပြုနိုင်သော ကွန်ဒုံး
မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောကျ်ားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။

မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောကျ်ား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ မိန်းမကိုယ် လမ်းကြောင်းထဲ ထည့်ရပါတယ်။ ကလေး မရအောင်တားတဲ့ နည်းအနေနဲ့ အသုံးပြုနိုင်ခြင်း အပြင် ယောကျ်ားသုံး ကွန်ဒုံးလိုပဲ မိန်းမသုံး ကွန်ဒုံးများဟာ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်တဲ့ ရောဂါများ နဲ့ HIV ကူးစက်နိုင်တာကို လျော့နည်းစေနိုင်ပါတယ်။

မိန်းမသုံး ကွန်ဒုံးဟာ အသုံးပြုပြီးရင် ဖယ်ရှားလို့ရပါတယ်။ တစ်ခါသုံးဖြစ်တဲ့အတွက် တစ်ကြိမ်အသုံးပြုပြီးပါက သေသေချာချာ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။

၂။ Vasalgel
Vasalgel ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ Parsemus ဆိုတဲ့ ဖောင်ဒေးရှင်း အဖွဲ့တစ်ဖွဲ့က လတ်တလော ရှာဖွေတွေ့ရှိ တီထွင်ထားတဲ့ ယောကျ်ားသုံး သန္ဓေတားနည်း တစ်ခု ဖြစ်ပါတယ်။ Parsemus ဖောင်ဒေးရှင်းဟာ ကွန်ဒုံးတီထွင် ပြီးကတည်းက ပထမဦးဆုံး အမျိုးသားတွေ အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းကို လက်ခံ အတည်ပြုခဲ့တဲ့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး) ဖြစ်ပါတယ်။

Vasalgel ဆိုတာ polymer (ပေါ်လီမာ) တစ်ခုဖြစ်ပြီး vasalgel ဆေးကို ယောကျ်ားလေးမှာ ရှိတဲ့ ကပ်ပယ်အိတ် မှတဆင့် သုတ်ကောင်သယ်တဲ့ ပြွန်ထဲကို ထိုးထည့်ရပါတယ်။ လူတွေ ပြောနေကြသလို လိင်တံ၊ ဝှေးစေ့တွေထဲကို ထိုးရတာ မဟုတ်ပါဘူး။ ထိုးပြီးတာနဲ့ vasalgel ဟာ သုတ်ကောင်တွေကို ပိတ်ဆို့စေခြင်းဖြင့် သုတ်ကောင်တွေ ထွက်မလာအောင် တားမြစ်ပေးပါတယ်။ ဒါပေမယ့် တခြား အရည်တွေကတော့ ဖြတ်လို့ရပါတယ်။

ခန္ဓာကိုယ်ထဲ ဝင်ပြီးချိန်မှာ vasalgel ဟာ သုတ်ကောင်တွေ ထွက်မလာအောင် စတင်တားပြီး vasalgel ထိုးပြီးမှ ကလေးလိုချင်ရင်တော့ နောက်တစ်ကြိမ် (ဒုတိယအကြိမ်) ဆေးထိုးနိုင်ပါတယ်။ ဒုတိယအကြိမ် ထိုးခြင်းက ပထမ ဆေးအာနိသင်ကို ပျက်ပြယ်စေနိုင်လို့ပါ။

၃။ Gendarussa
Gendarussa ဆိုတာကတော့ vassalgel မသုံးချင်ရင် သုံးနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ gendarussa ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ သန္ဓေတားနည်း တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူသားများဖြင့် စမ်းသပ်ခြင်း အဆင့် ၂ ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။

Gendarussa ဟာ သီးသန့် သေသေချာချာ ဓာတုနည်းပညာတွေနဲ့ ဆေးတောင့်ပုံစံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ gendarussa ဆေးဟာ သုတ်ကောင်ရဲ့ ခေါင်းပိုင်းမှာရှိတဲ့ enzyme (အင်ဇိုင်း) တွေကို ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို ဖျက်ဆီးလိုက်ခြင်းက သုတ်ကောင်တွေကို မိန်းမမျိုးဥထဲ မဖောက်နိုင်တော့အောင် လုပ်ပေးပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ သုတ်ကောင်နဲ့ မမျိုးဥလေးတွေပေါင်းပြီး သန္ဓေအောင်တာကို တားလိုက်တဲ့သဘော ဖြစ်ပါတယ်။

၄။ Clean Sheets Pill (သန္ဓေတားရန် အတွက် ယောကျ်ားလေးများ အသုံးပြုနိုင်သော ဆေးလုံး)
အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ ဆေးပညာ ထောက်ခံချက် ရထားပြီးဖြစ်လို့ ပထမဆုံး ရွေးချယ်သင့်တာတွေ ဖြစ်ပေမယ့် တခြား clean sheets pill လိုမျိုး ရွေးချယ်စရာတွေလည်း ရှိပါတယ်။ clean Sheets pill ဟာ သုတ်ရည်ထွက်ခြင်းကို တားဆီးပေးပြီး လိင်ခံစားမှု အထွတ်အထိပ် ရောက်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Clean sheets pill ဟာ အခု လက်ရှိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ထုတ်လုပ် တီထွင်နေဆဲ ဖြစ်ပါတယ်။ ဇီဝ နည်းပညာတွေနဲ့ ပြုလုပ်တဲ့အတွက် သုတေသနပညာရှင်များ တီထွင်ဆဲဖြစ်ပါတယ်။

ဒီလို သန္ဓေတားနည်း အသစ်တွေသာ အပြီးသတ် လုပ်ဆောင်ပြီး လူတွေအတွက် ဆိုးကျိုးမရှိနိုင်ဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်တယ်ဆိုရင် မိန်းမတွေရော ယောကျ်ားတွေ အတွက်ပါ မလိုချင်ဘဲ ကိုယ်ဝန်ရခြင်း၊ ကလေးရခြင်း ဆိုတဲ့ ကြောက်လန့်မှုတွေကနေ လွတ်မြောက်နိုင်စေမှာ ဖြစ်ပါတယ်။

Credit:Hello Sayar