Zawgyi ဖြင့်ဖတ်ရန်

 











Credit : Aunty May

Unicode ဖြင့်ဖတ်ရန်

သူသင့်ကို အချစ်စစ်နဲ့ချစ်တယ်ဆိုတာသေချာနေတဲ့ အချက်(၅)ချက်

ဘယ်သူမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်တာလား၊ အပျော်တွဲတာလားဆိုတာကို သိချင်ကြတာပါပဲ။ ကိုယ်က တကယ်ချစ်ပြီး သူကတကယ်ချစ်တာမဟုတ်ဘဲ အပျော်တွဲနေတာမျိုးဖြစ်နေရင် ပြဿနာပဲလို့တွေးပူနေတတ်ပါတယ်။ ကဲ ဒီတော့ ချစ်သူက ကိုယ့်ကို တကယ်ချစ်လား မချစ်ဘူးလားဆိုပြီး သောကကရောက်နေသူလေးတွေအတွက် သူ သင့်ကိုတကယ်ချစ်တယ်ဆိုတာ သက်သေပြနေတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင်ပျော်တာမြင်ရင်သူလည်းပျော်တယ်

ချစ်တယ်ဆိုတာ ပေးဆပ်ခြင်းလည်းမဟုတ်သလို၊ ရယူခြင်းလည်းမဟုတ်ပါဘူး။ ပျော်ရွှင်မှုတွေကို ဝေမျှခြင်းပါ။ သူ့အေ နနဲ့ သင့်ကိုပျော်အောင်လုပ်ပေးတယ်၊ သင်ပျော်တာကိုမြင်ရရင်သူလည်းပျော်တယ် ဆိုရင်တော့ သူသင့်ကိုတကယ် ချစ်တာပါ။ ဒီလိုမဟုတ်ဘဲ ၊ သင်ပျော်နေတဲ့အချိန်တွေမှာ ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ သင့်ကိုစိတ် ညစ်အောင် လိုက်လုပ်နေတယ်ဆိုရင်တော့ သင့်ဘက်ကဘယ်လောက်ချစ်ချစ် တာ့တာပြလိုက်ပါ။

(၂) အမြဲတမ်းဦးစားပေးတယ်

ဦးစားပေးတယ်ဆိုတဲ့နေရာမှာ သူမိသားစု၊သူ့သူငယ်ချင်းတွေထက် ဦးစားပေးတာမျိုးကိုမတွေးပါနဲ့။ သူ့ကိုယ်သူထက် သင့်ကို ဦးစားပေးတာမျိုးပါ။ လူတစ်ယောက်က သူတကယ်မချစ်ဘဲနဲ့ သူ့ကိုယ်သူထက် သင့်ကိုဦးစားပေးမှာမဟုတ်ပါ ဘူး။

(၃) စိတ်ဒဏ်ရာရအောင်မလုပ်ဘူး

ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ယောက်ကိုတစ်ယောက် ထိန်း ချုပ်ဖို့၊ စိတ်ဒုက္ခတွေပေးဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်လို့ သူကအဲ့ဒီလိုအပြုအမူတွေမလုပ်ဘူး၊ သင့်ကို စိတ် ဒဏ်ရာရအောင်မလုပ်ဘူးဆိုရင်တော့ တကယ်ချစ်နေတယ်လို့ ပြောရမှာပါ။

(၄) သူနဲ့မိသားစု၊သူငယ်ချင်းတွေကို နှိုင်းယှဉ်ပြီးရွေးချယ်ခိုင်းတာမျိုးမလုပ်ဘူး
အခြေအနေတစ်ခုခုဖြစ်လာရင် သူနဲ့ငါနဲ့ကြိုက်တာရွေးလို့ပြောတာမျိုး၊ မင်းမိသားစု၊ မင်းသူငယ်ချင်းတွေနဲ့ ငါနဲ့ဘယ် သူပိုအရေးကြီးလဲ လို့မေးတာမျိုးတွေရှိခဲ့ရင် သူဘာကြီးပဲဖြစ်နေနေ ချက်ချင်းဖြတ်လိုက်ပါ။ သင့်ကို တကယ်တန်ဖိုး ထားပြီးချစ်တဲ့သူက ဒီလိုစကားတွေပြောမှာမဟုတ်ပါဘူး။

(၅) အငြင်းပွားရတဲ့အခြေအနေမျိုးတွေမဖန်တီးဘူး

သဘောထားပြည့်ဝတဲ့သူက အခြေအနေတစ်ခုကိုကိုယ့်ကြောင့် ပိုဆိုးသွားအောင်ဘယ်တော့မှမလုပ်တတ်ပေမယ့်၊ စိတ်ဓာတ်မကောင်းတဲ့သူတွေက အခြေအနေတစ်ခုကို ပိုဆိုးသထက်ဆိုးအောင်ဖန်တီးတတ်ကြပါတယ်။သူဟာ သင်တို့ချစ်သူနှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုဖြစ်လာရင် ပြေလည်အောင်လုပ်ဖို့ထက်ပိုဆိုးသွားအောင်လုပ်တတ်ပြီး၊ ပြဿနာမရှိရင်တောင် ရှိအောင်ဖန်တီးနေတယ်ဆိုရင်တော့ သင့်ကိုမချစ်လို့ဖြစ်နိုင်သလို နဂိုကကို စိတ်ဓာတ်မေ ကာင်းတဲ့သူတစ်ယောက်ဖြစ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ပြဿနာတက်အောင်လုပ် တတ်သူ၊ ပြဿ နာ ကိုပို ဆိုးအောင်လုပ်တဲ့သူ၊ သင့်ကိုရန်ရှာတတ်တဲ့သူဆိုရင်တော့ ဘာအကြောင်းကြောင့်မှဆက်မတွဲသင့်ပါဘူး။

Credit : Aunty May

LEAVE A REPLY