Zawgyi ျဖင့္ဖတ္ရန္

ဆိုရွယ္မီဒီယာနဲ႔မကင္းတဲ့ ယေန႔ေခတ္ႀကီးမွာ လူတိုင္း လူတိုင္းဟာ ကိုယ့္ရဲ႕တစ္ေန႔တာ လႈပ္ရွားမႈ ၊ အစားအေသာက္ ၊ လွလွပပ ပုံေလးေတြ႐ိုက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ တင္လာၾကပါတယ္။ တခ်ိဳ႕မွာ ဆိုရွယ္မီဒီယာမွာ အမ်ားအက်ိဳးအတြက္ အက်ိဳးရွိတဲ့ အလုပ္ေတြကို လုပ္ေဆာင္လာၾကေပမယ့္ တခ်ိဳ႕မွာလည္း နည္းလမ္းအမွားေတြေၾကာင့္ ဆိုးက်ိဳးေတြခံစားရပါတယ္။

ကမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕က မိန္းကေလး တစ္ေယာက္ဟာ သူမရဲ႕ Sexy ဆန္တဲ့ ခႏၶာကိုယ္အလွအပကို ေဖ့စ္ဘုတ္ ၊ တြစ္တာ ၊ အင္စတာဂရမ္တို႔မွာ တင္ခဲ့တာေၾကာင့္ သူမရဲ႕ခ်စ္သူရဲ႕ရက္ရက္စက္စက္ ႐ိုက္ႏွက္ ထိုးႀကိတ္ ႏွိပ္စက္မႈေတြ ျပဳလုပ္ျခင္းခံခဲ့ရပါတယ္။သူမတင္ခဲ့တဲ့ ပုံေတြဟာ အတြင္းခံကို အထင္သား ျမင္ေနရတဲ့ ပုံေတြပါဝင္ေနတာေၾကာင့္ သူမ၏ရည္းစားက သဝန္တိုကာ အခုလို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

 

 

အဆိုပါ Sexy ပုံေတြကို တင္လို႔ သူမ၏ခ်စ္သူက ဖ်က္ဖို႔ေတာင္းဆိုခဲ့ေပမယ့္ သူမဟာ မဖ်က္ခဲ့ပါဘူး။ ဒါ့ေၾကာင့္ သူမခ်စ္သူ အမ်ိဳးသားဟာ ေဒါသအႀကီးအက်ယ္ထြက္ၿပီး သူမကို ႐ိုက္ႏွက္ ကန္ေတာက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူမရဲ႕ခႏၶာကိုယ္မွာ အမဲကြက္ေတြ ၊ အဖုေတြ ၊ အထစ္ေတြ ထြက္တဲ့အထိ ႐ိုက္ႏွက္ခဲ့ပါတယ္။သူမရဲ႕ ရည္းစားကေတာ့ အစိုးရ ဝန္ထမ္းတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။

သူမဟာ ဆိုရွယ္ေပၚမွာ Sexy ပုံေတြတင္ရျခင္းအေၾကာင္းက အြန္လိုင္းမွတဆင့္ အတြင္းခံ နဲ႔ အလွကုန္ပစၥည္းေတြကို ေရာင္းခ်ေနတာျဖစ္ပါတယ္။ သူမကိုယ္တိုင္ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ ဝတ္ဆင္ေၾကာ္ျငာကာ အလွကုန္ေတြကို ေရာင္းခ်ေနျခင္း ျဖစ္ပါတယ္။

 

အခုလို လူမဆန္စြာ ႐ိုက္ႏွက္ႏွိပ္စက္မႈေတြျပဳလုပ္ခဲ့တဲ့ အမ်ိဳးသားကို အမ်ားက ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။ အခုလို သူမကို ရက္ရက္စက္စက္ႏွိပ္စက္ေနတာဟာ အႀကိမ္ (၁၃၀) အထိရွိေနၿပီျဖစ္ၿပီး ရဲေတြကို အေရးယူေပးဖို႔ ေတာင္းဆိုတဲ့ ပို႔စ္တစ္ခုကိုလည္း ဆိုရွယ္ေပၚမွာတနတင္ခဲ့ပါေသးတယ္။ အမ်ားကေတာ့ အခုလို သူမကို ႐ိုက္ႏွက္တာဟာ မွားယြင္းတဲ့အျပဳအမႈျဖစ္ၿပီး ရည္းစားအျဖစ္ မတြဲခင္ကတည္းက သူမရဲ႕အလုပ္ကို ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ေဝဖန္ခဲ့ၾကပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဖေ့စ်ဘုတ်ပေါ်မှာ Sexy ပုံတွေတင်လို့ ချစ်သူရဲ့ရိုက်နှက် ထိုးကြိတ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီး

ဆိုရှယ်မီဒီယာနဲ့မကင်းတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားမှု ၊ အစားအသောက် ၊ လှလှပပ ပုံလေးတွေရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်လာကြပါတယ်။ တချို့မှာ ဆိုရှယ်မီဒီယာမှာ အများအကျိုးအတွက် အကျိုးရှိတဲ့ အလုပ်တွေကို လုပ်ဆောင်လာကြပေမယ့် တချို့မှာလည်း နည်းလမ်းအမှားတွေကြောင့် ဆိုးကျိုးတွေခံစားရပါတယ်။

ကမ္ဘာဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က မိန်းကလေး တစ်ယောက်ဟာ သူမရဲ့ Sexy ဆန်တဲ့ ခန္ဓာကိုယ်အလှအပကို ဖေ့စ်ဘုတ် ၊ တွစ်တာ ၊ အင်စတာဂရမ်တို့မှာ တင်ခဲ့တာကြောင့် သူမရဲ့ချစ်သူရဲ့ရက်ရက်စက်စက် ရိုက်နှက် ထိုးကြိတ် နှိပ်စက်မှုတွေ ပြုလုပ်ခြင်းခံခဲ့ရပါတယ်။သူမတင်ခဲ့တဲ့ ပုံတွေဟာ အတွင်းခံကို အထင်သား မြင်နေရတဲ့ ပုံတွေပါဝင်နေတာကြောင့် သူမ၏ရည်းစားက သဝန်တိုကာ အခုလို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Sexy ပုံတွေကို တင်လို့ သူမ၏ချစ်သူက ဖျက်ဖို့တောင်းဆိုခဲ့ပေမယ့် သူမဟာ မဖျက်ခဲ့ပါဘူး။ ဒါ့ကြောင့် သူမချစ်သူ အမျိုးသားဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သူမကို ရိုက်နှက် ကန်တောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်မှာ အမဲကွက်တွေ ၊ အဖုတွေ ၊ အထစ်တွေ ထွက်တဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။သူမရဲ့ ရည်းစားကတော့ အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ ဆိုရှယ်ပေါ်မှာ Sexy ပုံတွေတင်ရခြင်းအကြောင်းက အွန်လိုင်းမှတဆင့် အတွင်းခံ နဲ့ အလှကုန်ပစ္စည်းတွေကို ရောင်းချနေတာဖြစ်ပါတယ်။ သူမကိုယ်တိုင် မော်ဒယ်တစ်ယောက်အနေနဲ့ ဝတ်ဆင်ကြော်ငြာကာ အလှကုန်တွေကို ရောင်းချနေခြင်း ဖြစ်ပါတယ်။

အခုလို လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်ခဲ့တဲ့ အမျိုးသားကို အများက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အခုလို သူမကို ရက်ရက်စက်စက်နှိပ်စက်နေတာဟာ အကြိမ် (၁၃၀) အထိရှိနေပြီဖြစ်ပြီး ရဲတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ပို့စ်တစ်ခုကိုလည်း ဆိုရှယ်ပေါ်မှာတနတင်ခဲ့ပါသေးတယ်။ အများကတော့ အခုလို သူမကို ရိုက်နှက်တာဟာ မှားယွင်းတဲ့အပြုအမှုဖြစ်ပြီး ရည်းစားအဖြစ် မတွဲခင်ကတည်းက သူမရဲ့အလုပ်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

Credit : popolay

LEAVE A REPLY