Zawgyi ျဖင့္ဖတ္ရန္

တစ္ခ်ိန္တုန္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့ၿပီး အခ်စ္ အလြမ္း ဟာသ ေပါင္းစုံရဲ႕ခဲ့တဲ့ ႏိုင္ငံေက်ာ္အကယ္ဒမီ မင္းသား”လြင္မိုးကေတာ့ Facebook လူမႈကြန္ရက္ စာမ်က္ႏွာ တစ္ခြန္းေျပာမယ္ဆိုတဲ့ Status ေတြကို တင္ေလ့ရွိပါတယ္ ေနာက္ဆုံးတင္ထားခဲ့တဲ့ “”တခြန္းတည္းေျပာမယ္”ညစ္ညမ္း႐ုပ္ပုံဇတ္လမ္းေတြအလြယ္တကူၾကည့္ရႈခြင့္အျမန္ဆုံးပိတ္ပင္ေပးပါ”Status နဲ႔ ပတ္သက္ၿပီး ညစ္ညမ္းကားေတြကို အလြယ္ကူၾကည့္လို႔မရေအာင္ ပိတ္ဖို႔ကို Cele 7 ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

လြင္မိုးက “ကြၽန္ေတာ့္မွာက တစ္ခြန္းတည္းေျပာမယ္ဆိုတာေလးရွိတယ္။ ဒါေလးကလည္း ဘာလဲဆိုေတာ့ ျဖစ္ပ်က္ေနတဲ့အခ်ိန္ေလးမွာ နည္းနည္း suggestion ေပးတာတို႔ ကိုယ့္စိတ္ထဲမွာ ခံစားေနရတာ အႏုပညာရွင္ေတြက်ေတာ့ ပရိသတ္နဲ႔ ထိေတြ႕မႈေတြကမ်ားေတာ့ ကြၽန္ေတာ္တို႔ ေျပာတဲ့စကားေတြက ထိေရာက္တယ္။

 

 

ထိေရာက္တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ကလည္း အဲ့မွာ အသုံးတည့္မယ့္စကားေလးေတြကို ကြၽန္ေတာ္ေျပာေပးရတာေပါ့။ ဥပမာေပါ့ ညစ္ညမ္းကားေတြကို အလြယ္တကူၾကည့္ရွဴခြင့္ေနရတာကိုဆိုရင္ ကြၽန္ေတာ္က တစ္ခြန္းတည္းေျပာမယ္ ဒါေတြ ပိတ္ပင္ေပးဖို႔ ေတာင္းဆိုတာပါ ဒါေလးေတြက ဘယ္လိုလုပ္ရလဲဆိုတာ အတိအက်ေတာ့မသိဘူး။ သို႔ေသာ္လည္း အင္တာနက္ေတြ Facebook ေတြကေန အလြယ္တကူ ၾကည့္ရွဴလို႔ရေနတာေတြကိုေတာ့ ပိတ္ေပးေစခ်င္ပါတယ္။

ဒါေတြက မလိုလားအပ္ဘဲနဲ႔ Rape Case ေတြ ျဖစ္ေနတာေလ။ ကိုယ္ကေတာ့ ဒါကိုျမင္တယ္ေလ အဲ့လို Rape Case ေတြ ျဖစ္တယ္ အေဖနဲ႔သမီးနဲ႔ေတာင္ ျဖစ္ၾကတယ္ အစ္ကိုနဲ႔ညီမနဲ႔ေတာင္ ျဖစ္ၾကတယ္ဆိုေတာ့ မေကာင္းေတာ့ဘူး မေကာင္းတဲ့ဘက္ထဲမွာ ဘာလို႔ၾကည့္လဲ ျဖစ္ႏိုင္မယ္ထင္တဲ့ ရွဴေထာင့္တစ္ခုကေနၿပီးေတာ့ ျမင္တဲ့အတြက္ ဒါကို Status တင္လိုက္တာပါ။ အမွန္ေတာ့ ဥပေဒကလည္း လိုအပ္ပါတယ္ ျပင္းထန္တဲ့ ဥပေဒလိုအပ္ပါတယ္ သူက လုပ္ၿပီးသြားတဲ့သူက လြယ္လြယ္ကူကူနဲ႔ ၿပီးသြားမယ္ဆိုရင္ ေနာက္တစ္ခါက်ဴးလြန္ဖို႔အတြက္ အလြယ္ေလးျဖစ္ေနမွာေပါ့။ အတင္းအက်ပ္တားထားတာကို သိေနတယ္ဆိုရင္ေတာ့ ဒါကို က်ဴးလြန္ဖို႔ခက္ခဲသြားမွာေပါ့ ဥပေဒကေတာ့ တင္းၾကပ္ဖို႔လိုပါတယ္ တင္းတင္းၾကပ္ၾကပ္လုပ္ေပးဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔က Knowledge ရွိေအာင္လုပ္ရမယ္ ပညာတတ္ေအာင္ ဆင္းရဲမြဲေတမႈပေပ်ာက္ေအာင္ လုပ္ရမယ္။”လို႔ ေျပာသြားခဲ့ပါတယ္။

Credit : nanmalgyi

Unicode ဖြင့်ဖတ်ရန်

ညစ်ညမ်းကားတွေအလွယ်တကူကြည့်လို့မရအောင် ပိတ်ပင်ဖို့တောင်းဆိုလာတဲ့ လွင်မိုး

တစ်ချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့ပြီး အချစ် အလွမ်း ဟာသ ပေါင်းစုံရဲ့ခဲ့တဲ့ နိုင်ငံကျော်အကယ်ဒမီ မင်းသား”လွင်မိုးကတော့ Facebook လူမှုကွန်ရက် စာမျက်နှာ တစ်ခွန်းပြောမယ်ဆိုတဲ့ Status တွေကို တင်လေ့ရှိပါတယ် နောက်ဆုံးတင်ထားခဲ့တဲ့ “”တခွန်းတည်းပြောမယ်”ညစ်ညမ်းရုပ်ပုံဇတ်လမ်းတွေအလွယ်တကူကြည့်ရှုခွင့်အမြန်ဆုံးပိတ်ပင်ပေးပါ”Status နဲ့ ပတ်သက်ပြီး ညစ်ညမ်းကားတွေကို အလွယ်ကူကြည့်လို့မရအောင် ပိတ်ဖို့ကို Cele 7 ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

လွင်မိုးက “ကျွန်တော့်မှာက တစ်ခွန်းတည်းပြောမယ်ဆိုတာလေးရှိတယ်။ ဒါလေးကလည်း ဘာလဲဆိုတော့ ဖြစ်ပျက်နေတဲ့အချိန်လေးမှာ နည်းနည်း suggestion ပေးတာတို့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာ အနုပညာရှင်တွေကျတော့ ပရိသတ်နဲ့ ထိတွေ့မှုတွေကများတော့ ကျွန်တော်တို့ ပြောတဲ့စကားတွေက ထိရောက်တယ်။

ထိရောက်တဲ့အခါကျတော့ ကျွန်တော်တို့ကလည်း အဲ့မှာ အသုံးတည့်မယ့်စကားလေးတွေကို ကျွန်တော်ပြောပေးရတာပေါ့။ ဥပမာပေါ့ ညစ်ညမ်းကားတွေကို အလွယ်တကူကြည့်ရှူခွင့်နေရတာကိုဆိုရင် ကျွန်တော်က တစ်ခွန်းတည်းပြောမယ် ဒါတွေ ပိတ်ပင်ပေးဖို့ တောင်းဆိုတာပါ ဒါလေးတွေက ဘယ်လိုလုပ်ရလဲဆိုတာ အတိအကျတော့မသိဘူး။ သို့သော်လည်း အင်တာနက်တွေ Facebook တွေကနေ အလွယ်တကူ ကြည့်ရှူလို့ရနေတာတွေကိုတော့ ပိတ်ပေးစေချင်ပါတယ်။

ဒါတွေက မလိုလားအပ်ဘဲနဲ့ Rape Case တွေ ဖြစ်နေတာလေ။ ကိုယ်ကတော့ ဒါကိုမြင်တယ်လေ အဲ့လို Rape Case တွေ ဖြစ်တယ် အဖေနဲ့သမီးနဲ့တောင် ဖြစ်ကြတယ် အစ်ကိုနဲ့ညီမနဲ့တောင် ဖြစ်ကြတယ်ဆိုတော့ မကောင်းတော့ဘူး မကောင်းတဲ့ဘက်ထဲမှာ ဘာလို့ကြည့်လဲ ဖြစ်နိုင်မယ်ထင်တဲ့ ရှူထောင့်တစ်ခုကနေပြီးတော့ မြင်တဲ့အတွက် ဒါကို Status တင်လိုက်တာပါ။ အမှန်တော့ ဥပဒေကလည်း လိုအပ်ပါတယ် ပြင်းထန်တဲ့ ဥပဒေလိုအပ်ပါတယ် သူက လုပ်ပြီးသွားတဲ့သူက လွယ်လွယ်ကူကူနဲ့ ပြီးသွားမယ်ဆိုရင် နောက်တစ်ခါကျူးလွန်ဖို့အတွက် အလွယ်လေးဖြစ်နေမှာပေါ့။ အတင်းအကျပ်တားထားတာကို သိနေတယ်ဆိုရင်တော့ ဒါကို ကျူးလွန်ဖို့ခက်ခဲသွားမှာပေါ့ ဥပဒေကတော့ တင်းကြပ်ဖို့လိုပါတယ် တင်းတင်းကြပ်ကြပ်လုပ်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့က Knowledge ရှိအောင်လုပ်ရမယ် ပညာတတ်အောင် ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်ရမယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit : nanmalgyi

LEAVE A REPLY