Zawgyi ျဖင့္ဖတ္ရန္

အသည္းကြဲတဲ့ ေကာင္ေလးတစ္ေယာက္ကို ကုစားေပးၿပီး ခ်စ္သူအျဖစ္ လက္တြဲခဲ့သူကေတာ့ ဧၿငိမ္းျဖဴ ျဖစ္ပါတယ္။ ရင္ထဲက ခံစားခ်က္ကို မေဖာ္ျပတတ္တဲ့ ရဲရင့္ေအာင္ကို သည္းခံၿပီး ခ်စ္ေပးသလို လိုက္ဖက္တဲ့ စုံတြဲေလးလည္း ျဖစ္လို႔ ေနပါတယ္။ အႏုပညာအလုပ္ေတြမွာ တက္ညီလက္ညီ ရွိသလို ဘုရားသြားေက်ာင္းတက္လည္း တတြဲတြဲ ျဖစ္ပါတယ္။ ေမြးေန႔တိုင္းမွာ ဧၿငိမ္းျဖဴက ရဲရင့္ေအာင္အတြက္ surprise ဖန္တီးေပးေလ့ရွိပုံကိုေတာ့ ခုလိုမ်ိဳးေလး ၾကားသိရပါတယ္။

“ကြၽန္ေတာ္နဲ႔သူနဲ႔ ေမြးေန႔မွာ ရန္ျဖစ္တယ္။ သူက တမင္ရန္ျဖစ္ေအာင္ လုပ္ၿပီး ကြၽန္ေတာ့္ အခန္းထဲမွာ လက္ေဆာင္ေတြ ထားထားတာ။ ကြၽန္ေတာ္က ေဒါသေတြ အႀကီးအက်ယ္ျဖစ္ၿပီး ေရေရလည္လည္ ေပါက္ကြဲၿပီးမွ အိမ္ျပန္လာတာ။ အိမ္ျပန္လာေတာ့ သူေပးတာေတြ ေတြ႕ၿပီး ကြၽန္ေတာ္ ဘာစကားမွ ေျပာစရာ မရွိဘူး။” ဆိုၿပီး ရဲရင့္ေအာင္က ေျပာျပပါတယ္။

ဒီႏွစ္ေမြးေန႔အတြက္ surprise ကိုေတာ့ ရဲရင့္ေအာင္က ခုလိုမ်ိဳး ေျပာသြားပါတယ္။

“လက္ေဆာင္လိုခ်င္တယ္လို႔ ကြၽန္ေတာ္က ေျပာလိုက္မယ္ဆိုရင္ surprise မျဖစ္ေတာ့ဘူးေလ။ ဒါက မမိုက္ဘူး။ သူ႔ဆီက လက္ေဆာင္ရတဲ့အခ်ိန္မွာ ေပ်ာ္ပါတယ္။ သူက အဲ့လိုလိုက္လုပ္ေပးေနၿပီး ကြၽန္ေတာ္က ေတာင့္ေတာင့္ႀကီးပဲ ေနလို႔ မရဘူးဆိုတဲ့ စိတ္ကို ျပန္ျပန္သြင္းရပါတယ္။ တစ္ခါတစ္ေလက်ရင္ ကြၽန္ေတာ့္ရဲ႕ အခ်စ္က တစ္မ်ိဳးေလ။ အဲ့ဒါကိုေတာ့ ကြၽန္ေတာ္ ႀကိဳးစားရပါတယ္။” လို႔ ဆိုပါတယ္။

ဧၿငိမ္းျဖဴေလာက္ မခ်စ္ျပတတ္တဲ့အေပၚ ရဲရင့္ေအာင္က ခုလိုမ်ိဳး ထင္ျမင္ခ်က္ ေပးသြားပါတယ္။

“ကြၽန္ေတာ္ျဖတ္သန္းရတဲ့ပုံစံ ကြၽန္ေတာ္ေနခ်င္တဲ့ ပုံစံကိုက ဒဲ့ပဲ။ လုပ္စရာ ရွိတာလုပ္ေပးလိုက္တယ္။ ဒီေလာက္ပဲ။ အဲ့လို မေျပာတတ္ဘူး။ သူလည္း ေတာ္ေတာ္ က်င့္သားရေနၿပီ ထင္ပါတယ္။ ကြၽန္ေတာ္ အတင္းႀကီး လုပ္ယူတာမ်ိဳး မျဖစ္ေအာင္ ရင္ထဲက လာတဲ့အရာကိုပဲ အရွိကို အရွိအတိုင္း ကြၽန္ေတာ္ လုပ္ေပးျဖစ္တယ္ေပါ့ေနာ္။” ဆိုၿပီး ေျဖၾကားသြားပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ချစ်သူဧငြိမ်းဖြူရဲ့ မမေ့နိုင်စရာ စပရိုက်အကြောင်း ပြောပြလာတဲ့ ရဲရင့်အောင်

အသည်းကွဲတဲ့ ကောင်လေးတစ်ယောက်ကို ကုစားပေးပြီး ချစ်သူအဖြစ် လက်တွဲခဲ့သူကတော့ ဧငြိမ်းဖြူ ဖြစ်ပါတယ်။ ရင်ထဲက ခံစားချက်ကို မဖော်ပြတတ်တဲ့ ရဲရင့်အောင်ကို သည်းခံပြီး ချစ်ပေးသလို လိုက်ဖက်တဲ့ စုံတွဲလေးလည်း ဖြစ်လို့ နေပါတယ်။ အနုပညာအလုပ်တွေမှာ တက်ညီလက်ညီ ရှိသလို ဘုရားသွားကျောင်းတက်လည်း တတွဲတွဲ ဖြစ်ပါတယ်။ မွေးနေ့တိုင်းမှာ ဧငြိမ်းဖြူက ရဲရင့်အောင်အတွက် surprise ဖန်တီးပေးလေ့ရှိပုံကိုတော့ ခုလိုမျိုးလေး ကြားသိရပါတယ်။

“ကျွန်တော်နဲ့သူနဲ့ မွေးနေ့မှာ ရန်ဖြစ်တယ်။ သူက တမင်ရန်ဖြစ်အောင် လုပ်ပြီး ကျွန်တော့် အခန်းထဲမှာ လက်ဆောင်တွေ ထားထားတာ။ ကျွန်တော်က ဒေါသတွေ အကြီးအကျယ်ဖြစ်ပြီး ရေရေလည်လည် ပေါက်ကွဲပြီးမှ အိမ်ပြန်လာတာ။ အိမ်ပြန်လာတော့ သူပေးတာတွေ တွေ့ပြီး ကျွန်တော် ဘာစကားမှ ပြောစရာ မရှိဘူး။” ဆိုပြီး ရဲရင့်အောင်က ပြောပြပါတယ်။

ဒီနှစ်မွေးနေ့အတွက် surprise ကိုတော့ ရဲရင့်အောင်က ခုလိုမျိုး ပြောသွားပါတယ်။

“လက်ဆောင်လိုချင်တယ်လို့ ကျွန်တော်က ပြောလိုက်မယ်ဆိုရင် surprise မဖြစ်တော့ဘူးလေ။ ဒါက မမိုက်ဘူး။ သူ့ဆီက လက်ဆောင်ရတဲ့အချိန်မှာ ပျော်ပါတယ်။ သူက အဲ့လိုလိုက်လုပ်ပေးနေပြီး ကျွန်တော်က တောင့်တောင့်ကြီးပဲ နေလို့ မရဘူးဆိုတဲ့ စိတ်ကို ပြန်ပြန်သွင်းရပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော့်ရဲ့ အချစ်က တစ်မျိုးလေ။ အဲ့ဒါကိုတော့ ကျွန်တော် ကြိုးစားရပါတယ်။” လို့ ဆိုပါတယ်။

ဧငြိမ်းဖြူလောက် မချစ်ပြတတ်တဲ့အပေါ် ရဲရင့်အောင်က ခုလိုမျိုး ထင်မြင်ချက် ပေးသွားပါတယ်။

“ကျွန်တော်ဖြတ်သန်းရတဲ့ပုံစံ ကျွန်တော်နေချင်တဲ့ ပုံစံကိုက ဒဲ့ပဲ။ လုပ်စရာ ရှိတာလုပ်ပေးလိုက်တယ်။ ဒီလောက်ပဲ။ အဲ့လို မပြောတတ်ဘူး။ သူလည်း တော်တော် ကျင့်သားရနေပြီ ထင်ပါတယ်။ ကျွန်တော် အတင်းကြီး လုပ်ယူတာမျိုး မဖြစ်အောင် ရင်ထဲက လာတဲ့အရာကိုပဲ အရှိကို အရှိအတိုင်း ကျွန်တော် လုပ်ပေးဖြစ်တယ်ပေါ့နော်။” ဆိုပြီး ဖြေကြားသွားပါတယ်။

Credit : Nanmalgyi

LEAVE A REPLY