Zawgyi ဖြင့်ဖတ်ရန်
(၃) သင့်ကိုဂရုစိုက်တယ်
(၅) ဇယားတွေရှင်းတယ်
Credit : Auntymay
Unicode ဖြင့်ဖတ်ရန်
ချစ်သူအပေါ် ထာဝရသစ္စာရှိသွားမယ့် မိန်းကလေးတွေရဲ့ အပြုအမူ (၅) မျိုး
သစ္စာဆိုတာ အပြုအမူ၊ လုပ်ဆောင်ချက်တွေမှာ ထင်ဟပ်နေတဲ့ အရာမျိုးပါ။ မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားေ လးတစ်ယောက်ကို တကယ်ချစ်ပြီဆိုရင် သစ္စာဆိုတာ အလိုလို ပါလာပြီးသားပါ။ တကယ်လို့ သင့်ချစ်သူကောင်မေ လး ဟာ ခုဖော်ပြပေးထားတဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ သစ္စာအရမ်းရှိတဲ့ချစ်သူကို ပိုင်ဆိုင် ထားတဲ့ ကံအကောင်းဆုံးသူပါ။
(၁) အချိန်တိုင်းဆက်သွယ်လို့ရတယ်
သစ္စာရှိတဲ့ကောင်မလေးတွေဟာ အချိန်တိုင်း ဆက်သွယ်လို့ရတဲ့သူတွေပါ။ သူတို့ဖုန်းကို သင် ဘယ်အချိန်ဆက်ဆက် အမြဲကိုင်တဲ့သူတွေပါ။ တစ်ခါတလေ ဖုန်းမကိုင်နိုင်ရင်တောင် သူအားတဲ့အချိန် ချက်ချင်းပြန်ခေါ်ပြီး အကျိုးသင့်အကြောင်းသင့် ပြောနိုင်တဲ့သူပါ။ သူ့မှာ တခြားဇယားတွေ၊ ရှုပ်ထားတာတွေ မရှိတဲ့အပြင်၊ သူ့အနားမှာ သင်တို့နှစ်ယောက် ပတ်သက်မှုကို လျှို့ဝှက်ထားရမယ့် တခြားလူ ရှိမနေတာကြောင့် အချိန်တိုင်း ဆက်သွယ်လို့ရတယ်ဆိုတာကို သိထားလိုက်ပါနော်။
(၂) အမြဲတမ်းသတင်းပို့တယ်
သင့်ချစ်သူဟာ ဘယ်နေ့ကျရင် ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်သူတွေနဲ့လဲဆိုတာကို အမြဲတမ်း သင့်ကို သတင်းပို့တဲ့ သူပါ။ သူ့ရဲ့အစီအစဉ်တွေ၊ သူ့လုပ်ဆောင်မယ့် အရာတွေကို သင့်ကို အမြဲပေးသိပြီး အမြဲတိုင်ပင်လေ့ရှိတဲ့သူပါ။ သင့်ချစ်သူဟာ သင်မသိပဲလုပ်တာတွေ၊ သင့်နောက်ကွယ်မှာ တိတ်တိတ်လေး သင့်ကိုလျှို့ဝှက်ပြီး နေတာထိုင်တာ၊ သွားလာတာတွေ လုပ်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင့်အပေါ်ကိုသူသစ္စာရှိလို့ပါ။
(၃) သင့်ကိုဂရုစိုက်တယ်
သင့်ကို သင့်ချစ်သူက ခဏခဏ ဖုန်းဆက်တယ်၊ ဂရုစိုက်တယ်၊ သင့်ကို အမြဲတမ်း စိတ်ပူပေးတယ်ဆိုတာ သူ့စိတ်ထဲမှာ သင်တစ်ယောက်တည်းရှိလို့ပါ။ ဒါကြောင့် သင့်ကိုအမြဲတမ်း ဂရုစိုက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူက သင့်ကိုဖုန်းတွေ တဂွမ်ဂွမ်ဆက်တတ်လို့၊ ဘယ်မှာလဲဘယ်သူနဲ့လဲ အမြဲမေးတတ်လို့ စိတ်မညစ်ပါနဲ့။ သင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီး ဂရုစိုက်ပေးတဲ့ သစ္စာရှိတဲ့ချစ်သူကို ပိုင်ဆိုင်ထားရတာ သင်အရမ်းကံကောင်းပါတယ်။
(၄) ဖုံးကွယ်ထားတာ မရှိဘူး
သင့်ချစ်သူဟာ သင့်ကို လျှို့ဝှက်ထားတာမရှိဘူး၊ သင့်ကို ဖုံးကွယ်ထားထားတာ မရှိဘူးဆိုတာ သင့်အပေါ်ကို သစ္စာရှိလို့ပါ။ သင့်ကို သစ္စာရှိတဲ့သူဆိုတာ သူ့ရဲ့ အားနည်းချက်၊ အားသာချက်အာလုံးနဲ့ သူ့နဲ့ပတ်သက်တဲ့အရာအားလုံးကို မချွင်းမချန် ပြောပြထားတဲ့သူပါ။ အကြောင်းကတော့ သင့်ကို တစ်ဘဝလုံးစာ ရည်ရွယ်ထားတာကြောင့် သူ့ရဲ့ကောင်းခြင်းဆိုးခြင်း အရာအားလုံးကို သင်သိသင့်တယ်၊ သင်သိထားဖို့လိုတယ်လို့ ခံယူထားတာကြောင့်ပါ။ သူနဲ့ပတ်သက်ရင် သင်မသိတာ ဘာမှမရှိလောက်အောင် သင့်အပေါ်မှာ ပွင့်လင်းတဲ့သူပါ။
(၅) ဇယားတွေရှင်းတယ်
သင့်ချစ်သူဟာ ဘယ်အချိန်ပဲ ကောက်စစ်စစ်၊ သူ့ဖုန်း၊ သူ့ရဲ့ Social Media တွေနဲ့ သူ့ရဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ သူနဲ့ပတ်သက်တဲ့သူတွေကြောင့် ဘယ်တော့မှ မသင်္ကာစရာတွေ့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သင့်ကိုတကယ်ချစ်တဲ့အပြင် သင့်နောက်ကွယ်မှာ ဘယ်တော့မှ မဟုတ်တာ မလုပ်ထားလို့ပါ။ ဒါကြောင့် သင်ဘယ်အချိန်ပဲစစ်စစ် အမြဲတမ်းအေးအေးဆေးဆေးနဲ့ ပြာယာခတ်မနေရင်တော့ သူဟာ သင့်အပေါ်ကိုသစ္စာရှိတဲ့သူဖြစ်ပါတယ်။
Credit : Auntymay
LEAVE A REPLY