Zawgyi ျဖင့္ဖတ္ရန္

 

ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္း မွ ေက်ာင္းသူေလး Victoria အမႈႏွင့္ပတ္သက္၍ အမွန္တရားေပၚေပါက္ေရးေဆာင္႐ြက္ရန္အတြက္ ေနျပည္ေတာ္သို႔လာေရာက္သူမ်ားကို တည္းခိုခန္းႏွင့္ စားေသာက္ဆိုင္အခ်ိဳ႕က အခမဲ့တည္းခိုခြင့္ႏွင့္စားေသာက္ခြင့္ ေပးလွ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔တည္းခိုးခန္းအေနနဲ႔ေတာ့ သမီေလး Victoria နဲ႔ပတ္သက္ၿပီး စုံးစမ္းဖို႔လာတဲ့သူေတြကို အခမဲ့ တည္းခိုခြင့္ ျပဳဖို႔အတြက္ အခ်ိန္တလသတ္မွတ္ထားပါတယ္။ သတင္းေထာက္ေတြေရာ၊ ဘယ္သူပဲျဖစ္ျဖစ္ေပါ့ လာေရာက္တည္းခိုႏိုင္ ပါတယ္။ အခုလို တည္းခိုခြင့္ျပဳထားတာ တပတ္ေလာက္ရွိပါၿပီ။ ကြၽန္ေတာ္တို႔က အမႈမွန္ေပၚေပါက္ေစခ်င္တာရယ္၊ သားသမီးခ်င္းကိုယ္ခ်င္းစာနာစိတ္ေၾကာင့္လုပ္တာပါ”ဟု ေနျပည္ေတာ္ ေက်ာက္စိမ္းတည္းခိုခန္း ပိုင္ရွင္မိသားစုဝင္တဦးျဖစ္သူ ဦးခင္ထြန္းက ေျပာသည္။

အမႈႏွင့္ပတ္သက္၍လာေရာက္သူမ်ားအေနျဖင့္ ေနထိုင္တည္းခိုရန္ အခက္အခဲရွိပါက ေက်ာက္စိမ္းတည္းခိုခန္းမွ လူ ၁ ဦးလွ်င္ ၂ ရက္ အခမဲ့တည္းခိုခြင့္ျပဳေၾကာင္း၊ ထို႔အတြက္ လူ ၆ ေယာက္တည္းခိုႏိုင္သည့္ အခန္း ၂ ခန္းစီစဥ္ထားေၾကာင္း၊ အခမဲ့တည္းခိုျခင္းကို ဇူလိုင္လကုန္အထိ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပၾကားသည္။

အမွတ္ (၃၂၉၈) ခ်ယ္ရီလမ္းႏွင့္သစၥာလမ္းေထာင့္၊ ေဘာဂဝတီရပ္ကြက္၊ ပ်ဥ္မနားၿမိဳ႕ရွိ ေက်ာက္စိမ္းတည္းခိုခန္းကဲ့သို႔ ေနျပည္ေတာ္၊ ဧရာဝတီလမ္းမႀကီး၊ သေျပကုန္းရွိ ေ႐ႊလာဒ္ေကာင္ အဆင့္ျမင့္လက္ဖက္ရည္၊ စားဖြယ္စုံႏွင့္ ျမန္မာထမင္းဆိုင္ကလည္း အလားတူ ထမင္းဟင္း အခမဲ့ေကြၽးေမြးမည္ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္မတို႔ဆိုင္ကေန သမီးေလးဗစ္တိုးရီးယားနဲ႔ပတ္သက္ၿပီးေတာ့ လာေရာက္စုံးစမ္းတဲ့သူေတြကို စားေသာက္ဖို႔အတြက္ ဒါနျပဳတာပါ။ ရည္႐ြယ္ခ်က္ကေတာ့ အမႈမွန္ေပၚေပါက္ေစခ်င္လို႔ပါ။ အခ်ိန္ကာလကေတာ့ သတ္မွတ္မထားပါဘူး။ အမႈမွန္ေပၚေပါက္ဖို႔က အဓိေပါ့။ တကယ္အမႈကို လာစုံးစမ္းတဲ့သူေတြမဟုတ္ဘဲ အသုံးခ်တဲ့သူေတြကေတာ့ သူတို႔ သိကၡာနဲ႔သူတို႔ေပါ့။ ကြၽန္မတို႔ရည္႐ြယ္ခ်က္ကေတာ့ အမႈကို လာေရာက္စုံးစမ္းေဖာ္ထုတ္တဲ့သူေတြ စားေသာက္ဖို႔အခက္အခဲျဖစ္ရင္ ျဖည္းဆည္းေပးဖို႔အတြက္ လုပ္ေဆာင္တာပါ” ဟု ေ႐ႊလာဒ္ေကာင္မွ တာဝန္ရွိသူတဦးက ေျပာသည္။

အသက္ ၂ႏွစ္ႏွင့္ ၁၁ လအ႐ြယ္မိန္းကေလး မဖြယ္မရာျပဳက်င့္ခံရမႈႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္တြင္ Wisdom Hill ေက်ာင္းမွ ႀကီးၾကပ္ေရးမႉး၏ယာဥ္ေမာင္းျဖစ္သူ ေအာင္ႀကီး(ခ)ေအာင္ေက်ာ္မ်ိဳးအား သံသယတရားခံအျဖစ္ဖမ္းဆီးထားသည္။

၎အမႈမွာ တႏိုင္ငံလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ေနသည့္အမႈျဖစ္ၿပီး အမႈမွန္ေပၚေပါက္ေရးအတြက္ ၿမိဳ႕ ႀကီးမ်ားတြင္ ဆႏၵထုတ္ေဖာ္ပြဲမ်ားျပဳလုပ္လ်က္ရွိသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

Victoria အမှု စုံစမ်းရန်လာရောက်သူများကို နေပြည်တော်ရှိ တည်းခိုခန်းနှင့် စားသောက်ဆိုင်အချို့က အခမဲ့ တည်းခိုစားသောက်ခွင့်ပေး

နေပြည်တော် Wisdom Hill မူကြိုကျောင်း မှ ကျောင်းသူလေး Victoria အမှုနှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေးဆောင်ရွက်ရန်အတွက် နေပြည်တော်သို့လာရောက်သူများကို တည်းခိုခန်းနှင့် စားသောက်ဆိုင်အချို့က အခမဲ့တည်းခိုခွင့်နှင့်စားသောက်ခွင့် ပေးလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့တည်းခိုးခန်းအနေနဲ့တော့ သမီလေး Victoria နဲ့ပတ်သက်ပြီး စုံးစမ်းဖို့လာတဲ့သူတွေကို အခမဲ့ တည်းခိုခွင့် ပြုဖို့အတွက် အချိန်တလသတ်မှတ်ထားပါတယ်။ သတင်းထောက်တွေရော၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ လာရောက်တည်းခိုနိုင် ပါတယ်။ အခုလို တည်းခိုခွင့်ပြုထားတာ တပတ်လောက်ရှိပါပြီ။ ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်စေချင်တာရယ်၊ သားသမီးချင်းကိုယ်ချင်းစာနာစိတ်ကြောင့်လုပ်တာပါ”ဟု နေပြည်တော် ကျောက်စိမ်းတည်းခိုခန်း ပိုင်ရှင်မိသားစုဝင်တဦးဖြစ်သူ ဦးခင်ထွန်းက ပြောသည်။

အမှုနှင့်ပတ်သက်၍လာရောက်သူများအနေဖြင့် နေထိုင်တည်းခိုရန် အခက်အခဲရှိပါက ကျောက်စိမ်းတည်းခိုခန်းမှ လူ ၁ ဦးလျှင် ၂ ရက် အခမဲ့တည်းခိုခွင့်ပြုကြောင်း၊ ထို့အတွက် လူ ၆ ယောက်တည်းခိုနိုင်သည့် အခန်း ၂ ခန်းစီစဉ်ထားကြောင်း၊ အခမဲ့တည်းခိုခြင်းကို ဇူလိုင်လကုန်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြေကြားသည်။

အမှတ် (၃၂၉၈) ချယ်ရီလမ်းနှင့်သစ္စာလမ်းထောင့်၊ ဘောဂဝတီရပ်ကွက်၊ ပျဉ်မနားမြို့ရှိ ကျောက်စိမ်းတည်းခိုခန်းကဲ့သို့ နေပြည်တော်၊ ဧရာဝတီလမ်းမကြီး၊ သပြေကုန်းရှိ ရွှေလာဒ်ကောင် အဆင့်မြင့်လက်ဖက်ရည်၊ စားဖွယ်စုံနှင့် မြန်မာထမင်းဆိုင်ကလည်း အလားတူ ထမင်းဟင်း အခမဲ့ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ဆိုင်ကနေ သမီးလေးဗစ်တိုးရီးယားနဲ့ပတ်သက်ပြီးတော့ လာရောက်စုံးစမ်းတဲ့သူတွေကို စားသောက်ဖို့အတွက် ဒါနပြုတာပါ။ ရည်ရွယ်ချက်ကတော့ အမှုမှန်ပေါ်ပေါက်စေချင်လို့ပါ။ အချိန်ကာလကတော့ သတ်မှတ်မထားပါဘူး။ အမှုမှန်ပေါ်ပေါက်ဖို့က အဓိပေါ့။ တကယ်အမှုကို လာစုံးစမ်းတဲ့သူတွေမဟုတ်ဘဲ အသုံးချတဲ့သူတွေကတော့ သူတို့ သိက္ခာနဲ့သူတို့ပေါ့။ ကျွန်မတို့ရည်ရွယ်ချက်ကတော့ အမှုကို လာရောက်စုံးစမ်းဖော်ထုတ်တဲ့သူတွေ စားသောက်ဖို့အခက်အခဲဖြစ်ရင် ဖြည်းဆည်းပေးဖို့အတွက် လုပ်ဆောင်တာပါ” ဟု ရွှေလာဒ်ကောင်မှ တာဝန်ရှိသူတဦးက ပြောသည်။

အသက် ၂နှစ်နှင့် ၁၁ လအရွယ်မိန်းကလေး မဖွယ်မရာပြုကျင့်ခံရမှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး၏ယာဉ်မောင်းဖြစ်သူ အောင်ကြီး(ခ)အောင်ကျော်မျိုးအား သံသယတရားခံအဖြစ်ဖမ်းဆီးထားသည်။

၎င်းအမှုမှာ တနိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေသည့်အမှုဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့ ကြီးများတွင် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်လျက်ရှိသည်။

share from : burmese.asia

LEAVE A REPLY