Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံတဝန္း ဇူလိုင္ ၁ ရက္ကစတင္ၿပီး လွ်ပ္စစ္မီတာခေတြ အစိုးရက တိုးျမႇင့္ေကာက္ခံမယ့္ ကိစၥဟာ အေျခခံ အလုပ္သမားေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

မီတာခႏႈန္းထားတိုးျမင့္လာတဲ့နည္းတူ လုပ္ခလစာေတြလည္း တိုးျမႇင့္လာေစဖို႔အတြက္ ႏိုင္ငံေတာ္အစိုးရမွာ တာဝန္ရွိတယ္ဆိုတာကို မီးေမာင္းထိုးျပတဲ့ အေနနဲ႔ ”လစာမတိုး မီတာခ တိုးသည္” ဆိုတဲ့ အလုပ္သမားလႈပ္ရွားမႈ ကမ္ပိန္းတခုကို မႏၲေလးၿမိဳ႕ရွိ ျမန္မာႏိုင္ငံလုံးဆိုင္ရာ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ား အဖြဲ႕ခ်ဳပ္ (MICS) ႐ုံးမွာ ဒီကေန႔ ျပဳလုပ္ခဲ့ပါတယ္။

႐ုတ္တရက္ မီတာခေတြ တိုးလာေပမယ့္ မီတာခိုး သြယ္တန္းသုံးစြဲတာ၊ မီတာခ က်သင့္သေလာက္ မေဆာင္တဲ့ လုပ္ငန္းေတြ ရွိေနတာကိုလည္း အစိုးရအဖြဲ႕ အေနနဲ႔ ဦးစားေပးကိုင္တြယ္ေျဖရွင္းသင့္တယ္လို႔ အလုပ္သမားေတြ က ေျပာပါတယ္။

အနည္းဆုံးလုပ္ခလစာ တိုးျမင့္လာျခင္း မရွိေပမယ့္ မီတာခ တိုးျမင့္လာျခင္းဟာ အလုပ္သမားေတြအတြက္ ဝန္ထုပ္ဝန္ပိုးတစ္ခုျဖစ္လာတယ္လို႔ အလုပ္သမားေခါင္းေဆာင္ေတြက ေျပာပါတယ္။

အခုလို မီတာခႏႈန္းထားေတြ တိုးျမင့္လာတာဟာ ႏိုင္ငံတကာနဲ႔ ႏႈိင္းယွဥ္ပါက နည္းပါးေနတယ္လို႔ ႏႈိင္းယွဥ္ေဝဖန္မႈေတြ ရွိေပမယ့္ ျမန္မာႏိုင္ငံက အေျခခံအလုပ္သမားေတြရဲ႕ အနိမ့္ဆုံး လုပ္ခ လစာဟာ အာဆီယံ အဆင့္မွာေတာင္ အနည္းဆုံးအဆင့္ပဲရွိတဲ့အတြက္ ဝင္ေငြနည္းပါးမႈနဲ႔လည္း ႏႈိင္းယွဥ္သင့္တယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (MICS) အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ဦးသက္ႏွင္းေအာင္ က “အလုပ္သမားေတြ အေနနဲ႔ တရက္လုပ္ခလစာ ၄၈၀၀ ကိုပဲ လက္ခံေနရေသးတဲ့ အေျခအေနမွာ အေထြေထြ အသုံးစားရိတ္ေတြ ဘက္ေပါင္းစုံက ျမင့္တက္လာေနတာဟာ မမွ်တဘူးလို႔ လုပ္သက္ရွစ္ႏွစ္ရွိေပမယ့္ လစာ က်ပ္ ၁၆၀၀၀၀ သာ ရရွိေသးတဲ့ အလုပ္သမားတဦးက ေျပာပါတယ္။ မီတာခႏႈန္းထား တိုးျမင့္လာတဲ့အတြက္ အေဆာင္လခ ေတြလည္း တိုးျမင့္လာသလို ရရွိတဲ့ဝင္ေငြနဲ႔ ႏႈိင္းယွဥ္ပါက အေထြေထြ အသုံးစားရိတ္ ျမင့္တက္လာတာေၾကာင့္ အလုပ္သမားေတြအတြက္ အခက္အခဲျဖစ္ေစတယ္”လို႔ ေျပာပါတယ္။

အလုပ္သမား သမဂၢေတြအေနနဲ႔ မီတာခ တိုးျမႇင့္ေကာက္ခံမယ့္အေပၚ ေစာင့္ၾကည့္မွာ ျဖစ္ၿပီး တဦးခ်င္းဝင္ေငြနဲ႔ မီတာခ ႏႈန္းထား၊ ကုန္က်စားရိတ္ ကြာျခားခ်က္အေပၚ တြက္ခ်က္ၾကည့္ကာ ျပည္သူလူထုနဲ႔ အလုပ္သမားထုအတြက္ ဆက္လက္ လႈပ္ရွားသြားမယ္လို႔ အလုပ္သမားေခါင္းေဆာင္ေတြထံက သိရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မီတာခတိုးသဖြင့် လုပ်ခလစာတိုးပေးရန် အလုပ်သမားများတောင်းဆို
မြန်မာနိုင်ငံတဝန်း ဇူလိုင် ၁ ရက်ကစတင်ပြီး လျှပ်စစ်မီတာခတွေ အစိုးရက တိုးမြှင့်ကောက်ခံမယ့် ကိစ္စဟာ အခြေခံ အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မီတာခနှုန်းထားတိုးမြင့်လာတဲ့နည်းတူ လုပ်ခလစာတွေလည်း တိုးမြှင့်လာစေဖို့အတွက် နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ”လစာမတိုး မီတာခ တိုးသည်” ဆိုတဲ့ အလုပ်သမားလှုပ်ရှားမှု ကမ်ပိန်းတခုကို မန္တလေးမြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ရုတ်တရက် မီတာခတွေ တိုးလာပေမယ့် မီတာခိုး သွယ်တန်းသုံးစွဲတာ၊ မီတာခ ကျသင့်သလောက် မဆောင်တဲ့ လုပ်ငန်းတွေ ရှိနေတာကိုလည်း အစိုးရအဖွဲ့ အနေနဲ့ ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။

အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာခြင်း မရှိပေမယ့် မီတာခ တိုးမြင့်လာခြင်းဟာ အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာတယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

အခုလို မီတာခနှုန်းထားတွေ တိုးမြင့်လာတာဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပါက နည်းပါးနေတယ်လို့ နှိုင်းယှဉ်ဝေဖန်မှုတွေ ရှိပေမယ့် မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခ လစာဟာ အာဆီယံ အဆင့်မှာတောင် အနည်းဆုံးအဆင့်ပဲရှိတဲ့အတွက် ဝင်ငွေနည်းပါးမှုနဲ့လည်း နှိုင်းယှဉ်သင့်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က “အလုပ်သမားတွေ အနေနဲ့ တရက်လုပ်ခလစာ ၄၈၀၀ ကိုပဲ လက်ခံနေရသေးတဲ့ အခြေအနေမှာ အထွေထွေ အသုံးစားရိတ်တွေ ဘက်ပေါင်းစုံက မြင့်တက်လာနေတာဟာ မမျှတဘူးလို့ လုပ်သက်ရှစ်နှစ်ရှိပေမယ့် လစာ ကျပ် ၁၆၀၀၀၀ သာ ရရှိသေးတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ မီတာခနှုန်းထား တိုးမြင့်လာတဲ့အတွက် အဆောင်လခ တွေလည်း တိုးမြင့်လာသလို ရရှိတဲ့ဝင်ငွေနဲ့ နှိုင်းယှဉ်ပါက အထွေထွေ အသုံးစားရိတ် မြင့်တက်လာတာကြောင့် အလုပ်သမားတွေအတွက် အခက်အခဲဖြစ်စေတယ်”လို့ ပြောပါတယ်။

အလုပ်သမား သမဂ္ဂတွေအနေနဲ့ မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် စောင့်ကြည့်မှာ ဖြစ်ပြီး တဦးချင်းဝင်ငွေနဲ့ မီတာခ နှုန်းထား၊ ကုန်ကျစားရိတ် ကွာခြားချက်အပေါ် တွက်ချက်ကြည့်ကာ ပြည်သူလူထုနဲ့ အလုပ်သမားထုအတွက် ဆက်လက် လှုပ်ရှားသွားမယ်လို့ အလုပ်သမားခေါင်းဆောင်တွေထံက သိရပါတယ်။

share from : burmese.asia

 

LEAVE A REPLY