Zawgyi ျဖင့္ဖတ္ရန္

 

ေလာကၾကီးမွာ ဉာဏ္ရည္အဆင့္အတန္းျမင့္တဲ့သူေတြရွိသလို ၊ ဉာဏ္နည္းတဲ့သူေတြလည္း ရွိပါတယ္။ လူတစ္ေယာက္ကို အျပင္ပန္းၾကည့္ရံုနဲ႕ ဉာဏ္နည္းတဲ့သူလား၊ ဉာဏ္ရည္ျမင့္တဲ့သူလားဆိုတာ ခြဲျခားလို႕မရပါဘူး။ ဒါ့အျပင္ ပညာေတြတတ္ထားလို႕၊ ဘြဲ႕ေတြအမ်ားၾကီးရထားလို႕လည္း ဉာဏ္ရည္အဆင့္အတန္းျမင့္တဲ့သူလို႕ တရားေသသတ္မွတ္လို႕မရပါဘူး။ ဘာလို႕လဲဆိုေတာ့ တခ်ိဳ႕ေသာသူေတြက သင္ယူထားတဲ့ ပညာေတြ မ်ားျပီး ဘြဲ႕ေတြလည္းရေပမယ့္ သူတို႕ရဲ႕အျပဳအမူေတြကေတာ့ ဉာဏ္နည္းသူေတြရဲ႕ အျပဳအမူမ်ိဳးေတြျဖစ္ေနတတ္ပါတယ္။ အခုေဖာ္ျပမယ့္ အခ်က္ေတြကို မျပဳမူတတ္တဲ့သူမ်ိဳးကိုသာ ဉာဏ္ရည္အဆင့္အတန္းျမင့္တဲ့သူလို႕ သတ္မွတ္နိုင္တာပါ။

(၁) တစ္ဖက္ပိတ္အျငင္းပြားတာမ်ိဳးမလုပ္ဘူး

သူငယ္ခ်င္းေတြအခ်င္းခ်င္း ဒါမွမဟုတ္ အလုပ္ခြင္မွာ စကားေျပာၾကတဲ့အခါမွာပဲ အျငင္းပြားရတဲ့အခါမ်ိဳးေတြ ရွိတတ္ပါတယ္။ အဲ့ဒီလို အခ်ိန္မ်ိဳးမွာ ဉာဏ္ရည္ျမင့္တဲ့သူေတြက တစ္ဖက္ကေျပာတာကို တေလးတစားနားေထာင္ျပီးမွ ကိုယ့္အယူအဆ၊အေတြးအျမင္နဲ႕ပတ္သက္လို႕ ေအးေအးေဆးေဆးေျပာျပတတ္ၾကေပမယ့္ ဉာဏ္နည္းတဲ့သူေတြကေတာ့ တစ္ဖက္ကဘာေျပာေျပာ ေသခ်ာလည္းနားမေထာင္၊ ဘာမွလည္းမစဥ္းစားဘဲ စြတ္ျငင္းေနတတ္တာမ်ိဳးပါ။

(၂) တစ္ဖက္သားကို ႏွိမ့္ခ်တိုက္ခိုက္တာမ်ိဳးမလုပ္ဘူး

ဉာဏ္ရည္အဆင့္အတန္းျမင့္တဲ့သူေတြက ကိုယ့္အရည္အခ်င္းကိုပဲတို းတက္ေအာင္ၾကိဳးစားတတ္ၾကျပီး တစ္ဖက္သားကို နွိမ့္ခ်တိုက္ခိုက္တာမ်ိဳး မလုပ္တတ္ပါဘူး။ မနာလိုစိတ္နဲ႕ အျပစ္ရွာတိုက္ခိုက္တာမ်ိဳးကို ဉာဏ္နည္းတဲ့သူေတြပဲ လုပ္ၾကပါတယ္။

(၃) လူတစ္ေယာက္ရဲ႕ရုပ္ရည္နဲ႕ပတ္သက္လို႔ ေဝဖန္တာမ်ိဳး၊ အရွက္ခြဲေျပာဆိုတာမ်ိဳးမလုပ္ဘူး

ဉာဏ္ရည္ျမင့္တဲ့သူေတြဟာ လူတစ္ေယာက္ရဲ႕ ရုပ္ရည္သြင္ျပင္နဲ႕ပတ္သက္လို႔ ေဝဖန္ေျပာဆိုတာ၊ ႏွိမ့္ခ်တာ၊ တစ္ဖက္သားကို ကိုယ့္ကိုယ္ကို ယံုၾကည္မႈနည္းသြားေအာင္ ေလွာင္ေျပာင္တာမ်ိဳးကို စ ေနာက္တဲ့အေနနဲ႕ေတာင္ မလုပ္တတ္ၾကပါဘူး။ ဒါ့အျပင္ ကိုယ္ေရးကိုယ္တာ ဝင္ေရာက္စြက္ဖက္တာမ်ိဳး၊ ေအာက္ဖဲလွန္တာမ်ိဳး၊ ေဖးမသလိုလိုနဲ႕ နွိမ္တာမ်ိဳးေတြကို လံုးဝမလုပ္ပါဘူး။

(၄) သူမ်ားကိုအျပစ္မဖို႕ဘူး

စိတ္ဓာတ္အဆင့္အတန္္းျမင့္တဲ့သူ၊ ဉာဏ္ရည္ျမင့္တဲ့သူေတြဟာ ကိုယ္လုပ္တဲ့အရာေတြကို ကိုယ္တာဝန္ယူတတ္တယ္၊ ကိုယ့္အမွားအတြက္ တျခားသူကို အျပစ္ဖုိ႕တာမ်ိဳး ေခါင္းေရွာင္တာမ်ိဳး မလုပ္တတ္ပါဘူး။

(၅) ေနာက္ေက်ာဓားနဲ႕မထိုးဘူး

စိတ္ဓာတ္အဆင့္အတန္းျမင့္တဲ့သူေတြက ယံုၾကည္မႈကို အလြဲသံုးစားမလုပ္တတ္ၾကဘူး၊ ကိုယ့္အေပၚ ယံုၾကည္မႈထားတဲ့သူကို ေနာက္ေက်ာဓားနဲ႕ ထိုးတာမ်ိဳးလံုးဝမလုပ္ပါဘူး။

(၆) စကားနာထိုးတာ၊ ခနဲ႕တဲ့တဲ့ေျပာတာေတြမလုပ္ဘူး
အေျခအေနအရပ္ရပ္ကို ကိုယ္တိုင္စဥ္းစားဆင္ျခင္နိုင္တာေၾကာင့္ တစ္ဖက္လူေနရခက္ေအာင္ စကားနာထိုးတာ၊ ခနဲ႕တဲ့တဲ့ေျပာတာ၊ ရိတာမ်ိဳးေတြ လုပ္ေလ့မရွိပါဘူး။

(၇) အတင္းမေျပာဘူး

စိတ္ဓာတ္အဆင့္္အတန္း နိမ့္ပါးတဲ့သူေတြသာ ကိုယ့္ရဲ႕ အခ်ိန္ကုန္ခံျပီး သူမ်ားမေကာင္းေၾကာင္း အတင္းေျပာတာပါ၊ ဉာဏ္ရည္ျမင့္တဲ့သူေတြက သူမ်ားအတင္းေျပာတာ၊ ကဲ့ရဲ႕တာေတြမလုပ္တတ္ပါဘူး။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

ဉာဏ်ရည်မြင့်ပြီးစိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့သူတွေ ဘယ်တော့မှမလုပ်တဲ့ အပြုအမူ (၇)မျိုး

လောကကြီးမှာ ဉာဏ်ရည်အဆင့်အတန်းမြင့်တဲ့သူတွေရှိသလို ၊ ဉာဏ်နည်းတဲ့သူတွေလည်း ရှိပါတယ်။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဉာဏ်နည်းတဲ့သူလား၊ ဉာဏ်ရည်မြင့်တဲ့သူလားဆိုတာ ခွဲခြားလို့မရပါဘူး။ ဒါ့အပြင် ပညာတွေတတ်ထားလို့၊ ဘွဲ့တွေအများကြီးရထားလို့လည်း ဉာဏ်ရည်အဆင့်အတန်းမြင့်တဲ့သူလို့ တရားသေသတ်မှတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ တချို့သောသူတွေက သင်ယူထားတဲ့ ပညာတွေ များပြီး ဘွဲ့တွေလည်းရပေမယ့် သူတို့ရဲ့အပြုအမူတွေကတော့ ဉာဏ်နည်းသူတွေရဲ့ အပြုအမူမျိုးတွေဖြစ်နေတတ်ပါတယ်။ အခုဖော်ပြမယ့် အချက်တွေကို မပြုမူတတ်တဲ့သူမျိုးကိုသာ ဉာဏ်ရည်အဆင့်အတန်းမြင့်တဲ့သူလို့ သတ်မှတ်နိုင်တာပါ။

(၁) တစ်ဖက်ပိတ်အငြင်းပွားတာမျိုးမလုပ်ဘူး

သူငယ်ချင်းတွေအချင်းချင်း ဒါမှမဟုတ် အလုပ်ခွင်မှာ စကားပြောကြတဲ့အခါမှာပဲ အငြင်းပွားရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ ဉာဏ်ရည်မြင့်တဲ့သူတွေက တစ်ဖက်ကပြောတာကို တလေးတစားနားထောင်ပြီးမှ ကိုယ့်အယူအဆ၊အတွေးအမြင်နဲ့ပတ်သက်လို့ အေးအေးဆေးဆေးပြောပြတတ်ကြပေမယ့် ဉာဏ်နည်းတဲ့သူတွေကတော့ တစ်ဖက်ကဘာပြောပြော သေချာလည်းနားမထောင်၊ ဘာမှလည်းမစဉ်းစားဘဲ စွတ်ငြင်းနေတတ်တာမျိုးပါ။

(၂) တစ်ဖက်သားကို နှိမ့်ချတိုက်ခိုက်တာမျိုးမလုပ်ဘူး

ဉာဏ်ရည်အဆင့်အတန်းမြင့်တဲ့သူတွေက ကိုယ့်အရည်အချင်းကိုပဲတို းတက်အောင်ကြိုးစားတတ်ကြပြီး တစ်ဖက်သားကို နှိမ့်ချတိုက်ခိုက်တာမျိုး မလုပ်တတ်ပါဘူး။ မနာလိုစိတ်နဲ့ အပြစ်ရှာတိုက်ခိုက်တာမျိုးကို ဉာဏ်နည်းတဲ့သူတွေပဲ လုပ်ကြပါတယ်။

(၃) လူတစ်ယောက်ရဲ့ရုပ်ရည်နဲ့ပတ်သက်လို့ ဝေဖန်တာမျိုး၊ အရှက်ခွဲပြောဆိုတာမျိုးမလုပ်ဘူး

ဉာဏ်ရည်မြင့်တဲ့သူတွေဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုတာ၊ နှိမ့်ချတာ၊ တစ်ဖက်သားကို ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားအောင် လှောင်ပြောင်တာမျိုးကို စ နောက်တဲ့အနေနဲ့တောင် မလုပ်တတ်ကြပါဘူး။ ဒါ့အပြင် ကိုယ်ရေးကိုယ်တာ ဝင်ရောက်စွက်ဖက်တာမျိုး၊ အောက်ဖဲလှန်တာမျိုး၊ ဖေးမသလိုလိုနဲ့ နှိမ်တာမျိုးတွေကို လုံးဝမလုပ်ပါဘူး။

(၄) သူများကိုအပြစ်မဖို့ဘူး

စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့သူ၊ ဉာဏ်ရည်မြင့်တဲ့သူတွေဟာ ကိုယ်လုပ်တဲ့အရာတွေကို ကိုယ်တာဝန်ယူတတ်တယ်၊ ကိုယ့်အမှားအတွက် တခြားသူကို အပြစ်ဖို့တာမျိုး ခေါင်းရှောင်တာမျိုး မလုပ်တတ်ပါဘူး။

(၅) နောက်ကျောဓားနဲ့မထိုးဘူး

စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့သူတွေက ယုံကြည်မှုကို အလွဲသုံးစားမလုပ်တတ်ကြဘူး၊ ကိုယ့်အပေါ် ယုံကြည်မှုထားတဲ့သူကို နောက်ကျောဓားနဲ့ ထိုးတာမျိုးလုံးဝမလုပ်ပါဘူး။

(၆) စကားနာထိုးတာ၊ ခနဲ့တဲ့တဲ့ပြောတာတွေမလုပ်ဘူး
အခြေအနေအရပ်ရပ်ကို ကိုယ်တိုင်စဉ်းစားဆင်ခြင်နိုင်တာကြောင့် တစ်ဖက်လူနေရခက်အောင် စကားနာထိုးတာ၊ ခနဲ့တဲ့တဲ့ပြောတာ၊ ရိတာမျိုးတွေ လုပ်လေ့မရှိပါဘူး။

(၇) အတင်းမပြောဘူး

စိတ်ဓာတ်အဆင့််အတန်း နိမ့်ပါးတဲ့သူတွေသာ ကိုယ့်ရဲ့ အချိန်ကုန်ခံပြီး သူများမကောင်းကြောင်း အတင်းပြောတာပါ၊ ဉာဏ်ရည်မြင့်တဲ့သူတွေက သူများအတင်းပြောတာ၊ ကဲ့ရဲ့တာတွေမလုပ်တတ်ပါဘူး။

Credit : Aunty may

LEAVE A REPLY