Zawgyi ျဖင့္ဖတ္ရန္

 

မိဘအမ်ားစုဟာ ကိုယ့္သားသမီးအေပၚ ေကာင္းေစခ်င္တဲ့ စိတ္ကေတာ့ ၁၀၀ရာခိုင္းႏႈန္ရွိၾကတာ အမွန္ပါပဲ။ ဒါေပမဲ့ သူတို႔ရဲ႕ ထိန္းေက်ာင္းမႈပုံစံေတြက လြဲမွားမႈေတြရွိေနတဲ့ အခါ ကေလးေတြဟာ လိမၼာခ်င္သေယာင္ေယာင္နဲ႔ ေနာက္ပိုင္းမွာ ဆိုးသြမ္းသြားတတ္ၾကပါတယ္။ တခါတေလမွာ အရမ္းထိန္းခ်ဳပ္တတ္တဲ့ မိဘရဲ႕ သားသမီးက ငယ္ငယ္တုန္းက လိမၼာသလိုလိုရွိေပမဲ့ ႀကီးလာမွ ဆိုးမိုက္သြားသလို ငယ္ငယ္ထဲက သူတို႔ရဲ႕ လြတ္လပ္ခြင့္ကို အျပည့္အဝေပးထားတဲ့မိဘေတြရဲ႕ သားသမီးေတြဟာ ငယ္ငယ္တုန္းက အမ်ားအျမင္မွာ ဆိုးသြမ္းေနသူလို႔ ထင္မွတ္ေနေပမဲ့ ႀကီးလာရင္ လိမၼာသြားတာေတြလည္း ရွိတတ္ၾကပါတယ္။ဒီေကာင္းက်ိဳး ဆိုးက်ိဳးေတြအားလုံးဟာ မိဘေတြရဲ႕ ထိန္းခ်ဳပ္မႈနဲ႔ တိုက္႐ိုက္ပတ္သက္မႈရွိပါတယ္။

၁။ မိဘနဲ႔ ကေလးၾကား ဆက္ဆံေရး ေပ်ာ္ေမြ႕မႈမရွိျခင္း

မိဘနဲ႔ ကေလးေတြၾကားမွာ ဆက္ဆံေရးက ေႏြးေထြးမႈမရွိဘူး၊ အိမ္ထဲမွာသာ အတူတူေနရတယ္ တစ္ေနကုန္ေနလို႔ စကားတစ္ခြန္းမေျပာ၊ ေအးတိေအးစက္နဲ႔ ဆို ၾကာလာရင္လည္း မိဘနဲ႔ သားသမီးၾကားမွာရွိတဲ့ ေမတၱာတရားက ဆိတ္သုဥ္းသြားတတ္ပါတယ္။ စီးပြားေရးအလုပ္ကိစၥေတြနဲ႔ ဗ်ာမ်ားေနတဲ့အခါ တစ္ခါတေလမွာ သားသမီးအေပၚ ေႏြးေထြးတဲ့အျပဳအမူေတြမေပးႏိုင္ေတာ့ဘဲ မိဘေတြဘက္က လစ္ဟာတတ္ပါတယ္။ ဒီလိုအခ်ိန္ေတြ မ်ားလာတဲ့အခါမွာ သင့္သားသမီးက တစ္ေယာက္ထဲလည္း ေနတတ္သြားပါလိမ့္မယ္။ သင့္ဘက္ကစၿပီး ေႏြးေႏြးေထြးေထြး ဆက္ဆံမိရင္ေတာင္ သူတို႔အတြက္ စိတ္ရႈပ္စရာႀကီးတစ္ခုလို႔ေတာင္ ထင္ေကာင္း ထင္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္သားသမီးအတြက္ သီးသန႔္အခ်ိန္ေပးပါ။ ထိန္းခ်ဳပ္မႈမပါပဲ သူတို႔ဆီက ေႏြးေထြးမႈကို ရေအာင္ဖန္တီးယူပါ။

၂။ ႐ုပ္ပိုင္းဆိုင္ရာ ေႏြးေထြးတဲ့ အျပဳအမူေတြ မရွိျခင္း

ေႏြးေထြးတဲ့ အျပဳအမူဆိုတာ စကားလုံးေတြနဲ႔ ေျပာမွမဟုတ္ပါဘူး ႐ုပ္ပိုင္းဆိုင္ရာ အျပဳအမူေတြကေန သားသမီးေတြဆီက ေႏြးေထြးမႈရရွိႏိုင္ပါတယ္။ ဥပမာ သင့္သားသမီး ေက်ာင္းက ျပန္လာတဲ့အခါ သင့္ဘက္ကစၿပီး ေပြ႕ဖက္လိုက္တာမ်ိဳး၊ လက္သီးခ်င္းတိုက္တာမ်ိဳး၊ လက္ဝါးခ်င္း ႐ိုက္တာမ်ိဳး စတဲ့ ေႏြးေထြးတဲ့ အျပဳအမူေလးေတြကို ဖန္တီးေပးပါ။ ဒီလိုအျပဳအမူေလးေတြ ငယ္စဥ္ကတည္းက မျပဳလုပ္ခဲ့ရင္ေတာ့ သင့္သားသမီးအ႐ြယ္ေရာက္လာလို႔ သင့္ဘက္ကအရင္ ေပြ႕ဖက္ရင္ေတာင္မွ သူတို႔ဘက္ စိတ္ရႈပ္စရာ/ ရွက္စရာတစ္ခုအျဖစ္ ျငင္းဆန္ပါလိမ့္မယ္။

၃။ သားသမီးရဲ႕ ငယ္ဘဝအေၾကာင္းေတြကို မွတ္တမ္းတင္ထားမႈ မရွိျခင္း

ယခင္က တစ္ခုခုဆို မွတ္တမ္းတင္ဖို႔ အရမ္းကို ခက္ခဲေပမဲ့ အခုခ်ိန္မွာေတာ့ ဒါေတြက အရမ္းကို လြယ္ကူတဲ့အေနအထားတစ္ခုကိုေရာက္ေနပါၿပီး။ ငယ္စဥ္က သင့္ကေလးရဲ႕ ခ်စ္စဖြယ္အျပဳအမူေလးေတြ၊ ေမြးေန႔ပြဲ က်င္းပတာမ်ိဳး၊ မိသားစုေတြ ခရီးအတူတူထြက္တာမ်ိဳး စတဲ့ သင့္သားသမီးနဲ႔ ပတ္သက္တဲ့ အရာေတြမွန္သမွ် အားလုံးကိ မွတ္တမ္းတင္ေပးထားပါ။ ဒါေတြက သင့္သားသမီးႀကီးလာလို႔ ျပန္ၾကည့္မိတဲ့အခါ မိဘေတြရဲ႕ ေမတၱာကို ပိုၿပီး နာလည္းသေဘာေပါက္လြယ္ေစပါတယ္။ သင့္သားသမီးက ဘယ္ေလာက္ပဲ ဆိုးသြမ္းေနတဲ့သူျဖစ္ပါေစ သူ႔ဘဝ ငယ္စဥ္က ၾကည့္ႏူးစရာအျဖစ္အပ်က္ေလးေတြကို ျပန္ျမင္ေယာင္တဲ့အခါ သူ႔စိတ္ကို ျပန္ၿပီး ႏူးညံ့မႈျဖစ္ေပၚေစပါတယ္။

၄။ ဖန္တီးမႈ ဂိမ္းမ်ိဳးေတြ အတူတူေဆာ့ကစားတာမ်ိဳး မရွိျခင္း

ငယ္႐ြယ္တဲ့ ကေလးေတြဆီးက ရင္းႏွီးမႈယူဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ သူတို႔နဲ႔အတူ ကစားေပးတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလး ကစားတဲ့အခါ တစ္ေယာက္တည္း ေပးကစားတာမ်ိဳးမဟုတ္ဘဲ သင္ပါ ပါဝင္ၿပီး ကစားေပးတာမ်ိဳး ျပဳလုပ္ေပးပါ။ ဥပမာ – ႏွစ္ေယာက္သား အတူတူ ပုံဆြဲေလ့က်င့္တာမ်ိဳး၊ ဉာဏ္စမ္းဂိမ္းတစ္မ်ိဳးမ်ိဳး ဒါမွမဟုတ္ အျခားစိတ္ဝင္စားစရာ ဂိမ္းတစ္မ်ိဳမ်ိဳး ကို အတူတူေဆာ့ကစားတာမ်ိဳး ဖန္တီးေပးပါ။ ဒီအျပဳအမူေတြက သားသမီးနဲ႔ မိဘၾကား သံေယာဇဥ္ကို ပိုၿပီး ခိုင္မာေစတဲ့အျပင္ သင့္သားသမီးရဲ႕ ဉာဏ္ရည္လည္း ပိုၿပီး ထက္ျမက္ေစပါတယ္။

၅။ အရမ္းတင္းက်ပ္မႈရွိျခင္း

တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြက သင့္ကေလးကို အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ရာေရာက္ပါတယ္။ သင့္ကေလး ဘာျဖစ္ခ်င္တာလဲ၊ ဘာလုပ္ခ်င္တာလည္း ကိစၥအရင္းအျမစ္ကို အရင္မေမးဘဲ သင့္ရဲ႕ ဆႏၵအတိုင္း သင္ျဖစ္ခ်င္တာေတြသာ ဖိအားေပးေနရင္ သင္တို႔ႏွစ္ဦးၾကားမွာရွိတဲ့ ဆက္ဆံေရးကလည္းေကာင္းမြန္လာမွာမဟုတ္ပါဘူး။ ငယ္စဥ္က ေၾကာက္လို႔ သင့္ဆႏၵေတြကို မလုပ္ခ်င္ဘဲ လုပ္လာရတဲ့အခါ အ႐ြယ္ေရာက္လို႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့ အခ်ိန္ေရာက္ရင္ သင္တို႔ကို ေျခစုံကန္သြားတတ္ပါတယ္။ သင္ကအသက္ႀကီးလားလို႔ သားသမီးေတြကို အားကိုခ်င္ေပမဲ့ သူတို႔ဘက္ကသင့္ကို ဖက္တြယ္ေနမွာမဟုတ္ေတာ့ပါဘူး။

Credit: #Lifestyle_Myanmar ( #Thar_Nage )

Unicode ဖြင့်ဖတ်ရန်

“သားသမီးတွေ ကြီးလာတဲ့အခါ မိဘတွေ နောင်တရစေမဲ့ အပြုအမူမျိုးတွေ”

မိဘအများစုဟာ ကိုယ့်သားသမီးအပေါ် ကောင်းစေချင်တဲ့ စိတ်ကတော့ ၁၀၀ရာခိုင်းနှုန်ရှိကြတာ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ထိန်းကျောင်းမှုပုံစံတွေက လွဲမှားမှုတွေရှိနေတဲ့ အခါ ကလေးတွေဟာ လိမ္မာချင်သယောင်ယောင်နဲ့ နောက်ပိုင်းမှာ ဆိုးသွမ်းသွားတတ်ကြပါတယ်။ တခါတလေမှာ အရမ်းထိန်းချုပ်တတ်တဲ့ မိဘရဲ့ သားသမီးက ငယ်ငယ်တုန်းက လိမ္မာသလိုလိုရှိပေမဲ့ ကြီးလာမှ ဆိုးမိုက်သွားသလို ငယ်ငယ်ထဲက သူတို့ရဲ့ လွတ်လပ်ခွင့်ကို အပြည့်အဝပေးထားတဲ့မိဘတွေရဲ့ သားသမီးတွေဟာ ငယ်ငယ်တုန်းက အများအမြင်မှာ ဆိုးသွမ်းနေသူလို့ ထင်မှတ်နေပေမဲ့ ကြီးလာရင် လိမ္မာသွားတာတွေလည်း ရှိတတ်ကြပါတယ်။ဒီကောင်းကျိုး ဆိုးကျိုးတွေအားလုံးဟာ မိဘတွေရဲ့ ထိန်းချုပ်မှုနဲ့ တိုက်ရိုက်ပတ်သက်မှုရှိပါတယ်။

၁။ မိဘနဲ့ ကလေးကြား ဆက်ဆံရေး ပျော်မွေ့မှုမရှိခြင်း

မိဘနဲ့ ကလေးတွေကြားမှာ ဆက်ဆံရေးက နွေးထွေးမှုမရှိဘူး၊ အိမ်ထဲမှာသာ အတူတူနေရတယ် တစ်နေကုန်နေလို့ စကားတစ်ခွန်းမပြော၊ အေးတိအေးစက်နဲ့ ဆို ကြာလာရင်လည်း မိဘနဲ့ သားသမီးကြားမှာရှိတဲ့ မေတ္တာတရားက ဆိတ်သုဉ်းသွားတတ်ပါတယ်။ စီးပွားရေးအလုပ်ကိစ္စတွေနဲ့ ဗျာများနေတဲ့အခါ တစ်ခါတလေမှာ သားသမီးအပေါ် နွေးထွေးတဲ့အပြုအမူတွေမပေးနိုင်တော့ဘဲ မိဘတွေဘက်က လစ်ဟာတတ်ပါတယ်။ ဒီလိုအချိန်တွေ များလာတဲ့အခါမှာ သင့်သားသမီးက တစ်ယောက်ထဲလည်း နေတတ်သွားပါလိမ့်မယ်။ သင့်ဘက်ကစပြီး နွေးနွေးထွေးထွေး ဆက်ဆံမိရင်တောင် သူတို့အတွက် စိတ်ရှုပ်စရာကြီးတစ်ခုလို့တောင် ထင်ကောင်း ထင်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင့်သားသမီးအတွက် သီးသန့်အချိန်ပေးပါ။ ထိန်းချုပ်မှုမပါပဲ သူတို့ဆီက နွေးထွေးမှုကို ရအောင်ဖန်တီးယူပါ။

၂။ ရုပ်ပိုင်းဆိုင်ရာ နွေးထွေးတဲ့ အပြုအမူတွေ မရှိခြင်း

နွေးထွေးတဲ့ အပြုအမူဆိုတာ စကားလုံးတွေနဲ့ ပြောမှမဟုတ်ပါဘူး ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကနေ သားသမီးတွေဆီက နွေးထွေးမှုရရှိနိုင်ပါတယ်။ ဥပမာ သင့်သားသမီး ကျောင်းက ပြန်လာတဲ့အခါ သင့်ဘက်ကစပြီး ပွေ့ဖက်လိုက်တာမျိုး၊ လက်သီးချင်းတိုက်တာမျိုး၊ လက်ဝါးချင်း ရိုက်တာမျိုး စတဲ့ နွေးထွေးတဲ့ အပြုအမူလေးတွေကို ဖန်တီးပေးပါ။ ဒီလိုအပြုအမူလေးတွေ ငယ်စဉ်ကတည်းက မပြုလုပ်ခဲ့ရင်တော့ သင့်သားသမီးအရွယ်ရောက်လာလို့ သင့်ဘက်ကအရင် ပွေ့ဖက်ရင်တောင်မှ သူတို့ဘက် စိတ်ရှုပ်စရာ/ ရှက်စရာတစ်ခုအဖြစ် ငြင်းဆန်ပါလိမ့်မယ်။

၃။ သားသမီးရဲ့ ငယ်ဘဝအကြောင်းတွေကို မှတ်တမ်းတင်ထားမှု မရှိခြင်း

ယခင်က တစ်ခုခုဆို မှတ်တမ်းတင်ဖို့ အရမ်းကို ခက်ခဲပေမဲ့ အခုချိန်မှာတော့ ဒါတွေက အရမ်းကို လွယ်ကူတဲ့အနေအထားတစ်ခုကိုရောက်နေပါပြီး။ ငယ်စဉ်က သင့်ကလေးရဲ့ ချစ်စဖွယ်အပြုအမူလေးတွေ၊ မွေးနေ့ပွဲ ကျင်းပတာမျိုး၊ မိသားစုတွေ ခရီးအတူတူထွက်တာမျိုး စတဲ့ သင့်သားသမီးနဲ့ ပတ်သက်တဲ့ အရာတွေမှန်သမျှ အားလုံးကိ မှတ်တမ်းတင်ပေးထားပါ။ ဒါတွေက သင့်သားသမီးကြီးလာလို့ ပြန်ကြည့်မိတဲ့အခါ မိဘတွေရဲ့ မေတ္တာကို ပိုပြီး နာလည်းသဘောပေါက်လွယ်စေပါတယ်။ သင့်သားသမီးက ဘယ်လောက်ပဲ ဆိုးသွမ်းနေတဲ့သူဖြစ်ပါစေ သူ့ဘဝ ငယ်စဉ်က ကြည့်နူးစရာအဖြစ်အပျက်လေးတွေကို ပြန်မြင်ယောင်တဲ့အခါ သူ့စိတ်ကို ပြန်ပြီး နူးညံ့မှုဖြစ်ပေါ်စေပါတယ်။

၄။ ဖန်တီးမှု ဂိမ်းမျိုးတွေ အတူတူဆော့ကစားတာမျိုး မရှိခြင်း

ငယ်ရွယ်တဲ့ ကလေးတွေဆီးက ရင်းနှီးမှုယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့နဲ့အတူ ကစားပေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေး ကစားတဲ့အခါ တစ်ယောက်တည်း ပေးကစားတာမျိုးမဟုတ်ဘဲ သင်ပါ ပါဝင်ပြီး ကစားပေးတာမျိုး ပြုလုပ်ပေးပါ။ ဥပမာ – နှစ်ယောက်သား အတူတူ ပုံဆွဲလေ့ကျင့်တာမျိုး၊ ဉာဏ်စမ်းဂိမ်းတစ်မျိုးမျိုး ဒါမှမဟုတ် အခြားစိတ်ဝင်စားစရာ ဂိမ်းတစ်မျိုမျိုး ကို အတူတူဆော့ကစားတာမျိုး ဖန်တီးပေးပါ။ ဒီအပြုအမူတွေက သားသမီးနဲ့ မိဘကြား သံယောဇဉ်ကို ပိုပြီး ခိုင်မာစေတဲ့အပြင် သင့်သားသမီးရဲ့ ဉာဏ်ရည်လည်း ပိုပြီး ထက်မြက်စေပါတယ်။

၅။ အရမ်းတင်းကျပ်မှုရှိခြင်း

တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက သင့်ကလေးကို အကြောက်တရားနဲ့ အုပ်ချုပ်ရာရောက်ပါတယ်။ သင့်ကလေး ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလည်း ကိစ္စအရင်းအမြစ်ကို အရင်မမေးဘဲ သင့်ရဲ့ ဆန္ဒအတိုင်း သင်ဖြစ်ချင်တာတွေသာ ဖိအားပေးနေရင် သင်တို့နှစ်ဦးကြားမှာရှိတဲ့ ဆက်ဆံရေးကလည်းကောင်းမွန်လာမှာမဟုတ်ပါဘူး။ ငယ်စဉ်က ကြောက်လို့ သင့်ဆန္ဒတွေကို မလုပ်ချင်ဘဲ လုပ်လာရတဲ့အခါ အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အချိန်ရောက်ရင် သင်တို့ကို ခြေစုံကန်သွားတတ်ပါတယ်။ သင်ကအသက်ကြီးလားလို့ သားသမီးတွေကို အားကိုချင်ပေမဲ့ သူတို့ဘက်ကသင့်ကို ဖက်တွယ်နေမှာမဟုတ်တော့ပါဘူး။

Credit: #Lifestyle_Myanmar ( #Thar_Nage )

LEAVE A REPLY