Zawgyi ျဖင့္ဖတ္ရန္

အေဖ သတၱဝါ သ႐ုပ္ေဆာင္ ဇာတ္ၫႊန္းဆရာ ေဝေနယ်သတၱဝါ ေတြအမ်ားႀကီး တည္ရွိေနတဲ့ က်ေနာ္တို႔ရဲ႕ကမာၻႀကီးမွာ ျမင္အပ္မျမင္အပ္တဲ့ သတၱဝါေတြလည္းအမ်ားႀကီးရွိတယ္ဆိုတာ ေျပာျပစရာလိုမည္မထင္ပါဘူး ။ အခု သ႐ုပ္ေဆာင္ ၊ ဇာတ္ၫႊန္းဆရာ၊ ဒါ႐ိုက္တာ မင္းညီ က သူႀကဳံဖူးတဲ့ ပရေလာက အေတြ႕အႀကဳံေတြကို ျမန္မာ ပလက္ေဖာင္းနဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ ေျပာျပလိုက္ပါတယ္။

သ႐ုပ္ေဆာင္မင္းညီက သရဲ တေစၦနဲ႔ ပတ္သက္ၿပီး “ ငယ္ငယ္တုန္းကေတာ့ ေၾကာက္တယ္ အခုႀကီးေတာ့ သိပ္မေၾကာက္တတ္ေတာ့ဘူး ။ က်ေနာ္တို႔ ဒီ ၃၁ဘုံက်င္လည္ေနတဲ့ သတၱဝါေတြ အကုန္လုံးသည္ လူခ်ည္းပဲ ရွိတာမွမဟုတ္ပဲ အဲ့အတြက္ေၾကာင့္ ေသၿပီးတဲ့ဝိညာဥ္ေတြလည္း ရွိမွာပဲ ။ က်န္တဲ့ ငရဲ တိရစာၦန္ ၿပိတၱာ အသူရာကယ္ ျမတ္စြာ ဘုရားကိုယ္တိုင္ေဟာခဲ့တာပဲ ရွိေနမွာပါ ။ ရွိတယ္လို႔လည္းယုံၾကည္ပါတယ္ ။

သရဲတေစၦနဲ႔ လက္ေတြ႕ႀကဳံဖူးလားဆိုေတာ့ က်ေနာ္ငယ္ငယ္တုန္းကေတာ့ ႀကဳံဖူးတယ္ ။ ၂တန္းေလာက္ ကအေဖက သရဲေမြးတယ္ ၊ အေဖက ေလာကီအစီရင္ေတြလည္း တတ္တယ္ေလ ။ ညဘက္ေတြဆိုရင္ သူလမ္းသြားမယ္ဆိုရင္ သူက ႐ြာမွာေနရတာကိုး ။ဝါး႐ုံပင္ကိုဒီလိုမ်ိဳးေနာက္ ထားၿပီး႐ြတ္လိုက္တယ္ ပျခဳပ္ေပါ့ေလ ေႁမြကိုသူတက္နင္းရင္ေတာင္မွ ေႁမြကသူ႔ကို ကိုက္လို႔မရဘူး ။မနက္က်ရင္ သူက ဘယ္ဝါး႐ုံမွာ ဘာရွိတယ္သြားျဖည္လိုက္ဆိုၿပီးေျပာတယ္ မျဖည္ရင္ဟိုေကာင္က ေရလည္းေသာက္လို႔မရဘူး အစလည္း စားလို႔မရဘူးလို႔ေျပာတယ္ ။

အဲ့ဒီလိုမ်ိဳး သူေမြးတဲ့သရဲေတြေတာ့ရွိတယ္ အေဖက င႐ြတ္ ဘာကိုမွသိပ္ၿပီးေတာ့ ဂ႐ုမစိုက္တဲ့အခါမွာ က်ေတာ့ မီးေနသရဲ သူေမြးထားတာ ညဘက္ဆိုရင္ သူေမြးထားတဲ့သရဲေရာက္လာရင္ နႏြင္းမႈန႔္ေစာ္ အရမ္းနံတယ္။ အေဖက ဘဲတဲမွာ ဘဲေတြ ေမြးတာကို အဲ့ဒီဘဲတဲကို ေစာင့္ေရွာက္ဖို႔ အဲ့ဒီလိုမ်ိဳးေတြ သူေမြးတယ္လို႔ေျပာတာ ပဲ ။

ၿပီးေတာ့ က်ေနာ္တို႔ဘဲတဲ က ႐ြာျပင္ သခ်ႋဳင္းကုန္းနားမွာ သခ်ႋဳင္းကုန္းနဲ႔ဆိုရင္ နီးနီးေလးေပါ့ အဲ့ဒီလိုမ်ိဳးဆိုေတာ့ သူဘာျဖစ္လဲဆိုေတာ့ တစ္ေန႔လည္းက်ေရာ မုန႔္လုံးေရေပၚလုံးဖို႔ဆိုၿပီး ထန္းလ်က္ခဲ သြားဝယ္ခိုင္းတာ က်ေနာ္ရယ္ က်ေနာ့္အစ္ကိုရယ္ကို ဝယ္ၿပီးျပန္လာေတာ့ အပင္ေအာက္လည္း ေရာက္ေရာ နႏြင္းမႈန႔္နံႀကီး နံလာေရာ အဲ့ဒီမွာ အစ္ကိုက ဆြဲၿပီညီေလးေရ ေျပးေျပးဆိုေတာ့ ေျပးတာေပါ့ အိမ္လည္းေရာက္ေတာ့ ၾကည့္လိုက္ေတာ့ လက္ကုတ္ရာႀကီး”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Credit to Lovely

Unicode ဖြင့်ဖတ်ရန်

အဖေက သူငယ်ငယ်တုန်းက သရဲမွေးဖူးတဲ့အကြောင်း ပြောပြသွားတဲ့ မင်းညီ

ဝေနေယျသတ္တဝါ တွေအများကြီး တည်ရှိနေတဲ့ ကျနော်တို့ရဲ့ကမ္ဘာကြီးမှာ မြင်အပ်မမြင်အပ်တဲ့ သတ္တဝါတွေလည်းအများကြီးရှိတယ်ဆိုတာ ပြောပြစရာလိုမည်မထင်ပါဘူး ။ အခု သရုပ်ဆောင် ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ မင်းညီ က သူကြုံဖူးတဲ့ ပရလောက အတွေ့အကြုံတွေကို မြန်မာ ပလက်ဖောင်းနဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြလိုက်ပါတယ်။

သရုပ်ဆောင်မင်းညီက သရဲ တစ္ဆေနဲ့ ပတ်သက်ပြီး “ ငယ်ငယ်တုန်းကတော့ ကြောက်တယ် အခုကြီးတော့ သိပ်မကြောက်တတ်တော့ဘူး ။ ကျနော်တို့ ဒီ ၃၁ဘုံကျင်လည်နေတဲ့ သတ္တဝါတွေ အကုန်လုံးသည် လူချည်းပဲ ရှိတာမှမဟုတ်ပဲ အဲ့အတွက်ကြောင့် သေပြီးတဲ့ဝိညာဉ်တွေလည်း ရှိမှာပဲ ။ ကျန်တဲ့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရာကယ် မြတ်စွာ ဘုရားကိုယ်တိုင်ဟောခဲ့တာပဲ ရှိနေမှာပါ ။ ရှိတယ်လို့လည်းယုံကြည်ပါတယ် ။

သရဲတစ္ဆေနဲ့ လက်တွေ့ကြုံဖူးလားဆိုတော့ ကျနော်ငယ်ငယ်တုန်းကတော့ ကြုံဖူးတယ် ။ ၂တန်းလောက် ကအဖေက သရဲမွေးတယ် ၊ အဖေက လောကီအစီရင်တွေလည်း တတ်တယ်လေ ။ ညဘက်တွေဆိုရင် သူလမ်းသွားမယ်ဆိုရင် သူက ရွာမှာနေရတာကိုး ။ဝါးရုံပင်ကိုဒီလိုမျိုးနောက် ထားပြီးရွတ်လိုက်တယ် ပခြုပ်ပေါ့လေ မြွေကိုသူတက်နင်းရင်တောင်မှ မြွေကသူ့ကို ကိုက်လို့မရဘူး ။မနက်ကျရင် သူက ဘယ်ဝါးရုံမှာ ဘာရှိတယ်သွားဖြည်လိုက်ဆိုပြီးပြောတယ် မဖြည်ရင်ဟိုကောင်က ရေလည်းသောက်လို့မရဘူး အစလည်း စားလို့မရဘူးလို့ပြောတယ် ။

အဲ့ဒီလိုမျိုး သူမွေးတဲ့သရဲတွေတော့ရှိတယ် အဖေက ငရွတ် ဘာကိုမှသိပ်ပြီးတော့ ဂရုမစိုက်တဲ့အခါမှာ ကျတော့ မီးနေသရဲ သူမွေးထားတာ ညဘက်ဆိုရင် သူမွေးထားတဲ့သရဲရောက်လာရင် နနွင်းမှုန့်စော် အရမ်းနံတယ်။ အဖေက ဘဲတဲမှာ ဘဲတွေ မွေးတာကို အဲ့ဒီဘဲတဲကို စောင့်ရှောက်ဖို့ အဲ့ဒီလိုမျိုးတွေ သူမွေးတယ်လို့ပြောတာ ပဲ ။

ပြီးတော့ ကျနော်တို့ဘဲတဲ က ရွာပြင် သင်္ချိုင်းကုန်းနားမှာ သင်္ချိုင်းကုန်းနဲ့ဆိုရင် နီးနီးလေးပေါ့ အဲ့ဒီလိုမျိုးဆိုတော့ သူဘာဖြစ်လဲဆိုတော့ တစ်နေ့လည်းကျရော မုန့်လုံးရေပေါ်လုံးဖို့ဆိုပြီး ထန်းလျက်ခဲ သွားဝယ်ခိုင်းတာ ကျနော်ရယ် ကျနော့်အစ်ကိုရယ်ကို ဝယ်ပြီးပြန်လာတော့ အပင်အောက်လည်း ရောက်ရော နနွင်းမှုန့်နံကြီး နံလာရော အဲ့ဒီမှာ အစ်ကိုက ဆွဲပြီညီလေးရေ ပြေးပြေးဆိုတော့ ပြေးတာပေါ့ အိမ်လည်းရောက်တော့ ကြည့်လိုက်တော့ လက်ကုတ်ရာကြီး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit to Lovely Myanmar

LEAVE A REPLY