Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္ Kpop အဆိုေတာ္ အဖြဲ႕ Red Velvet ဟာ ၿပီးခဲ့တဲ့ ဧၿပီ ၁ရက္ေန႔၊ ၂၀၁၈ မွာ ေျမာက္ကိုးရီးယားႏိုင္ငံ ၿပဳံယမ္းၿမိဳ႕သို႔ သြားေရာက္ေဖ်ာ္ေျဖခဲ့ပါတယ္။ Red Velvet အဖြဲ႕ဟာ Soomi’s Side dish အစီအစဥ္မွာ ေျမာက္ကိုးရီးယားႏိုင္ငံ ေခါင္းေဆာင္ ကင္မ္ဂ်ဳံအမ္ေရွ႕ ေဖ်ာ္ေျဖရင္း စိုးရိမ္မိတဲ့ အဓိကအခ်က္ကို ေျပာျပလာပါတယ္။ Red Velvet အဖြဲ႕ ဘယ္လိုေျပာသြားလဲဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

 

Red Velvet အဖြဲ႕ဝင္မ်ားျဖစ္တဲ့ Seulgi နဲ႔ Wendy ဟာ ကိုးရီးယားဇာတ္လမ္းတြဲေတြမွာ အဖြားေနရာ၊ အေမေနရာေတြက ပါဝင္သ႐ုပ္ေဆာင္ေလ့ရွိတဲ့ မင္းသမီးႀကီး Soomi ရဲ႕ ဟင္းခ်က္တဲ့အစီအစဥ္မွာ ပါဝင္ခဲ့ပါတယ္။ အစီအစဥ္မွာ ပါဝင္ခဲ့သူမ်ားက Seulgi နဲ႔ Wendy ဟာ ေျမာက္ကိုးရီးယားကို ေဖ်ာ္ေျဖဖို႔ သြားေရာက္ဖူးတဲ့ သူေတြျဖစ္ေၾကာင္း မိတ္ဆက္ေပးတဲ့အခါမွာေတာ့ မင္းသမီးႀကီး Soomi က ေျမာက္ကိုးရီးယားနဲ႔ ပတ္သတ္တဲ့အေတြ႕အႀကဳံမ်ားကို ေမးျမန္းခဲ့ပါတယ္။

 

 

မင္းသမီးႀကီးက ၿပဳံယမ္းမွာသြားေရာက္ေဖ်ာ္ေျဖတာ ဘယ္လိုခံစားရလဲ ေမးျမန္းတဲ့အခါမွာေတာ့ Red Velvet အဖြဲ႕ဝင္ႏွစ္ဦးက “ကြၽန္မတို႔ အရမ္းပဲစိုးရိမ္ခဲ့ၾကတယ္ ကြၽန္မတို႔သီခ်င္းကို နားေထာင္ၿပီး သူတို႔ ဘယ္လိုခံစားရမလဲ စိတ္ပူေနခဲ့ၾကတာ။ ေနာက္ဆုံး သီခ်င္းေတြ အမ်ားႀကီးထဲက ေ႐ြးရင္းနဲ႔ Red Flavor နဲ႔ Bad Boy ကို ဆိုျဖစ္သြားတယ္” ဆိုၿပီး ေျပာၾကားသြားပါတယ္။

Red Velvet အဖြဲ႕ဟာ ေျမာက္ကိုးရီးယားႏိုင္ငံ ၿပဳံယမ္းၿမိဳ႕မွာ သြားေရာက္ေဖ်ာ္ေျဖခဲ့ၿပီး ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအမ္နဲ႔ ဓာတ္ပုံ ႐ိုက္ကူးခြင့္၊ လက္ဆြဲႏႈတ္ဆက္ခြင့္ေတြရရွိခဲ့ပါတယ္။ Red Velvet အဖြဲ႕ ေျမာက္ကိုးရီးယားမွာ သြားေရာက္ေဖ်ာ္ေျဖတာကို ၾကည့္ရႈသူ ေျမာက္ကိုးရီးယား၊ ဗိုလ္မင္းပရိတ္သတ္ေတြအေနနဲ႔ ဘယ္လိုတုန႔္ျပန္ခဲ့တယ္ဆိုတာ ေအာက္ပါ ဗြီဒီယိုမွာ ဆက္လက္ၾကည့္ရႈလိုက္ရေအာင္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကင်မ်ဂျုံအမ်ရှေ့ ဖျော်ဖြေရင်း စိုးရိမ်မိတဲ့အဓိကအချက်ကို ပြောပြလာတဲ့ Red Velvet အဖွဲ့ဝင်များ

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော် အဖွဲ့ Red Velvet ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ရက်နေ့၊ ၂၀၁၈ မှာ မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ Red Velvet အဖွဲ့ဟာ Soomi’s Side dish အစီအစဉ်မှာ မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအမ်ရှေ့ ဖျော်ဖြေရင်း စိုးရိမ်မိတဲ့ အဓိကအချက်ကို ပြောပြလာပါတယ်။ Red Velvet အဖွဲ့ ဘယ်လိုပြောသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Red Velvet အဖွဲ့ဝင်များဖြစ်တဲ့ Seulgi နဲ့ Wendy ဟာ ကိုးရီးယားဇာတ်လမ်းတွဲတွေမှာ အဖွားနေရာ၊ အမေနေရာတွေက ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးကြီး Soomi ရဲ့ ဟင်းချက်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အစီအစဉ်မှာ ပါဝင်ခဲ့သူများက Seulgi နဲ့ Wendy ဟာ မြောက်ကိုးရီးယားကို ဖျော်ဖြေဖို့ သွားရောက်ဖူးတဲ့ သူတွေဖြစ်ကြောင်း မိတ်ဆက်ပေးတဲ့အခါမှာတော့ မင်းသမီးကြီး Soomi က မြောက်ကိုးရီးယားနဲ့ ပတ်သတ်တဲ့အတွေ့အကြုံများကို မေးမြန်းခဲ့ပါတယ်။

မင်းသမီးကြီးက ပြုံယမ်းမှာသွားရောက်ဖျော်ဖြေတာ ဘယ်လိုခံစားရလဲ မေးမြန်းတဲ့အခါမှာတော့ Red Velvet အဖွဲ့ဝင်နှစ်ဦးက “ကျွန်မတို့ အရမ်းပဲစိုးရိမ်ခဲ့ကြတယ် ကျွန်မတို့သီချင်းကို နားထောင်ပြီး သူတို့ ဘယ်လိုခံစားရမလဲ စိတ်ပူနေခဲ့ကြတာ။ နောက်ဆုံး သီချင်းတွေ အများကြီးထဲက ရွေးရင်းနဲ့ Red Flavor နဲ့ Bad Boy ကို ဆိုဖြစ်သွားတယ်” ဆိုပြီး ပြောကြားသွားပါတယ်။

Red Velvet အဖွဲ့ဟာ မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်နဲ့ ဓာတ်ပုံ ရိုက်ကူးခွင့်၊ လက်ဆွဲနှုတ်ဆက်ခွင့်တွေရရှိခဲ့ပါတယ်။ Red Velvet အဖွဲ့ မြောက်ကိုးရီးယားမှာ သွားရောက်ဖျော်ဖြေတာကို ကြည့်ရှုသူ မြောက်ကိုးရီးယား၊ ဗိုလ်မင်းပရိတ်သတ်တွေအနေနဲ့ ဘယ်လိုတုန့်ပြန်ခဲ့တယ်ဆိုတာ အောက်ပါ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Credit : popolay

LEAVE A REPLY