Zawgyi ျဖင့္ဖတ္ရန္

လြန္ခဲ့တဲ့ ၃/၄ ႏွစ္ေလာက္က အိမ္တစ္အိမ္ကို အႏၲရာယ္ကင္းပရိတ္႐ြတ္ၾကဘူးတယ္။အိမ္ဆိုေပမယ့္ စက္ခ်ဳပ္သင္တန္းဖြင့္ထားတယ္။မိန္းကေလးေတြမ်ားတယ္။ ခုအႏၲရာယ္ကင္းပင့္တာကလည္း သင္တန္းကမိန္းကေလးတစ္ေယာက္ကဆုံးၿပီး မကြၽတ္ဘဲနဲ႔ေျခာက္လွန႔္ေနလို႔တဲ့။အဲ့ဒါကိုယ့္ကိုႂကြေပးဘို႔လာပင့္တာ။ ကိုယ္တစ္ပါးတည္းတဲ့။ ကိုယ္ေတြကဒါမ်ိဳးကိစၥေတြနဲ႔ေတာ္ေတာ္မ်ားမ်ားနဲ႔ အက်ိဳးေပးတယ္။ကိုယ့္အလွည့္က်ရင္ေတာ့ ဘယ္လိုျဖစ္မယ္မသိထားပါေတာ့၊ အဲ့မွာကိုယ္ပရိတ္႐ြတ္ေနရင္းနဲ႔ “ျဖန္း”ခနဲ ႐ိုက္လိုက္တဲ့အသံတစ္ခုၾကားလိုက္တယ္။ ပရိတ္႐ြတ္ရင္းနဲ႔မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ကိုယ့္ေရွ႕တည့္တည့္မွာထိုင္ေနတဲ့ အိမ္ရွင္ဒကာမႀကီးက ပါးကိုပြတ္ၿပီးဟိုၾကည့္/ဒီၾကည့္လုပ္ေနတယ္။

တစ္ခုခုေတာ့ထူးၿပီလို႔ စိတ္ထဲထင္လိုက္တယ္။အမွန္ဘဲ၊ ပရိတ္႐ြတ္ၿပီးလို႔ တရားအနည္းငယ္ေဟာ၊ေရစက္ခ်အမွ်ေဝတဲ့အခ်ိန္မွာ ဝင္ပူးေတာ့တာဘဲ။ေဘးေကာင္မေလးတစ္ေယာက္ကို၊ ကိုယ္ကေမးၾကည့္တယ္၊အခုနဒီဒကာမႀကီးပါးကို နင္႐ိုက္လိုက္တာလားဆိုေတာ့ဟုတ္တယ္တဲ့၊ ဘာလို႔႐ိုက္တာလည္းဆိုေတာ့မုန္းလို႔တဲ့။ ဘာလို႔မုန္းတာလည္းဆိုေတာ့သူဒီသင္တန္းတက္စဥ္တုန္းက သူ႔ကိုဒီပိုင္ရွင္ဒကာမက အႏိုင္က်င့္ ႏွိက္စက္လို႔တဲ့။ေၾသာ္။ ကိုယ္စဥ္းစားမိလိုက္တယ္။သူ႔ကိုအႏိုင္က်င့္ေတာ့ သူကအလုပ္သမမို႔အားမတန္လို႔မာန္ေလ်ာ့ေနရမယ္။ဒါေပမယ့္ စိတ္ထဲမွာေတာ့ သူ႔ကိုက်ိတ္မုန္းေနမယ္။အဲ့ဒီမုန္းတဲ့စိတ္ကိုစြဲၿပီးေသေတာ့

ဘယ္ကိုမွမသြားႏိုင္ဘဲ ဒီအိမ္မွာဘဲမုန္းစြဲအျဖစ္နဲ႔ျပန္ေစာင့္ေနရတဲ့သေဘာေပါ့။တခ်ိဳ႕က ခ်စ္မွစြဲတယ္ထင္ေနတာ။မဟုတ္ဘူးေနာ္၊ မုန္းလြန္းရင္လည္းစြဲတာဘဲ။ဒါသက္ေသေပါ့။ ဒါ့ေၾကာင့္လည္း ေျပာၾကတာေလ။ခ်စ္လို႔လည္း မစြဲနဲ႔၊ မုန္းလို႔လည္း မစြဲနဲ႔၊စြဲရင္ စြဲတဲ့ေနရာမွာ ျပန္ေစာင့္ေနရတတ္တယ္တဲ့။သံေဝဂယူစရာ၊ ဒါနဲ႔ သူ႔ကိုအမုန္းသံသရာမလည္ေစဘို႔ေဟာျပေပးၿပီးေသခ်ာသာဓုေခၚခိုင္းတယ္။ သူလည္းေသခ်ာသာဓုေခၚသြားပါတယ္။ၾကာခဲ့ပါၿပီ၊ မုန္းစြဲဆိုတဲ့ဇာတ္ကားေလးနဲ႔တိုက္ဆိုင္လို႔ သတိထားမိေစဘို႔ျပန္ေရးျပတာ။

မူရင္းေရးသားသူ း တြံေတး အရွင္ေလး

Unicode ဖြင့်ဖတ်ရန်

မုန်းတဲ့စိတ်ကြောင့် စွဲလန်းပြီ နေခဲ့တဲ့ အဆောင်မှာ သရဲဖြစ်နေတဲ့သူအကြောင်း (ဖြစ်ရပ်မှန်)

လွန်ခဲ့တဲ့ ၃/၄ နှစ်လောက်က အိမ်တစ်အိမ်ကို အန္တရာယ်ကင်းပရိတ်ရွတ်ကြဘူးတယ်။အိမ်ဆိုပေမယ့် စက်ချုပ်သင်တန်းဖွင့်ထားတယ်။မိန်းကလေးတွေများတယ်။ ခုအန္တရာယ်ကင်းပင့်တာကလည်း သင်တန်းကမိန်းကလေးတစ်ယောက်ကဆုံးပြီး မကျွတ်ဘဲနဲ့ခြောက်လှန့်နေလို့တဲ့။အဲ့ဒါကိုယ့်ကိုကြွပေးဘို့လာပင့်တာ။ ကိုယ်တစ်ပါးတည်းတဲ့။ ကိုယ်တွေကဒါမျိုးကိစ္စတွေနဲ့တော်တော်များများနဲ့ အကျိုးပေးတယ်။ကိုယ့်အလှည့်ကျရင်တော့ ဘယ်လိုဖြစ်မယ်မသိထားပါတော့၊ အဲ့မှာကိုယ်ပရိတ်ရွတ်နေရင်းနဲ့ “ဖြန်း”ခနဲ ရိုက်လိုက်တဲ့အသံတစ်ခုကြားလိုက်တယ်။ ပရိတ်ရွတ်ရင်းနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ကိုယ့်ရှေ့တည့်တည့်မှာထိုင်နေတဲ့ အိမ်ရှင်ဒကာမကြီးက ပါးကိုပွတ်ပြီးဟိုကြည့်/ဒီကြည့်လုပ်နေတယ်။

တစ်ခုခုတော့ထူးပြီလို့ စိတ်ထဲထင်လိုက်တယ်။အမှန်ဘဲ၊ ပရိတ်ရွတ်ပြီးလို့ တရားအနည်းငယ်ဟော၊ရေစက်ချအမျှဝေတဲ့အချိန်မှာ ဝင်ပူးတော့တာဘဲ။ဘေးကောင်မလေးတစ်ယောက်ကို၊ ကိုယ်ကမေးကြည့်တယ်၊အခုနဒီဒကာမကြီးပါးကို နင်ရိုက်လိုက်တာလားဆိုတော့ဟုတ်တယ်တဲ့၊ ဘာလို့ရိုက်တာလည်းဆိုတော့မုန်းလို့တဲ့။ ဘာလို့မုန်းတာလည်းဆိုတော့သူဒီသင်တန်းတက်စဉ်တုန်းက သူ့ကိုဒီပိုင်ရှင်ဒကာမက အနိုင်ကျင့် နှိက်စက်လို့တဲ့။သြော်။ ကိုယ်စဉ်းစားမိလိုက်တယ်။သူ့ကိုအနိုင်ကျင့်တော့ သူကအလုပ်သမမို့အားမတန်လို့မာန်လျော့နေရမယ်။ဒါပေမယ့် စိတ်ထဲမှာတော့ သူ့ကိုကျိတ်မုန်းနေမယ်။အဲ့ဒီမုန်းတဲ့စိတ်ကိုစွဲပြီးသေတော့

ဘယ်ကိုမှမသွားနိုင်ဘဲ ဒီအိမ်မှာဘဲမုန်းစွဲအဖြစ်နဲ့ပြန်စောင့်နေရတဲ့သဘောပေါ့။တချို့က ချစ်မှစွဲတယ်ထင်နေတာ။မဟုတ်ဘူးနော်၊ မုန်းလွန်းရင်လည်းစွဲတာဘဲ။ဒါသက်သေပေါ့။ ဒါ့ကြောင့်လည်း ပြောကြတာလေ။ချစ်လို့လည်း မစွဲနဲ့၊ မုန်းလို့လည်း မစွဲနဲ့၊စွဲရင် စွဲတဲ့နေရာမှာ ပြန်စောင့်နေရတတ်တယ်တဲ့။သံဝေဂယူစရာ၊ ဒါနဲ့ သူ့ကိုအမုန်းသံသရာမလည်စေဘို့ဟောပြပေးပြီးသေချာသာဓုခေါ်ခိုင်းတယ်။ သူလည်းသေချာသာဓုခေါ်သွားပါတယ်။ကြာခဲ့ပါပြီ၊ မုန်းစွဲဆိုတဲ့ဇာတ်ကားလေးနဲ့တိုက်ဆိုင်လို့ သတိထားမိစေဘို့ပြန်ရေးပြတာ။

မူရင်းရေးသားသူ း တွံတေး အရှင်လေး

LEAVE A REPLY