Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာ့ကြၽန္းသစ္ မူလေဒသပဲခူး႐ိုးမထဲကအေျခအေနပါ။ ေနာက္ႏွစ္ေလာက္ဆို ခိုးစရာ သိပ္မက်န္ေတာ့ပါဘူး။ ဒီႏွစ္ဘဲ ဒီပုံေလးေတြ ျမင္ရေတာ့မွာမလို႔ ေအာင့္အီးသီးခံ ၾကည့္ေပးၾကပါ။

ေနျပည္ေတာ္ ကေန မင္းလွ ကိုေပါက္တဲ့ ပဲခူး႐ိုးမ လမ္းတေလွ်ာက္လုံး ကြၽန္းပင္ေတြ သယ္ေနၾကတယ္။ “လမ္းေၾကာင္း ေလး နဲ႔တဲ့” ၊ ကားေတြနဲ႔ သယ္ၾက၊ ဆိုင္ကယ္လ္နဲ႔ သယ္ၾက ၊ ေပ်ာ္စရာပါလားေနာ္ ၊

Mimi Myint (ေလးစားမႈျဖင့္ ခရက္ဒစ္)

ကြၽန္းပင္ကို ႐ုကၡေဗဒအရ တက္တိုးနာဂရန္ဒစ္ဟု ေခၚသည္။ ကြၽန္းပင္သည္ မိုးေရခ်ိန္ လက္မ ၄၀ မွ ၁၂၀ ရွိေသာ ေဒသမ်ား၌ ျဖစ္ထြန္းသည္။ ေျမအျမင့္ေပ ၃၀၀ ေအာက္တြင္ သန္စြမ္းစြာေပါက္ႏိုင္သည္။ ႐ြက္ေႂကြပင္ႀကီးမ်ိဳးျဖစ္၍ ေပ ၈၀ မွ ေပ ၁၅၀ ထိျမင့္သည္။ ေျဖာင့္တန္းေနေသာ ပင္စည္ေပၚတြင္ ၾကယ္ ပုံသဏၭာန္ အေမြးႏုမ်ား ရွိသည္။ အေပြးအညိဳေရာင္ ရွိ၍ ေခ်ာသကဲ့သို႔ ျဖစ္ေနေသာ္လည္း အမွ်င္လိုက္ အေၾကာင္း ကေလးမ်ား ရွိသည္။ အ႐ြက္ ႐ြက္ဆိုင္ ထြက္သည္။ ႐ြက္ျပားႀကီး၍ ဝိုင္းၿပီး ႐ြက္ထိပ္ခြၽန္သည္ ။ ႐ြက္ရင္းသြယ္သည္။ ႐ြက္ညႇာတိုသည္။ အ႐ြက္ေအာက္မ်က္ႏွာျပင္တြင္ ကတၱီပါအေမြးႏုမ်ား ရွိသည္။

အေပၚမ်က္ႏွာျပင္ ၾကမ္းတမ္းသည္။ ႐ြက္ႏုမ်ား နီညိဳေရာင္ရွိသည္။ ေျခာက္ေသြ႕သည့္ ေဒသမ်ားႏွင့္ မိုးအလြန္မ်ားသည့္ ေနရာမ်ား၌ ကြၽန္းပင္ မေပါက္ေခ်။ ျမန္မာႏိုင္ငံတြင္ ပဲခူး႐ိုးမ တစ္ေလ်ာက္၌ လည္းေကာင္း၊ မုတၱမနယ္ရွိ ေတာင္ကုန္းမ်ား ႏွင့္ ယင္းတို႔၏ေျမာက္ဘက္ ေတာင္ကုန္းဆက္မ်ား၌လည္းေကာင္း၊ ျမစ္ႀကီးနားခ႐ိုင္ႏွင့္ ကာမိုင္းနယ္တို႔၌ လည္းေကာင္း၊ ကြၽန္းပင္မ်ားကို ေတြ႕ရသည္။ ျမန္မာႏိုင္ငံ၌ ကြၽန္းပင္စိုက္ပ်ိဳးျခင္း၊ ကြၽန္းပင္ ခုတ္လဲျခင္းတို႔ကို အစိုးရက စီမံအုပ္ခ်ဳပ္သည္။ ေပ ၃၀၀၀ အထက္မွ အပ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပား ၌ ေပါက္ေရာက္သည္။ သဘာဝေပါက္ပင္ အျဖစ္ ေပါက္ေရာက္ သည္။

ကြၽန္း႐ြက္သည္ ၁ ေပမွ ၃ ေပခန႔္ အထိရွည္၍ မ်က္ႏွာျပင္ ၾကမ္းသည္။ ကြၽန္း႐ြက္ႀကီးမ်ားကို ပစၥည္းထုပ္ရန္ ဖက္အျဖစ္ အသုံးျပဳေလ့ ရွိသည္။ အခ်ိဳ႕ ကြၽန္းေတာႏွင့္နီးေသာ ေက်း႐ြာမ်ားတြင္ ကြၽန္း႐ြက္ကို အတန္းလိုက္သီ၍ အိမ္မိုးၾကသည္။ တစ္ခ်ိဳ႕ကလည္း ကြၽန္း႐ြက္တြင္ အနီေရာင္ေဆးတမ်ိဳး ပါရွိသျဖင့္ ကြၽန္း႐ြက္မ်ားကို ဆိုးေဆးအျဖစ္ အသုံးျပဳၾကသည္။

ကြၽန္းသားသည္ မာ၍ ခိုင္ခံ့သည္။ က်ဳံ႔ျခင္း၊ ႂကြျခင္း မရွိ။ ထိုဂုဏ္သတၱိမ်ားေၾကာင့္ ကမာၻေပၚ၌ ပထမတန္းသစ္အျဖစ္ ထင္ရွားေလသည္။ ကမာၻေက်ာ္သစ္အမ်ားသည္ ကြၽန္းထက္ ၂ ဆမွ် က်ဳံ႔ျခင္း ႂကြျခင္း ရွိ၏။ ခိုင္မာရာ၌လည္း ကြၽန္း၏ ခိုင္မာျခင္း ၄ ပုံ ၃ ပုံမွ်သာ ရွိ၏။ ကြၽန္းသားကို ျခလည္းမစား၊ အက္ဆစ္လည္း မစားေပ။ ကြၽန္းသား ၁ ကုဗေပသည္ ၄၅ ေပါင္ခန႔္ အေလးခ်ိန္စီးသည္။ အသားေသၿပီး ကြၽန္းသားကို ေရထဲခ်လွ်င္ ေပါေလာ ေပၚေလသည္။ ကြၽန္းသားကို အေျခာက္ေပါင္းခံျခင္းျဖင့္ မည္းနက္ေသာ ကတၱရာေစးတမ်ိဳးကို ရႏိုင္သည္။ အိႏၵိယႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ ဤကတၱရာေစးကို ေဆးအျဖစ္ အသုံးျပဳၾကသည္။

အျခားကြၽန္းအသုံးခ်မႈမ်ားမွာ အိမ္ေဆာက္ျခင္း၊ ပရိေဘာဂ ျပဳလုပ္ျခင္း၊ သိပၸံလက္ေတြ႕ စမ္းသပ္ခန္းသုံး ထိုင္ခုံႏွင့္ စားပြဲမ်ား ျပဳလုပ္ျခင္း၊ ဇာတ္ခုံၾကမ္းခင္းမ်ား ျပဳလုပ္ျခင္း စသည္တို႔ ျဖစ္ၾကသည္။ ရာသီဥတုအမ်ိဳးမ်ိဳး၏ ဒဏ္ကို ခံရေသာ သေဘၤာမ်ား တည္ေဆာက္ရာ၌ ကြၽန္းကို ေျမာက္ျမားစြာ အသုံးျပဳရသည္။ ကြင္းေမရီေခၚ ကမာၻေက်ာ္ၿဗိတိသွ် သေဘၤာႀကီး ၌ ကြၽန္းသား တန္ခ်ိန္ ၁၀၀၀ ေက်ာ္ အသုံးျပဳထားသည္။ မီးရထားတြဲမ်ား ေဆာက္လုပ္ရာ၌လည္း ရာသီဥတုဒဏ္ႏွင့္ မီးရထား၏ လႈပ္ရွားမႈဒဏ္ကို ကြၽန္းသားသာလွ်င္ ခံႏိုင္သျဖင့္၊ ယခင္ ကမာၻေပၚရွိ မီးရထားတြဲမ်ားကို ကြၽန္းသားျဖင့္သာ ျပဳလုပ္ထားခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၌ ကြၽန္းသားျဖင့္ ေဆာက္လုပ္ထားေသာ ဘုန္းႀကီးေက်ာင္း၊ ဇရပ္ စသည့္အေဆာက္အအုံအျမားအျပား ရွိသည္။ အေမရိကန္ႏိုင္ငံ ဖို႔ ျပတိုက္ႀကီး၌လည္း ကြၽန္းျဖင့္ ၾကမ္းခင္းထားေသာ အက်ယ္မွာ ၁၈ ဧကခန႔္ ရွိသည္။ ကြၽန္းအစား အျခားသစ္မ်ားကို သုံးရန္ အေနာက္ႏိုင္ငံမ်ား၌လည္း သုေသသနျပဳ၍ သိပၸံနည္းမ်ားျဖင့္ လုပ္ကိုင္ၾကေသာ္ လည္း ယေန႔အထိ ကြၽန္း၏ ဂုဏ္သတၱိမ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္သည့္ သစ္ကို မေတြ႕ရေသးေခ်ဟု ဆိုသည္။

Wikipedia Myanmar (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ဖြင့်ဖတ်ရန်

ကျွန်းသစ်တွေ မခုတ်ရ ဆိုတဲ့ အမိန့်က စာရွက်ပေါ်မှာပဲ ရှိနေတာလား?

မြန်မာ့ကျွန်းသစ် မူလဒေသပဲခူးရိုးမထဲကအခြေအနေပါ။ နောက်နှစ်လောက်ဆို ခိုးစရာ သိပ်မကျန်တော့ပါဘူး။ ဒီနှစ်ဘဲ ဒီပုံလေးတွေ မြင်ရတော့မှာမလို့ အောင့်အီးသီးခံ ကြည့်ပေးကြပါ။

နေပြည်တော် ကနေ မင်းလှ ကိုပေါက်တဲ့ ပဲခူးရိုးမ လမ်းတလျှောက်လုံး ကျွန်းပင်တွေ သယ်နေကြတယ်။ “လမ်းကြောင်း လေး နဲ့တဲ့” ၊ ကားတွေနဲ့ သယ်ကြ၊ ဆိုင်ကယ်လ်နဲ့ သယ်ကြ ၊ ပျော်စရာပါလားနော် ၊

Mimi Myint (လေးစားမှုဖြင့် ခရက်ဒစ်)

ကျွန်းပင်ကို ရုက္ခဗေဒအရ တက်တိုးနာဂရန်ဒစ်ဟု ခေါ်သည်။ ကျွန်းပင်သည် မိုးရေချိန် လက်မ ၄၀ မှ ၁၂၀ ရှိသော ဒေသများ၌ ဖြစ်ထွန်းသည်။ မြေအမြင့်ပေ ၃၀၀ အောက်တွင် သန်စွမ်းစွာပေါက်နိုင်သည်။ ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ မှ ပေ ၁၅၀ ထိမြင့်သည်။ ဖြောင့်တန်းနေသော ပင်စည်ပေါ်တွင် ကြယ် ပုံသဏ္ဌာန် အမွေးနုများ ရှိသည်။ အပွေးအညိုရောင် ရှိ၍ ချောသကဲ့သို့ ဖြစ်နေသော်လည်း အမျှင်လိုက် အကြောင်း ကလေးများ ရှိသည်။ အရွက် ရွက်ဆိုင် ထွက်သည်။ ရွက်ပြားကြီး၍ ဝိုင်းပြီး ရွက်ထိပ်ချွန်သည် ။ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်အောက်မျက်နှာပြင်တွင် ကတ္တီပါအမွေးနုများ ရှိသည်။

အပေါ်မျက်နှာပြင် ကြမ်းတမ်းသည်။ ရွက်နုများ နီညိုရောင်ရှိသည်။ ခြောက်သွေ့သည့် ဒေသများနှင့် မိုးအလွန်များသည့် နေရာများ၌ ကျွန်းပင် မပေါက်ချေ။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ တစ်လျောက်၌ လည်းကောင်း၊ မုတ္တမနယ်ရှိ တောင်ကုန်းများ နှင့် ယင်းတို့၏မြောက်ဘက် တောင်ကုန်းဆက်များ၌လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် ကာမိုင်းနယ်တို့၌ လည်းကောင်း၊ ကျွန်းပင်များကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကျွန်းပင်စိုက်ပျိုးခြင်း၊ ကျွန်းပင် ခုတ်လဲခြင်းတို့ကို အစိုးရက စီမံအုပ်ချုပ်သည်။ ပေ ၃၀၀၀ အထက်မှ အပ မြန်မာနိုင်ငံ နေရာအနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာဝပေါက်ပင် အဖြစ် ပေါက်ရောက် သည်။

ကျွန်းရွက်သည် ၁ ပေမှ ၃ ပေခန့် အထိရှည်၍ မျက်နှာပြင် ကြမ်းသည်။ ကျွန်းရွက်ကြီးများကို ပစ္စည်းထုပ်ရန် ဖက်အဖြစ် အသုံးပြုလေ့ ရှိသည်။ အချို့ ကျွန်းတောနှင့်နီးသော ကျေးရွာများတွင် ကျွန်းရွက်ကို အတန်းလိုက်သီ၍ အိမ်မိုးကြသည်။ တစ်ချို့ကလည်း ကျွန်းရွက်တွင် အနီရောင်ဆေးတမျိုး ပါရှိသဖြင့် ကျွန်းရွက်များကို ဆိုးဆေးအဖြစ် အသုံးပြုကြသည်။

ကျွန်းသားသည် မာ၍ ခိုင်ခံ့သည်။ ကျုံ့ခြင်း၊ ကြွခြင်း မရှိ။ ထိုဂုဏ်သတ္တိများကြောင့် ကမ္ဘာပေါ်၌ ပထမတန်းသစ်အဖြစ် ထင်ရှားလေသည်။ ကမ္ဘာကျော်သစ်အများသည် ကျွန်းထက် ၂ ဆမျှ ကျုံ့ခြင်း ကြွခြင်း ရှိ၏။ ခိုင်မာရာ၌လည်း ကျွန်း၏ ခိုင်မာခြင်း ၄ ပုံ ၃ ပုံမျှသာ ရှိ၏။ ကျွန်းသားကို ခြလည်းမစား၊ အက်ဆစ်လည်း မစားပေ။ ကျွန်းသား ၁ ကုဗပေသည် ၄၅ ပေါင်ခန့် အလေးချိန်စီးသည်။ အသားသေပြီး ကျွန်းသားကို ရေထဲချလျှင် ပေါလော ပေါ်လေသည်။ ကျွန်းသားကို အခြောက်ပေါင်းခံခြင်းဖြင့် မည်းနက်သော ကတ္တရာစေးတမျိုးကို ရနိုင်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ဤကတ္တရာစေးကို ဆေးအဖြစ် အသုံးပြုကြသည်။

အခြားကျွန်းအသုံးချမှုများမှာ အိမ်ဆောက်ခြင်း၊ ပရိဘောဂ ပြုလုပ်ခြင်း၊ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းသုံး ထိုင်ခုံနှင့် စားပွဲများ ပြုလုပ်ခြင်း၊ ဇာတ်ခုံကြမ်းခင်းများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်ကြသည်။ ရာသီဥတုအမျိုးမျိုး၏ ဒဏ်ကို ခံရသော သင်္ဘောများ တည်ဆောက်ရာ၌ ကျွန်းကို မြောက်မြားစွာ အသုံးပြုရသည်။ ကွင်းမေရီခေါ် ကမ္ဘာကျော်ဗြိတိသျှ သင်္ဘောကြီး ၌ ကျွန်းသား တန်ချိန် ၁၀၀၀ ကျော် အသုံးပြုထားသည်။ မီးရထားတွဲများ ဆောက်လုပ်ရာ၌လည်း ရာသီဥတုဒဏ်နှင့် မီးရထား၏ လှုပ်ရှားမှုဒဏ်ကို ကျွန်းသားသာလျှင် ခံနိုင်သဖြင့်၊ ယခင် ကမ္ဘာပေါ်ရှိ မီးရထားတွဲများကို ကျွန်းသားဖြင့်သာ ပြုလုပ်ထားခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ကျွန်းသားဖြင့် ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်း၊ ဇရပ် စသည့်အဆောက်အအုံအမြားအပြား ရှိသည်။ အမေရိကန်နိုင်ငံ ဖို့ ပြတိုက်ကြီး၌လည်း ကျွန်းဖြင့် ကြမ်းခင်းထားသော အကျယ်မှာ ၁၈ ဧကခန့် ရှိသည်။ ကျွန်းအစား အခြားသစ်များကို သုံးရန် အနောက်နိုင်ငံများ၌လည်း သုသေသနပြု၍ သိပ္ပံနည်းများဖြင့် လုပ်ကိုင်ကြသော် လည်း ယနေ့အထိ ကျွန်း၏ ဂုဏ်သတ္တိများနှင့် ယှဉ်ပြိုင်နိုင်သည့် သစ်ကို မတွေ့ရသေးချေဟု ဆိုသည်။

Wikipedia Myanmar (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY