Zawgyi ျဖင့္ဖတ္ရန္

 

မေလးရွားႏိုင္ငံမွာ တရားမဝင္ေနထိုင္ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားမ်ားနဲ႔ ႏိုင္ငံျခားသား အလုပ္သမားေတြအေနနဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖစ္တဲ့ ဒဏ္ေၾကးသက္သက္သာသာနဲ႔ ျပည္ေတာ္ျပန္ႏိုင္တဲ့ “Back For Good” (B4G) Program ျဖစ္တဲ့( 6 + 1 ) ဆိုတဲ့ အစီအစဥ္ကို မေလးရွားႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာနက ဇူလိုင္လ ၁၈ရက္ေန႔က ထုတ္ျပန္လိုက္ပါတယ္ ဒိီအတြက္ ၅လအတြင္းမွာ တရားမဝင္ ျမန္မာႏို္င္ငံသားေတြဟာ ဒဏ္ေၾကးသက္သာစြာနဲ႔ ျပည္ေတာ္ျပန္ႏိုင္မွာျဖစ္ပါတယ္။ မေအးမာက သတင္းေပးပို႔ထားပါတယ္ ။

မေလးရွားႏိုင္ငံမွာ ျမန္မာအပါအဝင္ တရားမဝင္ေနထိုင္ေနတဲ့ သူေတြအေနနဲ႔ ၅လအတြင္း ဒဏ္ေၾကးသက္သာစြာနဲ႔ ေနရပ္ရင္းျပန္ၾကဖို႔ မေလးရွားျပည္တဲေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။ ဒီအေၾကာင္းနဲ ့ပတ္သက္လို ့ျမန္မာသံ႐ုံး ကိုယ္စားျပဳၿပီး မေလးရွားႏို္င္ငံထိန္းသိမ္းေရး စခန္းေတြက ျမန္မာေတြကို အကူညီေပးေနတဲ့ ကိုသီဟေမာင္ေမာင္ကေျပာပါတယ္။

“Back For Good ေပါ့ေနာ္။ ျမန္မာႏိုင္ငံကိုယ့္ မိခင္ႏိုင္ငံကို အေကာင္းဆုံးျပန္တယ္ဆိုတဲ့အစီစဥ္ကို ထုတ္ျပန္တာေပါ့။ သူက 6+1 ဆိုတာက ဘာလဲဆိုေတာ့ ၆၀၀ က ဒဏ္ေၾကး ၁၀၀က special Pass ေပါ့။ စုစုေပါင္း ရ၀၀ ဒဏ္ေၾကးေဆာင္ၿပိီး ျပန္ရမွာေပါ့ေနာ္။ ၈လပိုင္း ၁ရက္ေန႔က ေနစလိုက္တယ္။ စၿပီးေတာ့ ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိ ေပးထားတယ္။ အခ်ိန္ၾကာျမင့္တဲ့ ကာလကို ၅လပဲ ေပးထားတယ္။

အခု ဘုရင္ကလည္း ရ လပိုင္း ၃၀ ရက္ေန႔ကို နန္းတက္မွာဆိုေတာ့ သူအခ်ိန္ကိုက္ေလး ဘုရင့္ရဲ လြတ္ၿငိမ္းခ်မ္းသာခြင့္ဆိုတဲ့ သက္သက္သာသာ အစီစဥ္ကို စေပးလိုက္တယ္လို႔ က်ေနာ္တို ့က ယူဆတယ္။”

အရင္တုန္းကေတာ့ 3 + 1 အစီအစဥ္ ဆိုတာနဲ႔ ဒဏ္ေၾကးသက္သာတဲ့ အစီစဥ္ေတြ ရွိခဲ့ေၾကာင္း အခုအခါမွာေတာ့ 6+1 အစီစဥ္ျဖစ္တာမို ့ဒဏ္ေၾကးက အနည္းငယ္ပိုမ်ားသြားေၾကာင္း ဒါေပမဲ့ ပုံမွန္အေျခအေနမွာ ေပးရတဲ့ ဒဏ္ေၾကးထက္စာရင္ေတာ့ ဒီအစဥ္အရ ျမန္မာေတြ အမ်ားအျပားျပန္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“3 + 1 နဲ႔ဆိုရင္ ၃၀၀ ေလာက္ပိုမ်ားသြားတယ္။ ဒါလည္ဒဏ္ေၾကး သက္သက္သာသာနဲ႔ ျပန္လို႔ရတာဆိုၿပီး သတ္မွတ္ထားတာ အဲဒါမွ မဟုတ္ပဲဆိုရင္ အျမင့္ဆုံးဒဏ္ေၾကး ၃၂၀၀ နဲ႔ ျပန္ေနရတာ။ အဲဒါနဲ႔ စာရင္အမ်ားႀကီးသက္သာသြားတယ္လို႔ က်ေနာ္တို႔က ယူဆတယ္။”

အခုခ်ိန္မွာေတာ့ မေလးရွားမွာ အဖမ္းအဆီးေတြ ဆက္တိုက္လုပ္လာၿပီး ေအာ္ပရာစီစစ္ဆင္ေရးေတြ ဆက္တိုက္လုပ္ေနသလို႔ အခုလို႔ဒဏ္ေၾကးေပးၿပီး ျပန္ရတဲ့အစီစဥ္ေတြေၾကာင့္ ေနာက္ထပ္အဖမ္းအဆိီးေတြ ခပ္စိတ္စိ္တ္ လုပ္လာႏိုင္တယ္လို႔လည္း ကိုသီဟေမာင္ေမာင္ကဆိုပါတယ္။

လက္ထဲမွာ ႏိုင္ငံကူးလက္မွတ္ passport သက္တမ္းက်န္ရွိေသာ သူမ်ားအေနနဲ႔ နီးစပ္တဲ့ လူဝင္မူႀကီးၾကပ္ေရး႐ုံးမ်ားမွာ ဒဏ္ေၾကးေပးေဆာင္ၿပိီးေနရပ္ ျပန္ႏိုင္သလို႔ ႏိုင္ငံကူးလက္မွတ္ Passport မရွိေသာသူမ်ားဟာ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုစာရင္းမိတၱဴမ်ား ယူေဆာင္ၿပီး ျမန္မာသံ႐ုံးသို႔သြားေရာက္ၿပီး CI မည္သူမည္ဝါျဖစ္ေၾကာင္း အေထာက္အထား စာအုပ္ကို ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ျမန္မာ အလုပ္သမားလူဝင္မူႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အားဝန္ႀကီးဌာန အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနရဲ႕ စာရင္းအရ မေလးရွားမွာ တရားဝင္အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားေပါင္း ၂ သိန္းေက်ာ္ရွိၿပီး တျခားနည္းလမ္းေတြနဲ႔ မေလးရွားကိုေရာက္သြားသူအားလုံးေပါင္းရင္ မေလးရွားမွာ ျမန္မာအလုပ္သမား ၅ သိန္း ထက္မနည္းရွိတယ္ ခန႔္မွန္းထားပါတယ္။ အဲဒီထဲမွာ တရားမဝင္ ေနထိုင္ အလုပ္လုပ္ေနၾကသူကလည္း သိန္းနဲ႔ခ်ီ ရွိေနပါတယ္ရွင္။

Source_VOA

Unicode ဖြင့်ဖတ်ရန်

မလေးရှား ရောက် တရားမဝင်မြန်မာတွေ သက်သက်သာသာ ပြည်တော်ပြန်နိုင်တော့မည်

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တဲ့ ဒဏ်ကြေးသက်သက်သာသာနဲ့ ပြည်တော်ပြန်နိုင်တဲ့ “Back For Good” (B4G) Program ဖြစ်တဲ့( 6 + 1 ) ဆိုတဲ့ အစီအစဉ်ကို မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ရက်နေ့က ထုတ်ပြန်လိုက်ပါတယ် ဒီအတွက် ၅လအတွင်းမှာ တရားမဝင် မြန်မာနိုင်ငံသားတွေဟာ ဒဏ်ကြေးသက်သာစွာနဲ့ ပြည်တော်ပြန်နိုင်မှာဖြစ်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နေထိုင်နေတဲ့ သူတွေအနေနဲ့ ၅လအတွင်း ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ရင်းပြန်ကြဖို့ မလေးရှားပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့မြန်မာသံရုံး ကိုယ်စားပြုပြီး မလေးရှားနိုင်ငံထိန်းသိမ်းရေး စခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကပြောပါတယ်။

“Back For Good ပေါ့နော်။ မြန်မာနိုင်ငံကိုယ့် မိခင်နိုင်ငံကို အကောင်းဆုံးပြန်တယ်ဆိုတဲ့အစီစဉ်ကို ထုတ်ပြန်တာပေါ့။ သူက 6+1 ဆိုတာက ဘာလဲဆိုတော့ ၆၀၀ က ဒဏ်ကြေး ၁၀၀က special Pass ပေါ့။ စုစုပေါင်း ရ၀၀ ဒဏ်ကြေးဆောင်ပြီး ပြန်ရမှာပေါ့နော်။ ၈လပိုင်း ၁ရက်နေ့က နေစလိုက်တယ်။ စပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပေးထားတယ်။ အချိန်ကြာမြင့်တဲ့ ကာလကို ၅လပဲ ပေးထားတယ်။

အခု ဘုရင်ကလည်း ရ လပိုင်း ၃၀ ရက်နေ့ကို နန်းတက်မှာဆိုတော့ သူအချိန်ကိုက်လေး ဘုရင့်ရဲ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သက်သက်သာသာ အစီစဉ်ကို စပေးလိုက်တယ်လို့ ကျနော်တို့က ယူဆတယ်။”

အရင်တုန်းကတော့ 3 + 1 အစီအစဉ် ဆိုတာနဲ့ ဒဏ်ကြေးသက်သာတဲ့ အစီစဉ်တွေ ရှိခဲ့ကြောင်း အခုအခါမှာတော့ 6+1 အစီစဉ်ဖြစ်တာမို့ဒဏ်ကြေးက အနည်းငယ်ပိုများသွားကြောင်း ဒါပေမဲ့ ပုံမှန်အခြေအနေမှာ ပေးရတဲ့ ဒဏ်ကြေးထက်စာရင်တော့ ဒီအစဉ်အရ မြန်မာတွေ အများအပြားပြန်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

“3 + 1 နဲ့ဆိုရင် ၃၀၀ လောက်ပိုများသွားတယ်။ ဒါလည်ဒဏ်ကြေး သက်သက်သာသာနဲ့ ပြန်လို့ရတာဆိုပြီး သတ်မှတ်ထားတာ အဲဒါမှ မဟုတ်ပဲဆိုရင် အမြင့်ဆုံးဒဏ်ကြေး ၃၂၀၀ နဲ့ ပြန်နေရတာ။ အဲဒါနဲ့ စာရင်အများကြီးသက်သာသွားတယ်လို့ ကျနော်တို့က ယူဆတယ်။”

အခုချိန်မှာတော့ မလေးရှားမှာ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာပြီး အော်ပရာစီစစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေသလို့ အခုလို့ဒဏ်ကြေးပေးပြီး ပြန်ရတဲ့အစီစဉ်တွေကြောင့် နောက်ထပ်အဖမ်းအဆီးတွေ ခပ်စိတ်စိတ် လုပ်လာနိုင်တယ်လို့လည်း ကိုသီဟမောင်မောင်ကဆိုပါတယ်။

လက်ထဲမှာ နိုင်ငံကူးလက်မှတ် passport သက်တမ်းကျန်ရှိသော သူများအနေနဲ့ နီးစပ်တဲ့ လူဝင်မူကြီးကြပ်ရေးရုံးများမှာ ဒဏ်ကြေးပေးဆောင်ပြီးနေရပ် ပြန်နိုင်သလို့ နိုင်ငံကူးလက်မှတ် Passport မရှိသောသူများဟာ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုစာရင်းမိတ္တူများ ယူဆောင်ပြီး မြန်မာသံရုံးသို့သွားရောက်ပြီး CI မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်ကို လျှောက်ထားရမှာဖြစ်ပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြတဲ့ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ် ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူကလည်း သိန်းနဲ့ချီ ရှိနေပါတယ်ရှင်။

Source_VOA

LEAVE A REPLY