Zawgyi ျဖင့္ဖတ္ရန္

ကမာၻေလာကႀကီး တစ္ဖက္ေစာင္းနင္းမျဖစ္ေအာင္ သဘာဝတရားႀကီးက အၿမဲပဲ့ကိုင္ေပးထားတယ္ဆိုတာအရမ္းမွန္တဲ့ စကားျဖစ္ပါတယ္။ ကိုယ္ဝန္ဖ်က္ခ်တယ္ဆိုတာကို မည္သည့္ လူမႈအသိုင္းအဝိုင္းကမွ ေထာက္ခံၾကမည္မထင္ပါ။

ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ရလာခဲ့တဲ့ ကိုယ္ဝန္ ကို တာဝန္ယူလိုစိတ္၊ မိခင္စိတ္ကင္းမဲ့စြာ အမႈိက္တစလို လြယ္လြယ္နဲ႔ ဖ်က္ခ်ေနတဲ့ မိခင္ေတြရွိသလို ဒီလိုဖ်က္ခ်ခံလိုက္ရတဲ့ ကေလးေလးေတြကို စာနာသနားစိတ္အျပည့္နဲ႔ ေကာင္းေကာင္းမြန္မြန္ ေျမျမဳတ္ၾသဂႋုလ္ေပးၿပီး ဒီကေလးေတြထဲက အသက္ရွင္လွ်က္ က်န္ခဲ့တဲ့ ကေလးေတြကို သားသမီးအရင္းအခ်ာသဖြယ္ ႀကီးျပင္းေအာင္ေစာင့္ေရွာက္ေပးေနတဲ့ ေလးစားစရာေကာင္းတဲ့ ပရဟိတစိတ္ျပည့္ဝတဲ့ အမ်ိဳးသားတစ္ဦးလည္း ရွိေနပါေသးတယ္။
(မွတ္ခ်က္။ ။ ကိုယ္ဝန္ဖ်က္ခ်မႈမွာ အမ်ိဳးသမီးမ်ားတြင္သာ အလုံးစုံတာဝန္ရွိသည္မဟုတ္ ပက္သက္သူအမ်ိဳးသားမ်ားတြင္ပါ အျပည့္အဝတာဝန္ရွိပါသည္)

ဗီယက္နမ္ႏိုင္ငံက “Tong Phuoc Phuc” ဆိုတဲ့ အမ်ိဳးသားဟာ သူ႔ဘဝသက္တမ္းတစ္ေလွ်ာက္လုံးမွာ ဖ်က္ခ်ခံခဲ့ရတဲ့ ကိုယ္ဝန္ သေႏၶသားေပါင္း ၁၆,၀၀၀ ေက်ာ္ကို သူကိုယ္တိုင္ ေကာင္ေကာင္းမြန္မြန္ ေျမျမဳတ္ၾသဂႋုလ္ေပးခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ သူဟာ သုဘရာဇာတစ္ေယာက္ မဟုတ္သလို ခ်မ္းသာႂကြယ္ဝတဲ့သူလည္းမဟုတ္ပါဘူး။

သူဟာ သာမန္ ေဆာက္လုပ္ေရးလုပ္သားတစ္ဦးသာလွ်င္ျဖစ္ပါတယ္။ ၂၀၀၁ ခုႏွစ္က သူ႔ရဲ႕ဇနီးသည္ ကိုယ္ဝန္ေဆာင္လို႔ ေဆး႐ုံတက္ရတဲ့အခါ ေဆး႐ုံေပၚမွာ အျခားကိုယ္ဝန္ေဆာင္ေတြ အမ်ားႀကီးကို သူေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီအမ်ိဳးသမီးေတြဟာ ေဆး႐ုံက ဆင္းသြားတဲ့အခါ သူတို႔ကေလးေတြ မပါပဲ ဒီတိုင္းဆင္းသြားၾကပါတယ္။ သူတို႔ဟာ ေဆး႐ုံမွာ ကိုယ္ဝန္လာဖ်က္ခ်တဲ့ အမ်ိဳးသမီးေတြ ဆိုတာ သူနားလည္သြားပါတယ္။

ကိုယ္ဝန္ဖ်က္ခ်တယ္ဆိုတာကို အရင္က နားနဲ႔သာၾကားဖူးခဲ့ေပမယ့္ အခုလို မ်က္စိေရွ႕မွာ မ်က္ဝါးထင္ထင္ေတြ႕လိုက္ရေတာ့ ဖ်က္ခ်ခံခဲ့ရတဲ့ ကေလးေတြအတြက္ သူအရမ္းခံစားသြားရပါတယ္။ ဒါေၾကာင့္မို႔ ဖ်က္ခ်ခံထားရတဲ့ ကေလးေတြရဲ႕အေလာင္းကို သူျမဳတ္ႏွံေပးပါ့မယ္လို႔ ခြင္ေတာင္းခဲ့ပါတယ္။ ကေလးေတြဟာ ဘုရားကေပးတဲ့ လက္ေဆာင္ျဖစ္လို႔ လူျဖစ္ခြင့္မရေပမယ့္ အမႈိက္တစလို စြန႔္ပစ္ခံရမယ့္အစား လူ႔ဂုဏ္သိကၡာနဲ႔ ေလွ်ာ္ညီစြာ က်က်နနျမဳတ္ႏွံမႈကိုေတာ့ ခံထိုက္တယ္လို႔ သူ႔အေနနဲ႔ ခံစားခဲ့ရတာပါ။

သူစုေဆာင္းထားတဲ့ ပိုက္ဆံေလးနဲ႔ ဗီယက္နမ္ႏိုင္ငံ အလယ္ပိုင္း Nha Trang ျပည္နယ္မွာရွိတဲ့ Hon Thom ေတာင္ထိပ္ေပၚမွာ ကေလးေတြအတြက္ သခ်ႋဳင္းေလးလုပ္ဖို႔ ေျမေနရာဝယ္ယူခဲ့ပါတယ္။ အဲဒီေနရာေလးဟာ အလြန္ၿငိမ္းခ်မ္းၿပီး ရႈခင္းေကာင္းတဲ့ ေနရာေလးလည္းျဖစ္ပါတယ္။

သူ႔ရဲ႕လုပ္ရပ္ကို ေထာက္ခံတဲ့ သူအခ်ိဳ႕က သူနဲ႔အတူ လုပ္အားေပးကူရင္း ဖ်က္ခ်ခံခဲ့ရတဲ့ ကေလးအေလာင္းေတြကို သူ႔ရဲ႕ကိုယ္ပိုင္ သခ်ႋဳင္းေလးမွာ က်က်နနျမဳတ္ႏွံေပးဖို႔ ေဆး႐ုံနဲ႔ သေဘာတူညီခ်က္ရယူခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေထာင္နဲ႔ခ်ီတဲ့ ကေလးအေလာင္းေတြကို ေျမျမဳတ္ၾသဂႋုလ္ေပးခဲ့ရပါတယ္။ ၁၂ ႏွစ္ၾကာ မၿငီးမညဴလုပ္ေဆာင္ခဲ့ၿပီး သူေျမေနရာဝယ္ယူခဲ့တဲ့ ကေလးသခ်ႋဳင္း သုံးခုမွာ ကေလးအေလာင္းေပါင္း ၁၆,၀၀၀ ေက်ာ္ကို ေကာင္းေကာင္းမြန္မြန္ ျမဳတ္ႏွံေပးခဲ့ၿပီးျဖစ္ပါတယ္။

 

 

 

သူ႔ရဲ႕ပထမဦးဆုံး ကေလးသခ်ႋဳင္းမွာ ကေလးအုပ္ဂူေပါင္း ၁၀,၀၀၀ ရွိပါတယ္။ ဒီေနရာေလးဟာ ကိုယ္ဝန္ဖ်က္ခ်ဖို႔ ဟန္ျပင္ေနတဲ့ မိခင္ေလာင္းေတြကို ေဖ်ာင္းဖ်နားခ်ႏိုင္မယ့္ ေနရာေလးတစ္ခု ျဖစ္လာဖို႔လည္း သူရည္႐ြယ္ထားခဲ့ပါတယ္။

“ကြၽန္မသာ ဒီေနရာေလးကို ေရာက္မလာျဖစ္ခဲ့ဖူးဆိုရင္ ကိုယ္ဝန္ဖ်က္ခ်မိခဲ့မွာ အမွန္ပဲ” လို႔ Nhung Nguyen ဆိုသူအမ်ိဳးသမီးက သူ႔ေဘးနာမွာထိုင္ေနတဲ့ သူ႔သမီးေလးရဲ႕ ေခါင္းေလးကို ပြတ္ရင္း Tong ကို ေက်းဇူးတင္ပါတယ္လို႔ ဆိုပါတယ္။

“Tong Phuoc Phuc” ဟာ အခုလို ဖ်က္ခ်ခံရတဲ့ ကေလးေတြရဲ႕ အေလာင္းကို ဒိုင္ခံေျမျမဳတ္ေပးေနရတာနဲ႔တင္ ဒီကေလးေတြအတြက္ သူလုပ္ႏိုင္တာ ဒါပဲလားလို႔ အၿမဲျပန္စဥ္စားေနခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဆုံးျဖတ္ခ်က္တစ္ခုကို ပိုင္ပိုင္ႏိုင္ႏိုင္ သူခ်ခဲ့ပါတယ္။
ဒါကေတာ့ ေဆး႐ုံမွာ ကိုယ္ဝန္ဖ်က္ခ်မယ့္ မိခင္ေတြကို ႏွစ္သိမ့္ၿပီး ဒီကေလးကို မဖ်က္ခ်ပဲ ေမြးဖို႔၊ အကယ္၍ မေမြးႏိုင္ရင္လည္း သူ႔ကိုေစာင့္ေရွာက္ခြင့္ျပဳဖို႔ ညႇိႏႈိင္းၿပီး ကေလးေတြရဲ႕ အသက္ကို ကယ္တင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

“ဦးေလး Tong က ကြၽန္မကို လာေတြ႕တယ္၊ ကိုယ္ဝန္မဖ်က္ခ်ဖို႔ နားခ်တယ္၊ အကယ္၍ ကြၽန္မမေမြးႏိုင္ရင္ သူေကြၽးေမြးေစာင့္ေရွာက္မယ္လို႔ ကတိေပးပါတယ္” လို႔ Nhung Nguyen က ဆိုပါတယ္။

အခုဆိုရင္ “Tong Phuoc Phuc” ဟာ သူ႔ရဲ႕ ေနအိမ္ကို မိဘမဲ့ေဂဟာအျဖစ္ေျပာင္းလဲၿပီး ဖ်က္ခ်ခံရေတာ့မယ့္ဆဲဆဲ ကိုယ္ဝန္ေဆာင္မိခင္ေတြက ေမြးထားတဲ့ ကေလးအေယာက္ ၂၀ ကို ျပဳစုေစာင့္ေရွာက္ေနပါတယ္။ ေနာက္ထပ္ ကေလးအေယာက္ ၅၀ ကေတာ့ သူ႔အိမ္နဲ႔ ၄၃ မိုင္အကြာမွာရွိတဲ့ ဘုရားေက်ာင္းတစ္ခုက သူ႔ကိုပူးေပါင္းကူညီတဲ့အေနနဲ႔ တာဝန္ယူေစာင့္ေရွာက္ထားတာျဖစ္ပါတယ္။

“၂၀၀၄ ခုႏွစ္ကဆိုရင္ တစ္ရက္ကို ၾသဂႋုလ္ေပးဖို႔ေရာက္လာတဲ့ ကေလးအေလာင္းက ၃၀ ေလာက္ ေန႔တိုင္းပုံမွန္ရွိတယ္” လို႔ ဟိုတုန္းက အေၾကာင္းကို ျပန္ေတြးရင္း ‘ကေလးတို႔ေရ၊ ငါတို႔ေတာင္းပန္ပါတယ္ကြာ’ လို႔ ေဆြးေဆြးေျမ့ေျမ့ေလး ေျပာလိုက္ပါတယ္။
“အခုဆိုရင္ေတာ့ ဘယ္ကေလးကိုမွ အဲဒီေနရာပို႔ဖို႔မလိုေတာ့ဘူး၊ ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္” လို႔ ဆိုပါတယ္။

သူ႔ရဲ႕လုပ္ရပ္ကို ႀကိဳဆိုၿပီး ကူညီဝိုင္းဝန္းတဲ့ အလႉရွင္ေတြေပၚေပါက္လာကာ Nha Trang ၿမိဳ႕မွာ မိဘမဲ့ေဂဟာ ထူေထာင္ႏိုင္ခဲ့ပါတယ္၊ အဲဒီေနာက္မွာေတာ့ ရာနဲ႔ခ်ီတဲ့ ကေလးေတြ ကိုယ္ဝန္ဖ်က္ခ်ခံရေတာ့မယ့္ အေျခအေနကေန လူျဖစ္ခြင့္ရခဲ့ပါတယ္။

“ကြၽန္ေတာ္ ေဂဟာက ကေလးေတြကို သားတို႔သမီးတို႔ အခုလို ဘာေၾကာင့္အသက္ရွင္ေနႏိုင္တာလည္းဆိုတာကို လူဘဝရဲ႕တန္ဖိုး နားလည္ႏိုင္ေစဖို႔ ေျပာျပပါတယ္” လို႔ဆိုပါတယ္။

သူရဲေကာင္းႀကီးလို႔ တင္စားရမယ့္ Tong Phuoc Phuc က “ကြၽန္ေတာ္ဘဝတစ္ခုလုံးကို ဒီကေလးေတြဆီမွာပဲ ျမဳတ္ႏွံထားပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကိုယ်ဝန်ဖျက်ချခံ ကလေးပေါင်များစွာကို မြေမြုတ်ပေးပြီး ရာနဲ့ချီ အသက်ကယ်တင်ထားသူ

ကမ္ဘာလောကကြီး တစ်ဖက်စောင်းနင်းမဖြစ်အောင် သဘာဝတရားကြီးက အမြဲပဲ့ကိုင်ပေးထားတယ်ဆိုတာအရမ်းမှန်တဲ့ စကားဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာကို မည်သည့် လူမှုအသိုင်းအဝိုင်းကမှ ထောက်ခံကြမည်မထင်ပါ။

ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ ရလာခဲ့တဲ့ ကိုယ်ဝန် ကို တာဝန်ယူလိုစိတ်၊ မိခင်စိတ်ကင်းမဲ့စွာ အမှိုက်တစလို လွယ်လွယ်နဲ့ ဖျက်ချနေတဲ့ မိခင်တွေရှိသလို ဒီလိုဖျက်ချခံလိုက်ရတဲ့ ကလေးလေးတွေကို စာနာသနားစိတ်အပြည့်နဲ့ ကောင်းကောင်းမွန်မွန် မြေမြုတ်သြင်္ဂိုလ်ပေးပြီး ဒီကလေးတွေထဲက အသက်ရှင်လျှက် ကျန်ခဲ့တဲ့ ကလေးတွေကို သားသမီးအရင်းအချာသဖွယ် ကြီးပြင်းအောင်စောင့်ရှောက်ပေးနေတဲ့ လေးစားစရာကောင်းတဲ့ ပရဟိတစိတ်ပြည့်ဝတဲ့ အမျိုးသားတစ်ဦးလည်း ရှိနေပါသေးတယ်။
(မှတ်ချက်။ ။ ကိုယ်ဝန်ဖျက်ချမှုမှာ အမျိုးသမီးများတွင်သာ အလုံးစုံတာဝန်ရှိသည်မဟုတ် ပက်သက်သူအမျိုးသားများတွင်ပါ အပြည့်အဝတာဝန်ရှိပါသည်)

ဗီယက်နမ်နိုင်ငံက “Tong Phuoc Phuc” ဆိုတဲ့ အမျိုးသားဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ဖျက်ချခံခဲ့ရတဲ့ ကိုယ်ဝန် သန္ဓေသားပေါင်း ၁၆,၀၀၀ ကျော်ကို သူကိုယ်တိုင် ကောင်ကောင်းမွန်မွန် မြေမြုတ်သြင်္ဂိုလ်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူဟာ သုဘရာဇာတစ်ယောက် မဟုတ်သလို ချမ်းသာကြွယ်ဝတဲ့သူလည်းမဟုတ်ပါဘူး။

သူဟာ သာမန် ဆောက်လုပ်ရေးလုပ်သားတစ်ဦးသာလျှင်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က သူ့ရဲ့ဇနီးသည် ကိုယ်ဝန်ဆောင်လို့ ဆေးရုံတက်ရတဲ့အခါ ဆေးရုံပေါ်မှာ အခြားကိုယ်ဝန်ဆောင်တွေ အများကြီးကို သူတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေဟာ ဆေးရုံက ဆင်းသွားတဲ့အခါ သူတို့ကလေးတွေ မပါပဲ ဒီတိုင်းဆင်းသွားကြပါတယ်။ သူတို့ဟာ ဆေးရုံမှာ ကိုယ်ဝန်လာဖျက်ချတဲ့ အမျိုးသမီးတွေ ဆိုတာ သူနားလည်သွားပါတယ်။

ကိုယ်ဝန်ဖျက်ချတယ်ဆိုတာကို အရင်က နားနဲ့သာကြားဖူးခဲ့ပေမယ့် အခုလို မျက်စိရှေ့မှာ မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ ဖျက်ချခံခဲ့ရတဲ့ ကလေးတွေအတွက် သူအရမ်းခံစားသွားရပါတယ်။ ဒါကြောင့်မို့ ဖျက်ချခံထားရတဲ့ ကလေးတွေရဲ့အလောင်းကို သူမြုတ်နှံပေးပါ့မယ်လို့ ခွင်တောင်းခဲ့ပါတယ်။ ကလေးတွေဟာ ဘုရားကပေးတဲ့ လက်ဆောင်ဖြစ်လို့ လူဖြစ်ခွင့်မရပေမယ့် အမှိုက်တစလို စွန့်ပစ်ခံရမယ့်အစား လူ့ဂုဏ်သိက္ခာနဲ့ လျှော်ညီစွာ ကျကျနနမြုတ်နှံမှုကိုတော့ ခံထိုက်တယ်လို့ သူ့အနေနဲ့ ခံစားခဲ့ရတာပါ။

သူစုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nha Trang ပြည်နယ်မှာရှိတဲ့ Hon Thom တောင်ထိပ်ပေါ်မှာ ကလေးတွေအတွက် သင်္ချိုင်းလေးလုပ်ဖို့ မြေနေရာဝယ်ယူခဲ့ပါတယ်။ အဲဒီနေရာလေးဟာ အလွန်ငြိမ်းချမ်းပြီး ရှုခင်းကောင်းတဲ့ နေရာလေးလည်းဖြစ်ပါတယ်။

သူ့ရဲ့လုပ်ရပ်ကို ထောက်ခံတဲ့ သူအချို့က သူနဲ့အတူ လုပ်အားပေးကူရင်း ဖျက်ချခံခဲ့ရတဲ့ ကလေးအလောင်းတွေကို သူ့ရဲ့ကိုယ်ပိုင် သင်္ချိုင်းလေးမှာ ကျကျနနမြုတ်နှံပေးဖို့ ဆေးရုံနဲ့ သဘောတူညီချက်ရယူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထောင်နဲ့ချီတဲ့ ကလေးအလောင်းတွေကို မြေမြုတ်သြင်္ဂိုလ်ပေးခဲ့ရပါတယ်။ ၁၂ နှစ်ကြာ မငြီးမညူလုပ်ဆောင်ခဲ့ပြီး သူမြေနေရာဝယ်ယူခဲ့တဲ့ ကလေးသင်္ချိုင်း သုံးခုမှာ ကလေးအလောင်းပေါင်း ၁၆,၀၀၀ ကျော်ကို ကောင်းကောင်းမွန်မွန် မြုတ်နှံပေးခဲ့ပြီးဖြစ်ပါတယ်။

သူ့ရဲ့ပထမဦးဆုံး ကလေးသင်္ချိုင်းမှာ ကလေးအုပ်ဂူပေါင်း ၁၀,၀၀၀ ရှိပါတယ်။ ဒီနေရာလေးဟာ ကိုယ်ဝန်ဖျက်ချဖို့ ဟန်ပြင်နေတဲ့ မိခင်လောင်းတွေကို ဖျောင်းဖျနားချနိုင်မယ့် နေရာလေးတစ်ခု ဖြစ်လာဖို့လည်း သူရည်ရွယ်ထားခဲ့ပါတယ်။

“ကျွန်မသာ ဒီနေရာလေးကို ရောက်မလာဖြစ်ခဲ့ဖူးဆိုရင် ကိုယ်ဝန်ဖျက်ချမိခဲ့မှာ အမှန်ပဲ” လို့ Nhung Nguyen ဆိုသူအမျိုးသမီးက သူ့ဘေးနာမှာထိုင်နေတဲ့ သူ့သမီးလေးရဲ့ ခေါင်းလေးကို ပွတ်ရင်း Tong ကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။

“Tong Phuoc Phuc” ဟာ အခုလို ဖျက်ချခံရတဲ့ ကလေးတွေရဲ့ အလောင်းကို ဒိုင်ခံမြေမြုတ်ပေးနေရတာနဲ့တင် ဒီကလေးတွေအတွက် သူလုပ်နိုင်တာ ဒါပဲလားလို့ အမြဲပြန်စဉ်စားနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် သူချခဲ့ပါတယ်။
ဒါကတော့ ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချမယ့် မိခင်တွေကို နှစ်သိမ့်ပြီး ဒီကလေးကို မဖျက်ချပဲ မွေးဖို့၊ အကယ်၍ မမွေးနိုင်ရင်လည်း သူ့ကိုစောင့်ရှောက်ခွင့်ပြုဖို့ ညှိနှိုင်းပြီး ကလေးတွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

“ဦးလေး Tong က ကျွန်မကို လာတွေ့တယ်၊ ကိုယ်ဝန်မဖျက်ချဖို့ နားချတယ်၊ အကယ်၍ ကျွန်မမမွေးနိုင်ရင် သူကျွေးမွေးစောင့်ရှောက်မယ်လို့ ကတိပေးပါတယ်” လို့ Nhung Nguyen က ဆိုပါတယ်။

အခုဆိုရင် “Tong Phuoc Phuc” ဟာ သူ့ရဲ့ နေအိမ်ကို မိဘမဲ့ဂေဟာအဖြစ်ပြောင်းလဲပြီး ဖျက်ချခံရတော့မယ့်ဆဲဆဲ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးထားတဲ့ ကလေးအယောက် ၂၀ ကို ပြုစုစောင့်ရှောက်နေပါတယ်။ နောက်ထပ် ကလေးအယောက် ၅၀ ကတော့ သူ့အိမ်နဲ့ ၄၃ မိုင်အကွာမှာရှိတဲ့ ဘုရားကျောင်းတစ်ခုက သူ့ကိုပူးပေါင်းကူညီတဲ့အနေနဲ့ တာဝန်ယူစောင့်ရှောက်ထားတာဖြစ်ပါတယ်။

“၂၀၀၄ ခုနှစ်ကဆိုရင် တစ်ရက်ကို သြင်္ဂိုလ်ပေးဖို့ရောက်လာတဲ့ ကလေးအလောင်းက ၃၀ လောက် နေ့တိုင်းပုံမှန်ရှိတယ်” လို့ ဟိုတုန်းက အကြောင်းကို ပြန်တွေးရင်း ‘ကလေးတို့ရေ၊ ငါတို့တောင်းပန်ပါတယ်ကွာ’ လို့ ဆွေးဆွေးမြေ့မြေ့လေး ပြောလိုက်ပါတယ်။
“အခုဆိုရင်တော့ ဘယ်ကလေးကိုမှ အဲဒီနေရာပို့ဖို့မလိုတော့ဘူး၊ ကျွန်တော် အရမ်းပျော်တယ်” လို့ ဆိုပါတယ်။

သူ့ရဲ့လုပ်ရပ်ကို ကြိုဆိုပြီး ကူညီဝိုင်းဝန်းတဲ့ အလှူရှင်တွေပေါ်ပေါက်လာကာ Nha Trang မြို့မှာ မိဘမဲ့ဂေဟာ ထူထောင်နိုင်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ ရာနဲ့ချီတဲ့ ကလေးတွေ ကိုယ်ဝန်ဖျက်ချခံရတော့မယ့် အခြေအနေကနေ လူဖြစ်ခွင့်ရခဲ့ပါတယ်။

“ကျွန်တော် ဂေဟာက ကလေးတွေကို သားတို့သမီးတို့ အခုလို ဘာကြောင့်အသက်ရှင်နေနိုင်တာလည်းဆိုတာကို လူဘဝရဲ့တန်ဖိုး နားလည်နိုင်စေဖို့ ပြောပြပါတယ်” လို့ဆိုပါတယ်။

သူရဲကောင်းကြီးလို့ တင်စားရမယ့် Tong Phuoc Phuc က “ကျွန်တော်ဘဝတစ်ခုလုံးကို ဒီကလေးတွေဆီမှာပဲ မြုတ်နှံထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စွန့်ပစ်ခံကလေးတွေအပေါ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ကိုယ်ကျိုးစွန့် ကူညီခဲ့တဲ့ မှတ်တမ်းလေးကို ကြည့်ရှုကြပါဦး။

Credit : popolay

LEAVE A REPLY