Zawgyi ျဖင့္ဖတ္ရန္

 

လူတိုင္းမွာ ႀကိဳးစားၿပီး အေကာင္အထည္ေဖာ္ခ်င္တဲ့ အိပ္မက္ကိုယ္စီရွိၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အိပ္မက္ေတြက လြယ္လြယ္နဲ႔မရႏိုင္ဘဲ ေဈးႀကီးေနတတ္ပါတယ္။ ဒါေပမယ့္ ကိုယ္လိုခ်င္တဲ့အေနအထား၊ ကိုယ္ျဖစ္ခ်င္တဲ့ အရာေတြက ေဈးႀကီးလို႔ဆိုၿပီး မႀကိဳးစားဘဲ လက္မေလွ်ာ့လိုက္သင့္ပါဘူး။ ကိုယ္တတ္ႏိုင္တဲ့နည္းလမ္းေတြနဲ႔ အစြမ္းကုန္ႀကိဳးစားသင့္ပါတယ္။ ေဈးႀကီးတဲ့ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ကိုယ့္ဝင္ေငြကို အက်ိဳးရွိရွိ စုေဆာင္းထားႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို အႀကံျပဳေဖာ္ျပခ်င္ပါတယ္။

(၁) ပစၥည္းတစ္ခုခ်င္းအတြက္ ကိုယ္သုံးမယ့္ ပမာဏကို သတ္မွတ္ပါ

Alexander mils/pexels photo
ကိုယ့္ရဲ႕တစ္ကိုယ္စာ အသုံးအေဆာင္ပစၥည္းေတြ ဝယ္တဲ့အခါ အက်ၤ ီ၊အဝတ္အစားဆိုရင္ ဘယ္ေလာက္တန္ထဲကဝယ္မယ္၊ ဖိနပ္အတြက္ ဘယ္ေလာက္ပဲသုံးမယ္ ဆိုတာမ်ိဳးသတ္မွတ္ထားပါ။ လူတိုင္းကေတာ့ အေကာင္းဆုံးပစၥည္းေတြပဲသုံးခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ တစ္လတည္း ေဈးႀကီးတာေတြအားလုံးမဝယ္ဘဲ တလွည့္စီဝယ္ပါ။ ဒီလမွာ အဝတ္အစားဝယ္ရင္၊ ေနာက္လမွ skin care ဝယ္တာမ်ိဳးေပါ့။ဒီလိုလုပ္တာက တစ္လထဲအားလုံးဝယ္ၿပီး ပိုက္ဆံေတြအားလုံးသုံးလိုက္တာထက္ ပိုေကာင္းၿပီး ပိုက္ဆံလည္းစုမိႏိုင္ပါတယ္။

(၂) တစ္ေန႔ခ်င္း အသုံးစရိတ္ကို သတ္မွတ္ပါ

ကိုယ့္ရဲ႕လစာက တစ္ရက္ခ်င္းဝင္ေငြအေနနဲ႔ဆို ဘယ္ေလာက္ရွိလဲတြက္ပါ။ တစ္ေန႔အသုံးစရိတ္က အဲ့ဒီပမာဏထက္မမ်ားဖို႔လိုပါတယ္။ တစ္လစာအခြန္အခ၊ မီတာခ၊ စတာေတြကိုဖယ္ၿပီး က်န္တဲ့အထဲကေန တစ္ရက္ဘယ္ေလာက္သုံးရမလဲတြက္ရမွာျဖစ္ပါတယ္။ တစ္ေန႔တာသုံးသင့္တာထက္ပိုသုံးမိရင္ ေနာက္တစ္ေန႔က်ေႁခြတာရပါမယ္။ ပိုမသုံးတာေတာ့ အေကာင္းဆုံးပါ။

(၃) လိုခ်င္တာနဲ႔လိုအပ္တာကိုခြဲျခားပါ

အက်ၤ ီအသစ္လိုခ်င္ေပမယ့္ မလိုအပ္ဘဲမဝယ္ပါနဲ႔။ ပြဲတက္ဖို႔ရွိလို႔၊ အေၾကာင္းတစ္ခုခုရွိလို႔ ဝယ္ရမယ္ဆိုမွ ဝယ္ပါ။ အဲ့ဒီအခါမွာလည္း တကယ္ဝယ္မယ္လို႔ ဆုံးျဖတ္ထားတာကိုပဲဝယ္ပါ။ ေဈးခ်ထားလို႔၊ တန္လို႔၊ တစ္ထည္ေလာက္ဝယ္လည္းဘာမွမျဖစ္ပါဘူးဆိုၿပီး အပိုမဝယ္မိေအာင္ထိန္းခ်ဳပ္ႏိုင္ဖို႔လိုပါတယ္။ အဲ့ဒီလိုမဟုတ္ဘဲ လိုခ်င္တိုင္းဝယ္ေနရင္ ပိုက္ဆံစုမိဖို႔ သိပ္မျဖစ္ႏိုင္ပါဘူး။

(၄) မလိုတာေတြကိုျပန္ေရာင္းထုတ္ပါ
အခုေခတ္မွာ ကိုယ္မသုံးေတာ့တဲ့ second hand ေတြကို ျပန္ေရာင္းလို႔ရတဲ့ website ေတြရွိေနပါၿပီ။ ကိုယ္အသုံးမလိုေတာ့တာေတြကို ဒီတိုင္းအလဟႆျဖစ္ၿပီး ပ်က္စီးခံမယ့္အစား ဝင္ေငြနည္းနည္းပဲရရျပန္ေရာင္းထုတ္ပါ။ ဒီလိုေရာင္းဖို႔ ပစၥည္းေတြကို အစတည္းက တ႐ိုတေသကိုင္ဖို႔ေတာ့လိုပါတယ္။

(၅) အသစ္ေတြခ်ည္းထပ္ထပ္မဝယ္ပါနဲ႔

suzy hazelwood/pexels photos
ကိုယ္အသုံးလိုတဲ့ပစၥည္းတစ္ခုကို ကိုယ့္မွာရွိၿပီးသားေတြနဲ႔ဘယ္လိုအစားထိုးသုံးမလဲဆိုတာအရင္စဥ္းစားပါ။ အေဟာင္းတစ္ခုနဲ႔အစားထိုးအသုံးျပဳလို႔ အဆင္မေျပႏိုင္ေတာ့မွ ပစၥည္းအသစ္ကိုဝယ္ပါ။ တစ္ခုခုလိုတိုင္း အသစ္ေတြထပ္ထပ္ဝယ္တာက အမ်ားႀကီးအေလအလြင့္ျဖစ္ေစႏိုင္ပါတယ္။

(၆) ဘယ္အတြက္ အမ်ားဆုံးသုံးမလဲ စဥ္းစားပါ
တစ္လတာအသုံးစရိတ္ထဲမွာ စား၊ဝတ္၊ေနေရးအတြက္ သုံးတဲ့အခါ အစားအစာအတြက္အမ်ားဆုံးသုံးမွာလား၊ အဝတ္အစားအတြက္မ်ားမ်ားသုံးမွာလား၊ အိမ္စရိတ္၊သြားေရးလာေရးအတြက္(ဆီဖိုး ဒါမွမဟုတ္ တကၠစီခ) မ်ားမ်ားသုံးမွာလား စသျဖင့္ ဆုံးျဖတ္ထားပါ။ လူတစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္မတူတာမို႔ ကိုယ့္အႀကိဳက္နဲ႔လိုက္ၿပီး သတ္မွတ္ႏိုင္ပါတယ္။ အစားအေသာက္ႀကိဳက္တဲ့သူက အစားအေသာက္အတြက္မ်ားမ်ားသုံးမွာျဖစ္သလို၊ ဖက္ရွင္ႀကိဳက္တဲ့သူက ဖက္ရွင္အတြက္သုံးပါ။ ဒါေပမယ့္ သတ္မွတ္ထားတဲ့ ပမာဏထက္ေတာ့ မမ်ားဖို႔လိုပါတယ္။

Credit : auntymay

Unicode ဖြင့်ဖတ်ရန်

အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ့် ငွေစုနည်း(၆)မျိုး

လူတိုင်းမှာ ကြိုးစားပြီး အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် တချို့အိပ်မက်တွေက လွယ်လွယ်နဲ့မရနိုင်ဘဲ ဈေးကြီးနေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အနေအထား၊ ကိုယ်ဖြစ်ချင်တဲ့ အရာတွေက ဈေးကြီးလို့ဆိုပြီး မကြိုးစားဘဲ လက်မလျှော့လိုက်သင့်ပါဘူး။ ကိုယ်တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။ ဈေးကြီးတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ဝင်ငွေကို အကျိုးရှိရှိ စုဆောင်းထားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို အကြံပြုဖော်ပြချင်ပါတယ်။

(၁) ပစ္စည်းတစ်ခုချင်းအတွက် ကိုယ်သုံးမယ့် ပမာဏကို သတ်မှတ်ပါ

Alexander mils/pexels photo
ကိုယ့်ရဲ့တစ်ကိုယ်စာ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တဲ့အခါ အင်္ကျ ီ၊အဝတ်အစားဆိုရင် ဘယ်လောက်တန်ထဲကဝယ်မယ်၊ ဖိနပ်အတွက် ဘယ်လောက်ပဲသုံးမယ် ဆိုတာမျိုးသတ်မှတ်ထားပါ။ လူတိုင်းကတော့ အကောင်းဆုံးပစ္စည်းတွေပဲသုံးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်လတည်း ဈေးကြီးတာတွေအားလုံးမဝယ်ဘဲ တလှည့်စီဝယ်ပါ။ ဒီလမှာ အဝတ်အစားဝယ်ရင်၊ နောက်လမှ skin care ဝယ်တာမျိုးပေါ့။ဒီလိုလုပ်တာက တစ်လထဲအားလုံးဝယ်ပြီး ပိုက်ဆံတွေအားလုံးသုံးလိုက်တာထက် ပိုကောင်းပြီး ပိုက်ဆံလည်းစုမိနိုင်ပါတယ်။

(၂) တစ်နေ့ချင်း အသုံးစရိတ်ကို သတ်မှတ်ပါ

ကိုယ့်ရဲ့လစာက တစ်ရက်ချင်းဝင်ငွေအနေနဲ့ဆို ဘယ်လောက်ရှိလဲတွက်ပါ။ တစ်နေ့အသုံးစရိတ်က အဲ့ဒီပမာဏထက်မများဖို့လိုပါတယ်။ တစ်လစာအခွန်အခ၊ မီတာခ၊ စတာတွေကိုဖယ်ပြီး ကျန်တဲ့အထဲကနေ တစ်ရက်ဘယ်လောက်သုံးရမလဲတွက်ရမှာဖြစ်ပါတယ်။ တစ်နေ့တာသုံးသင့်တာထက်ပိုသုံးမိရင် နောက်တစ်နေ့ကျခြွေတာရပါမယ်။ ပိုမသုံးတာတော့ အကောင်းဆုံးပါ။

(၃) လိုချင်တာနဲ့လိုအပ်တာကိုခွဲခြားပါ

free stock.org/pexels photos
အင်္ကျ ီအသစ်လိုချင်ပေမယ့် မလိုအပ်ဘဲမဝယ်ပါနဲ့။ ပွဲတက်ဖို့ရှိလို့၊ အကြောင်းတစ်ခုခုရှိလို့ ဝယ်ရမယ်ဆိုမှ ဝယ်ပါ။ အဲ့ဒီအခါမှာလည်း တကယ်ဝယ်မယ်လို့ ဆုံးဖြတ်ထားတာကိုပဲဝယ်ပါ။ ဈေးချထားလို့၊ တန်လို့၊ တစ်ထည်လောက်ဝယ်လည်းဘာမှမဖြစ်ပါဘူးဆိုပြီး အပိုမဝယ်မိအောင်ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လိုချင်တိုင်းဝယ်နေရင် ပိုက်ဆံစုမိဖို့ သိပ်မဖြစ်နိုင်ပါဘူး။

(၄) မလိုတာတွေကိုပြန်ရောင်းထုတ်ပါ
အခုခေတ်မှာ ကိုယ်မသုံးတော့တဲ့ second hand တွေကို ပြန်ရောင်းလို့ရတဲ့ website တွေရှိနေပါပြီ။ ကိုယ်အသုံးမလိုတော့တာတွေကို ဒီတိုင်းအလဟဿဖြစ်ပြီး ပျက်စီးခံမယ့်အစား ဝင်ငွေနည်းနည်းပဲရရပြန်ရောင်းထုတ်ပါ။ ဒီလိုရောင်းဖို့ ပစ္စည်းတွေကို အစတည်းက တရိုတသေကိုင်ဖို့တော့လိုပါတယ်။

(၅) အသစ်တွေချည်းထပ်ထပ်မဝယ်ပါနဲ့

suzy hazelwood/pexels photos
ကိုယ်အသုံးလိုတဲ့ပစ္စည်းတစ်ခုကို ကိုယ့်မှာရှိပြီးသားတွေနဲ့ဘယ်လိုအစားထိုးသုံးမလဲဆိုတာအရင်စဉ်းစားပါ။ အဟောင်းတစ်ခုနဲ့အစားထိုးအသုံးပြုလို့ အဆင်မပြေနိုင်တော့မှ ပစ္စည်းအသစ်ကိုဝယ်ပါ။ တစ်ခုခုလိုတိုင်း အသစ်တွေထပ်ထပ်ဝယ်တာက အများကြီးအလေအလွင့်ဖြစ်စေနိုင်ပါတယ်။

(၆) ဘယ်အတွက် အများဆုံးသုံးမလဲ စဉ်းစားပါ
တစ်လတာအသုံးစရိတ်ထဲမှာ စား၊ဝတ်၊နေရေးအတွက် သုံးတဲ့အခါ အစားအစာအတွက်အများဆုံးသုံးမှာလား၊ အဝတ်အစားအတွက်များများသုံးမှာလား၊ အိမ်စရိတ်၊သွားရေးလာရေးအတွက်(ဆီဖိုး ဒါမှမဟုတ် တက္ကစီခ) များများသုံးမှာလား စသဖြင့် ဆုံးဖြတ်ထားပါ။ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာမို့ ကိုယ့်အကြိုက်နဲ့လိုက်ပြီး သတ်မှတ်နိုင်ပါတယ်။ အစားအသောက်ကြိုက်တဲ့သူက အစားအသောက်အတွက်များများသုံးမှာဖြစ်သလို၊ ဖက်ရှင်ကြိုက်တဲ့သူက ဖက်ရှင်အတွက်သုံးပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ပမာဏထက်တော့ မများဖို့လိုပါတယ်။

Credit : auntymay

LEAVE A REPLY