Zawgyi ျဖင့္ဖတ္ရန္

ခ်မ္းသာတဲ့ လူတစ္ေယာက္ကို လပ္ထပ္ဖို႔ ၾကိဳးစားေနတဲ့ မိန္းမတစ္ေယာက္က ခ်စ္သူရွာေဖြေရးဖိုရမ္တစ္ခုမွာ ေအာက္ပါ ပို႕စ္ကို တင္ခဲ့ပါတယ္။

ဒီေနရာမွာ ကၽြန္မ ရိုးရိုးသားသားေျပာ ပါရေစ…ဒီနွစ္မွာ ကၽြန္မအသက္၂၅ ျပည့္ပါျပီ။ ကၽြန္မက အေတာ္လွပါတယ္။ စတိုင္နဲ႕ ဆြဲေဆာင္ မႈလည္းရွိပါတယ္။ တစ္နွစ္လစာ ေဒၚလာ၅သိန္းနဲ႔ အထက္ေလာက္ ဝင္တဲ့လူကို လပ္ထပ္ခ်င္ပါတယ္။ ရွင္တို႔ကေတာ့ ေျပာမယ္။ ကၽြန္မက ေလာဘၾကီး တယ္ေပါ့။ ဒါေပမဲ့ တစ္နွစ္ ေဒၚလာ ၁သန္းေလာက္ ရတဲ့လူဟာ နယူးေယာက္လိုျမိဳ႕မွာ လူလတ္တန္းစား အဆင့္ ပဲရွိပါတယ္။

ကၽြန္မေတာင္းတာ မျမင့္ပါဘူး။ ခု ဒီဖိုရမ္ထဲမွာ တစ္ႏွစ္ ေဒၚလာ ၅သိန္းလာက္ ဝင္တဲ့လူမ်ားရွိလား။ ရွိတဲ့လူေတြ အားလံုး လပ္ထပ္ထားၾကသလားရွင္။ ရွင္တို႔လို လူေတြကို လပ္ထပ္ဖို႔ ကၽြန္မ ဘာေတြမ်ား လုပ္သင့္သလဲ????

ကၽြန္မ တြဲခဲ့ဖူးတဲ့လူေတြထဲမွာ အခ်မ္းသာဆံုးက တစ္နွစ္ ေဒၚလာ နွစ္သိနး္ခြဲ ရတဲ့လူပါ။ ဒါ ကၽြန္မရဲ႕အျမင့္ဆံုး ျဖစ္ေတာ့မယ့္ပံုပါပဲ…..ဒီေနရာမွာရွင္တို႔ကိုကၽြန္မရုိးရိုးသားသားနဲ႕
ေမးခြန္းေလးေတြ ေမးပါရေစ

(၁)ခ်မ္းသာျပီး လက္မထပ္ရေသးတဲ့ ေယာက်္ားေတြက ဘယ္ေနရာကို သြားတတ္ၾကသလဲ။ (ေက်းဇူးျပဳ၍ သူတို႔သြားတတ္တဲ့ စားေသာက္ဆိုင္နာမည္ေတြ၊ ဘားဆိုင္နာမည္ေတြကို ခ်ေရးေပးပါ။)

(၂) ဘယ္လို အသက္အရြယ္မ်ိဳးေလာက္ကို ကၽြန္မ ပစ္မွတ္ထားသင့္လဲ။

(၃)ဘာေၾကာင့္ခ်မ္းသာတဲ့ လူေတြရဲ႕ မိန္းမေတြက သာမန္ ရုပ္ရည္ပဲ ရွိၾကတာလဲ။ ရုပ္ရည္လည္းမရွိ၊ စိတ္ဝင္စားစရာလည္း မေကာင္းတဲ့ ေကာင္မေလးေတြ ကၽြန္မ ေတြ႕ဘူးပါတယ္။ ဒါေပမဲ့ သူတို႔က ခ်မ္းသာတဲ့လူေတြကို လပ္ထပ္နိုင္တယ္။

၄- ရွင္တို႔ ရဲ႕ဇနီး(သို႕မဟုတ္) ရွင္တို႔ရဲ႕ရည္းစားျဖစ္နိုင္တယ္ဆိုတဲ့ လူေတြကို ရွင္တို႔က ဘယ္လို သတ္မွတ္ျပီးေရြးခ်ယ္သလဲ။ (ကၽြန္မရဲ႕ရည္ရြယ္ခ်က္က ဇနီးျဖစ္ဖို႔ပါ။)….

( Ms Pretty )

ကမာၻေက်ာ္ J P Morgan က CEO တစ္ေယာက္ရဲ႕ ျပန္စာကေတာ့ ေအာက္ပါအတိုင္းပါ…..

ခ်စ္လွစြာေသာ Ms Pretty
ခင္ဗ်ားရဲ႕ ပို႔စ္ကို ကၽြန္ေတာ္ ေလးေလးနက္နက္နဲ႕ကို ဖတ္ခဲ့ပါတယ္။

ခင္ဗ်ားလို ေမးခြန္းေတြေမးေနတဲ့ ေကာင္မေလးေတြလည္း အျပင္မွာ အမ်ားၾကီးရွိေနမယ္လို႔ ခန္႔မွန္းမိပါတယ္။ ပေရာ္ဖက္ရွင္နယ္ ရင္းနွီးျမႇပ္နွံေရး သမားတစ္ေယာက္ျဖစ္တဲ့ ကၽြန္ေတာ့္ကို ခင္ဗ်ားရဲ႕ အေျခအေနေလးကို ခြဲျခမ္းေလ့လာခြင့္ျပဳပါ။

ကၽြန္ေတာ့္ရဲ႕ တစ္နွစ္ဝင္ေငြက ၅သိန္းထက္ ပိုပါတယ္။ ခင္ဗ်ားရဲ႕ေတာင္းဆိုခ်က္နဲ႔ ကိုက္ညီတယ္ေပါ့။ ဒါေၾကာင့္ လူတိုင္းကေျပာၾကမယ္၊ ကၽြန္ေတာ္ေတာ့ ဒီေနရာမွာ အခ်ိန္ျဖဳန္းေနမွာ မဟုတ္ေတာ့ဘူးေပါ့။
လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ အျမင္နဲ႔ စဥး္စားၾကည့္လိုက္ေတာ့ ခင္ဗ်ားကို လပ္ထပ္တာဟာ ဆိုးဝါးတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်မိတာပဲဗ်။ အေၾကာင္းျပခ်က္က ရိုးရိုးေလးပါ။

ကၽြန္ေတာ္ရွင္းျပပါရေစ။
အေသးစိတ္ေတြ ေျပာမေနေတာ့ဘူးဗ်ာ။ ခင္ဗ်ားလုပ္ဖို႔ ၾကိဳးစားေနတာက “အလွ”နဲ႔ “ပိုက္ဆံ”ကို အလဲအလွယ္လုပ္ဖို႔ပဲ။ ေအဆိုတဲ့ လူက အလွေပးမယ္။ ဘီ ဆိုတဲ့လူက ဒီအလွအတြက္ ပိုက္ဆံေပးမယ္၊ မွ်မွ်တတပဲေပါ့။ ဒါေပမဲ့ ဒီေနရာမွာ ေၾကာက္စရာေကာင္းတဲ့ ျပႆ      နာတစ္ခုရွိေနတယ္။ ခင္ဗ်ားအလွက တျဖည္းျဖည္းနဲ႔ ေပ်ာက္သြားမွာ။ ကၽြန္ေတာ့္ပိုက္ဆံကေတာ့ အေၾကာင္းျပခ်က္ ေကာင္းေကာင္းမရွိဘဲနဲ႔ ေပ်ာက္သြားမွာ မဟုတ္ဘူး။

ေျပာရမယ္ဆိုရင္ေတာ့ဗ်ာ ကၽြန္ေတာ့္ဝင္ေငြက တစ္နွစ္ထက္ တစ္နွစ္ထက္ တိုးပြားလာမွာ။ ဒါေပမဲ့ ခင္ဗ်ားအလွကေတာ့ တစ္နွစ္ထက္တစ္နွစ္ ဒီလုိျဖစ္မလာနိုင္ဘူး။
စီးပြားေရးပညာရႈေထာင့္က ၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္က တန္ဖိုးရွိ ပစၥည္းကို ကိုင္ထားတာျဖစ္ျပီး ခင္ဗ်ားက တန္ဖိုးယုတ္ေလ်ာ့ ပစၥည္းကိုကိုင္ထားတာပဲ။ သာမန္ တန္ဖိုးယုတ္ေလ်ာ့ေတာင္ မဟုတ္ဘူး။ ဆတိုး တန္ဖိုးယုတ္ေလ်ာ့ ပစၥည္းပဲ။ ဒီပစၥည္းတစ္ခုတည္းသာ ခင္ဗ်ားကိုင္ထားရင္ေတာ့ လာမယ့္ ၁၀နွစ္အတြင္း ခင္ဗ်ားတန္ဖိုးက အဆိုးဆံုးျဖစ္လာလိမ့္မယ္။

Wall Street မွာ ကၽြန္ေတာ္တို႔သံုးတဲ့ စကားေတြအရ ဆိုရင္ေတာ့ အေရာင္းအဝယ္တိုင္းမွာ ”အေနအထား”ရွိ တယ္။ ခင္ဗ်ားနဲ႔ တြဲတယ္ဆိုတာကလည္း”အေရာင္းအဝယ္အေနအထား”တစ္ခုပဲ။တန္ဖိုးက်ရင္ ကၽြန္ေတာ္ တို႔က ေရာင္းထုတ္မွာပဲ။ ၾကာၾကာကိုင္ထားတာဟာ စိတ္ကူးေကာင္းမဟုတ္ဘူး။ ခင္ဗ်ား စိတ္မဆိုးဘူးဆိုရင္ အိမ္ေထာင္ျပဳတယ္ဆိုတာကလည္း ဒီလိုပဲလို႔ ေျပာပါရေစ။ ဒီလိုေျပာလိုက္လို႔ ရိုင္းသလိုေတာ့ ျဖစ္သြား မယ္ဗ်ာ။ ဒါေပမဲ့ အမွန္ကန္ဆံုး ဆံုးျဖတ္ခ်က္ကို ခ်မယ္ဆုိရင္ေတာ့ ယုတ္္ေလ်ာ့တန္ဖိုးပဲရွိတဲ့ ပစၥည္းတစ္ခုကို ေရာင္းရင္ေရာင္း မေရာင္းရင္ေတာ့ “ေပါင္”ရမွာပဲ။

တစ္နွစ္ ဝင္ေငြ ၅သိန္းေလာက္ရေနတဲ့ လူတစ္ေယာက္ဟာ အရူးမဟုတ္ဘူးဗ်။ ကၽြန္ေတာ္တို႔က ခင္ဗ်ားကို အေပ်ာ္ပဲတြဲမွာ။ လက္မထပ္ဘူး။ ခ်မ္းသာတဲ့လူတစ္ေယာက္ကို လက္ထပ္ဖို႔ လမ္းစရွာေနတာကို စႊန္႔လြတ္ လိုက္ဖို႔ ခင္ဗ်ားကို ကၽြန္ေတာ္အၾကံေပးပါရေစ။

စကားမစပ္ဗ်ာ..ခင္ဗ်ားကိုယ္တိုင္ တစ္နွစ္ေဒၚလာ ၅သိန္း ဝင္တဲ့လူ ျဖစ္ေအာင္ လုပ္လို႔ရတယ္။ သူေဌး တစ္ေယာက္ကို ခပ္ေၾကာင္ေၾကာင္ လိုက္ရွာေနတာထက္စာရင္ ဒါက ပိုျပီးျဖစ္နိုင္ေခ်ရွိတယ္။

ဒီျပန္စာက အကူအညီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္

Credit : J.P. Morgan CEO

 

 

Unicode ဖြင့်ဖတ်ရန်

 

ချမ်းသာတဲ့လူကိုလက်ထပ်ဖို့ကြိုးစားနေတဲ့မိန်းမတစ်ယောက်ကို ပညာသားပါပါစာပြန်ခဲ့တဲ့သူဌေးတစ်ဦး

ချမ်းသာတဲ့ လူတစ်ယောက်ကို လပ်ထပ်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်က ချစ်သူရှာဖွေရေးဖိုရမ်တစ်ခုမှာ အောက်ပါ ပို့စ်ကို တင်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသားပြော ပါရစေ…ဒီနှစ်မှာ ကျွန်မအသက်၂၅ ပြည့်ပါပြီ။ ကျွန်မက အတော်လှပါတယ်။ စတိုင်နဲ့ ဆွဲဆောင် မှုလည်းရှိပါတယ်။ တစ်နှစ်လစာ ဒေါ်လာ၅သိန်းနဲ့ အထက်လောက် ဝင်တဲ့လူကို လပ်ထပ်ချင်ပါတယ်။ ရှင်တို့ကတော့ ပြောမယ်။ ကျွန်မက လောဘကြီး တယ်ပေါ့။ ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၁သန်းလောက် ရတဲ့လူဟာ နယူးယောက်လိုမြို့မှာ လူလတ်တန်းစား အဆင့် ပဲရှိပါတယ်။

ကျွန်မတောင်းတာ မမြင့်ပါဘူး။ ခု ဒီဖိုရမ်ထဲမှာ တစ်နှစ် ဒေါ်လာ ၅သိန်းလာက် ဝင်တဲ့လူများရှိလား။ ရှိတဲ့လူတွေ အားလုံး လပ်ထပ်ထားကြသလားရှင်။ ရှင်တို့လို လူတွေကို လပ်ထပ်ဖို့ ကျွန်မ ဘာတွေများ လုပ်သင့်သလဲ????

ကျွန်မ တွဲခဲ့ဖူးတဲ့လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ဒေါ်လာ နှစ်သိန်းခွဲ ရတဲ့လူပါ။ ဒါ ကျွန်မရဲ့အမြင့်ဆုံး ဖြစ်တော့မယ့်ပုံပါပဲ…..ဒီနေရာမှာရှင်တို့ကိုကျွန်မရိုးရိုးသားသားနဲ့
မေးခွန်းလေးတွေ မေးပါရစေ

(၁)ချမ်းသာပြီး လက်မထပ်ရသေးတဲ့ ယောကျ်ားတွေက ဘယ်နေရာကို သွားတတ်ကြသလဲ။ (ကျေးဇူးပြု၍ သူတို့သွားတတ်တဲ့ စားသောက်ဆိုင်နာမည်တွေ၊ ဘားဆိုင်နာမည်တွေကို ချရေးပေးပါ။)

(၂) ဘယ်လို အသက်အရွယ်မျိုးလောက်ကို ကျွန်မ ပစ်မှတ်ထားသင့်လဲ။

(၃)ဘာကြောင့်ချမ်းသာတဲ့ လူတွေရဲ့ မိန်းမတွေက သာမန် ရုပ်ရည်ပဲ ရှိကြတာလဲ။ ရုပ်ရည်လည်းမရှိ၊ စိတ်ဝင်စားစရာလည်း မကောင်းတဲ့ ကောင်မလေးတွေ ကျွန်မ တွေ့ဘူးပါတယ်။ ဒါပေမဲ့ သူတို့က ချမ်းသာတဲ့လူတွေကို လပ်ထပ်နိုင်တယ်။

၄- ရှင်တို့ ရဲ့ဇနီး(သို့မဟုတ်) ရှင်တို့ရဲ့ရည်းစားဖြစ်နိုင်တယ်ဆိုတဲ့ လူတွေကို ရှင်တို့က ဘယ်လို သတ်မှတ်ပြီးရွေးချယ်သလဲ။ (ကျွန်မရဲ့ရည်ရွယ်ချက်က ဇနီးဖြစ်ဖို့ပါ။)….

( Ms Pretty )

ကမ္ဘာကျော် J P Morgan က CEO တစ်ယောက်ရဲ့ ပြန်စာကတော့ အောက်ပါအတိုင်းပါ…..

ချစ်လှစွာသော Ms Pretty
ခင်ဗျားရဲ့ ပို့စ်ကို ကျွန်တော် လေးလေးနက်နက်နဲ့ကို ဖတ်ခဲ့ပါတယ်။

ခင်ဗျားလို မေးခွန်းတွေမေးနေတဲ့ ကောင်မလေးတွေလည်း အပြင်မှာ အများကြီးရှိနေမယ်လို့ ခန့်မှန်းမိပါတယ်။ ပရော်ဖက်ရှင်နယ် ရင်းနှီးမြှပ်နှံရေး သမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ခင်ဗျားရဲ့ အခြေအနေလေးကို ခွဲခြမ်းလေ့လာခွင့်ပြုပါ။

ကျွန်တော့်ရဲ့ တစ်နှစ်ဝင်ငွေက ၅သိန်းထက် ပိုပါတယ်။ ခင်ဗျားရဲ့တောင်းဆိုချက်နဲ့ ကိုက်ညီတယ်ပေါ့။ ဒါကြောင့် လူတိုင်းကပြောကြမယ်၊ ကျွန်တော်တော့ ဒီနေရာမှာ အချိန်ဖြုန်းနေမှာ မဟုတ်တော့ဘူးပေါ့။
လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်နဲ့ စဥ်းစားကြည့်လိုက်တော့ ခင်ဗျားကို လပ်ထပ်တာဟာ ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမိတာပဲဗျ။ အကြောင်းပြချက်က ရိုးရိုးလေးပါ။

ကျွန်တော်ရှင်းပြပါရစေ။
အသေးစိတ်တွေ ပြောမနေတော့ဘူးဗျာ။ ခင်ဗျားလုပ်ဖို့ ကြိုးစားနေတာက “အလှ”နဲ့ “ပိုက်ဆံ”ကို အလဲအလှယ်လုပ်ဖို့ပဲ။ အေဆိုတဲ့ လူက အလှပေးမယ်။ ဘီ ဆိုတဲ့လူက ဒီအလှအတွက် ပိုက်ဆံပေးမယ်၊ မျှမျှတတပဲပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ပြဿ      နာတစ်ခုရှိနေတယ်။ ခင်ဗျားအလှက တဖြည်းဖြည်းနဲ့ ပျောက်သွားမှာ။ ကျွန်တော့်ပိုက်ဆံကတော့ အကြောင်းပြချက် ကောင်းကောင်းမရှိဘဲနဲ့ ပျောက်သွားမှာ မဟုတ်ဘူး။

ပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော့်ဝင်ငွေက တစ်နှစ်ထက် တစ်နှစ်ထက် တိုးပွားလာမှာ။ ဒါပေမဲ့ ခင်ဗျားအလှကတော့ တစ်နှစ်ထက်တစ်နှစ် ဒီလိုဖြစ်မလာနိုင်ဘူး။
စီးပွားရေးပညာရှုထောင့်က ကြည့်မယ်ဆိုရင် ကျွန်တော်က တန်ဖိုးရှိ ပစ္စည်းကို ကိုင်ထားတာဖြစ်ပြီး ခင်ဗျားက တန်ဖိုးယုတ်လျော့ ပစ္စည်းကိုကိုင်ထားတာပဲ။ သာမန် တန်ဖိုးယုတ်လျော့တောင် မဟုတ်ဘူး။ ဆတိုး တန်ဖိုးယုတ်လျော့ ပစ္စည်းပဲ။ ဒီပစ္စည်းတစ်ခုတည်းသာ ခင်ဗျားကိုင်ထားရင်တော့ လာမယ့် ၁၀နှစ်အတွင်း ခင်ဗျားတန်ဖိုးက အဆိုးဆုံးဖြစ်လာလိမ့်မယ်။

Wall Street မှာ ကျွန်တော်တို့သုံးတဲ့ စကားတွေအရ ဆိုရင်တော့ အရောင်းအဝယ်တိုင်းမှာ ”အနေအထား”ရှိ တယ်။ ခင်ဗျားနဲ့ တွဲတယ်ဆိုတာကလည်း”အရောင်းအဝယ်အနေအထား”တစ်ခုပဲ။တန်ဖိုးကျရင် ကျွန်တော် တို့က ရောင်းထုတ်မှာပဲ။ ကြာကြာကိုင်ထားတာဟာ စိတ်ကူးကောင်းမဟုတ်ဘူး။ ခင်ဗျား စိတ်မဆိုးဘူးဆိုရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ဒီလိုပဲလို့ ပြောပါရစေ။ ဒီလိုပြောလိုက်လို့ ရိုင်းသလိုတော့ ဖြစ်သွား မယ်ဗျာ။ ဒါပေမဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချမယ်ဆိုရင်တော့ ယုတ်လျော့တန်ဖိုးပဲရှိတဲ့ ပစ္စည်းတစ်ခုကို ရောင်းရင်ရောင်း မရောင်းရင်တော့ “ပေါင်”ရမှာပဲ။

တစ်နှစ် ဝင်ငွေ ၅သိန်းလောက်ရနေတဲ့ လူတစ်ယောက်ဟာ အရူးမဟုတ်ဘူးဗျ။ ကျွန်တော်တို့က ခင်ဗျားကို အပျော်ပဲတွဲမှာ။ လက်မထပ်ဘူး။ ချမ်းသာတဲ့လူတစ်ယောက်ကို လက်ထပ်ဖို့ လမ်းစရှာနေတာကို စွှန့်လွတ် လိုက်ဖို့ ခင်ဗျားကို ကျွန်တော်အကြံပေးပါရစေ။

စကားမစပ်ဗျာ..ခင်ဗျားကိုယ်တိုင် တစ်နှစ်ဒေါ်လာ ၅သိန်း ဝင်တဲ့လူ ဖြစ်အောင် လုပ်လို့ရတယ်။ သူဌေး တစ်ယောက်ကို ခပ်ကြောင်ကြောင် လိုက်ရှာနေတာထက်စာရင် ဒါက ပိုပြီးဖြစ်နိုင်ချေရှိတယ်။

ဒီပြန်စာက အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

Credit : J.P. Morgan CEO