Zawgyi ျဖင့္ဖတ္ရန္

ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္႐ိုက္အားကစားမယ္ မသက္ထားသူဇာဟာ လာမယ့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခြင့္ရဖို႔ ၈၀ ရာခိုင္ႏႈန္းအထိ အခြင့္အေရးရွိေနၿပီျဖစ္ တယ္လို႔ ျမန္မာႏိုင္ငံ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ တြဲဖက္အတြင္းေရးမႉး ဦးဘရန္မိုင္ က ေျပာပါတယ္။အိုလံပစ္ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခြင့္ရဖို႔အတြက္ ကမာၻ႔အဆင့္သတ္မွတ္နဲ႔ ဝင္ခြင့္ရႏိုင္သလို ႏိုင္ငံတႏိုင္ငံအတြက္ ဝင္ၿပိဳင္ခြင့္ျပဳထားတဲ့ သတ္မွတ္ခ်က္ လမ္းေၾကာင္းေတြကေန ဝင္ၿပိဳင္ခြင့္ ရႏိုင္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္ တြဲဖက္ အေထြေထြအတြင္းေရးမႉး ဦးဘရန္မိုင္က “သက္ထားသူဇာက လက္ရွိကမာၻ႔အဆင့္ ၈၄ မွာ ရပ္တည္ေနတယ္။ ၂၀၂၀ ဧၿပီလအထိ ၿပိဳင္ပြဲ ၈ ပြဲေလာက္ ဝင္ၿပိဳင္ဖို႔ရွိေသးတဲ့အတြက္ ကမာၻ႔အဆင့္က ျမင့္တက္လာဦးမွာပါ။ အိုလံပစ္ၿပိဳင္ပြဲ ဝင္ခြင့္ရဖို႔ အဆင့္၄၀ ေအာက္မွာရွိဖို႔လိုတာေၾကာင့္ သူသာၿပိဳင္ပြဲေတြမွာ ေအာင္ျမင္ခဲ့ရင္ ေသခ်ာ ေပါက္ အဆင့္ျမင့္တက္လာမွာပါ။”လို႔ေျပာပါတယ္။

ဒါ့အျပင္ မသက္ထားသူဇာကို အိုလံပစ္ပြဲမွာ ဝင္ၿပိဳင္ခြင့္ျပဳဖို႔ အတြက္ ျမန္မာႏိုင္ငံ အိုလံပစ္ေကာ္မတီကေနတဆင့္ ေလွ်ာက္ထားဖို႔ ႀကိဳးစားႏိုင္တယ္လို႔လည္း ဦးဘရန္မိုင္ ကေျပာပါတယ္။

“ေနာက္တနည္းကေတာ့ က်ေနာ္တို႔အဖြဲ႕ခ်ဳပ္ကေနတဆင့္ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ကို ဝင္ၿပိဳင္ခြင့္ေတာင္းခံတာပါ။ အိုလံပစ္ၿပိဳင္ပြဲကို ႏိုင္ငံတႏိုင္ငံက ကစားသမား ၄ ဦးကေန ၆ဦးအထိ ယွဥ္ၿပိဳင္ခြင့္ျပဳပါတယ္။ သူက ၿပိဳင္ပြဲေတြ ေတာက္ေလွ်ာက္ ယွဥ္ၿပိဳင္လာတာျဖစ္လို႔ အာရွၾကက္ေတာင္အဖြဲ႕ခ်ဳပ္ရဲ႕ ခ်ီးက်ဴးမႈလည္း ခံရပါတယ္။ က်ေနာ္တို႔ ႏိုင္ငံက အိုလံပစ္ေကာ္မတီကေနတဆင့္ သက္ထားသူဇာကို အိုလံပစ္ပြဲမွာ ဝင္ၿပိဳင္ခြင့္ျပဳဖို႔ အတြက္ ေလွ်ာက္ထားမယ္ဆိုရင္ ဟိုဘက္ကသူ႔ရဲ႕ ၿပိဳင္ပြဲအေျခအေနကို စစ္ေဆးၿပီး ဝင္ၿပိဳင္ခြင့္ ေပးလို႔ရပါတယ္။ သက္ထားသူဇာ က အာရွအိုလံပစ္အစီအစဥ္က ေ႐ြးခ်ယ္ထားတဲ့ ကစားသမား တဦးျဖစ္တဲ့အတြက္ ယွဥ္ၿပိဳင္ခြင့္ရဖို႔က ၈၀ ရာခိုင္ႏႈန္းေလာက္ရွိပါတယ္။ အခု ဒိန္းမတ္မွာဆက္ၿပီး ေလ့က်င့္ေနတယ္ဆိုတာကလည္း အာရွတိုက္ကေန အေယာက္ ၂၀ ပဲေ႐ြးတဲ့ အာရွအိုလံပစ္ အစီအစဥ္ရဲ႕ အေထာက္အပံ့နဲ႔ျဖစ္ပါတယ္”

မသက္ထားသူဇာဟာ လက္ရွိအခ်ိန္မွာ ဒိန္းမတ္ႏိုင္ငံမွာ ေလ့က်င့္ေနၿပီး ႏိုင္ဂ်ီးရီးယာ၊ အီဂ်စ္နဲ႔ တျခားႏိုင္ငံကတာၿပိဳင္ပြဲေတြကို ဆက္ၿပီး ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ကမာၻ႔အဆင့္ ၿပိဳင္ပြဲေတြအျဖစ္ သတ္မွတ္ထားတဲ့ ၾကက္ေတာင္ ခ်ဲလင့္ၿပိဳင္ပြဲနဲ႔ စီးရီးၿပိဳင္ပြဲေတြမွာ အႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့မယ္ဆိုရင္ ရမွတ္ ၂၅၀၀ ခန႔္ ရရွိႏိုင္တယ္လို႔ သိရပါတယ္။

Credit to DVB

Unicode ဖြင့်ဖတ်ရန်

မသက်ထားသူဇာ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် အခွင့်အရေးရှိနေ

မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက်အားကစားမယ် မသက်ထားသူဇာဟာ လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ၈၀ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေပြီဖြစ် တယ်လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဘရန်မိုင် က ပြောပါတယ်။အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်နဲ့ ဝင်ခွင့်ရနိုင်သလို နိုင်ငံတနိုင်ငံအတွက် ဝင်ပြိုင်ခွင့်ပြုထားတဲ့ သတ်မှတ်ချက် လမ်းကြောင်းတွေကနေ ဝင်ပြိုင်ခွင့် ရနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘရန်မိုင်က “သက်ထားသူဇာက လက်ရှိကမ္ဘာ့အဆင့် ၈၄ မှာ ရပ်တည်နေတယ်။ ၂၀၂၀ ဧပြီလအထိ ပြိုင်ပွဲ ၈ ပွဲလောက် ဝင်ပြိုင်ဖို့ရှိသေးတဲ့အတွက် ကမ္ဘာ့အဆင့်က မြင့်တက်လာဦးမှာပါ။ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ အဆင့်၄၀ အောက်မှာရှိဖို့လိုတာကြောင့် သူသာပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့ရင် သေချာ ပေါက် အဆင့်မြင့်တက်လာမှာပါ။”လို့ပြောပါတယ်။

ဒါ့အပြင် မသက်ထားသူဇာကို အိုလံပစ်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုဖို့ အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကနေတဆင့် လျှောက်ထားဖို့ ကြိုးစားနိုင်တယ်လို့လည်း ဦးဘရန်မိုင် ကပြောပါတယ်။

“နောက်တနည်းကတော့ ကျနော်တို့အဖွဲ့ချုပ်ကနေတဆင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကို ဝင်ပြိုင်ခွင့်တောင်းခံတာပါ။ အိုလံပစ်ပြိုင်ပွဲကို နိုင်ငံတနိုင်ငံက ကစားသမား ၄ ဦးကနေ ၆ဦးအထိ ယှဉ်ပြိုင်ခွင့်ပြုပါတယ်။ သူက ပြိုင်ပွဲတွေ တောက်လျှောက် ယှဉ်ပြိုင်လာတာဖြစ်လို့ အာရှကြက်တောင်အဖွဲ့ချုပ်ရဲ့ ချီးကျူးမှုလည်း ခံရပါတယ်။ ကျနော်တို့ နိုင်ငံက အိုလံပစ်ကော်မတီကနေတဆင့် သက်ထားသူဇာကို အိုလံပစ်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုဖို့ အတွက် လျှောက်ထားမယ်ဆိုရင် ဟိုဘက်ကသူ့ရဲ့ ပြိုင်ပွဲအခြေအနေကို စစ်ဆေးပြီး ဝင်ပြိုင်ခွင့် ပေးလို့ရပါတယ်။ သက်ထားသူဇာ က အာရှအိုလံပစ်အစီအစဉ်က ရွေးချယ်ထားတဲ့ ကစားသမား တဦးဖြစ်တဲ့အတွက် ယှဉ်ပြိုင်ခွင့်ရဖို့က ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အခု ဒိန်းမတ်မှာဆက်ပြီး လေ့ကျင့်နေတယ်ဆိုတာကလည်း အာရှတိုက်ကနေ အယောက် ၂၀ ပဲရွေးတဲ့ အာရှအိုလံပစ် အစီအစဉ်ရဲ့ အထောက်အပံ့နဲ့ဖြစ်ပါတယ်”

မသက်ထားသူဇာဟာ လက်ရှိအချိန်မှာ ဒိန်းမတ်နိုင်ငံမှာ လေ့ကျင့်နေပြီး နိုင်ဂျီးရီးယာ၊ အီဂျစ်နဲ့ တခြားနိုင်ငံကတာပြိုင်ပွဲတွေကို ဆက်ပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအဖြစ် သတ်မှတ်ထားတဲ့ ကြက်တောင် ချဲလင့်ပြိုင်ပွဲနဲ့ စီးရီးပြိုင်ပွဲတွေမှာ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ရမှတ် ၂၅၀၀ ခန့် ရရှိနိုင်တယ်လို့ သိရပါတယ်။

Credit to DVB

LEAVE A REPLY