Zawgyi ျဖင့္ဖတ္ရန္

 

ေနထက္လင္းရဲ႕သားေခ်ာေလး ထက္လင္းေအာင္ဟာဆိုရင္ အကယ္ဒမီေ႐ႊႀကိဳတစ္ဦးျဖစ္ခဲ့ၿပီး ေယာက္်ားပီသတဲ့သြင္ျပင္နဲ႔ အၿပဳံးခ်ိဳခ်ိဳေလးေတြေၾကာင့္ ပရိသတ္ေတြကအခ်ိနိတိုေလးအတြင္းမွာသတိထားမိခဲ့ၿပီး အားေပးမႈရခဲ့တာပါ။ လက္ရွိမွာ အႏုပညာအလုပ္ေတြကိုအရွိန္အဟုန္နဲ႔ဆက္လက္လုပ္ေဆာင္ေနၿပီျဖစ္တဲ့ ထက္လင္းေအာင္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အေဖနဲ႔မတူလို႔ဝမ္းနည္းရေၾကာင္းနဲ႔ မိဘရဲ႕ေလာင္းရိပ္မမိခ်င္ပဲ ကိုယ္တိုင္ႀကိဳးစားခ်င္တယ္လို႔ေျပာျပသြားခဲ့ပါတယ္။

အႏုပညာလုပ္ရာမွာမိဘအရိပ္ကိုမခိုပဲ တစ္ေယာက္တည္းႀကိဳးစားခ်င္တယ္လို႔ “အခက္အခဲေတြကေတာ့ အမ်ားႀကီးေပါ့။ အႏုပညာလုပ္ရာမွာအေဖအေမအရိပ္ကိုမခိုပဲတစ္ေယာက္တည္းႀကိဳးစားခ်င္ပါတယ္။ ဆိုေတာ့.. ကြၽန္ေတာ္အမ်ားႀကီးႀကိဳးစားရမွာေပါ့။ အရိပ္မခိုခ်င္ဘူးဆိုတာ ကိုေနထက္လင္းသား မဆုဒါလီသားမဟုတ္ပဲ ကြၽန္ေတာ္ကိုယ္တိုင္ ကြၽန္ေတာ့္နာမည္နဲ႔ကြၽန္ေတာ္ရပ္တည္ခ်င္ပါတယ္”လို႔ ေျပာျပထားပါတယ္။

အေဖနဲ႔အတူတူသြားရင္ေတာင္ ႐ုပ္မတူေတာ့မသိၾကလို႔ ဝမ္းနည္းရတယ္လို႔လည္း “အေဖက ညီညီနဲ႔ပိုတူတယ္။ ကြၽန္ေတာ္က အေမနဲ႔ပိုတူတယ္။ ကြၽန္ေတာ္က အေဖနဲ႔မတူဘူူးဆိုေတာ့ ဝမ္းနည္းတာေပါ့။ တစ္ခါတစ္ေလ အတူတူသြားရင္ေတာင္ မသိၾကဘူး အခ်ိဳ႕လူေတြက သူငယ္ခ်င္းလားဘာလားေလွ်ာက္ေမးၾကတယ္”လို႔ေျဖထားပါတယ္။

အေမက သိပ္မဆူပဲ အေဖကပိုဆူတယ္လို႔လည္း “ကြၽန္ေတာ္အင္တာဗ်ဴးရင္ သိပ္မေျဖတတ္တာေတြဘာေတြကိုအေဖအေမေတြက သင္ေပးတယ္။ အေမကေတာ့ ဘာမွသိပ္မေျပာပါဘူး။သားႀကိဳက္တာလုပ္ပဲ။ အေဖကေတာ့ ဆူေတာ့ဆူတယ္။ ဟာ မင္းဘယ္လိုျဖစ္တာလဲ စကားေျပာတာ အျခားသူေတြၾကည့္ေလေပါ့။ ကြၽန္ေတာ္က စကားေျပာတာ ေတာ္ေတာ္လည္းလုံးတယ္၊ထစ္လည္းထစ္တယ္။ အင္တာဗ်ဴးေတြေျဖရင္ဒုကၡေရာက္တယ္”လို႔ ရင္ဖြင့္ထားပါတယ္။

ပရိသတ္ေတြက ဂူဂြၽန္ၿဖိဳးနဲ႔တူတယ္ေျပာလို႔ေပ်ာ္တယ္လို႔လည္း “ဂူဂြၽန္ၿဖိဳးနဲ႔တူတယ္ဆိုေတာ့ ေပ်ာ္တယ္။အျခားလူနဲ႔တူတယ္လို႔ ကိုယ္မႀကိဳက္တဲ့လူနဲ႔တူတယ္လို႔ေျပာရင္မေပ်ာ္ဘူး”လို႔ ေျဖထားၿပီး အခ်စ္ေရးကိုေတာ့ “ေကာင္မေလးေတြအကုန္လုံးကို ရင္ခုန္ပါတယ္။ ကိုယ့္ကိုခ်စ္မယ့္သူကိုမသိေသးဘူးေလ။ ကိုယ္ကလည္း ဘယ္သူ႔ကိုခ်စ္မွန္းမသိေသးဘူးဆိုေတာ့ အကုန္လုံးကိုရင္ခုန္တယ္။ Show ပြဲကိုလည္းဖိတ္ေခၚခ်င္ပါတယ္။ ေလးရက္ေန႔ August လ လာခဲ့ၾကပါ။ ေက်းဇူးတင္ပါတယ္”လို႔ ေျပာသြားပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ဂူဂျွန်ဖြိုးနဲ့တူတယ်ဆိုလို့ပျော်တယ်ဆိုတဲ့ နေထက်လင်းရဲ့သား ထက်လင်းအောင်

နေထက်လင်းရဲ့သားချောလေး ထက်လင်းအောင်ဟာဆိုရင် အကယ်ဒမီရွှေကြိုတစ်ဦးဖြစ်ခဲ့ပြီး ယောက်ျားပီသတဲ့သွင်ပြင်နဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေကအချိနိတိုလေးအတွင်းမှာသတိထားမိခဲ့ပြီး အားပေးမှုရခဲ့တာပါ။ လက်ရှိမှာ အနုပညာအလုပ်တွေကိုအရှိန်အဟုန်နဲ့ဆက်လက်လုပ်ဆောင်နေပြီဖြစ်တဲ့ ထက်လင်းအောင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အဖေနဲ့မတူလို့ဝမ်းနည်းရကြောင်းနဲ့ မိဘရဲ့လောင်းရိပ်မမိချင်ပဲ ကိုယ်တိုင်ကြိုးစားချင်တယ်လို့ပြောပြသွားခဲ့ပါတယ်။

အနုပညာလုပ်ရာမှာမိဘအရိပ်ကိုမခိုပဲ တစ်ယောက်တည်းကြိုးစားချင်တယ်လို့ “အခက်အခဲတွေကတော့ အများကြီးပေါ့။ အနုပညာလုပ်ရာမှာအဖေအမေအရိပ်ကိုမခိုပဲတစ်ယောက်တည်းကြိုးစားချင်ပါတယ်။ ဆိုတော့.. ကျွန်တော်အများကြီးကြိုးစားရမှာပေါ့။ အရိပ်မခိုချင်ဘူးဆိုတာ ကိုနေထက်လင်းသား မဆုဒါလီသားမဟုတ်ပဲ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်နာမည်နဲ့ကျွန်တော်ရပ်တည်ချင်ပါတယ်”လို့ ပြောပြထားပါတယ်။

အဖေနဲ့အတူတူသွားရင်တောင် ရုပ်မတူတော့မသိကြလို့ ဝမ်းနည်းရတယ်လို့လည်း “အဖေက ညီညီနဲ့ပိုတူတယ်။ ကျွန်တော်က အမေနဲ့ပိုတူတယ်။ ကျွန်တော်က အဖေနဲ့မတူဘူူးဆိုတော့ ဝမ်းနည်းတာပေါ့။ တစ်ခါတစ်လေ အတူတူသွားရင်တောင် မသိကြဘူး အချို့လူတွေက သူငယ်ချင်းလားဘာလားလျှောက်မေးကြတယ်”လို့ဖြေထားပါတယ်။

အမေက သိပ်မဆူပဲ အဖေကပိုဆူတယ်လို့လည်း “ကျွန်တော်အင်တာဗျူးရင် သိပ်မဖြေတတ်တာတွေဘာတွေကိုအဖေအမေတွေက သင်ပေးတယ်။ အမေကတော့ ဘာမှသိပ်မပြောပါဘူး။သားကြိုက်တာလုပ်ပဲ။ အဖေကတော့ ဆူတော့ဆူတယ်။ ဟာ မင်းဘယ်လိုဖြစ်တာလဲ စကားပြောတာ အခြားသူတွေကြည့်လေပေါ့။ ကျွန်တော်က စကားပြောတာ တော်တော်လည်းလုံးတယ်၊ထစ်လည်းထစ်တယ်။ အင်တာဗျူးတွေဖြေရင်ဒုက္ခရောက်တယ်”လို့ ရင်ဖွင့်ထားပါတယ်။

ပရိသတ်တွေက ဂူဂျွန်ဖြိုးနဲ့တူတယ်ပြောလို့ပျော်တယ်လို့လည်း “ဂူဂျွန်ဖြိုးနဲ့တူတယ်ဆိုတော့ ပျော်တယ်။အခြားလူနဲ့တူတယ်လို့ ကိုယ်မကြိုက်တဲ့လူနဲ့တူတယ်လို့ပြောရင်မပျော်ဘူး”လို့ ဖြေထားပြီး အချစ်ရေးကိုတော့ “ကောင်မလေးတွေအကုန်လုံးကို ရင်ခုန်ပါတယ်။ ကိုယ့်ကိုချစ်မယ့်သူကိုမသိသေးဘူးလေ။ ကိုယ်ကလည်း ဘယ်သူ့ကိုချစ်မှန်းမသိသေးဘူးဆိုတော့ အကုန်လုံးကိုရင်ခုန်တယ်။ Show ပွဲကိုလည်းဖိတ်ခေါ်ချင်ပါတယ်။ လေးရက်နေ့ August လ လာခဲ့ကြပါ။ ကျေးဇူးတင်ပါတယ်”လို့ ပြောသွားပါတယ်။

Credit : Nanmalgyi

LEAVE A REPLY