Zawgyi ျဖင့္ဖတ္ရန္

ေအာက္မွာ ေဖာ္ျပထားတဲ့အခ်က္ေတြကေတာ့ စကားတစ္လုံးမွ ေျပာစရာမလိုတဲ့ အျပဳအမူေလးေတြ ျဖစ္ပါတယ္။ ဒီအျပဳအမူေလးေတြကိုသာ ဂ႐ုတစိုက္ျပဳမူရင္ ပုရိသအေပါင္းရဲ႕ စိတ္ကို မယိုးမ႐ြျဖစ္ေစၿပီး အတိုးခ်ခ်စ္ေစႏိုင္မယ့္ အျပဳအမူေတြျဖစ္ေၾကာင္း  အာမခံပါတယ္။

(၁) ႏွစ္ႏွစ္ကာကာ ၿပဳံးျပပါ

ပုံးစရာရွိတဲ့အခါ ၿပဳံးလိုက္ပါ။ သိပ္ၿပီး ရွက္ေၾကာက္မေနပါနဲ႔။ ဘယ္သူ႔ကိုမွ သတိမထားမိတဲ့ ပုံစံနဲ႔ ႏွစ္ႏွစ္ကာကာ ၿပဳံးပါ။ သင့္ကို သတိထားေနတဲ့ အမ်ိဳးသားဆိုရင္ ဒီအခ်ိန္ ရင္ေတြ တစ္လွပ္လွပ္ျဖစ္ေနေလာက္ပါၿပီ။

(၂) ဝတ္စားဆင္ယင္မႈအပိုင္း

ဝတ္စားဆင္ယင္မႈအပိုင္းမွာလည္း ကိုယ္ရဲ႕ ခႏၶာကိုယ္သြင္ျပင္နဲ႔လိုက္ဖက္တဲ့ အဝတ္အစားကို ဝတ္ဆင္တတ္ပါေစ။ အ
ရမ္းေခတ္အဆန္ႀကီးလည္း မဟုတ္သလို အရမ္းႀကီးလည္း ေခတ္မတုံးပါေစနဲ႔။ ဒါေပမယ့္ အခုေခတ္ ေကာင္ေလးေတြ အ
မ်ားစုႀကိဳက္တဲ့ပုံစံက ႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ ဝတ္စားဆင္ယင္တဲ့ပုံစံမ်ိဳးေလးေတြေပါ့။

(၃) ဆံပင္ကို ရမ္းခါျခင္း

ဆံပင္ကို ရမ္းခါတဲ့အခါမွာလည္း အမ်ိဳးသမီးေတြဟာ အရမ္းဆြဲေဆာင္မႈ ရွိပါတယ္။ ဒါေပမယ့္ သိပ္ မသိသာပါေစနဲ႔။ လက္

နဲ႔ သပ္တင္တာတို႔၊ ေလတိုက္လို႔ သဘာဝအရ က်လာတဲ့အခါတို႔မွာ မသိမသာေလး ရမ္းခါတာမ်ိဳး လုပ္ပါ။ တစ္ခါတေလ

ေနာက္မွာရွိေနတဲ့ ဆံပင္ကို ေရွ႕ကို လက္နဲ႔ သိမ္းယူတာမ်ိဳးေလးေတြဟာလည္း အိေျႏၵရရ လွတဲ့ အျပဳအမူေလးေတြ ျဖစ္ပါတယ္။

(၄) သပ္ရပ္စြာေျပာဆိုေနထိုင္ပါ

အေနအထိုင္ အေျပာအဆို သပ္သပ္ရပ္ရပ္ရွိေနပါေစ။ ဒါကလည္း စကားမေျပာေသာ ဆြဲေဆာင္မႈေတြထဲမွာ ပါဝင္ပါတယ္။ အရမ္းႀကီးမ်က္ႏွာကို တင္းထားလို႔လည္း မျဖစ္သလို ၿပီတည္တည္ပုံစံႀကီးလည္း ျဖစ္မေနပါေစနဲ႔။ ပတ္ဝန္းက်င္နဲ႔ လိုက္ဖက္တဲ့ မ်က္ႏွာေပးမ်ိဳး ထားတတ္ပါေစ။

(၅) အႀကိဳက္ကိုသိပါေစ

အမ်ိဳးသားေတြရဲ႕ အႀကိဳက္ကို သိပါေစ။ မ်ားေသာအားျဖင့္ေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြအေပးမွာ ရင္းနီးသည္ျဖစ္ေစ မရင္းနီးေသးသူျဖစ္ေစ မ်က္ႏွာၿပီးရင္ အမ်ားဆုံး မ်က္လုံးေရာက္တတ္တာ ရင္သားေတြကိုပဲ ျဖစ္ပါတယ္။ ဒုတိယ အမ်ားဆုံးၾကည့္တာကေတာ့ တင္ပါးပဲျဖစ္ပါတယ္။ သူတို႔တစ္ေတြကို စစ္ေမးရင္ေတာ့ လုံးဝမဟုတ္ဘူးလို႔ ေျဖၾကမွာ အေသအခ်ာပါဘဲ။ ဒီေတာ့ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ သူတို႔တစ္ေတြရဲ႕စိတ္ကို ဖမ္းစားဖို႔အတြက္ သူတို႔တစ္ေတြနားေလးကို လမ္းေလွ်ာက္တဲ့အခါ ရင္ကေလးကို အနည္းငယ္ခ်ီၿပီး၊ တင္ကေလးကို မသိမသာေလးေတာ့ ေကာ့ထားဖို႔ လိုပါတယ္။ ဒါကို အိေျႏၵမဲ့တယ္လို႔ မထင္ပါနဲ႔။ ဖတ္ရွင္ရႈိးပြဲႀကီးတစ္ခုေလာက္ေတာ့ အျမင္မ႐ိုင္းေစပါဘူး။

(၆) ၾကင္နာမႈ

အမ်ိဳးသမီးေတြကို တစ္စုံတစ္ေယာက္ကို ဘယ္လို ၾကင္နာရမလဲဆိုတာ သင္ေပးေနဖို႔ မလိုပါဘူး။ ဒါေပမယ့္ အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ တစ္ခါတေလ လူေရွ႕သူေရွ႕မွာတင္ တစ္စုံတစ္ေယာက္ကို ေဒါသထြက္စရာရွိတဲ့အခါမ်ိဳးမွာ မ်က္ႏွာႀကီးေတြစူပုပ္ထားၿပီး အလွကို သူမ်ားမျဖတ္ပဲ ကိုယ့္ဘာသာ ျဖတ္မိတတ္ပါတယ္။ တစ္ခ်ိဳ႕မိန္းကေလးေတြက လူေရွ႕သူေရွ႕မွာေဒါသတႀကီး ေအာ္ဟစ္ေကာ္ဆဲရတာမ်ိဳးကို ဟုတ္လွၿပီမွတ္ေနတတ္တာမ်ိဳးေတာင္ ရွိပါေသးတယ္။

(၇) ရယ္ေမာျခင္း ၊ အၿပဳံး

ရယ္တဲ့အခါမွာလည္း အိေျႏၵရွင္အမ်ိဳးသမီးေတြ ျပဳမူေလ့ရွိတဲ့ ပုံစံေတြကို ရေအာင္အတုခိုးပါ။ သုံးခါရယ္ရင္ ႏွစ္ခါေလာက္ေတာ့ ပါးစပ္ကေလးကို လက္ကေလးေတြနဲ႔ ကြယ္ပါ။ အမ်ိဳးသားဆိုတာက မိန္းကေလးေတြရဲ႕ လွ်ိဳ႕ဝွက္တဲ့ အလွေတြဆိုအကုန္ စိတ္ဝင္စားပါတယ္။ ဒီေတာ့ အလွကို ကိုယ္ကိုယ္တိုင္ တန္ဖိုးထားပါ။ အဲဒီလို တန္ဖိုးထားၿပီး ျပသင့္တဲ့ အလွကိုျပ၊ လွစ္ကနဲ ျပသင့္တဲ့ အလွကို လွစ္ကနဲ႔ျပ၊ အရမ္းရင္းနီးမွ ျပရမယ့္ အလွကို အရမ္းရင္းနီးမွျပ … ဒါပဲေနာ္…

Myo Myo (Autntymay)

Unicode ဖြင့်ဖတ်ရန်

စကားတစ်လုံးမှ ပြောစရာမလိုပဲ ပုရိသတွေရင်ကို လှုပ်ခါစေမယ့်အပြုအမူများ

အောက်မှာ ဖော်ပြထားတဲ့အချက်တွေကတော့ စကားတစ်လုံးမှ ပြောစရာမလိုတဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်။ ဒီအပြုအမူလေးတွေကိုသာ ဂရုတစိုက်ပြုမူရင် ပုရိသအပေါင်းရဲ့ စိတ်ကို မယိုးမရွဖြစ်စေပြီး အတိုးချချစ်စေနိုင်မယ့် အပြုအမူတွေဖြစ်ကြောင်း Auntymay က အာမခံပါတယ်။

(၁) နှစ်နှစ်ကာကာ ပြုံးပြပါ

ပုံးစရာရှိတဲ့အခါ ပြုံးလိုက်ပါ။ သိပ်ပြီး ရှက်ကြောက်မနေပါနဲ့။ ဘယ်သူ့ကိုမှ သတိမထားမိတဲ့ ပုံစံနဲ့ နှစ်နှစ်ကာကာ ပြုံးပါ။ သင့်ကို သတိထားနေတဲ့ အမျိုးသားဆိုရင် ဒီအချိန် ရင်တွေ တစ်လှပ်လှပ်ဖြစ်နေလောက်ပါပြီ။

(၂) ဝတ်စားဆင်ယင်မှုအပိုင်း

ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း ကိုယ်ရဲ့ ခန္ဓာကိုယ်သွင်ပြင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ဆင်တတ်ပါစေ။ အ
ရမ်းခေတ်အဆန်ကြီးလည်း မဟုတ်သလို အရမ်းကြီးလည်း ခေတ်မတုံးပါစေနဲ့။ ဒါပေမယ့် အခုခေတ် ကောင်လေးတွေ အ
များစုကြိုက်တဲ့ပုံစံက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချပ်ချပ်ရပ်ရပ် ဝတ်စားဆင်ယင်တဲ့ပုံစံမျိုးလေးတွေပေါ့။

(၃) ဆံပင်ကို ရမ်းခါခြင်း

ဆံပင်ကို ရမ်းခါတဲ့အခါမှာလည်း အမျိုးသမီးတွေဟာ အရမ်းဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် သိပ် မသိသာပါစေနဲ့။ လက်

နဲ့ သပ်တင်တာတို့၊ လေတိုက်လို့ သဘာဝအရ ကျလာတဲ့အခါတို့မှာ မသိမသာလေး ရမ်းခါတာမျိုး လုပ်ပါ။ တစ်ခါတလေ

နောက်မှာရှိနေတဲ့ ဆံပင်ကို ရှေ့ကို လက်နဲ့ သိမ်းယူတာမျိုးလေးတွေဟာလည်း အိန္ဒြေရရ လှတဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်။

(၄) သပ်ရပ်စွာပြောဆိုနေထိုင်ပါ

အနေအထိုင် အပြောအဆို သပ်သပ်ရပ်ရပ်ရှိနေပါစေ။ ဒါကလည်း စကားမပြောသော ဆွဲဆောင်မှုတွေထဲမှာ ပါဝင်ပါတယ်။ အရမ်းကြီးမျက်နှာကို တင်းထားလို့လည်း မဖြစ်သလို ပြီတည်တည်ပုံစံကြီးလည်း ဖြစ်မနေပါစေနဲ့။ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ မျက်နှာပေးမျိုး ထားတတ်ပါစေ။

(၅) အကြိုက်ကိုသိပါစေ

အမျိုးသားတွေရဲ့ အကြိုက်ကို သိပါစေ။ များသောအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေအပေးမှာ ရင်းနီးသည်ဖြစ်စေ မရင်းနီးသေးသူဖြစ်စေ မျက်နှာပြီးရင် အများဆုံး မျက်လုံးရောက်တတ်တာ ရင်သားတွေကိုပဲ ဖြစ်ပါတယ်။ ဒုတိယ အများဆုံးကြည့်တာကတော့ တင်ပါးပဲဖြစ်ပါတယ်။ သူတို့တစ်တွေကို စစ်မေးရင်တော့ လုံးဝမဟုတ်ဘူးလို့ ဖြေကြမှာ အသေအချာပါဘဲ။ ဒီတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူတို့တစ်တွေရဲ့စိတ်ကို ဖမ်းစားဖို့အတွက် သူတို့တစ်တွေနားလေးကို လမ်းလျှောက်တဲ့အခါ ရင်ကလေးကို အနည်းငယ်ချီပြီး၊ တင်ကလေးကို မသိမသာလေးတော့ ကော့ထားဖို့ လိုပါတယ်။ ဒါကို အိန္ဒြေမဲ့တယ်လို့ မထင်ပါနဲ့။ ဖတ်ရှင်ရှိုးပွဲကြီးတစ်ခုလောက်တော့ အမြင်မရိုင်းစေပါဘူး။

(၆) ကြင်နာမှု

အမျိုးသမီးတွေကို တစ်စုံတစ်ယောက်ကို ဘယ်လို ကြင်နာရမလဲဆိုတာ သင်ပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် အချို့ အမျိုးသမီးတွေဟာ တစ်ခါတလေ လူရှေ့သူရှေ့မှာတင် တစ်စုံတစ်ယောက်ကို ဒေါသထွက်စရာရှိတဲ့အခါမျိုးမှာ မျက်နှာကြီးတွေစူပုပ်ထားပြီး အလှကို သူများမဖြတ်ပဲ ကိုယ့်ဘာသာ ဖြတ်မိတတ်ပါတယ်။ တစ်ချို့မိန်းကလေးတွေက လူရှေ့သူရှေ့မှာဒေါသတကြီး အော်ဟစ်ကော်ဆဲရတာမျိုးကို ဟုတ်လှပြီမှတ်နေတတ်တာမျိုးတောင် ရှိပါသေးတယ်။

(၇) ရယ်မောခြင်း ၊ အပြုံး

ရယ်တဲ့အခါမှာလည်း အိန္ဒြေရှင်အမျိုးသမီးတွေ ပြုမူလေ့ရှိတဲ့ ပုံစံတွေကို ရအောင်အတုခိုးပါ။ သုံးခါရယ်ရင် နှစ်ခါလောက်တော့ ပါးစပ်ကလေးကို လက်ကလေးတွေနဲ့ ကွယ်ပါ။ အမျိုးသားဆိုတာက မိန်းကလေးတွေရဲ့ လျှို့ဝှက်တဲ့ အလှတွေဆိုအကုန် စိတ်ဝင်စားပါတယ်။ ဒီတော့ အလှကို ကိုယ်ကိုယ်တိုင် တန်ဖိုးထားပါ။ အဲဒီလို တန်ဖိုးထားပြီး ပြသင့်တဲ့ အလှကိုပြ၊ လှစ်ကနဲ ပြသင့်တဲ့ အလှကို လှစ်ကနဲ့ပြ၊ အရမ်းရင်းနီးမှ ပြရမယ့် အလှကို အရမ်းရင်းနီးမှပြ … ဒါပဲနော်…

Myo Myo (Autntymay)

LEAVE A REPLY