Zawgyi ဖြင့်ဖတ်ရန်
6.သင့်ချစ်သူ အမျိုးသားက သင့်ထက် မိန်းကလေးအသ်မိတ်ဆွေများလာပြီဆိုရင် သင့်ချစ်သူ အမျိုးသမီးက သင့်ထက် ယောက်ျားလေးမိတ်ဆွေများလာပြီဆိုရင်လဲ ဒါဟာ သူ ခြေလှမ်းပြင်နေခြင်းဖြစ်ပါတယ်။
share from : xyz
Unicode ဖြင့်ဖတ်ရန်
သင့်ချစ်သူက ဖောက်ပြန်တော့မယ်ဆိုတာ အတိအကျပြောပြနေတဲ့ အချက်တွေ
ဒီခေတ်မှာ Relationship တခု တည်ဆောက်ဖို့ လွယ်ပြီး ခိုင်မြဲဖို့တော့ ခက်ခဲလာပါတယ်။အနည်းဆုံးတော့ အပြန်အလှန် စောင့်ကြည့်ပြီး သဝန်တိုတာ ချစ်သူကြားက ရိုးရာပါ။ဒီလို စောင့်ကြည့်နေချိန်နေမှာ သင့်ရဲ့ ချစ်သူက ဒါတွေကို လုပ်နေတယ်ဆိုရင်တော့ သူဟာ ဖောက်ပြန်ဖို့ 90% သေချာနေပါပြီ။10 %ကတော့ တဖက်က ြင်းလွှတ်လိုက်မှ မဖောက်ပြန်ဖြစ်တော့မယ့် အနေအထားဖြစ်ပါတယ်။
1.သင်နဲ့ ချိန်းထားတဲ့နေ့မှ ဒါမှမဟုတ်သင်နဲ့ တွေ့နေစဉ်မှာ ရုတ်တရက် ဖုန်းဝင်လာပြိး အရေးပေါ်ကိစ္စ ချက်ချင်းပေါ်လာတာမျိုး သုံးခါလောက်လုပ်လာပြီဆိုရင် သူ့မှာ သင့်ထက်အချိန်ပေးစရာတခုရှိနေပါပြီ။
2.သင့်ချစ်သူရဲ့ ဖုန်းမှာ Password တွေ အထပ်ထပ် ခတ်ထားတာ သင်မမြင်စေချင်လို့ စာတွေနဲ့ Call Log တွေကို ဖျက်တာ သော့ခတ်တာလုပ်ရင်လဲ သူ့မှာ ပြောစရာလူရှိနေပါပြီ။
3.တခါတလေမှာတော့ ဒီဗျူဟာကို ဖောက်ပြန်မယ့်သူတော်တော်များများ သုံးတတ်ပါတယ်။မူရင်းနာမည်နဲ့ ဖုန်းမှာမမှတ်ပဲ သင်သတိမထားမိလောက်တဲ့ နာမည်အတုနဲ့ ဆွေမျိုးတယောက်လို မှတ်ထားတာမျိုးပေါ့။
4.သင့်ကို ထားပြီး တနေရာထွက် ဖုန်းပြော သုံးကြိမ်လောက်ဆိုရင် သူရှင်းပြတာကို စဉ်းစားပြီးမှ ယုံပါ။
5.ဖုန်းတလုံးနဲ့ တနေကုန်အချိန်ကုန်နေတာမျိုးဆို စောင့်ကြည့်သင့်ပါတယ်။သင် ရှိရှိ မရှိရှိ လိုင်းပေါ်ရှိနေတာရယ် သင်က စကားပြောရင်တောင် စာဖွင့်ဖတ်ဖို့ မအားတာရယ်မျိုးပေါ့။
6.သင့်ချစ်သူ အမျိုးသားက သင့်ထက် မိန်းကလေးအသ်မိတ်ဆွေများလာပြီဆိုရင် သင့်ချစ်သူ အမျိုးသမီးက သင့်ထက် ယောကျ်ားလေးမိတ်ဆွေများလာပြီဆိုရင်လဲ ဒါဟာ သူ ခြေလှမ်းပြင်နေခြင်းဖြစ်ပါတယ်။
7.သင့်ချစ်သူဟာ သူ့ဖုန်းကို အထိမခံနိုင်ဖြစ်ပြီး သင့်ကို ပေးမကိုင်တာ သင်မမြင်အောင် အမြဲလိုဝှက်ထားတာဆိုရင် သင့်ကို ဖောက်ပြန်ဖို့ အကြောင်းရှိနေတာပဲဖြစ်ပါတယ်။
8.ဒါကတော့ ဖောက်ပြန်သူတွေရဲ့ လက်သုံးစကားပါ။တစုံတယောက်နဲ့ တွေ့နေချိန်မှာ ဖုန်းကိုပိတ်ထားပြီး သင်နဲ့ တွေ့တဲံအခါ ဖုန်းအားကုန်တာလို့ ခဏ ခဏ ညာလာတာမျိုး။
9.များသောအားဖြင့်တော့ ဖောက်ပြန်မှုဆိုတာ သင်နဲ့ပတ်သက်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဖြစ်တတ်ပြီး စံပယ်ရဲ့ သူငယ်ချင်းတွေမို့ဆိုတဲံ သီချင်းလေးလိုပါပဲ၊သူတို့ချင်း အရမ်းရင်းနှီးလာတဲ့အခါ သတိထားပါ။
10.social media ပေါ်မှာ သူတို့ဟာ ဆက်စီကျတဲ့သူတွေကို ရွေးပြီး အပ်နေရင် အဲလိုလူမျိုးလာအပ်ရင် မဆိုင်းမတွလက်ခံရင် သူတို့ပုံကို မလွတ်တမ်း Liker ပေးတာ မန့်မှာ ဂရုစိုက်တဲ့ ပုံစံမန့်လာပြီဆို သူဟာ ခုန်စရာ ခြံရှာနေတာဖြစ်ပါတယ်။
share from : xyz
LEAVE A REPLY