Zawgyi ျဖင့္ဖတ္ရန္

 

မိဘမဲ့ေဂဟာေလးရဲ႕ နာမည္က “က႐ုဏာ အိမ္ေလး” ေဂဟာေလးရဲ႕ နာမည္က ၾကားလိုက္တာနဲ႔ ေႏြးေထြးမႈ ၾကင္နာမႈေတြရဲ႕ အေငြ႕အသက္ေတြ ၿခဳံလႊမ္းသြားပါတယ္။ ဒါေပမယ့္ တစ္ကယ့္လက္ေတြ႕မွာေတာ့ မိဘမဲ့ကေလးေလးေတြဟာ ၾကင္နာမႈထက္ နာက်င္မႈေတြ ေၾကာက္႐ြံ႕မႈေတြ ခံစားေနရတယ္ဆိုတာ သူတို႔ေလးေတြရဲ႕ ေျခသလုံးက ဝါးစိမ္းတုတ္နဲ႔ ႐ိုက္ခံထားရတဲ့ အရႈိးရာအထပ္ထပ္က သက္ေသျပေနပါတယ္။

မအူပင္ၿမိဳ႕၊ ၁၂ ရပ္ကြက္၊ ၇ လမ္းထဲမွာ ဖြင့္လွစ္ထားတဲ့ မိဘမဲ့ပရဟိတေဂဟာ “က႐ုဏာ အိမ္ေလး” က ကေလးေတြဟာ သူတို႔တက္ေန႔တဲ့ အ.ထ.က (၂) နဲ႔ (၃) ေက်ာင္းမ်ားက အတန္းထဲမွာ ထိတ္လန႔္ေၾကာက္႐ြံေနၾကတာကို ေတြ႕ရတဲ့အတြက္ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ရင္ခြင္မဲ့ကေလးသူငယ္မ်ား ေစာင့္ေရွာက္ေရးအဖြဲ႕မွ ဇူလိုင္လ ၁၁ ရက္ေန႔က ေက်ာင္းသူ၊ ေက်ာင္းသား ကေလးေတြနဲ႔ လာေရာက္ ေတြ႕ဆုံေမးျမန္း စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ကေလးေတြက သူတို႔ကို ဝါးစိမ္းတုတ္နဲ႔ ႐ိုက္ထားတဲ့ ဒဏ္ရာေတြကို ျပသၾကပါတယ္။ အ႐ိုက္ခံရတဲ့အေၾကာင္းကို ေမးျမန္းရာမွာ ထမင္းပန္းကန္ တစ္ခ်ပ္မွာ ထမင္းေတြက်န္ေနၿပီး ေဆးမထားတာကိုေတြ႕တဲ့အတြက္ အားလုံး ကေလး (၅၁) ေယာက္ကို တန္းစီၿပီး ဝါးစိမ္းတုတ္နဲ႔ ႐ိုက္ခဲ့တာျဖစ္ပါတယ္။

ကေလးအငယ္ဆုံးကို ၁ ခ်က္စီ၊ အလတ္ကို ၂ ခ်က္စီနဲ႔ အႀကီးေတြကို ၅ ခ်က္စီ ႐ိုက္ႏွက္ခဲ့တယ္လို႔ ကေလးေတြက ထြက္ဆိုပါတယ္။ ကေလးေတြကိုလည္း ဘာဟင္းမွမပါပဲ ပုံပါအတိုင္း ျဖစ္သလို ေကြၽးေမြးေနေၾကာင္း သိရပါတယ္။

 

အဆိုပါ “က႐ုဏာ အိမ္ေလး” ကို တိုင္းေဒသႀကီး(၂) ကိုယ္စားလွယ္ ဦးသက္ကိုေလး၊ ၿမိဳ႕နယ္မႉးနဲ႔ ရပ္တပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္စစ္ေဆးေနပါတယ္။
လက္တေလာမွာ ကေလးေတြကို မအူပင္ၿမိဳ႕ရင္ခြင္မဲ့အဖြဲ႕က ေစာင့္ေရွာက္ေပးထားၿပီး “က႐ုဏာ အိမ္ေလး” ေဂဟာကို တရားဆြဲဆိုသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အရှိုးရာတွေ ထပ်တလင်းကြမ်းနေတဲ့ မိဘမဲ့ဂေဟာ “ကရုဏာအိမ်လေး”

မိဘမဲ့ဂေဟာလေးရဲ့ နာမည်က “ကရုဏာ အိမ်လေး” ဂေဟာလေးရဲ့ နာမည်က ကြားလိုက်တာနဲ့ နွေးထွေးမှု ကြင်နာမှုတွေရဲ့ အငွေ့အသက်တွေ ခြုံလွှမ်းသွားပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ မိဘမဲ့ကလေးလေးတွေဟာ ကြင်နာမှုထက် နာကျင်မှုတွေ ကြောက်ရွံ့မှုတွေ ခံစားနေရတယ်ဆိုတာ သူတို့လေးတွေရဲ့ ခြေသလုံးက ဝါးစိမ်းတုတ်နဲ့ ရိုက်ခံထားရတဲ့ အရှိုးရာအထပ်ထပ်က သက်သေပြနေပါတယ်။

မအူပင်မြို့၊ ၁၂ ရပ်ကွက်၊ ၇ လမ်းထဲမှာ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ပရဟိတဂေဟာ “ကရုဏာ အိမ်လေး” က ကလေးတွေဟာ သူတို့တက်နေ့တဲ့ အ.ထ.က (၂) နဲ့ (၃) ကျောင်းများက အတန်းထဲမှာ ထိတ်လန့်ကြောက်ရွံနေကြတာကို တွေ့ရတဲ့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် ရင်ခွင်မဲ့ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့မှ ဇူလိုင်လ ၁၁ ရက်နေ့က ကျောင်းသူ၊ ကျောင်းသား ကလေးတွေနဲ့ လာရောက် တွေ့ဆုံမေးမြန်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကလေးတွေက သူတို့ကို ဝါးစိမ်းတုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေကို ပြသကြပါတယ်။ အရိုက်ခံရတဲ့အကြောင်းကို မေးမြန်းရာမှာ ထမင်းပန်းကန် တစ်ချပ်မှာ ထမင်းတွေကျန်နေပြီး ဆေးမထားတာကိုတွေ့တဲ့အတွက် အားလုံး ကလေး (၅၁) ယောက်ကို တန်းစီပြီး ဝါးစိမ်းတုတ်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။

ကလေးအငယ်ဆုံးကို ၁ ချက်စီ၊ အလတ်ကို ၂ ချက်စီနဲ့ အကြီးတွေကို ၅ ချက်စီ ရိုက်နှက်ခဲ့တယ်လို့ ကလေးတွေက ထွက်ဆိုပါတယ်။ ကလေးတွေကိုလည်း ဘာဟင်းမှမပါပဲ ပုံပါအတိုင်း ဖြစ်သလို ကျွေးမွေးနေကြောင်း သိရပါတယ်။

အဆိုပါ “ကရုဏာ အိမ်လေး” ကို တိုင်းဒေသကြီး(၂) ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မြို့နယ်မှူးနဲ့ ရပ်တပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးနေပါတယ်။
လက်တလောမှာ ကလေးတွေကို မအူပင်မြို့ရင်ခွင်မဲ့အဖွဲ့က စောင့်ရှောက်ပေးထားပြီး “ကရုဏာ အိမ်လေး” ဂေဟာကို တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : popolay

LEAVE A REPLY