Zawgyi ဖြင့်ဖတ်ရန်





Credit ;ဆရာချစ်စံဝင်း

Unicode ဖြင့်ဖတ်ရန်

 

နောင်ရေးအတွက် ငွေစုကြမယ်

ငွေစုခြင်းဆိုသည်မှာမိမိဝင်ငွေမှရသောပိုက်ဆံ ကိုမိမိကိုယ် မိမိပေးခြင်းဖြစ်၏။ကျန်ငွေသည်သူများ ကို ပေးရသဖြင့် ကုန်သွားသောငွေဖြစ်၏။

သင် ပင်ပင်ပန်းပန်း ရှာဖွေထားသောငွေမှ ၁၀ ရာခိုင်နှုန်းကိုသင့်ကိုယ်သင် ပေးသင့်ပါ သည်။ ဤကိစ္စသည် တရားသောကိစ္စ၊သင့်ဘဝနောင်ရေး ကိစ္စဖြစ်၍ သင့်ဝင်ငွေ၏၁၀ရာခိုင်နှုန်းစုခြင်းကို မဖြစ်မနေ ဆောင်ရွက်ပါ။

၉၀ ရာခိုင်နှုန်းကို သင့်စားဝတ်နေရေးအတွက် အသုံးပြုပါ။ စားဝတ်နေရေးအတွက် အသုံးပြုသော ၉၀ ရာခိုင်နှုန်းသည်သင် သုံးပစ်လိုက်သော ငွေများဖြစ်၍ သင်စုဆောင်းလိုက်သော ၁၀ ရာခိုင်နှုန်းသည်သာ သင်တကယ် ပိုင်သော ငွေဖြစ်၏။

အဓိက သော့ချက်မှာ သင်စုပြီးမှ ကျန်တာကို သုံးပါ။သင်သုံးပြီးမှ ကျန်တာကို မစုပါနှင့်။ သင်သုံးပြီးမှ ကျန်တာကိုစုမည်ဟု စိတ်ကူးပါကစုဆောင်းစ ရာငွေ ဘာမျှကျန်တော့မည်မဟုတ်ပါ။ ထို့ကြောင့် စုပြီး မှ ကျန်ငွေကိုသုံးပါ။

Credit ;ဆရာချစ်စံဝင်း