Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

အမျိုးသားတစ်ယောက်ကို မြူဆွယ်ပြီး ပစ္စည်းတွေလုယက်ဓါးပြတိုက်ခဲ့တဲ့ အမျိုးသမီးနှစ်ဦး

အခုခေတ်က အမျိုးသမီးတွေတင်မဟုတ်ပါဘူး ၊ အမျိုးသားတွေရဲ့ ဘဝတွေလည်း အန္တရာယ်ရှိလာပါပြီ ။အခုလည်း အမျိုးသားတစ်ယောက်ကို မြူဆွယ်ပြီးတော့ ဓါးပြတိုက်ခဲ့တဲ့ အမျိုးသမီးနှစ်ယောက်တဲ့ ။သူတို့နှစ်ယောက်ကတော့ အသက် ၂၁ နှစ်အရွယ် Emily Bailey နဲ့ အသက် ၂၄ နှစ်အရွယ် Samantha Wheeler တို့ပဲဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို အွန်လိုင်းပေါ်မှာ ကြူပြီး သူတို့နဲ့အတူအိပ်ဖို့အတွက် Fayetteville , Arkansas က နေရာတစ်ခုကို လာဖို့ဖိတ်ခေါ်ခဲ့တာပါ ။

သူတို့သုံးယောက်လုံး အိမ်ထဲရောက်တဲ့အချိန်မှာပဲ ပစ္စည်းတွေအလုခံခဲ့ရတယ်လို့အမျိုးသားက ရဲတွေကိုပြောပါတယ် ။သူတို့တွေ အိမ်ထဲရောက်တဲ့အချိန်မှာ ကားထဲမှာပုန်းနေတဲ့ အသက် ၂၅ နှစ်အရွယ် Isaiah Arnette ဆိုတဲ့အမျိုးသမီးဟာ အိမ်ထဲကို ဝုန်းဒိုင်းကြဲဝင်ရောက်လာပြီး သေနတ်နဲ့ချိန်ကာ အတင်းအကြပ်ပစ္စည်းတွေလုပြီး အမျိုးသားကို ကြိုးနဲ့တုပ်ကာရိုက်နှက်ခဲ့တယ်လို့လည်း ရဲတွေအပြောအရသိရပါတယ် ။

ဒီနောက်မှာတော့ အမျိုးသားဟာ အိမ်ထဲကနေလွတ်အောင် ထွက်ပြေးလာခဲ့ပြီး ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားနိုင်ခဲ့တဲ့ ရဲတွေမှ လာရောက်ကယ်ဆယ်နိုင်ခဲ့ပါတယ် ။အမျိုးသမီး ၃ ယောက်ကိုတော့ ပြန်ပေးဆွဲမှု ၊ ဓါးပြမှု နဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုတို့နဲ့တရားစွဲထားပါတယ် ။ Bailey ကိုတော့ အိုင်ဒီလိမ်လည်မှုနဲ့ပါ တရားစွဲထားတယ်လို့ သိရပါတယ် ။

ရဲတွေဟာ Wheeler နဲ့ Bailey ကိုဖမ်းချုပ်ပြီး အချုပ်ထဲထည့်ထားတဲ့အချိန်မှာလည်း Wheeler ဟာ Bailey ကို ကန်ကြောက်ခြင်း ၊ ထိုးနှက်ခြင်းတွေပြုလုပ်ခဲ့တယ်လို့လည်း ရဲတွေကပြောပါတယ် ။ ဒါကြောင့်မို့ Wheeler ဟာ ဒုတိယအကြိမ် ကိုယ်ထိလက်ရောက်စော်ကားမှု နဲ့ပါ တရားစွဲခံထားရပါတယ် ။

အမှုကိုစစ်ဆေးပြီးတဲ့အချိန်မှာတော့ ဒဏ်ငွေအဖြစ် Bailey ကိုဒေါ်လာ ၈၃၈၀ ၊ Wheeler ကို ဒေါ်လာ ရ၅၀၀ နဲ့ Arnette ကိုတော့ ဒေါ်လာ ၅၀၀၀ အသီးသီးကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ် ။

Writer -Min Thu (Daily Hot News )

LEAVE A REPLY